(၁) လိုင်စင်ရ
အေဂျင်စီအချို့သည် အလုပ်တစ်ခုကို အလုပ်သမားအသွင်းအထုတ်လုပ်ရုံသက်သက်ဖြင့်သာ အကျိုးစီးပွားရှာဖွေနေခြင်း။
( ထိုင်းဘက်တွင် ဘတ်ငွေ တစ်သောင်းဖြတ်ပြီးသည်နှင့် အကြောင်းမရှိ အကြောင်းရှာပြီး မြန်မာပြည်သို့
ပြန်ပို့ခြင်း)
(၂) MOU အလုပ်သမားတင်ပို့ခြင်းလုပ်ငန်းတွင်
အကျိုးအမြတ်ကို ရရှိပြီးဖြစ်တာကြောင့် ဖြစ်လာသည့် ပြဿ နာကို အလေးထားစရာမလိုပါ။
(၃) MOU လုပ်ငန်းစဉ်အရ
ပွဲစားများတင်ပို့သည့် အလုပ်သမားပြဿ နာကိုပွဲစားများနှင့် အလုပ်သမားသံ အရာရှိတို့သာ
အဓိက ဖြေရှင်းခွင့်ရှိခြင်း။ အလုပ်သမားအဖွဲ့အစည်းများ ကာကွယ်ကူညီရန် အလွန်ခက်ခဲပါ သည်။
(၄) ပွဲစားများအဖွဲ့ချုပ်
MOEAF နှင့် အလုပ်သမားဝန်ကြီးဌာနတို့ အကျိုးတူအကျိုးစီးပွားဖက်များဖြစ်သဖြင့် အဖိနှိပ်ခံရသည့်အလုပ်သမားများမှာ
နစ်နာဆုံးရှုံးမှုဖြင့်သာအဆုံးသတ်ခြင်း။
(၅) ပွဲစားများကမူ
အလုပ်သမားအာဏာပိုင်များအားကိုးဖြင့် အလုပ်သမားများအား ကြိုက်သည့်နေရာကို
သွားတိုင် ဟူသည့်ပြောဆိုချက်မှာ ပွဲစားများလုပ်ချင်ရာလုပ်၍ရသော
တိုင်းပြည်ဖြစ်နေပါတော့သည်။
(၆) လူကုန်ကူးမှု၊
လိမ်လည်မှုတို့ဖြင့် အလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်သူများက အမှု ဖွင့် တိုင်ကြားရတွင်၊
ရဲနှင့်ပွဲစားများ၏ ခြိမ်းခြောက်မှုခံရခြင်း၊ ဖိအားပေးမှုခံရခြင်း၊ အမှုကိုကြေအေးစေခြင်း။
(၇) အလည အာဏာပိုင်များနှင့်
ပူးပေါင်း၍ မချိဆင်းရဲသား အလုပ်သမားများအပေါ်တွင် ခေါင်းပုံဖြတ်ရ သည့် MOU အလုပ်သမားတင်ပို့သည့်အလုပ်မှာ
လစဉ် ကျပ်ငွေ သိန်းရာချီအမြတ်အစွန်းရသည့် လုပ်ငန်းဖြစ်ပါသည်။ အရင်းနည်းနည်းဖြင့် ဤမျှ
အမြတ်များသည့် စီးပွားရေးလုပ်ငန်း မြန်မာပြည် နှင့် ကမ္ဘာတွင်မရှိပါ။
(၈) MOU လုပ်ငန်းစဉ်ကာလတလျှောက်လုံး
အလည အကျင့်ပျက် ၀န်ထမ်းများနှင့် လူကုန်ကူးသည့်လူပို့ပွဲ စား အေဂျင်စီများသာချမ်းသာစေခဲ့သည်။
အလုပ်သမားအများစုမှာ ဒုက္ခရောက်ကြရပါသည်။
(၉) သို့ရာတွင်
မြန်မာအလုပ်သမားဝန်ကြီးဌာနသည် လေးငါးသန်းခန့်ရှိသည့် ထိုင်းရောက်အလုပ်သမား များနှင့် လောလောဆယ်
ပြည်ပထွက်ခွာ အလုပ်လုပ်ကြမည့် အလုပ်သမားများအတွက် ကောင်းမွန်သည့် အစီအမံ အသစ်အဆန်းများကိုမချမှတ်ပဲ၊
ဖြေရှင်းရခက်ခဲ့ပြီး အလုပ်သမားကံကြမ္မာကို ပွဲစားလက်ကို ၀ကွက်အပ်သည့် ကျဉ်းမြောင်းသည့်အယူဝါဒဟောင်း(သို့မဟုတ်)
ကိုယ်ကျိုးစီးပွားရှာသည့် အကျင့်ဟောင်း အစီအမံဟောင်းများ ကိုဆက်လက်အကောင်အထည်ဖေါ်နေသည်မှာ
အလုပ်သမားများအတွက် အလွန်နစ် နာနေပါသည်။
(၁၀) ဆိုလိုသည်မှာ
အလုပ်သမားများလွတ်လပ်ခွင့်နှင့် ရသင့်ရထိုက်သည့် အခွင့်အလမ်းများရရှိစေရန် တင်း ကျပ်မှုများကို
ဖြေလျှော့ ကူညီနိုင်မည့်နည်းလမ်းကောင်းများကို မတွေးတောမကြံဆ၍ ပြောရခြင်းဖြစ် ပါသည်။
(၁၁) လက်တွေ့တွင်
အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်သမားသံအရာရှိတို့ MOU အလုပ်သမားများကို ကူညီမှုပေးနိုင်သလား
မပေးနိုင်သလားဆိုသည်ကို လက်ရှိအခြေအနေကပြသနေပြီးဖြစ်ပါသည်။
(၁၂) အလုပ်သမားများ၏ပန်းရောင်ဘတ်ကဒ်များ
နေ့တိုင်း သက်တမ်းကုန်နေပါသည်။ ဆက်၍လည်းမရပါ။ သံရုံး၌ ပတ်စပို့လျှောက်ထားသူများလည်း
လေးလထက်မနည်းကြာကြပါသည်။ ခရမ်းရောင်ပတ်စပို့ ၄နှစ် စာအုပ်များလည်း တဖွဲဖွဲ သက်တမ်းကုန်နေပါသည်။
(၁၃) ဒီအခြေအနေကို
သိသည့် ထိုင်းရဲများ ဖမ်းစားလို့ကောင်းနေပါသည်။ အလုပ်သမားများမှာ ပို၍မလုံ မခြုံ ဖြစ်လာနေကြပါသည်။
(၁၄) အလွန်သက်သာ၍
မြန်ဆန်နိုင်ဖွယ်ရာဖြစ်သော CI ကို အလျှင်အမြန်ထုတ်ပေးခြင်းဖြင့် အကာအ ကွယ်မဲ့နေသော
အလုပ်သမားများကို နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ ကာကွယ်ပေး သင့်ပါသည်။
(၁၅) အလုပ်သမားများကို MOU ပွဲစားများလက်သို့ ၀ကွက်အပ်ရမည့် ပတ်စပို့လုပ်ငန်းစဉ်ကို
မည်သည့်အခါမှ မစဉ်းစားသင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။
(၁၅) သိကြားမင်းပေးသည့်ဂါထာဖြစ်သည့်
(ရပ်ကျေး + ဘဏ် + အလည = MOU) ကို အလုပ်သမားများ
နေ့စဉ် ရွတ်ဖတ်သရဇ္ဖာယ်ကြပါရန် တိုက်တွန်းအပ်ပါသည်။
ရွှေလုပ်သား
ဘန်ကောက်