ဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆေးရုံ တက်နေသော လူနာတစ်ဦးအား သတင်းမေးရန်လာရောက်သူ စစ်တွေတက္ကသိုလ် ဓာတုဗေဒဌာနမှ လက်ထောက်ကထိက အောင်အောင်၊ လှကျော်သိန်းနှင့် ပြည်စိုးတို့ သုံးဦးသည် မ ဖျားနာဆောင်သို့ ရောက်ရှိလာခဲ့ကာ လူနာသတင်းမေးရန် ၀င်ခွင့်ေ တာင်းသဖြင့် တာဝန်ကျသူနာပြုမှ လူနာသတင်းမေးချိန် မဟုတ်သည့်အတွက် ၀င်ခွင့်မပေးနိုင်ဟု ပြောဆိုခဲ့ရာ ၎င်းတို့မှာ တံခါးနားတွင်ရပ်နေခဲ့ကြောင်း၊ ယင်းအချိန် တွင် မ ဖျားနာဆောင်သို့ ဆရာဝန် ဒေါက်တာကျော်ဇော်သန့် ရောက်ရှိလာကာ ခေါင်းလောင်းထိုးသဖြင့် တာဝန်ကျ သူနာပြုမှ တံခါးဖွင့်ပေးရန် လာရောက်စဉ် .....
“ဒီဆေးရုံက ဆရာဝန်တွေ မိုက်ရိုင်းကြတယ်။ လူနာသတင်း မေးဖို့လာတာတောင် မေးလို့မရဘူး၊ အထက်လူကြီးနဲ့ စကားပြောမယ်” ဟု ၎င်းတို့ သုံးဦးက ပြောဆိုေ ကြာင်း၊ ယင်းအချိန်တွင် ဒေါက်တာ ကျော်ဇော်သန့်က အစ်ကိုတို့ ဘယ်လိုပြော လိုက်တာလဲဟုပြောစဉ် ၎င်းတို့က ထိုးကြိတ်သဖြင့် သူနာပြုများမှ အော်ဟစ်အကူ အညီ တောင်းခဲ့ကြောင်း၊ ထိုးကြိတ်ခံရသဖြင့် အလုပ်သင်ဆရာဝန်မှာ နဖူးတွင်ေ ပါက်ပြဲဒဏ်ရာနှင့် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှုဖွင့် တိုင်တန်းသူ ဒေါက်တာကျော်ဇော်သန့်က “ဒီလိုကိစ္စမျိုးတွေ ဖြူးဘက်မှာလည်းဖြစ်ဖူးတယ်။ ကျန်းမာရေး ၀န်ထမ်းအပေါ်မှာ စော်ကားတာ။ ကိုယ်ထိလက်ရောက် လုပ်ဆောင်တာတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပေါ့။ ကောက်ရိုးမီးလို တစ်ချက်လောက် သတင်းထွက်လာပြီး ပြန်ပျောက်သွား တယ်။ ဒီလိုမျိုး ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်ထိလက်ရောက် စော်ကားမှုတွေ နောက်ထပ်မလုပ်ရဲအောင်အတွက် ဒီကိစ္စကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးစေလိုတယ်”ဟု ပြောကြားသည်။
ယင်းအမှုနှင့်ပတ်သက်ပြီး အောင်အောင်ပါ သုံးဦးတို့အား စစ်တွေမြို့မရဲစခန်း က (ပ) ၉၅၆/၂၀၁၇ အရ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၃၃၂/၁၁၄ ဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။