·
By နန်းမြနဒီ
·
31 July 2017
·
· ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်သူတွေကို ထိုင်းအစိုးရက စိစစ်မှတ်ပုံတင်နေရာမှာ ပထမ ၅ ရက်အတွင်း လာရောက်မှတ်ပုံတင်သူ ၂ သိန်းနီးပါးရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါ တယ်။
·
ဇူလိုင်လ ၂၄ မှ ၂၈ ရက်နေ့ထိ ၅ ရက်အတွင်း အလုပ်ရှင် ၅၈၀၆၆ ဦးမှ
သူတို့ရဲ့ အလုပ်သမားပေါင်း ၁၉၀,၉၂၆ ဦးကို လာရောက်မှတ်ပုံတင်ပေးခဲ့တယ်လို့
ထိုင်းအလုပ်သမားဝ န်ကြီးဌာန ပြောခွင့်ရ နိုင်းအနန်တချိုင်း
ဥထိုင်းဖတ်ထနားချိပ်က ပြောကြောင်း အလုပ်သမား ၀န်ကြီး ဌာန ၀က်ပ်ဆိုက်မှာ
ဖော်ပြပါတယ်။
အဆိုပါ အလုပ်သမားတွေမှာ အများစုက ဘန်ကောက်၊ ဆမွတ်ပရကန်၊ ရနောင်း၊
ပထုန်ဌာနီနဲ့ နွန်ထပူရီမှာရှိတဲ့ စိုက်ပျိးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊
စားသောက်ဆိုင်အကူ စတဲ့ လုပ်ငန်းခွင်က ဖြစ်ပြီး မြန်မာနိုင်ငံသားက
အများဆုံးပဲလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့အလုပ်သမား ၂ သန်းကျော်ရှိမယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာန
ညွှန်ကြားရေးမှူး နိုင်းဝရားနွန်း ပိတိဝမ်းက ခန့်မှန်းပြီး တချို့က မိခင်နိုင်ငံပြန်ပြီး အမ် အိုယူ အလုပ်သမားကတ် ပြန်လုပ်ကာ ဒီ ၁၅ ရက်အတွင်း တနိုင်ငံလုံးရှိ စင်တာပေါင်း ၁၀၀ ကနေ
အလုပ်သမားပေါင်း တစ်သန်းခွဲကို စိစစ်ပေးနိုင်မယ်လို့ သတင်းမီဒီယာတွေကို ပြောထား ပါတယ်။
ဒါပေမယ့် အလုပ်သမားတွေကြားထဲမှာတော့ အလုပ်ရှင်ရှာ မရတဲ့ ပြဿနာတွေ
ရှိနေသေးတယ်လို့ ချင်းမိုင်အခြေစိုက် မက်ပ်ဖောင်ဒေးရှင်း
ရွှေ့ပြောင်းလုပ်သားကျန်မာရေးနဲ့ ပညာပေး အစီအစဉ်က ထောင်းန်ခမ်းက ဒီဗွီဘီကို
ပြောပါတယ်။