ထိုင်းအစိုးရဖမ်းဆီးမှုကြောင့်
တစ်ပတ်အတွင်းမှာမြန်မာအလုပ်သမားပေါင်း သုံးသောင်းဝန်းကျင်မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ကြပြီဖြစ်ပါတယ်။
နောက်ထပ်လည်းပြန်ကြအုံးမှာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်
မေတ္တာရပ်ခံမှုကြောင့် ထိုင်းအစိုးရက ရက်ပေါင်း ၁၂၀ အတွင်း စာရွက်စာတမ်းတွေ ပြင်ဆင်ဖို့၊ ဥပဒေအတိုင်းဖြစ်စေဖို့၊
ဖမ်းဆီးခြင်းမပြုတော့ဖို့ ထိုင်းအစိုးရက သ တင်းထုတ်ပြန်ခဲ့ပါတယ်။
နေရပ်ပြန် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးငွေတောင်းတာတွေနဲ့၊
အလုပ်ရှင်တွေဆီက ငွေတောင်း တာတွေလုပ်တဲ့ရဲတွေကို အရေးယူမယ်လို့ ထိုင်းရဲချုပ်က ထုတ်ပြန်ကြေညာပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ လူမှုအသင်းအဖွဲ့တွေ၊ အင်ဂျီအိုတွေနဲ့
မြန်မာအာဏာပိုင်တွေ ကူညီဆောင်ရွက်နေတာ တွေကို ၀မ်းမြောက်ကြည်နူးဖွယ်တွေ့မြင်ရပါတယ်။
ဘန်ကောက်မြန်မာသံရုံးနဲ့
အလုပ်သမားဝန်ကြီးဌာအနေနဲ့ အောက်ပါ၂ချက်ကိုအမြန်ဆောင်ရွက်သင့်ပါတယ်။
(၁) ထိုင်းနိုင်ငံအနှံ့အပြားက
အိမ်ပြန်လိုကြတဲ့ မြန်မာအလုပ်သမားတွေဟာ ပွဲစားတွေ၊ထိုင်းလ၀ကတွေကို ဘတ်ငွေ ၃၅၀၀ ကနေ
ဘတ်ငွေ ၆၀၀၀ အထိပေးပြီးမြန်မာပြည်ကိုပြန်နေကြပါတယ်။ ဘန်ကောက်မြန်မာ သံရုံးနဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာနတို့ဟာ
ထိုင်းကထုတ်ပြန်လိုက်တဲ့ ဥပဒေအရ ပြန်ချင်နေကြတဲ့ မြန်မာ အလုပ်သမားတွေကို ပတ်စပို့ရှိသူက
လေယာဉ်နဲ့ ပြန်နိုင်အောင်နဲ့ အထောက်အထားမပြည့်စုံသူတွေ သာမန် ကားခဖြင့် အေး ချမ်းစွာပြန်နိုင်ရေးအတွက်
စနစ်တကျ စီမံဆောင်ရွက်ပေးသင့်ပါတယ်။
(၂) တပြိုင်တည်းမှာပဲ၊
ပန်းရောင်ဘတ်ကဒ်ရှိသူ၊ ပတ်စပို့ရှိသူ၊ CI စာအုပ်ရှိသူတွေလည်း ဖမ်းဆီးခံရလိုပဲဖြစ် ဖြစ်၊
ကြောက်လန့်လို့ပဲဖြစ်ဖြစ်ဖြစ် နယ်စပ်ကိုရောက်ရှိသွားကြသူတွေရှိပါတယ်။ ဒီလူတွေမှာ အလုပ်လုပ်ခွင့်
ဝတ်ပါမစ်မရှိကြပါဘူး။ တရားဝင်နေထိုင်ခွင့်လုပ်ထားသူတွေဖြစ်တဲ့ ဒီအလုပ်သမားတွေ လွယ်ကူစွာ
ပြန်လာ နိုင်ရေးအတွက် အစီအမံတစ်ခုခုကိုလည်း အလျှင်အမြန်စီစဉ်သင့်ကြောင်းလေးစားစွာတင်ပြလိုက်ပါတယ်။ ။
ရွှေလုပ်သား