၂၅.၆.၂၀၁၆ နေ့က
မြောက်ဒဂုံပင်လုံသင်တန်းကျောင်းမှ လိမ်လည်မှုကြီး ရဲ့ နောက်ဆက်တွဲသတင်း လေးတစ်ပုဒ်
ဆက်လက်တင်ပြပါ့မယ်။
မေ၀င့်ကုမ္ပဏီမှ
ပိုက်ဆံပေးဌားလာသောလူများကိုပြပြီး လိမ်လည်စာချုပ်ချုပ် ပွဲ ကြီး ကျင်းပခဲ့တာကို
အ.လ.ညနဲ့အလုပ်သမားဝန်ကြီး သိအောင်MATအဖွဲ့ကတိုင်ကြား ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ့အမှုကို အ.လ.ည
ကစစ်ဆေးပြီးကြောင်းသတင်း သဲ့သဲ့ကြားရ သလို MOEAF ကလဲမရမကဖုံးဖိပေးနေတယ်လို့လည်းသိရပါတယ်ဗျာ။ ခုထိ အ.လ. ည က
မေ၀င့်ကုမ္ပဏီကို အရေးယူမှု တစ်စုံတစ်ရာမလုပ်နိုင်သေးတာကိုတွေရှိရပါ တယ်။ အ.လ.ည က MOEAF ကိုမလွန်ဆန်နိုင်ဘူးလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
အခုအဲဒီ့သတင်းရဲ့နောက်ခံအကြောင်းအရာတွေကို အ.လ.ည
နဲ့အလုပ်သမား ၀န် ကြီး သိရှိစေရန်ထပ်မံတင်ပြပေးလိုက်ပါတယ်။၂ ၅.၆.၂၀၁၆
နေ့ကပင်လုံခန်းမ မှာ စာချုပ်လိမ်ချုပ်ခဲ့တဲ့ Demand Letter ဟာ မေ၀င့်ကုမ္ပဏီက တိုက်ရိုက်ရတဲ့ Demand
လား၊
ပွဲစားကကုမ္ပဏီဌားတဲ့ Demand လားဆိုတာဖြေရဲတဲ့ လူရှိရင်လာခဲ့ ပါဖိတ်ခေါ်ပါတယ်။
အဲဒီ့နေ့ကစာချုပ်ချုပ်တဲ့ Demand တွေထဲ (၃) ခုဟာပွဲစား ဇော်ထိုက်အောင် (ခေါ်) ဇော်ကြီး ရဲ့Demand တွေဖြစ်ပါတယ်။ အဲဒီ့ Demand Letter ဘယ်လို ရလာသလဲဆိုတာကို ပိုတိကျအောင်ပြောရမယ်ဆိုရင်
ပွဲစားဇော် ထိုက်အောင်(ခေါ်) ဇော်ကြီး နဲ့ ဦးအောင်မြင့် (ဇွဲကွန်ယက် ပြည်တွင်း
အလုပ်အကိုင် ပိုင်ရှင်) တို့ထိုင်းနိုင်ငံသို့ သွားရောက်၍ Demand
ရှာဖွေရင်း
မနီလာ(ရွှေရည်ဖြိုးေ အာင် ကုမ္ပဏီ) ကိုယ်စားလှယ်နဲ့တွေ့ရှိပြီး မနီလာရဲ့
မိတ်ဆက်ပေးမှုကြောင့် အထက်ပါ Demand Letter များရရှိခဲ့ခြင်းဖြစ်ပါ တယ်။ ပွဲစား ဇော်ထိုက်အောင်နဲ့ ဦးအောင်မြင့် ဆိုသူတို့က ထိုင်းအေးဂျင့်တွေကို
မိမိတို့က မေ၀င့်ကုမ္ပဏီ ကို ၀ယ်ယူ ပြီးဖြစ်ကြောင်း အထင်ကြီးအောင်လိမ်လည်ပြောဆိုပြီး
Demand Letter များရ ယူ နေကြောင်း ၄င်းတို့နဲ့ နီးစပ်သူတွေကပြောလို့သိရပါတယ်။
ယခုနောက်ဆက်တွဲအနေနဲ့
မဟာချိုင်အခြေစိုက် AACရုံးကိုရောက်နေကြတဲ့ အလုပ်သမား၂၃ ယောက် ဟာ Tip
Co အချိုရည်စက်ရုံသို့
လိမ်လည်ပို့ဆောင် တာ ဟာလည်း ပွဲစားဇော်ထိုက်အောင် က မေ၀င့်ကုမ္ပဏီ ကိုဌားသုံးပြီး
ပို့ဆောင်ခြင်းဖြစ် ပါတယ်။ မေ၀င့်ကုမ္ပဏီဟာ ပွဲစားထံမှ ပိုက်ဆံရပြီးရော
ကုမ္ပဏီဌားရမ်းနေ သည်သာ မက၊ ၂၀၁၆ ခုနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့က
မြ၀တီမှာချုပ်ဆိုတဲ့စာချုပ် မှာ ဒေါ်မို့မို့သွင် လက်မှတ် ပါ ရှိနေခြင်းမှာ
ကြက်သီးမွေးညင်းထစရာဖြစ်နေတာမို့ အ.လ.ည လူကြီးများသို့ မေးခွန်း ထုတ်စရာ
ဖြစ်လာပါပြီ။
ပွဲစား ဇော်ထိုက်အောင်(ခ)ဇော်ကြီးဆိုသူဟာ မေ၀င့်ကုမ္ပဏီရဲ့ ကိုယ်စားလှယ် လို့ ပြောပါတယ်။ မေ၀င့်ကုမ္ပဏီမှလဲ စာချုပ်တွေချုပ်ကုမ္ပဏီ အမည် ခံပြီး ထိုင်းကို MOU နဲ့လူ တွေပို့ပါတယ်။ တစ်ခုမေး ချင်ပါတယ်။ ဇော်ထိုက်အောင် (ခ) ဇော်ကြီး က မေ၀င့်ကုမ္ပဏီ က ဒါရိုက်တာအဖွဲ့ဝင်၊ ကိုယ်စား လှယ်၊ တရားဝင်ဝန်ထမ်း ဟုတ်ပါ သလား??? မေ၀င့်ကုမ္ပဏီ မှရှင်းပြပေးပါ။
ဒုတိယမေးချင်သူကတော့ အလုပ်သမား သံအရာ ရှိ
ဦးမိုးအောင်ခိုင် ကို မေးချင် ပါ တယ်။ Demand Letter ကိုကုမ္ပ္ပဏီရဲ့MD ( သို့မဟုတ် ) Director လာရောက်၍ အလုပ်သမား သံအရာရှိထံ တင်ပြ ရေ ကြာင်း သိရှိရပါ
တယ်ခင်ဗျား။ ယခုဖြစ်စဉ်မှာ ဦးမိုးအောင်ခိုင် အနေဖြင့် လူတစ်ဦးလျှင်ဘတ် ( ၁၀၀ )
ရလျှင်ပြီးရော ဘယ်ပွဲစား လာလာ လက်မှတ် ထိုး ပေးနေပါသလား။ သို့တည်း မဟုတ်
မေ၀င့် ကုမ္ပဏီနဲ့ကပ်တဲ့ Demand မို့ ထိုးပေးလိုက်ပါ သလားဆိုတာကို ဖြေပေးစေချင်ပါတယ်။
သံအရာရှိရုံးခန်းမှာ တံစိုးလက်ဆောင်ပေးခြင်းသည်းခံပါလို့ ရေးထားတာ တွေ့ရပါတယ်။
အောက်ထပ်မှာ တရားဝင်ဝန်ထမ်းမဟုတ်တဲ့ သန်းထိုက်စိုး တို့ကိုပဲ ယူခိုင်း ပါတယ်။ ဒါ
ဦးမိုးအောင်ခိုင် တို့ ၀ိနည်းရှောင်တာလေ။
စာရွက်စာတမ်းတွေကိုလာပြီးလုပ်ကိုင်နေတဲ့
ဒေါ်ပပ ဆိုတာLIBER LIFE ကုမ္ပဏီ ဒါရိုက်တာတစ်ဦးပဲလေ။ နိုင်ငံတော်အဆင့်အလုပ် သမားသံအရာရှိရုံးခန်း
အောက်မှာ တရားမ၀င် ၀န်ထမ်းက ဒီလို ငွေကောက်နေတာဟာ ဘာကြောင့်လဲ။ ပွဲစားတွေလာလုပ်နေတာ
ဘယ်သူကခွင့်ပြုလို့လုပ်နေတာလဲ။
အလုပ်သမားသံအရာရှိဟာ ဘာကြောင့် Demand
letter တင်ရင်လိုက်စစ်ဖို့
လမ်းစရိတ်တောင်းပါသလဲ။ Name List လာထုတ်ရင် တစ်ယောက် ဘတ်ငွေ(၁၀၀) ယနေ့ထက်ထိ တောင်းနေသလဲဆိုတာ
အ.လ.ည မှာတာ ၀န်ရှိပါတယ်။ သက်သေပြ လို့တော့ မလုပ်နဲ့နော်။ ပွဲစားဥပဒေသနည်းနာအတိုင်း
ခင်ဗျားတို့ ကဘောက်ချာမှ မပေးတာ။ အေဂျင်စီအားလုံးလဲ မလိမ်ကြပါနဲ့
တကယ်မပေးရဘူးလို့ သစ္စာဆိုပြောရဲ တဲ့လူရှိပါသလား၊ လူတိုင်းကိုလိမ်လို့ရပါတယ်။
ကိုယ့်ကိုကိုယ်တော့လိမ်လို့မရပါဘူး။ နေအရှေ့ဘက်ကထွက်တယ်ဆိုတာ မှားချင် မှားပါ မယ်။
တစ်ယောက် ဘတ်(၁၀၀) ပေးရတာတော့အမှန်ပဲ။ အယင်အ လုပ်သမားသံအရာရှိတွေတုန်းကပေါက် ဈေးက
ဒီထက်မြင့်ပါသေးတယ်။
ဒီလို အကြီးအကျယ်လာဒ်စားနေတာကို အ.လ.ည ညွှန်ချုပ်ကြီး မသိလေရော့ သလား၊ မသိချင်ယောင်ဆောင်ပေးနေသလားဆိုတာ ကာယကံရှင်တွေဘဲ
အသိဆုံး ဖြစ်မှာပါ။
ခင်ဗျားတို့သိထားသင့်တာက
အလုပ်သမားဆိုတာသက်ရှိလူသားတွေပါ။ ခင်ဗျား တို့ပွဲစားနဲ့ ပေါင်းပြီး
ရောင်းစားချင်တိုင်းရောင်းစားလို့ရနေတဲ့ရောင်းစရာကုန်ပစ္စည်း
မဟုတ်ပါဘူး။
မိသားစုတွေမပြေလည်လို့၊ အလုပ် အကိုင်အခွင့်အလမ်းတွေနည်းပါး နေသေးလို့
မိဝေးဖသေးတိုင်းတပါးမှာ စွန့်စားပြီးအလုပ်သွားလုပ်ဖို့ မျှော်လင့်ချက် ကိုယ်စီနဲ့အလုပ်သွားလုပ်နေကြရတာပါ။
အလုပ်သမားလူတန်းစားရဲ့
ဘ၀တွေကိုမိမိအတ္တကိုယ်ကျိုးအတွက် လိမ်လည် နေတဲ့ပွဲစား လူလိမ်တွေနဲ့
အကျင့်ပျက်ဝန်ထမ်းတွေအတွက် ကံတရားကြီးက ဒါဏ် ခတ်ပါလိမ့်မယ်။ နိုင်ငံတော်ကြီးတွေကိုလိမ်လို့ရချင်ရမယ် ငရဲမင်းကြီးကိုတော့ခင်ဗျား တို့ လိမ်လို့မရပါဘူး။
ရင်နာလွန်းလို့ပါ
ဆန်းမင်းဦး
ရွှေလုပ်သား