၂၀၁၆ ခု နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ဝေသည့် မြန်မာပို့စ်ဂလိုဘယ် အပတ်စဉ်ထုတ်ဂျာနယ်
တွင် ဖေါ်ပြခဲ့သည့် ဆောင်းပါးကို အွန်လိုင်း စာဖတ်ပရိတ်သတ်များအတွက် ကူးယူဖေါ်ပြပါတယ်။
လူတိုင်းသက်ရှည်ကျမ္မာသန်စွမ်းပြီးအနာရောဂါကင်းမဲ့ချင်ကြတယ်။လူတိုင်းချမ်းသာကြီးပွားပြီးစိတ်ချမ်းသာ
ချင်ကြတယ်။ လူတိုင်းတော်ချင်ကြတယ်။ လူတိုင်းလှပချင်ကြတယ်။ စင်္ကြာဝဠာတစ်ခုလုံးမှာရှိကြတဲ့
လူတိုင်း လူတိုင်းလိုလေသေးမရှိတဲ့ဘ၀ကို ရယူပိုင်ဆိုင်ချင်ကြမယ်ထင်ပါတယ်။ ဘယ်သူမဆို
မိမိကိုယ် တိုင်လည်း ပြည့်စုံတိုးတက်ချင်သလို မိမိတိုင်းပြည်ကိုလည်း တိုးတက်ချမ်းသာချင်ကြတာတော့အတူတူပါပဲ။
ဒါပေမယ့် ရှေ့ဘ၀ကုသိုလ်ကံတွေကြောင့် ဆူကြုံနိမ့်မြင့် ဆင်းရဲချမ်းသာ၊ အရုပ်ဆိုး၊ လှပကွာခြားစမြဲဖြစ် ပါတယ်။
လူတစ်ဦးချင်းတိုးတက်ချမ်းသာမှုတွေက ထိုသူရဲ့ကံဉာဏ်ဝီရိယတွေ အပြင် ရှေ့ဘ၀ကပြုဖူး ခဲ့ကြတဲ့ ကုသိုလ်ကံတွေကြောင်းပါ ဆင်းရဲချမ်းသာကွာခြားတယ်လို့ ဗုဒ္ဓဘာသာဝင်တွေကယုံကြည် ထားကြ ပါတယ်။
“၂၁ရာစုထဲမှာ
ဖွံ့ဖြိုးမှုအနိမ့်ဆုံးရောက် မြန်မာနိုင်ငံ”
ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့ နိုင်ငံတွေကိုတော့
အထူးပြုပြောစရာမလို။ ဘာထွက်ကုန်မှမရှိတဲ့ ပိုက်ဆိပ်အဖြစ်သုံးခဲ့တဲ့ ရန်ကုန်မြို့ဧရိယာလောက်သာရှိတဲ့
အာရှတိုက်မှာအချမ်းသာဆုံးစါရင်းဝင် စင်ကာပူနိုင်ငံနဲ့ ၁၈ ရာစုမှာ အမေရိကန်ဗုံးကြဲခံရလို့
ပြာပုံဘ၀က လူးလဲထလာပြီး ကမ္ဘာ့အချမ်းသာ ဆုံးနိုင်ငံ ဖြစ်လာအောင် ရုန်းထကြိုးစား နိုင်ခဲ့တဲ့နိုင်ဂျပန်လိုနိုင်ငံတွေကိုတော့
စံနမူနာအဖြစ် လေ့လာ မှတ်သားကြရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ် ၂၀ ကျော်လောက်က နံရိုးပြိုင်းပြိုင်းထွက်ပြီး
စားရမဲ့သောက်ရမဲ့ ဖြစ်နေတဲ့ အသားမဲမဲ ဆံပင်ခွေခွေနဲ့ ပိန်ချုံ့နေတဲ့ ရုပ်ပုံတွေနဲ့
မြင်ခဲ့ဖူးကြတဲ့ ကမ္ဘာ့အဆင်းရဲဆုံး အီသီယိုပီးရီးယား တိုင်းပြည်ဟာ အခုအခါမှာ အကောင်းဆုံး
လေယာဉ်ကွင်းကြီးတွေ၊ မိုးပျံရထားလမ်း၊ မြေအောက်ရထားလမ်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အရှေ့အနောက်မှာတည်ရှိနေတဲ့ လူဦးရေသန်းပေါင်း
၁၃၀၀ကျော်စီရှိနေကြတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့ရဲ့ ဖွံ့ဖြိုးရေး
ခြေလှမ်းတွေကို လေ့လာကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကယားပြည် နယ်လောက်သာရှိပေမယ့် လူဦးရေသန်း
၁၇၀ကျော်ရှိနေတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံနဲ့ မြန်မာလေး သန်းလောက် သွားရောက်အလုပ်လုပ်နေကြရတဲ့
အိမ်နီးချင်းထိုင်းနိုင်ငံတို့ရဲ့လုပ်နည်းကိုင် ဟန်တွေကို ပါ လေ့လာသင်ကြား ကြရမှာဖြစ်ပါတယ်။
တစ်ချိန်းတည်းမှာ အလေ့ကျပေါက်ရောက်ပင်မရှိ၊ စိမ့်စမ်းရေ မရှိပဲ စိုက်ပျိုးရေး ပညာရပ်
ထွန်းကားနေတဲ့ အစ္စရေးလို သဲကန္တာရနိုင်ငံတွေကိုလည်း လေ့လာကြ ရမှာဖြစ်ပါတယ်။ နှစ်ပေါင်း၅၀
ကျော် ကျောက်ဂူထဲမှာနေခဲ့သလိုဖြစ်နေခဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးက သင်ယူစရာတွေချည်းပါပဲဖြစ်သွားခဲ့ပြီ။
“စိစိညက်ညက်ကြေခဲ့တဲ့တိုင်းပြည်”
၁၉၆၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဦးနေ၀င်းအစ
ဦးသန်းရွှေ နဲ့ ဦးခင်ညွန့် အလယ် ဦးသိန်းစိန် အဆုံး အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခံခဲ့ရတဲ့မြန်မာနိုင်ငံဟာ
တစ်နိုင်ငံလုံးဖွတ်ကြောပြာစုမွဲပြာသွားခဲ့ကြပေမယ့် အုပ်ချုပ် သွားကြတဲ့ ဗိုလ်ချုပ်ကြီးတွေ၊
သားသမီးတွေ၊ ဆွေးမျိုးတွေအားလုံးကတော့ သာလွန်သူဌေးကြီးေ တွဖြစ်သွားခဲ့ကြတယ်။ ဦးသိန်းစိန်
အသွင်းပြောင်းအ၀တ်လဲအစိုးရအဖွဲ့ဟာ ၂၀၁၅ ခု မှာ အာဏာ လွှဲပြောင်းခါနီး အချိန်အထိ အခွင့်ထူးခံတွေနဲ့
မြေကွက်တွေ၊ ငှါးရမ်းမှုတွေ၊ လုပ်ကိုင်ခွင့်တွေ၊ လွှဲပြောင်းရောင်းချမှုတွေကို ခြေကုန်သုတ်
လုပ်ကိုင်ခဲ့တာဖြင့် အာဏာရှင်တို့ရဲ့ အရှက်မဲ့စွာကိုယ်ကျိုးရှာ တတ်ကြောင်းပြသခဲ့တာပဲဖြစ်ပါတယ်။
“လက်ရည်မတူတဲ့အာဆီယံစီးပွားရေးဇုန်”
အာရှဒေသတွင်းဆယ်နိုင်ငံဖွဲ့စည်းထားတဲ့
အာဆီယံအဖွဲ့ထဲမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံးနဲ့ အဆင်းရဲဆုံး က မြန်မာ နိုင်ငံဖြစ်ပါတယ်။
အာဆီယံဆိုတာ ဥရောပသမဂ္ဂတို့ စက်မှုထိပ်သီးနိုင်ငံတို့လို
အစုအဖွဲ့ လုပ်ထားတဲ့သဘော ဆိုရင်လည်းမမှားပါဘူး။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ ခေတ်ပေါ်နည်းပညာသုံး ပစ္စည်းတွေကိုမဆိုထားနဲ့ အစားအစာဆေးဝါး အ၀တ်အထည်ကအစ အိမ်နီးချင်းနိုင်ငံတွေက ၀ယ်ယူစား သုံးနေရတဲ့တိုင်းပြည်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကများဆိုရင် ငပိ ဆား အသီးအနှံကအစ အကုန်လုံးကို ၀ယ်ယူစားသုံးနေကြရတယ်။
ဒီလိုအခင်း အကျင်းမျိုးမှာ ထွက်ကုန်မည်မည်ရရမရှိတဲ့ မြန်မာနိုင်ငံက အာဆီယံစီး ပွားရေးဇုန်ထဲမှာစီးနင်းမျောပါသွားရင်
ဆိုးကျိုးဖြစ်မလားကောင်းကျိုးဖြစ်မလား သေသေချာချာ စဉ်းစားဖို့လိုအပ်ပါမယ်။ အလွန်အရေးကြီးပါတယ်။
“ခေတ်တစ်ခေတ်ကို မြည်းစမ်းချိန်”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်နောက်ပိုင်း အမည်ပျက် စါရင်း
တွေအားလုံးကို အမေရိကန်က ပယ်ဖျက်ပစ်လိုက်ပါတယ်။ အဲဒီကအပြန်မှာ အမည်ပျက်စါရင်းက ပယ်ဖျက်ခံ
လိုက်ရပြီဖြစ်တဲ့ ခရိုနီတွေနဲ့ မိတ်ဖက်တွေ့ဆုံပွဲလုပ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
က တိုင်းပြည်စီးပွား ရေးဖွံ့ ဖြိုးတိုးတက်စေချင်တဲ့ရည်ရွယ်ချက်နဲ့လုပ်ကိုင်တာဖြစ်မှာပါ။
ဒါပေမယ့်နှစ်ပေါင်းငါး ဆယ်ကျော်လောက် အာဏာရှင်တွေနဲ့အတူအခွင့်ထူးခြံပီး တိုင်းပြည်ပိုင်ပစ္စည်းတွေကိုသူတို့အမွေပိုင်၊ ကိုယ်ပိုင်အဖြစ်လုပ်ထားလို့
ရယူပိုင်ဆိုင်ထားကြတဲ့ အဲဒီငွေတွေနဲ့ ချမ်းသာနေတဲ့ ခရိုနီလုပ်ငန်းရှင်တွေ ကိုတော့ သန်းငါးဆယ်ကျော်သော
လက်သန်းပိုင်ရှင်လူထုတွေက မနှစ်သက်ကြတာတော့အမှန်ပါ။
ကြောကော့အောင်ခံခဲ့ကြရတဲ့
သန်းငါးဆယ်ကျော်မြန်မာနိုင်ငံသားတွေဟာ အာဏာရှင်စနစ်ကိုလည်း ရွံမုန်းနာကျည်းနေကြသလို
အခွင့်ထူးခံတွေကိုလည်း သဘောမကြည်ဖြူနိုင်ကြပါဘူး။ ဒီစနစ်၊ ဒီလူတွေေ ကြာင့် ငါတို့လူညွန့်တုံးခဲ့ရတယ်။
စားရမဲ့သောက်ရမယ့်ဖြစ်ခဲ့ကြရတယ်လို့ကောက်ချက်ချထားကြတယ်။
ဒါကြောင့် ခရိုနီလုပ်ငန်းရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲမှာ
အယင်တုန်းက ကိုယ့်အတွက် သာ လုပ်ခဲ့ကြပေမယ့် ဒီနေ့ဒီအချိန်မှာအများအတွက်ပါလုပ်ပေးစေချင်တယ်လို့ပြောခဲ့တယ်။
တိုင်းပြည်ကို တိုး တက်ချမ်းသာအောင် မဆောင်ကျဉ်းနိုင်ခဲ့ကြပေမယ့် သားစဉ်မြေးဆက် ဆယ်သက်စားမကုန်ေ အာင်
ငွေရှာ တော်ခဲ့ကြသူတွေကို ဒေါ်အောင်ဆန်းစုကြည် က အများအတွက် တိုင်းပြည်အတွက် ပါစဉ်းစားပေးပါလို့
ပြောဆို ရုံနဲ့ ဒီလူတွေ ကျွတ်တမ်းဝင်မယ်လို့ ပြည်သူတွေ မယုံကြတာတော့အမှန်ပါ။
အထူးသတိပြုစရာတစ်ခုက၂၀၀၅ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLDပါတီကို ဒီခရိုနီတွေ
မဲပေး ခဲ့ကြသူတွေမဟုတ်ပါဘူး။ တိုင်းနဲ့ပြည်နယ်တွေမှာရောနေပြည်တော်မှာပါ လွှတ်တော်ကိုယ်စား လှယ်တွေအဖြစ်
ရွေးချယ်တာဝန်ပေးခဲ့(အာဏာပေးခဲ့)ကြသူတွေဟာ သန်းငါးဆယ်ကျော်ဆင်းရဲ သားမြန်မာနိုင်ငံသားတွေသာဖြစ်ကြပါတယ်။ လက်ရှိအမတ်တွေတော်လို့ ပြည်သူတွေက Mandate
ပေးတာမဟုတ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို လူထုကယုံကြည်လို့ မဲပေးခဲ့ကြတာသာဖြစ်ပါတယ်။ မိတ်ဖက်တွေနဲ့ အစီအမံတွေပေါ်လာလို့ရှိရင်
ခရိုနီတွေ ကြီးပွားသထက်ကြီးပွားပြီး လက်သန်းလေးတွေ ငတ်သထက်ငတ်လာကြမလားဆိုတာကိုတွေးပူနေကြပါတယ်။
“လယ်ယာမြေပြုပြင်ပြောင်းလဲခြင်း”
လူနည်းစုဖြစ်တဲ့ လယ်ဧက
ရာချီရှိသူနဲ့ဆယ်ကဏန်းပိုင်ဆိုင်သူတွေက လယ်ထွန်းစက်တွေဝယ်ယူ သုံးစွဲ နိုင်တာမို့ဘာမှပြောစရာမလိုပါ။
လယ်သမားအများစုကတော့ ဆယ်ဧကအောက်သာပိုင်ဆိုင်ကြပြီး မိရိုးဖလာ လုပ်ကိုင်စားသောက်နေကြသူကအများစုဖြစ်ကြပါတယ်။ သမားရိုးကျလုပ်ကိုင်ကြရင်း ဒီလယ်သ မားတွေမှာ နှစ်လေးငါးဆယ် ဆပ်မကျေတဲ့
စိုက်ပျိုးစရိတ်ချေးငွေနဲ့ ၀န်ပိနေကြဆဲဖြစ်ကြပါတယ်။ ဒီလူတွေကို ကျပ်ငွေ သိန်း ၃၀တန်၊
သိန်းငါးဆယ်တန် လယ်ထွန်စက်တွေကိုသွားပြရင် ငေးမောရုံ ကလွဲပြီးမ၀ယ်နိုင်ပါ။
အစိုးရဟာ ဦးစွာပထမဒီလယ်သမားတွေ
လက်ရှိလုပ်ကိုင်နေတဲ့ လယ်ကွင်းတွေမှာ (မြေပြင်မှာ) ဘာလို နေသလဲဆိုတာကိုဦးစွာပထမပြောင်းလဲပစ်ရပါမယ်။
လယ်သမားတစ်ဦးချင်းအနေနဲ့ လုံးဝမလုပ်နိုင် စွမ်းတဲ့ ဥပမာ မြေအနိမ့်အမြင့်ညှိပေးခြင်း၊
လယ်ကွင်းထဲမှာရှိနေတဲ့ ကျောက်ဆောင်တွေကို ဖျက်ဆီးပစ်
ခြင်း၊ ရေတိုက်စားမှုကြောင့် နှစ်စဉ်စိုက်ပျိုးမြေ
ပျက်စီးနေတာကို အကာအကွယ်လုပ်ပေးခြင်း၊ အနီးအနား ရှိတောတောင်ထဲမှာ ခိုအောင်းနေတဲ့ စပါးဖျက်သတ္တ၀ါများကိုနှိမ်နင်းပေးရပါမယ်။
နယ်မြေအလိုက်၊ ကျေးရွာအုပ်စုအလိုက်၊
၁၂ ရာသီပတ်လုံး စိုက်ပျိုးရေးရရှိစေနိုင်မယ့် အစီအမံတို့ကို ဦးစွာ တည်ဆောက်ပေးသင့်ပါတယ်။
အထူးသဖြင့် ကျပ်ငွေ သုံးသိန်းလောက်သာကုန်ကျမယ့် ကြောပိုး စပါး ရိတ်စက်မျိုးကို လယ်သမားတစ်ယောက်ကို
တစ်လုံးကျ မဟုတ်ရင်တောင်မှာ အနည်းဆုံး ၃ယောက်ေ ပါင်းပြီး တစ်လုံးစီ ကိုင်တွယ်အသုံးပြုနိုင်အောင်အခမဲ့ပေးသင့်ပါတယ်။
မပေးနိုင်ရင်လည်းအကြွေးေ ရာင်းချပေးတာမျိုး လုပ်ပေးကြရပါမယ်။ ဒါ့အပြင် ကျပ်ငွေလေးသိန်းလောက်သာကုန်ကျမယ့်
စွမ်းအင် လုံးဝသုံးစရာမလိုတဲ့ ကောက် စိုက်စက်တွေကို လယ်သမားတွေလက်ထဲကို ရောက်ရှိနိုင်အောင်
စီမံဖန်တီးပေးနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီကမှတစ်ဆင့် လယ်သမားတစ်ဦးချင်းစီ အဲဒီစက်ငယ်တစ်လုံးစီ
ကိုင်ဆောင်လာနိုင်ပြီး အပိုကိရိယာ ပြောင်း လဲတပ်ဆင်ပေးလိုက်ရုံဖြင့်၊ အခြားသော လယ်ယာသုံးကိရိယာအဖြစ်
ဖန်တီးလုပ်ကိုင်နိုင်ပါတယ်။
“အဓိကနဲ့ အခြေခံအကျဆုံးလုပ်ရမယ့်အလုပ်”
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဖြစ်တယ်ဆိုပြီးတော့ ပျဉ်းမနားရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က
တစ်ခု ပဲရှိပါတယ်။ နည်းပညာတက္ကသိုလ်က အများကြီးရှိပါတယ်။ အစ္စရေးတက္ကသိုလ်ကိုသွားပြီးတော့
သင်တန်းတက် နေကြသူတွေရှိတယ်။ ဒီလူတွေတတ်မြောက်ထားတဲ့ပညာရပ်တွေ၊ ဘာသာရပ်တွေကို ဘယ်လိုစနစ်တကျ
အသုံးချကြမလဲ။ ဘယ်လိုကူညီပံ့ပိုးပေးကြမလဲ။ လယ်ယာစိုက်ပျိုးရေးဆိုလိုက်တာနဲ့ မြန်မာတွေမျက်စိထဲမှာ
ထွန်တုံးတွေ၊ ကျွဲနွားတွေ၊ လယ်ထွန်စက်တွေကိုပဲ မြန်မာတွေမျက်စိထဲမှာ တန်းမြင်ကြမှာပါ။
လူငယ်တွေစိတ်ဝင်စားလာအောင်၊
နည်းပညာတွေနဲ့ပေါင်းစပ်ရပါမယ်။ လယ်သမားတွေကိုတတ်ြေ မာက် အောင်သင်ပေးရပါမယ်။ စက်မှုအကူညီတွေပေးရပါမယ်။
အယင်ကာလတုန်းက နိုင်ငံတကာအကူ ညီပေးမှုတွေက လယ်ယာကဏ္ဍကိုဘယ်လောက်အထိရောက်ခဲ့ဖူးသလဲ၊ အခုကောဘယ်လောက်ေ ရာက် လာနိုင်မလဲ။
ခရိုနီ တွေအနေနဲ့ လယ်ယာကဏ္ဍကို ဘယ်လောက်အထိ ရင်းနှီးမြုပ်နှံမယ်လို့ယူဆသလဲ။
“နည်းပညာတီထွင်ဖန်တီးမှုများ”
ကမ္ဘာပေါ်မှာ အသုံးပြုနေကြတဲ့
နည်းပညာတိုင်းဟာ သိပ္ပံပညာရှင်တစ်ဦးတည်း အခန်းထဲက စဉ်းစာရင်း တီထွင်ထားတာမဟုတ်ပါဘူး။
အလုပ်လုပ်ရင်း ဆတိုးတွေးခေါ်စမ်းသပ်ရင်း ပိုမိုကောင်းမွန်တဲ့ အသုံးအဆောင်မျိုးဖြစ်သွားတာလည်းရှိပါတယ်။
ဒါ့အပြင် စာသင်ခန်းတွေ၊ လက်တွေ့စမ်း သပ်ခန်းတွေ ကထွက်ပေါ်လာတဲ့ ပညာရပ်တွေလည်းရှိပါတယ်။
တစ်ချို့ဆိုရင် တိရစ္ဆာန်တွေဆီက ကူးချရတာလည်းရှိ ပါသေးတယ်။
တီထွင်မှုဆိုတဲ့နေရာမှာ
ကက်ဆက်ဟောင်းတစ်လုံးက မော်တာငယ်တစ်လုံးနဲ့ ဘယ်ထရီအိုးငယ် တစ်လုံးနဲ့ ရေတင်တဲ့စက်၊ မြက်ဖြတ်တဲ့စက်၊
ဖုန်စုတ်တဲ့စက်၊ လေမှုတ်တဲ့စက် အစရှိသဖြင့် တီထွင်ဖန် တီး နိုင်သလို မိမိတို့အနီးပတ်ဝန်းကျင်မှာရှိနေတဲ့
ရလွယ်တဲ့ပစ္စည်းတစ်ခုခုကနေ အသုံးတည့်တဲ့ကိရိယာ တစ်ခု အဖြစ်ဖန်တီးနိုင်တာတွေလည်းရှိတတ်ကြပါတယ်။
ဥပမာ ဗေဒါရွက်လို၊ ဖွဲခွံလို တိရစ္ဆာန်အညစ် အကြေးတွေဆီကနေ ဂက်စ်ထုတ်လုပ်သုံးစွဲနိုင်တာမျိုး၊
မှိုမျိုးစေ့ထုတ်လုပ်တာမျိုး၊ အစရှိသဖြင့် လယ်ယာ လုပ်သားတွေ အတွက် တီထွင်မှုလမ်းစကို ရောက်အောင
နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီပေးရပါမယ်။
ပံ့ပိုးကူညီတယ်ဆိုတဲ့နေရာမှာ
ချေးငွေထုတ်ချေးတာမျိုးမဟုတ်ပဲ၊ အစ္စရေးတက္ကသိုလ်ပြန်တွေ၊
ရေဆင်း တက္ကသိုလ်ကျောင်းဆင်းတွေ၊
စက်မှုကျောင်းသားတွေ နည်းပညာတက္ကသိုလ်ကျောင်းသားတွေက တာဝန် ကိုယ်စီယူပြီး တစ်ဧကရှိတဲ့လယ်သမားတစ်ယောက်ကအစ
လူပင်ပန်းမှုသက်သာ၊ ငွေကုန်ကျမှု သက်သာစေတဲ့ နည်းပညာသုံးကိရိယာတွေအသုံးပြုနိုင်အောင်
တာဝန်တစ်ရပ်အနေနဲ့ ကူညီဖြေရှင်းေ ပးကြရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေခံတောင်သူလယ်သမားတွေ
ဘ၀မြင်မားလာမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်လို့ပါ။
“စိုက်ပျိုးမွေးမြူရေးနဲ့လယ်မြေပိုင်ဆိုင်မှု”
NLD အစိုးရဟာ အယင်အစိုးရအဆက်ဆက်
ခေါင်းစဉ်အမျိုးမျိုးနဲ့ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေ ကို မူလပိုင်ရှင်လယ်သမားလက်ထဲကိုအမြန်ဆုံးပြန်ပေးအပ်ရပါမယ်။ ဘယ်စီမံကိန်းအတွက်ပဲ ပေးခဲ့သည် ဖြစ်စေဘယ်ဗိုလ်ချုပ်ကြီး၊
ဘယ်ခရိုနီလက်ထဲမှာရောက်ရှိနေပါစေ မူလပိုင်ရှင်လက်ထဲကို ပြန်ေ ပးရပါမယ်။ လယ်သမားတစ်ယောက်ဟာ
သူပိုင်ဆိုင်လုပ်ကိုင်တဲ့ လယ်မြေက သူ့ဘ၀၊ သူ့မိသားစုဘ၀ တိုးတက်ဖို့အတွက်အာမခံမှုပေးနေရပါမယ်။ သူ့လယ်မြေက စားသောက်စရာတွေ ပြည့်မီအောင် ထွက်ရှိေ နရပါမယ်။ ရုပ်သံလိုင်းတွေကလည်း
အခြေခံလယ်သမားတွေအတွက် အသုံးဝင်မယ့်လွယ်ကူတဲ့ စိုက်ပျိုးမွေးမြူရေးနည်းစနစ်တွေ၊ နည်းပညာတွေ
ကို နိုင်ငံတကာသို့သွားရောက်လေ့လာရိုက်ကူးပြီး အစဉ် အမြဲထုတ်လွှင့်ပေးသင့်ပါတယ်။ တပြိုင်တည်းမှာပဲ
အစိုးရဟာ လယ်သမားဘ၀အရာရာဖူးလုံဖို့အတွက် ထိရောက်တဲ့မဟာစီမံကိန်းကြီးတစ်ခုကို လက်တွေ့ချ
မှတ်အကောင်အထည်ဖေါ်ခြင်းသာလျှင် တိုင်းပြည် ထူထောင်ရေးအတွက် စလုံရေစဖြစ်ပါကြောင်း လေးစားစွာ
တင်ပြလိုက်ရပါတယ်။ ။
ကျော်သောင်း (ဘန်ကောက်)