၂၀၁၇ ဇူလိုင်လ ၁၀ ရက်
ရွှေလုပ်သား
ထိုင်းနိုင်ငံတောင်ပိုင်း ကရဘူရီ၊ ပါကျန်ကူတို့ဆိပ်တွင်တရားမ၀င်ဝင်ရောက်လာသည့် မြန်မာပတ်စ ပို့ကိုင် ဆောင်ထားသည့် အလုပ်သမား ၃၇ ယောက်ကို ထိုင်းအာဏာပိုင်များက
ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
အဆိုပါအလုပ်သမားများသည်
ပတ်စပို့သက်တမ်းကုန်သွားသဖြင့် ပွဲစားများကိုငွေ ၈၅၀၀ ပေး၍ ထားဝယ်မြို့မှ ပတ်စပို့ထုတ်ပေးရေးစခန်းတွင်သွားရောက်၍ ပတ်စပို့လုပ်ကိုင်ခဲ့ကြသူများဖြစ်ကြပါသည်။
ယခုဖမ်းမိသည့်အလုပ်သမားများသည် ပွဲစားကို
ဘတ်ငွေ ၈၅၀၀ စီပေး၍ မြန်မာဘက်သို့သွားရောက် လုပ်ကိုင်ကြသူများဖြစ်ကြပါသည်။ မြန်မာသံရုံးပတ်စပို့ထုတ်ပေးရေးရုံးတွင်
အနည်းဆုံး ၄လမှ ၆လအထိ
ကြာ မြင့်သဖြင့် ပန်းရောင်ဘတ်ကိုင်ဆောင်ထားသူများနှင့် ၄နှစ်နှင့်၆နှစ်သက်တမ်းကုန်ဆုံးကြသည့်
အလုပ်သမားများမှာ လွယ်ကူမြန်ဆန်သည့် ပွဲစားလမ်းကြောင်းဖြင့်လုပ်ကိုင်ကြခြင်းဖြစ်သည်။
ထားဝယ်၊ဘားအံနှင့်မော်လမြိုင်
တို့တွင် ၇ရက်တစ်ပတ်အတွင်း ဆိုပါက ပတ်စပို့စာအုပ်တစ်အုပ်လျှင် ကျပ်ငွေ ၁၃၅၀၀၀ ကျပ်ပေးရပြီ၊
၁၅ ရက်ကြာမည်ဆိုပါက ကျပ်ငွေ ၇၅၀၀၀ မြန်မာလ၀က ကိုပေးရကြောင်း အကျိုး ဆောင်ပွဲစားများကပြောသည်။
ဘန်ကောက်အခြေစိုက်
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “အာဏာ ရှင်အစိုးရအဆက်ဆက်
လုပ်ကိုင်ခွင့်ကိုရပိုင်ခွင့်အဖြစ် ဌာနတိုင်းမှာလုပ်ခဲ့ကြတာအားလုံးအသိပဲ။ ဒါပေမယ့်
အခု လက်သန်းကိုမင်စွန်းခံပြီးလူထုရွေးချယ်ထားတဲ့ NLD အစိုးရအုပ်ချုပ်လာတာ တစ်နှစ်ကျော်လာပြီ။
ပြည်တွင်းပြည်ပအလုပ်သမားရေးရာမူဝါဒ ကောင်းကောင်းမချမှတ်နိုင်သေးဘူး။ ဒီလူ ဒီမူနဲ့
အယင်ပုံစံအ တိုင်းပဲ အကောင်အထည်ဖေါ်နေတာသတိပြုမိတယ်။ ဒါကြောင့် ပြည်တွင်းကအလုပ်သမားတွေအတွက် လည်း
အခြေအနေထူးခြားမှုမရှိလာသလို နေ့တိုင်းပြည့်ပကိုထွက်ခွာအလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက်လည်း ကိုယ်ဖြစ်ကိုယ်ခံဖြစ်ဆဲပဲဖြစ်တယ်” ဟုပြောသည်။
လက်ရှိအချိန်တွင်လည်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့
ပြန်လိုကြသည့် အလုပ်သမားများမှာအလုပ်ရှင် ခွင့် မပြုခြင်း၊ လမ်းတွင်ဖမ်းဆီးခြင်းနှင့်ရနောင်းအချုပ်ခန်းတို့တွင်ငွေတောင်းခြင်းတို့ကို ခံနေကြရဆဲဖြစ် သည်။
ဖူးခက်အခြေစိုက် အလုပ်သမားကွန်ယက်MNPတာဝန်ခံ ခိုင်အတ က “ ဇူလိုင် ၇ ရက်နေ့က ဘန်ကောက် ကပြန်မယ်ဆိုပြီးဖူးခက်ကထွက်သွားကြတဲ့အလုပ်သမား
မ၄ဦးကျား၁၅ဦးတို့ ကိုခြုံဖွန်ဂိတ် ကဖမ်းထားတယ်။
ရနောင်ဖက်ကသွားပြန်တော့လည်း
ရနောင်းအချုပ်ခန်းမှာငွေပေးမှ ပြန်ပို့ပေးတယ်။ ကျနော်ဒီနေ့ အလုပ် သမားသံအရာရှိ ၅ယောက်လုံးကိုဖုန်းဆက်တယ်။
တစ်ယောက်မှ ဖုန်းမကိုင်ဘူး။ နေပြည်တော်က အမြဲ တမ်းအတွင်း ၀န်ကိုဆက်တယ်၊ သူ့တပည့်ကိုင်တယ်၊
သံအမတ်ဆက်တယ်။ အလုပ်သမားသံအရာရှိကို ပြောလိုက်မယ်လို့ ပြောတယ်။ အောက်ခြေမှာဖြစ်နေတာတွေကို
မြန်မာအစိုးရတာဝန်ရှိသူတွေ တုန့်ပြန် မှုတွေက တအားနှေးကွေး တယ်။ ၀န်ကြီးအဆင့်ဆင့်ပြောလိုက်ပြီဆိုပြီး
အဆင်ပြေသွားပြီလို့ထင်နေကြ တာ အယင်ကအကျင့်ဆိုးတွေပဲ။ လက်တွေ့ မကျဘူး”ဟုဆိုသည်။
မဟာချိုင် ၄ထပ်ပုလိပ်ရုံးအောက်ထပ်တွင် နေ့စဉ်မြန်မာအလုပ်သမားများကိုဖမ်းဆီးငွေညှစ်နေဆဲဖြစ်ပါ
သည်။ ထို့အပြင် ဘန်ကောက် ဖလန်းဆောင် စင်ထရယ်ကုန်တိုက်နောက်ဘက်ရှိ
ပန်းခြံတွင်ထိုင်းရဲများနေ့ စဉ် ဖမ်းဆီး တောင်းစားနေကြဆဲဖြစ်သည်။ အထူးသဖြင့် တနင်္ဂနွေနေ့များတွင်
ပို၍ ဖမ်းဆီးငွေညှစ်လေ့ရှိ ဆဲဖြစ်ပါသည်။