03 February 2018

ဒါလေး လက်တွေ့ကျတယ်

- လက်လှမ်းမှီသမျှ ညီငယ်တွေကို ကျနော် အမြဲပြောဖြစ်တဲ့ စကားတွေပါ။ ပုရိသာနံ သိပ္ပံ ဓနံ လို့ ဘုရားဟော ရှိပါတယ်။ တိုက်ဆိုင်လို ရှယ်ပေးပါတယ်။

ရွာကနေ မလေးရှားကို သွားတုန်းက
သူ့ မှာ ဘာပညာမှ မတတ်ဘူး။
အတန်းပညာဆိုလို့ ဆယ်တန်းတောင်
မအောင်ဘူး။ မလေးရှားက
တယ်လီဖုန်းပြင်တဲ့ဆိုင်မှာလုပ်တယ်။
လေးငါးနှစ်ကြာတော့ ရွာကိုပြန်လာတယ်။
အခုတော့ ဖုန်းပြင်တဲ့ဆိုင်ကိုဖွင့်ထားတယ်။
အောင်မြင်နေသလောက် ဖြစ်နေပြီ။


တစ်ယောက်က ထိုင်းမှာ သွားလုပ်တယ်။ ပညာက ငါးတန်း။ ထိုင်းစားသောက်ဆိုင်မှာလုပ်တယ်။ အဲဒိမှာတင် ထိုင်းအစားအစာချက်နည်းကို တက်ကျွမ်းလာတယ်။ ရွာကိုပြန်ရောက်တော့ လမ်းထိပ်မှာ ထိုင်းစားသောက်ဆိုင်ဖွင့်တယ်။ စီးပွားရေးအဆင်ပြေနေပြီ။
တစ်ယောက်က ဘားဆိုင်မှာလုပ်ဖူးတယ်။ မလေးက အရက်ဘားမှာ။ အခုတော့ ရန်ကုန်မှာ ဘားဆိုင်သေးသေးလေးဖွင့်နေပြီ။ သူ့ ဆိုင်က အဆင့်မြင့်တယ်။ လူစည်တယ်။
မော်လမြိုင်ဘက်က တစ်ယောက်ကတော့ ထိုင်းမှာ ကိတ်မုန့် ဖုတ်တဲ့စက်ရုံမှာလုပ်တယ်။ ရွာကိုပြန်လာတော့ ကိန့် မုန့် ဖုတ်ရောင်းနေတာ ဟုတ်နေတာပဲ။
ဟိုတလောက ထိုင်းနိုင်ငံ ဖန်ငကို သွားတော့ ကိုထူးချစ်မွေးစားထားတဲ့ ခလေးတစ်ယောက်ရှိတယ်။ ကယားပြည်နယ်ဘက်က။ ရေဆေးဆီထိုး လုပ်ငန်းတခုမှာ လုပ်နေတာ အတော်ကျွမ်းနေပြီလို့ ပြောတယ်။ အဲဒိခလေးလည်း မြန်မာပြည်ရင် ထမင်းမငတ်တော့ဘူး။ ကိုယ်ပိုင်တက်ကျွမ်းတဲ့ပညာရှိနေပြီ။
မလေးရှားကနေ သြစတျေးလျနိုင်ငံကို ဒုက္ခသည်နဲ့ ရောက်တဲ့လူတွေ ရှိတယ်။ အိမ်ဆောက်တဲ့လုပ်ငန်းနဲ့ မီးပြင်တဲ့လုပ်ငန်းမှာ လုပ်ဖူးတော့ သြစီလည်းရောက်ရော အဆင်ပြေကြတယ်။ အဲဒိလူတွေ မြန်မာပြည်ပြန်ရင် အထက်ကလူတွေလို လုပ်စားလို့ ရပြန်တယ်။
တခုထူးခြားတာက စစ်သား၊ နိုင်ငံရေးသမားနဲ့ သူပုန်။ တက္ကသိုလ်ဘွဲ့ ရ။ တကယ်တန်းတော့ ကိုယ်ပိုင်တက်ကျွမ်းမှု့ ပညာ (သက်မွေးဝမ်းကျောင်းပညာ) မတတ်ကြဘူး။ စာတော့ တတ်တယ်။ နိုင်ငံရေးနားလည်တယ်။ စစ်တိုက်တတ်တယ်။ တနေ့ ကြရင် အဲဒိအလုပ်တွေကနေ နားရင် ဘာလုပ်ကြမလဲမသိဘူး။ တချို့ က အပင်စိုက်စားမယ်လို့ ပြောတယ်။ စိုက်ကော စိုက်တတ်လို့ လားမသိ။ တချို့ က စာရေးစားမယ် စာသင်စားမယ်လို့ ပြောတယ်၊ တခါမှ မလုပ်ဖူးတော့ လွယ်မယ်မထင်ဘူး။ နိုင်ငံခြားကိုရောက်တော့လည်း အောက်ခြေသိမ်းအလုပ်ကိုလုပ်ကြတယ်။ သူတို့ ကိုယ်သူတို့ ပညာတတ်လို့ ပြောတယ်။ တကယ်တော့ ဘာမှလုပ်စားလို့ မရဘူး။
ထိုင်းနဲ့ မလေးရှားမှာ လုပ်နေတဲ့ အမျိုးတွေကို အကြံပေးချင်တယ်။ အထက်က ဥပမာအတိုင်း အသက်မွေးဝမ်းကြောင်းပညာကို သင်ထားကြပါ။ ပြန်ရင် လုပ်စားလို့ ရတယ်။ ဥပမာ စားသောက်ဆိုင်မှာလုပ်ရင် ထမင်းချက်ဟင်းချက်တဲ့ပညာ၊ စားသောက်ဆိုင်ပညာကို သင်ထား။ အရက်ဆိုင်ဆိုလည်း သင်ထား။ ကော်ဖီဆိုင်မှာလုပ်လည်း သင်ထား။ သြစတျေးလျနိုင်ငံမှာဆိုရင် အဲဒါတွေကို အင်္ဂလိပ်လိုခေါ်ရင် Chef ပညာလို့ ခေါ်တယ်။ Hospitality ပညာလို့ ခေါ်တယ်။ ဘွဲ့ လက်မှတ်ပေးရတယ်။ လစာကောင်းတယ်။ စားသောက်ဆိုင်မှာလုပ်တယ်ဆိုပြီး အထင်မသေးနဲ့ ။ နောက်တခု ဟိုတည်မှာလုပ်နေတဲ့လူတွေ။ အဲဒါလည်း ပညာပဲ။ လက်တွေ့ လုပ်ရတဲ့ပညာတွေဖြစ်တယ်။ အသုံးဝင်တယ်။ အတန်းပညာရှိစရာမလိုဘူး။ ဆယ်တန်းအောင်စရာမလိုဘူး။
ကိုယ်တိုင်းပြည်ကို ပြန်ရင် အသက်မွေးဝမ်းကျောင်းပညာတခုခုကို ရအောင်ယူသွားနိုင်ရင် အနာဂတ်တွက် ကောင်းတယ်။ လုပ်စားလို့ ရတယ်။ နိုင်ငံခြားမှာနေပြီး ပညာမသင်ထားရင် ဘာနဲ့ လုပ်စားမလဲ။
ပညာဆိုတာ တက္ကသိုလ်က ဘွဲ့ ရမှ မဟုတ်ဘူး။ ဆရာဝန်နဲ့ အင်ဂျင်နီယာမှ အဆင့်ရှိတာမဟုတ်ဘူး။ ကိုယ့်ပညာနဲ့ ကိုယ် အသက်မွေးနိုင်ရင် မိသားစုကို ရှာဖွေကျွေးနိုင်ဖို့ အဓိကပဲ။
အထူးသဖြင့် ထိုင်းနဲ့ မလေးရှားက အဆင့်မြင့်တယ်။ အဲဒိက ပညာက မြန်မာနိုင်ငံမှာကောင်းကောင်းသုံးလို့ ရတယ်။ အနဲဆုံး ကွတ်တီယိုလုပ်တတ်တဲ့ပညာနဲ့ တောင် စားလို့ ရတယ်။
ထိုင်းနဲ့ မလေးရှားက ပြန်လာပြီး ငွေလေး သုံးလေးသောင်းနဲ့ ဘာပညာမှ မပါဘူးဆိုရင်တော့ မြန်မာနိုင်ငံရောက်ရင် ခွက်ဆွဲပေတော့။ တော်တော်များများက ယိုးဒယားနဲ့ မလေးရှားကနေ ပြန်လာပြီး ဘာပညာမှ ပါမလာကြဘူး။
အကြံပေးချင်တာက ပညာရတဲ့အလုပ်ကို ရှာလုပ်ကြပါ။
ထိုင်းနဲ့ မလေးရှားကနေ ပါလာတဲ့ အရင်းအနှီးလေးကို အိမ်နဲ့ ခြံဝယ်။ ဆိုင်လေးဖွင့်။ ဒါမျိုးရည်ရွယ်ချက်နဲ့ ပညာသင်။ အဆင်သင့်ဖြစ်တာနဲ့ ပြန်လာ။ ဒါဆိုရင် မိတကွဲ၊ ဖတကွဲ၊ သားမယားတကွဲဖြစ်နေစရာမလိုတော့ဘူး။ အနာဂတ်အတွက် ကိုယ့်ဘ၀အတွက် အခုကတည်းက ကြိုပြင်ထားစေချင်တယ်။ ထိုင်းနဲ့ မလေးရှားမှာ ရည်ရွယ်ချက်မဲ့လုပ်နေရင်တချိန်ကြရင် ဒုက္ခရောက်လိမ့်မယ်။
#credit_phone_kyaw ရဲ့
ပို့စ်​​လေးကို ပြန်​လည်​မျှ​ဝေပါသည်​။
ကျော်​​ကျော်​ခိုင်
#KKK