06 November 2017

ဘင်္ဂလားဒေ့ရှ်ဖက်က ပြန်လာမယ့်သူတွေအရေးနဲ့ ပတ်သက်ပြီး ကျေးရွာ ၂၈ ရွာ သဘောထားထုတ်ပြန်


2017-11-06    RFA

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှာ တွေ့ရတဲ့ မွတ်စလင်ဒုက္ခသည်များကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတစ်ခုမှာ တွေ့ရတဲ့ မွတ်စလင်ဒုက္ခသည်များကို တွေ့ရစဉ်...............

   ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို စီစစ်လက်ခံပြီးနောက် မူလနေရာတွေမှာ ပြန်လည်နေရာချထားခြင်းမပြုဖို့ မောင်တောမြို့နယ်တောင်ဘက် ပိုင်း ကျေးရွာပေါင်း ၂၈ ရွာက ဒီနေ့ သဘောထားကြေညာချက် ထုတ်ပြန်တောင်း ဆိုလိုက်ပါတယ်။


        မူလနေရာတွေမှာ ပြန်လည်နေရာချထားမယ်ဆိုရင် ဒေသခံတိုင်းရင်းသားတွေ ရဲ့လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ မောင်တောမြို့နယ် ဝေသာလီကျေးရွာက ကိုဝင်းမောင် က ပြောပါတယ်။

     မောင်တောဒေသအရေးနဲ့ပတ်သက်ပြီး အင်းတောင်၊ ဥဒေါင်း၊ ပဲရုံ၊ မောရဝတီ၊ ဝေသာလီအစရှိတဲ့ မောင်တော မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားကျေးရွာပေါင်း ၂၈ ရွာက ဒေသခံ ၁၀၀ ကျော်ဟာ သရေကုန်ဘောင်ကျေးရွာမှာ မနေ့က ဆွေးနွေးခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ သဘောထားကို ဒီနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

         အစိုးရအနေနဲ့ မွတ်စလင်တွေကို သူတို့ရဲ့မူလနေရာတွေမှာ ပြန်လည်နေရာ ချထားမယ်ဆိုရင် မောင်တောမြို့နယ် တောင်ပိုင်းကျေးရွာတွေအားလုံးက တိုင်းရင်း သားတွေအားလုံး နေရပ်စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။

       တစ်ဘက်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေကို လက်ခံမယ့်ကိစ္စကို အဆောတလျင်မပြုလုပ်ဖို့နဲ့ မွတ်စလင်တွေကို ပြန်လည်နေရာချထားရေး ဆောင်ရွက် ရာမှာလည်း စခန်းတွေနဲ့ စုစည်းထားရှိဖို့နဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စီစစ်ပေးဖို့ကိုလည်း သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို မောင်တောမြို့နယ်အတွင်း ဝင်ရောက်ခွင့်မပြုဖို့ကိုလည်း တောင်းဆိုထားပါတယ်။

        ဒေသခံတွေရဲ့ သဘောထားရပ်တည်ချက်တွေကို မကြာခင်မှာ မြို့နယ်အဆင့် ဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီး အစိုးရထံ တောင်းဆိုတင်ပြတာတွေ လုပ်ဆောင်သွား မယ်လို့ ဝေသာလီကျေးရွာက ကိုဝင်းမောင်ကပြောပါတယ်။