06 November 2017

မောင်တောမြို့နယ် ကိုင်းကြီး(မြို)ကျေးရွာသစ်နေရာတွင် တနင်္သာရီတိုင်းဒေသကြီး ပြည်သူများလှူဒါန်းငွေဖြင့် စာသင်ကျောင်းဆောင်သစ် တည်ဆောက်မည်


မောင်တော နိုဝင်ဘာ ၅     ကြေးမုံ

             တနင်္သာရီတိုင်းဒေသကြီး ပြည်သူများလှူဒါန်းငွေဖြင့် မောင်တောမြို့နယ် မောင်တော-ကျောက်ပန္ဒူသွား ကားလမ်းဘေး ကိုင်းကြီး(မြို) ကျေးရွာသစ်နေရာတွင် စာသင်ကျောင်းဆောင်သစ်နှင့် ဆရာ ဆရာမများအတွက် အဆောင်ဆောက် လုပ်ပေး သွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။


Image may contain: 9 people, people smiling, people standing, outdoor and nature    ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ သစ်နေ ရာ၌ စာသင်ကျောင်းေ ဆာင်သစ်ဆောက် လုပ်ရန် ကျင်းပ သည့် ပန္နက်တင် အခမ်း အနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''စာသင်ကျောင်းဆောင်သစ်ဆောက်ဖို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရက လှူတာမ ဟုတ်ပါဘူး၊ တနင်္သာရီ တိုင်းဒေသကြီးမှ ပြည်သူတွေ စေတနာနဲ့ လှူဒါန်းတဲ့ ငွေနဲ့ တည်ဆောက်မှာပါ၊ ကိုယ့်တိုင်းရင်းသားတွေ၊ ကိုယ့်ဆွေမျိုး တွေ ဒုက္ခရောက်နေတာ မျက်ကွယ်ပြုလို့ မရဘူးဆိုပြီး ပြည်သူတွေဆီက လှူဒါန်းငွေနဲ့ လာလှူတာပါ''ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

      ဆက်လက်၍ ဝန်ကြီးချုပ်က ''ဒီဒေသက ကလေးတွေ ပညာတတ်စေချင်တယ်၊ စာသင်ကျောင်းက မူလတန်းလွန် အဆင့်လောက်အထိ စီစဉ်ထားတယ်၊ ခြံစည်းရိုးေ လးနဲ့ စနစ်တကျ ဆောက်လုပ်ပေးသွားမယ်၊ ပေ ၂၅ဝ လောက် ရှိတဲ့ အဝင်အထွက် လမ်းကိုလည်း လုပ်ပေးသွားမယ်၊ ရွာ အနီးအနားမှာလည်း ဘုရားစေတီတည်ပေး မယ်၊ ဘုန်းတော် ကြီးကျောင်းလည်း ဆောက်ပေးသွားမယ်'' ဟု ပြောသည်။

     အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာတို့က အမှာစကားပြောကြားကြပြီး တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူများလှူဒါန်းလိုက်သည့် ဆေးဝါးနှင့်အဝတ်အထည် များကို ကိုင်းကြီး(မြို)ရွာမှ ကျေးရွာသူ ကျေးရွာသားများအား ပေးအပ်သည်။

       ထို့နောက် ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်၊ တနင်္သာရီ တိုင်းဒေသကြီး စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် တာဝန်ရှိသူများ က စာသင်ေ ကျာင်းဆောင်သစ် ဆောက်လုပ်မည့်နေရာကို ပန္နက်ရိုက်ပြီး အမွှေးနံ့သာရည်ပက် ဖျန်းပေးကြသည်။

            တနင်္သာရီတိုင်းဒေသကြီး ပြည်သူများ လှူဒါန်းငွေဖြင့် မောင်တောမြို့နယ် မောင်တော-ကျောက်ပန္ဒူသွား ကားလမ်းဘေး ကိုင်းကြီး(မြို)ကျေးရွာသစ်နေရာတွင် ပေ ၉ဝ x ပေ ၃ဝ စာသင်ကျောင်းဆောင်၊ ပေ ၄ဝ x ပေ ၃ဝ ဆရာ ဆရာမများ အဆောင်၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် နှစ်ခန်းတွဲ ရေလောင်း အိမ်သာနှစ်လုံး ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ မောင်တောမြို့သို့ လာရောက်သည့် ခရီးစဉ် အတွင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် တာဝန်ရှိသူများသည် မောင်တောမြို့ရှိ အမှတ် (၁)နယ်စပ်ကုန်သွယ်ရေး ဝင်/ထွက်ဂိတ်စခန်းနှင့် ကညင်ချောင်း စီးပွားရေးဇုန်တွင် လုပ်ငန်းများဆောင်ရွက် နေမှုတို့ကို ကြည့်ရှုကြသည်။
(သတင်းအဖွဲ့)
Comment