ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇။
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်( C of I) အတုများ ပြုလုပ်၍ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးတွေ့ရှိပါက ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းခံရမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။
မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးအနေဖြင့်ယခင်ကစီအိုင်နေ့ချင်းပြီးအခမဲ့ပြုလုပ်ပေးခဲ့ သော်လည်း စီအိုင် ရရှိ သူများတွင် မြန်မာနိုင်ငံသားဟု အတည်မပြု နိုင်သူများကိုရန်ကုန်အ ပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၂၀၁၇ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့မှစတင်၍ မလေးရှိ ဃှု လျှောက်ထား လာသူများ ၏အချက် အလက်ကို မြန်မာနိုင်ငံသို့ပေးပို့ကာ မြန်မာနိုင်ငံသားမှန်ကန်ကြောင်းလဝက စိစစ်ထောက်ခံချက်ရရှိသူကိုသာ ပြုလုပ်ပေးမည်ဟု ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ စီအိုင်အတုများ ပြုလုပ်၍ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မှုများ ရှိလာကြောင်း သိရသည်။