ဗွီအိုအေ (မြန်မာဌာန) 19 November 2017
ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ရခိုင်မြောက်ပိုင်းအရေးကို မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်း နေတဲ့အပေါ် ဖိလစ်ပိုင်အစိုးရက အသိအမှတ်ပြု တယ်လို့ ဖိလစ်ပိုင်သမ္မတရုံး ပြောခွင့်ရ Harry Roque ကဆိုပါတယ်။
ဖိလစ်ပိုင်သမ္မတ ရုံးစိုက်ရာ မနီလာမြို့က မာလာကနန်း နန်းတော် |
ရခိုင်ဒေသမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အခြေအနေကို စိုးရိမ်မိကြောင်း၊ ရခိုင်ပြဿနာဟာ သမိုင်းနဲ့ချီပြီး အမြစ်တွယ်လာတဲ့ ကိစ္စ ဖြစ်တယ်ဆိုတာ သူတို့ အနေနဲ့ ကောင်းစွာနားလည်ထားကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ ဖေါ်ပြထားပြီး၊ မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်း နေပုံကို အသိအမှတ်ပြု တယ်လို့လည်း ဖေါ်ပြထားပါတယ်။