၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁
ARSA အစွန်းရောက်အကြမ်းဖက်သမားများက အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စက်တင်ဘာ ၅ ရက်နေ့မှစ၍ စစ်ဆင်ရေး များ မရှိတော့ဘဲ ဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့များအနက် တပ်မတော်စစ်ကြောင်း အချို့ကို လက်ရှိ ဘူးသီးတောင်၊ မောင်တောဒေသ စစ်ဆင်ရေးနယ်မြေမှ စတင်ထုတ်နှုတ်၍ စစ်တွေမြို့၌ အရန်အဖြစ် အသင့် စုဖွဲ့ထားရှိခဲ့သည်။
လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီကို အောက်တို ဘာ ၁၇ ရက်နေ့တွင် ဖွဲ့စည်းထားခဲ့ပြီးဖြစ်သည်။ ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဝန်ကြီးဌာနများအလိုက် ရေတိုကာလအတွင်း ဦးစားပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လူဦးရေ (၅)သိန်းခန့်အတွက် ဆန် ရိက္ခာ ထောက်ပံ့ခြင်း၊ အိမ်ထောင်စု(၁၅၀၀) စု အတွက် (တစ်အိမ်ထောင်လျှင် ကျပ် တစ်သိန်း) ငွေ ထောက်ပံ့ခြင်း၊ မသန်စွမ်းသူများ တစ်ဦးလျှင် ၂၀၀၀၀ိ/-နှုန်း၊ ကိုယ်ဝန်ဆောင် နှင့် အသက် ၂ နှစ်အထိ ကလေးများ တစ်ဦးလျှင် ၃၀၀၀၀ နှုန်း၊ အသက် ၆၀ နှင့် အထက် အဘိုး/အဘွား တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်း၊ ထိခိုက် ဒဏ်ရာရသူ တစ်ဦးလျှင် ၁၀၀၀၀၀ ကျပ် နှုန်း၊ ကျန်းမာရေး နှင့် အခြား လိုအပ်ချက်ရှိသော ကလေး တစ်ဦးလျှင် ၅၀၀၀၀ ကျပ်နှုန်း၊ အသက် ၉၀ နှင့်အထက် ဘိုးဘွား (၁၆၇၀) ဦးအား တစ်လလျှင် ၁၀၀၀၀ ကျပ်နှုန်း ထောက်ပံ့ခြင်း၊ မသန်စွမ်းမှု အမျိုးအစားအလိုက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ပံ့ပိုး ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် ယက္ကန်းစင်များ၊ အထည်ချုပ် စက်ရုံများ ထူထောင်ပေးခြင်း၊ ဘေးသင့်ပြည်သူများ၏ လိုအပ်ချက်ပေါ် မူတည်၍ အခြား လိုအပ်သည့်ပစ္စည်းများ ဆက်လက် ထောက်ပံ့ခြင်း နှင့် Red Cross Movement အစီအစဉ်ဖြင့် ဆက်လက်ထောက်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
စက်မှုဝန်ကြီးဌာန အနေဖြင့် အသုံးအဆောင်ပစ္စည်း (၁၈) မျိုးပါ အိတ် (၅၀၀) ထောက်ပံ့ခြင်း၊ 20 W Solar Home Lighting System အစုံ (၂၅၀) နှင့် Solar Home Lighting System အစုံ (၁၅၀) ထောက်ပံ့ခြင်း၊ စက်မှုနှင့်အသက်မွေးပညာ ကာလတို ရွေ့လျားသင်တန်းများ ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လတ်တလောအာဟာရ ချို့တဲ့မှု ဘက်စုံ ကုသစောင့်ရှောက်ခြင်း (IMAM) စီမံချက်အားအကောင်အထည်ဖော် ဆောင် ရွက်ခြင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၇ မြို့နယ် (စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်) များ၌ ဆရာဖြစ်သင်တန်းပေး ခြင်း၊ အာဟာရ မြေပဲယိုများ ထောက်ပံ့ပေးခြင်း၊ CERF အထောက်အပံ့ဖြင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်း ဆောင်ရွက်နေသော ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုတိုးမြှင့်ရရှိစေရေး စီမံချက်ကို ရေးဆွဲအကောင်အ ထည်ဖော် ဆောင်ရွက်ခြင်း၊ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမို တိုးမြှင့်ရရှိစေရေး စီမံချက် ၃ ခုအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ပူးပေါင်း ဆောင် ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် National Verification Process လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကိုင်းကြီး(မြို) ကျေးရွာတွင် စုစည်းကျေးရွာအဖြစ် တန်ဖိုးနည်း အိမ်ရာအလုံး (၅၀) နှင့် နံ့သာတောင်ကျေးရွာတွင်စုစည်း ကျေးရွာအဖြစ် တန်ဖိုးနည်းအိမ်ရာအလုံး(၅၀) တည်ဆောက်ပေးရန် စီစဉ်လျက်ရှိပြီး လမ်းဖောက် လုပ်ရေးတွင် မီးဒိုက်လမ်းဆုံ-မီးဒိုက်စခန်း- မိုင်တိုင် (၃၇)အထိ(၆/၁)မိုင်၊ လိပ်ရလမ်း ဆုံ-လိပ်ရအထိ (၂/၅) မိုင်၊ ကျွန်းပေါက်လမ်းဆုံ-ကျွန်းပေါက် အထိ (၃/၃)မိုင် နှင့် ငါးခူရ-စပယ်ပင်ရင်းကင်းစခန်း(၂/၅)မိုင် တို့ ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ကျေးရွာ ၂၃ ရွာတွင် လက်တူးတွင်း (၁၈)တွင်း၊ ရေကန် (၄) ကန်၊ စိမ့်စမ်း(၁)ခုနှင့် အခြား ရေ ပေးရေး လုပ်ငန်း (၁၀) ခု၊ စုစုပေါင်း လုပ်ငန်း(၃၃)ခုအား မောင်တောမြို့နယ်တွင် ၀ပ်(၃၀၀) အား လုံခြုံရေးဆလိုက်မီး တပ်ဆင်ခြင်း၊ ကျေးလက် တန်ဖိုးနည်းအိမ်ရာ အလုံး(၂၀၀) တည်ဆောက်ပေးရန်၊ မိုးစပါး(၈၄၀၀)ဧကကို ရိတ်သိမ်း ခြွေလှေ့ စက်အသစ် (၁၄) စီးဖြင့် ရိတ်သိမ်းခြင်း၊ မိုးစပါး(၆၀၀၀)ဧကကို ရိတ်သိမ်း ခြွေလှေ့စက်(၂၄)စီးဖြင့် ရိတ် သိမ်းခြင်း နှင့် ယာယီသိုလှောင်ခြင်း၊ ရေငန်တားတာပြုပြင်တည်ဆောက်ခြင်း၊ရေထိန်း တံခါး တည်ဆောက်ခြင်း၊ ချောင်းပိတ်မြောင်းပိတ်များ ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းပေါင်း (၁၈)ခုလျာထား ဆောင်ရွက်ခြင်း၊ မိုးစပါး (၄၄၁)ဧကတွင် မျိုးစေ့ထုတ် စိုက်ခင်းများထူထောင်ခြင်း နှင့် မျိုးကောင်း မျိုးသန့်မျိုးစေ့ (၂၃၃၃၂) တင်း ဖြန့်ဖြူးပေး ခြင်း၊မိုးစပါး စိုက် ဧက(၂၅၀၀)ဧကတွင် မျိုးသန့်စိုက် ပျိုးရေးဇုန် တည်ထောင်ပေးခြင်း၊ မိုးစပါး (၃၃၀)ဧကတွင် စံပြကွက်များ ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်အစာနှင့်ဆေးဝါး ဖြန့်ဖြူးခြင်း၊ ဖမ်းဆီးရမိသည့် တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကျွဲနွားများ ပြန်လည် ဖြည့်ဆည်းခြင်း၊ မျိုးတိရစ္ဆာန်များ ထောက်ပံ့ရန် အစီအစဉ်ချမှတ်ခြင်း၊ တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူ ထုတ်လုပ်မှုတိုးချဲ့နိုင်ရန်ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ မြစိမ်းရောင် မွေးမြူရေး /မွေးဘဏ်စနစ်ဖြင့် မျိုး တိရစ္ဆာန်များအား ဖြန့်ဖြူးခြင်း၊ တိုင်းရင်းသား ကျေးရွာ(၈၂)ရွာ အတွက် ကျေးရွာတစ်ရွာလျှင် တစ်ဧကနှုန်းဖြင့် ငါးကန် တူးဖော်ခြင်း၊ ငါးမျိုး နှင့် ဂဏန်းမျိုး စိုက်ထည့်ခြင်း၊ ကမ်းနီးငါးဖမ်းလုပ်ငန်းကို တည်ဆဲ ဥပဒေနှင့်အညီ ခွင့်ပြုပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ကြိမ်ချောင်း-ဂုပ္ပိတောင်ကျော်လမ်း (၈/၀) မိုင်၊ ကျောက်ပန္ဒူ-အင်းဒင်-စေတီပြင် တောင်ကျော်လမ်း (၁၄/၀) မိုင်၊ သက်ကိုင်ညာ-ပဒဂါးတောင်ကျော်လမ်း (၉/၄) မိုင်၊ ဥဒေါင်း-ညောင်ချောင်း တောင်ကျော်လမ်း (၁၂/၀) မိုင်၊ မေယုတောင်ကြော၏ အရှေ့ဘက် ခြမ်းရှိ ဘူးသီးတောင်-သပိတ်တောင် -ညောင်ချောင်း-အောင်ဇေယျ-အငူမော်လမ်း၊ စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော-ကြိမ်ချောင်း-ဗန္ဓုလလမ်းမကြီး (၁၄၂/၁) မိုင်လမ်း၊ မောင်တော (ကြိမ်ချောင်း)-တောင်ပြို နယ်စပ် ခြံစည်းရိုးကပ် လမ်းမကြီး (၁၅/၃) မိုင် နှင့် မောင်တော(ကညင်တန်း)-အလယ်သံကျော်-အငူမော်လမ်းကြီး (၄၉/၆) မိုင် လမ်းတို့ကို အဆင့်မြှင့်တင်ခြင်း၊ တိမ်ညိုတံတား (၃၆၀) ပေ၊ ကင်းဆိပ်တံတား (၉၀) ပေ၊ ငတန်ပျင်းတံတား (၂၄၀) ပေ၊ ကြပ်စင်တံတား (၁၉၂၀) ပေ၊ ဆတ်ရိုးကျတံတား (၁၆၄၂) ပေ၊ တက်ခုတ်တံတား (၇၀) ပေ၊ ဒါးလက်ချောင်းတံတား (၉၆၀) ပေ၊ ပတ်ကွေ့တံတား (၁၃၀) ပေ၊ စံတွေးတံတား (၁၁၀) ပေ၊ ကင်းချောင်းတံတား (၁၂၅၆) ပေ၊ သစ်ပုတ်ချိန်တံတား (၁၈၀) ပေ၊ ဆားချက်ချောင်းတံတား (၇၀) ပေ၊ ကမောင်ချောင်းတံတား (၇၀) ပေ နှင့် ဇာဒီပြင်တံတား (၁၄၀) ပေ တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ထိစပ် နယ်နိမိတ် ခြံစည်းရိုး ကာရံရန် ကျန်ရှိသည့်(၃၉.၂၁၇)မိုင် ဆက်လက် ကာရံခြင်း၊ ခြံစည်းရိုးကာရံရန် ကျန်ရှိ သည့် ကင်းစခန်း(၁၀၇)ခု ဆက်လက်ကာရံခြင်းနှင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်လျှောက် လုံခြုံရေးအတွက် General Arrangement Plan (GA Plan) ပါ ၄၈ မီတာအရွယ် ကမ်းခြေ ကင်းလှည့် ရေယာဉ်(၂)စီး ၀ယ်ယူရေး တို့ကို စီမံ ဆောင်ရွက် လျက်ရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် MPT SIM Card နှင့် အခြားအော်ပရေတာ များ၏ SIM Card များကို ၎င်းတို့၏ သဘောဆန္ဒအရ ဖုန်းနံ ပါတ်များ ပြောင်းလဲ သုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်း၊ ပထမအဆင့်အနေဖြင့် တယ်လီ ဖုန်း (၄)လိုင်းစီပါသော MPT Satellite Terminal တစ်ခုစီ တပ်ဆင်ခြင်း၊ မိုဘိုင်း ဖုန်းများဖြင့် ဆက်သွယ်မှု ရရှိနိုင်ရေးအတွက် ဂြိုလ်တု ဆက်ကြောင်းများဖြင့် အမြန် ဆောင်ရွက်ခြင်း၊ ရခိုင်ပြည်နယ်အတွင်းဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဖောက်လုပ် မည့်လမ်းများတွင် ဖိုင်ဘာ ဆက်ကြောင်းများ ထည့်သွင်း ချခင်းနိုင်ရန် PVC ပိုက်များ ထည့်သွင်း ဖောက်လုပ်ခြင်း နှင့် ဖိုက်ဘာဆက်ကြောင်းများ ချခင်းခြင်းတို့ ဆောင်ရွက် လျက်ရှိသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် မောင်တောမြို့နယ်တွင် ကျောင်းဆောင် (၅) ဆောင် ဆောက်လုပ်ခြင်း ဆောင်ရွက်လျက်ရှိသည်။