ပင်လယ်တွင်း အပျော်စီးသင်္ဘောခရီးစဉ်တွေအတွင်း တရားဟောဖို့ ပြည်ပက လာရောက်မယ့် အစ္စလာမ္မစ် တရားဟောဆရာနှစ်ဦးကို စင်ကာပူနိုင်ငံက ပြည်ဝင် ခွင့်ပိတ်ပင်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကမနေ့ က ကြေညာပါတယ်။
31 October 2017
ပြည်ပက အစ္စလာမ္မစ် တရားဟောဆရာနှစ်ဦးကို စင်ကာပူ ပြည်ဝင်ခွင့်ပိတ်
ပင်လယ်တွင်း အပျော်စီးသင်္ဘောခရီးစဉ်တွေအတွင်း တရားဟောဖို့ ပြည်ပက လာရောက်မယ့် အစ္စလာမ္မစ် တရားဟောဆရာနှစ်ဦးကို စင်ကာပူနိုင်ငံက ပြည်ဝင် ခွင့်ပိတ်ပင်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကမနေ့ က ကြေညာပါတယ်။
Labels:
သတင်းတို
အမျိုးသမီးငါးဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးမည့် အမျိုးသမီးနှစ်ဦးအား လူကုန်ကူးမှုဖြင့် အမှုဖွင့်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် အမျိုးသမီးငါးဦးအား တရုတ်နိုင်ငံသားများ ထံ ရောင်းချပေးစားရန် ခေါ်ဆောင်လာသူ အမျိုးသမီးနှစ်ဦးအား အောက်တိုဘာ ၃၀ ရက်နေ့က လူကုန်ကူးမှုဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
Labels:
သတင်း
ရခိုင်မြောက်ပိုင်း၊ မောင်တောမှ ဒေသခံတိုင်းရင်းသားအချို့ နေရပ်စွန့်ခွာပြီး မြေပုံမြို့သို့ ပြောင်းရွှေ့
စစ်တွေ၊ အောက်တိုဘာ ၃၁ ရက်
Labels:
သတင်းတို
ရခိုင်မောင်တောနယ်စပ်တွင် ကျပ်သန်း ၂၂၀၀ အကုန်ကျခံကာ စီးပွားရေးဇုန် တည်ဆောက်မည်
စစ်တွေ၊ အောက်တိုဘာ ၃၁ရက်
ပဋိပက္ခများနှင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် စီးပွားရေးနာလန်မထူနိုင်သေးသည့် ရခိုင်မြောက်ပိုင်း မောင်တော နယ်စပ်တွင် စီးပွားရေးဇုန်တစ်ခု တည်ဆောက်သွားမည် ဖြစ်သည်။
Labels:
သတင်း
30 October 2017
ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံး စစ်တွေမှာဖွင့်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အောက်တိုဘာလ ၃၀ ရက်နေ့က ဖွင့်လှစ်တဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ရုံးကို တွေ့ရစဉ်။ Photo: Min Thein Aung/ RFA |
Labels:
သတင်းတို,
ကြော်ငြာချက်
မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်၌ လက်လုပ်ဗုံးများတွေ့ရှိ
နေပြည်တော်၊ အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်နေ ဦးညွန့်တင်သည် ယနေ့နံနက်ပိုင်းတွင် ၎င်းနေအိမ်အနီးရှိ ချောင်းအတွင်းငါးရှာစဉ် အဆိုပါရပ်ကွက်ရှိ မြောင်းကူးတံတားအောက် ရေစပ်၌ မသင်္ကာဖွယ် ပလတ်စတစ်ထုပ်အားတွေ့ရှိ သဖြင့် ဖွင့်ဖောက်ကြည့်ရှုခဲ့ရာ အိတ်အတွင်း၌ နှစ်ဖက်ပိတ် ပလတ်စတစ်ပိုက်များအား တွေ့ရှိခဲ့ပြီး မိုင်းဟုယူဆသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ သတင်းပေးပို့ခဲ့သည်။
Labels:
သတင်းတို
29 October 2017
ရခိုင်ပြည်နယ်သို့ အကြမ်းဖက်လုပ်ရန် ၀င်ရောက်ခဲ့သူ တစ်ဦးအပါအ၀င် အစ္စလာမ်မစ်အကြမ်းဖက်သမား လေးဦးကို ဗုံးများနှင့် အတူ ဘင်္ဂလာဒေ့ရှ်တွင်ဖမ်းမိ
နိရဉ္စရာ၊ အောက်တိုဘာ ၂၉
ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့မှ တရားမ၀င် အကြမ်းဖက်အဖွဲ့ - ဟာကတူရ် ဂျီဟဒ် အယ်လ် အစ္စလာမ်မီ ဘင်္ဂလာဒေ့ရှ် (ဟူဂျီ-ဘီ) - Harkatul Jihad al Islami, Bangladesh (Huji-B) အဖွဲ့ဝင်ဟု သံသယရှိသူ ၄ ဦးကို ဓါတ်ဆီဗုံး ၁၄ လုံး၊ အကြမ်းပြုလုပ်ထား ဗုံးလေးလုံးတို့နှင့်အတူလွန်ခဲ့သော ကြာသပတေးနေ့က ဖမ်းဆီးမိသည်ဟုသိရ သည်။
Labels:
သတင်းတို
လိပ်ကျွန်းလူသတ်မှုအယူခံ အလားအလာကောင်းနိုင်
လိပ်ကျွန်းလူသတ်မှု သေဒဏ်ပေးခံထားရတဲ့ မြန်မာ ရွှေ့ပြောင်းလူငယ်၂ဦး |
သတ်ဖြတ်ခံရပြီးနောက် သေဒဏ်အပြစ်ပေး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့  နောက်ဆုံး အယူခံနဲ့ပတ်သက်လို့ အစိုးရရှေနေ့ဘက်က လျှောက်လဲချက် ပြန်တင်ဖို့ကို ဒီရက်ပိုင်းမှာပဲ တလထပ်တိုးပြီး တောင်းဆိုလိုက်ပါတယ်။ VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
Labels:
သတင်း
28 October 2017
မြန်မာစုံတွဲ မင်္ဂလာဆောင်ရန်စုထားသည့် ဘတ် ၁ သိန်းကျော်နှင့် ရွှေစများ လုယက်ခံရ
- By ဒီဗွီဘီ
- 28 October 2017
Labels:
သတင်းတို
ဖုံးထားတာတွေ ပေါ်လာသော ရက်သတ္တပတ်
သရ၀ဏ်(ပြည်), News Watch
BurmaDemocracy, 28 October 2017
No smoke without fire
ဆိုသလိုပဲဝမရှိပဲဝိမဖြစ်၊မီးမရှိပဲမီးခိုးမထွက်ဆိုသလိုပဲအကြောင်းရှိလို့အကျိုးဖြစ် လာတာတွေ အများကြီးတွေ့ ရတဲ့ရက်သတ္တပတ်ပါပဲ။ မီးခိုးထွက်တဲ့ကိစ္စဆိုတော့ကန်တော်ကြီးဟိုတယ်မီးလောင်တာလည်းပါတာပေါ့။ အဲဒိဟိုတယ်ကလဲ ထိုင်နေ
ရင်အကောင်းသားထသွားမှကျိုးမန်းသိဆိုသလိုပဲ
မီးမလောင်ခင်ကနိုင်ငံပိုင်
လိုလိုဖက်စပ်လိုလို သိထားကြ ရာကမီးလောင်လို့သတင်း စာရှင်းလင်းပွဲလုပ်လိုက်ကာမှဟိုတယ်ဟာနိုင်ငံတော်ပိုင်
မဟုတ်တော့ ဘူးတဲ့ ၊
ဦးတေဇပိုင်သွားတာ
၁၂ နှစ်လောက်ရှိပြီဆိုတာ
တအံ့တသြသိကြရတယ် ။
မီးလောင်ကာမှထွက်ပေါ်လာသောအမှန်တရားပေါ့။အရင်ကတော့အဲဒီဟိုတယ်
ဟာနိုင်ငံပိုင်ဟိုတယ်ပါ။
မူလအစကဟိုတယ်မဟုတ်ပါဘူး။၁၉၃၄မှာတည်ဆောက်ခဲ့တဲ့ Boat
Club လို့ခေါ်တဲ့ Rangoon
Rowing Club ကန်တော်ကြီး ရွက်လှေအသင်းတိုက်ပါ။ အဲဒိကမှဂျပန်ခေတ်မှာ ဂျပန်တွေကသိမ်းပြီး
သက်သာချောင် ချိရေး ဌာန အဖြစ်အသုံးချခဲ့ပါတယ် ။မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာစမှာတော့၁၉၄၈
မှာ National Biological ပြတိုက်
ဖြစ်သွားပါတယ်။၁၉၇၉ မှာတော့ အသွင်ပြောင်းပြီးနိုင်ငံတော်က ဟိုတယ်အသွင်ပြောင်း
ခဲ့တာပါ ။ အဲဒိတုန်းကတော့ Tourist
Burma လို့ခေါ်တဲ့ မြန်မာ့ခရီးသွား
လုပ်ငန်းပိုင်တဲ့ဟိုတယ်ပေါ့ ။
ပထမတော့ ဟိုတယ်သင်တန်းကျောင်းအသွင်ပါပဲ
။ နောက်မှဘန်ဂလို ၁၀
လုံးနဲ့စပြီးဟိုတယ်ဖြစ်ပါတယ်
။၁၉၉၃ မှာတော့ ရေကန်စပ်မှာအခန်းတွေဆောက်လာခဲ့ပါတယ်
။ ဘိုက်ယောက်ဟိုတယ်Group ၀င်လာပြီး တဲ့အခါ
အခုလက်ရှိမီးလောင်တဲ့ဘက်မှာ ဟိုတယ်အဆောင်အသစ်တွေပေါ်ပေါက်လာပါတော့တယ်
။ ဟိုတယ်ဗိသုကာကလဲ ထိုင်းကလူတွေဆောက်တာမို့  မြန်မာဆန်တာထက်
ယိုးဒယား လက်ရာပိုပြီးဆန် နေပါတယ် ။
တိုးရစ်ဂိုဒ်စာမေးပွဲဖြေတုန်းကတောင်
နိုင်ငံပိုင်ဟိုတယ်များကိုဖော်ပြပါဆိုတဲ့မေးခွန်းပါလာလို
့ ကန်တော် ကြီးဟိုတယ်
လို့ထည့်ဖြေခဲ့ဖူးတာသတိရမိပါတယ် ။ နောက်တော့ ၈၈ အရေးအခင်းအပြီးမှာ
နိုင်ငံပိုင်ဟို တယ်တွေကိုအဆင့်မြှင့်တဲ့အနေနဲ့ ထိုင်းနိုင်ငံက
ဘိုက်ယောက် ( Baiyoke Hotel Group) ဟိုတယ်နဲ့ မြန်မာအစိုးရဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနတို့
ပေါင်းစပ် (ဖက်စပ်လုပ်ကိုင်တယ်လို့နားလည်)
ပြီး ဟိုတယ်နာမည်ကိုလည်း
ဘိုက်ယောက်ကန်တော်ာကြီးဟိုတယ်
( Baiyoke Kandawgyi hotel) လို့အမည် ပြောင်းခဲ့ပါတယ်
။
အဲဒိခေတ်ကနိုင်ငံပိုင်ဟိုတယ်တွေကို နိုင်ငံခြားက ဟိုတယ်လုပ်ငန်းကြီးတွေနဲ့အကျိုးတူဖက်စပ်လုပ်ကိုင်ပြီး ဟိုတယ်နာမည်တွေကိုလုပ်ငန်းနှစ်ခုစလုံးအမည်တွေပါအောင်ပေးလေ့ရှိကြပါတယ် ။ဒါ့ကြောင့်နိုင်ငံပိုင်ဟို
တယ်နောက်တလုံးဖြစ်တဲ့ အင်းလျားလိတ်ဟိုတယ်ကိုလည်း ထိုင်းနိုင်ငံအခြေစိုက်
ဒူးဆစ်ဟိုတယ်အဖွဲ့  ( Dusit
International ) နဲ့
ဖက်စပ်လုပ်ကိုင်လိုက်ပြီး
ဟိုတယ်နာမည်ကိုတောင် ဒူးဆစ်အင်းလျားလိတ်ဟို တယ်(
Dusit Inya Lake hotel) လို့ မှည့်ခေါ်ခဲ့ပါသေးတယ် ။ လွယ်လွယ်ပြောရရင် ကန်တော်ကြီးဟို တယ်က
ဘိုက်ယောက်ကန်တော်ကြီးဟိုတယ်ဖြစ် ၊
အင်းလျားလိတ်ဟိုတယ်က
ဒူးဆစ်အင်းလျားလိတ်ဟို တယ်ဖြစ် ကုန်ကြတာပါ။
ကမ်းနားလမ်းက
ကမ်းနားလမ်းဟိုတယ် ( The Strand
) ကတော့ ဖက်စပ် လုပ်ကိုင်ပေမယ့်
ဟိုတယ်နာမည်မပြောင်းပါဘူး ။ ထားပါတော့ ပြောလိုရင်းက ကန်တော်ကြီးဟိုတယ်ဟာ
အရင်ကနိုင်ငံပိုင် ၊ အဲဒိကမှ
ဘိုက်ယောက်ဟိုတယ်နဲ့ပေါင်းပြီး
ဖက်စပ်ဟိုတယ် ၊ အဲဒိကမှ
ထူးကုမ္မဏီကလွှဲ ယူလိုက်ပါတယ်
။အဲဒိမှာ အာလုံးနားလည်ထားကြတာက
နိုင်ငံပိုင်ကတော့နိုင်ငံပိုင်
အဖြစ်ဆက်ရှိနေသေး တယ် ။
ဘိုင်ယောက်ဟိုတယ်အုပ်စုပိုင်တဲ့ ရှယ်ယာတွေကို (ဖက်စပ်လုပ်ပိုင်ခွင့်ကို) ဦးတေဇတို့
ထူးကုမ္မဏီအုပ်စု ကလက်လွှဲလက်ပြောင်းလုပ်ပြီးယူလိုက်တာလို့  နားလည်ကြတာပါ ။
ဒီဟိုတယ်ကြီးကိုဦးတေဇကိုအပြီးရောင်းလိုက်ပြီလို့  နိုင်ငံတော်ကမကြေငြာသလို
၊ ဦးတေဇတို့ ကလဲ တိုင်းပြည်ကို အသိမပေးပါဘူး ။ အငှားချထားလိုက်တယ်လို့ပဲ
ပြည်သူလူထုကထင်နေတာပါ ။ အခုမီး လောင်မှုဖြစ်ကာမှ ဒီဟိုတယ်ဟာ
လွန်ခဲ့တဲ့ ၁၂ နှစ် (၂၀၀၅ ခုနှစ်ခန့်) ကတည်းက ဦးတေဇပိုင်ဖြစ်
သွားပြီ ဆိုတာ တအံ့တသြသိရပါတယ် ။ ၂၀၀၅ ဆိုရင် ဦးသန်းရွှေ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့
နိုင်င့တော်အေး ချမ်းသာယာရေးနှင့်
ဖွံဖြိုးရေးကောင်စီ
(န.အ.ဖ) အစိုးရလက်ထက်ပါ ။ ဗိုလ်ချုပ်ခင်ညွန့် ရာထူးကပြုတ်ကျ သွားပြီးတဲ့နောက်
တနှစ်မှာပါ ။
အဲဒိတော့ ဒီဟိုတယ်ဟာနိုင်ငံတော်ကပိုင်ခဲ့တဲ့နေရာပါ
။ နိုင်ငံတော်ဆိုတာ
ပြည်သူလူထုလည်းပါပါတယ်
။ အစိုးရ ၊ ပြည်သူလူထု ၊ နယ်နိမိတ် ၊ အချုပ်အခြာအာဏာ (၄)ခုပေါင်းမှ
နိုင်ငံတော်ဖြစ်တာပါ ။ အဲဒိတော့
အစိုးရဟာပြည်သူလူထုသဘောမပါပဲ ထင်သလိုလုပ်ခွင့်မရှိပါ
။ ပြည်သူတွေဆိုတာကတော့ဒီလိုဟိုတယ်ကြီး သဘောတူဖို့နေနေသာသာ
ဦးသန်းရွှေတို့ က
ဦးတေဇကို
အပြီးအပိုင်လွှဲပြောင်းရောင်းချလိုက်တယ်ဆိုတာတောင် သိခဲ့ရတာမဟုတ်ပါဘူး
။ အခုမှသာ မီးလောင်လို့  ပေါ်လာခဲ့ရတာတွေပါ ။ အဲဒိတော့မေးချင်တာကနေရာကောင်းမှာရှိနေတဲ့ နိုင်ငံတော်ပိုင် ဟိုတယ်ကြီးတ လုံးကို
ဘယ်လိုဥပဒေတွေနဲ့ရောင်းချလိုက်တာလဲ ၊
ဘယ်လောက်ဈေးနှုန်းနဲ့
ရောင်းချလိုက်တာလဲ ၊ ထိုက် သင့်တဲ့တန်ဖိုးရော နိုင်ငံတော်ကရရဲ့လား၊
ပွင့်လင်းမြင်သာစွာလေလံခေါ်ခဲ့သလား၊
လက်ကြိတ်ထိုး ရောင်းခဲ့သလား
ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ် ။
ဒီဟိုတယ်ကြီး ဦးတေဇပိုင်ဖြစ်သွားပြီဆိုတာ အခုမှပြည်သူလူထုကဗြုန်းကနဲသိလိုက်ရတော့
နိုင်ငံပိုင်အခြား ဟိုတယ်တွေရဲ့
အနေအထားကလည်းစိုးရိမ် တကြီးမေးခွန်းထုတ်ချင်စရာေ ကာင်းလှပါတယ်
။မေးရမယ်ဆို ရင်
နိုင်ငံပိုင်အင်းလျားလိတ်ဟိုတယ်ကရော
ဘယ်သူပိုင်သွားပြီလဲ (ဘယ်သူ့ ကို
အပြီးလွှဲပေးလိုက်ပြီလဲ)
။အင်းလျားလိတ်ကလဲ မီးမလောင်သေးတော့
သတင်းစာရှင်းလင်းပွဲလဲ
မရှိတာကြောင့် အဲဒိတော့မှသိရမယ့်
မီးလောင်တာစောင့်မနေတော့ပဲ အခုထဲကရှင်းအောင်မေးထားရတာပါ ။
အင်းလျားလိတ်ကဘယ်သူပိုင် သွားပြီလဲခင်ဗျ ။ ပြီးတော့ မြန်မာပြည်မှာသက်တမ်းအရင့်ဆုံးဟိုတယ်
။ ကမ်းနားဟိုတယ် ( The Strand
) ဘယ်သူပိုင်သွားပြီလဲခင်ဗျ
။ သမ္မတဟိုတယ် ဘယ်သူရသွားပြီလဲခင်ဗျ ။
ဗိုလ်ဆွန်ပက်လမ်းက
ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနပိုင်
ခြောက်ထပ်တိုက်အကြီးကြီး
ဘယ်သူ့ နာမည် ပေါက်သွားပြီလဲခင်ဗျ ၊ ၃၁လမ်းနဲ့ မဟာဗန္စုလ
လမ်းထောင့်က ဟိုတယ်ခရီးပိုင် ရသာမုန်
့တိုက်ကြီးပြန် ဖျက်ပြီးဆောက်လိုက်တဲ့
ရသာကွန်ဒို ဘယ်သူ့ နာမည်ပေါက်လဲခင်ဗျ ။
ချောင်းသာကမ်းခြေက
ချောင်းသာ ဟိုတယ်ကော ဘယ်ခရိုနီပိုင်သွားပြီလဲခင်ဗျ ၊ မန္တလေးက
နိုင်ငံပိုင်မန္တလေးဆွမ်းဟိုတယ် ဘယ်သူ
့အမည် ပေါက်ရောင်းလိုက်ပြီလဲခင်ဗျ
၊ ထွန်းလှဟိုတယ်ကော ဘယ်သူယူသွားပြီလဲခင်ဗျ
။
မေမြို့ (ပြင်ဦးလွင်) က နန်းမြိုင် တို့ သီရိမြိုင်(Candacraig ) တို့ 
ဂန္စမာမြိုင်တို့ လိုဟိုတယ်တွေရော
တိုးတိုး တိတ်တိတ်အပြတ်ရောင်းပြီးသွားပြီလားခင်ဗျ ။ပြင်ဦးလွင်ရုက္ခဗေဒဥယျာဉ်ကြီးရော
ထူးကုမ္မဏီကိုရောင်း လိုက်ပြီလားခင်ဗျ ။
ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကြီးကရော
ဦးတေဇတို့ကို နှစ်ရှည်ငှားထားတာလား
ရောင်း လိုက်တာလားခင်ဗျ
၊ ကန်တော်ကြီးဥယျာဉ်ကလည်း
ဇေကမ္ဘာဦးခင်ရွှေတို့နာမည်ပေါက်သွားပြီလားခင်ဗျ
။အင်းလျားကန်စောင်းက
မြကျွန်းသာ ရော
ဘယ်သူတွေပိုင်သွားပြီလဲခင်ဗျာ
၊နိုင်ငံပိုင်ဟိုတယ်တွေဖြစ်ခဲ့ဖူး
တဲ့ စစ်တွေဟိုတယ်၊မြောက်ဦးဟိုတယ်၊
မုံရွာဟိုတယ်၊
ကျိုင်းတုံဟိုတယ်တွေရော ဘယ်သူတွေပိုင်ကုန်ပြီလဲ ခင်ဗျ ။ ဒီလိုမေးတာကိုလည်းစိတ်မရှိပါနဲ့
။ တိုင်းသူပြည်သားတွေကို တခါမှ
လူရာသွင်းပြီးရှင်းမပြခဲ့ဖူးတော့
ပြည်သူလူထုမှာ ဘယ်ဟာက
ဘယ်သူတွေရကုန်ပြီလဲဆိုတာ
မဝေခွဲတတ်တော့လို့ပါခင်ဗျ ။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အစိမ်းကြီးထဲမှာတော့နိုင်ငံတော်၏ အချုပ်အခြာအာဏာသည်
နိုင်ငံ သားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်လို
့ရေးထားတာပဲ ။ဒါပေမယ့် နိုင်ငံသား တွေဘာမှ မသိရပဲ နိုင်ငံပိုင် ပစ္စည်းတွေ
ပုဂ္ဂလိကပိုင် ဖြစ်ဖြစ်သွားတာ လဲရှိသေးတယ်မို့ လား။ ဒါ့ကြောင့်လဲ ဘယ်ဟာတွေ
ဘယ်သူတွေ ရကုန်ပါပြီဆိုတာ နောက်တုံးအတည်ပြုချက် Update
လေးလုပ်ပေးစေချင်
တာပါပဲ ။ အဲဒိလိုမလုပ်ပေးတဲ့အခါ ကိုယ်က
ကိုယ့်နိုင်ငံတော်ပိုင်ထင်ပြီး
အဲဒိဟာတွေက တို့ ပြည်သူတွေ ပိုင်တာပေါ့ကွ
လို့ စိတ်ထဲက
ပီတိလိုလို ကြည်နူးသလိုလို ဂုဏ်ယူသလိုလိုဖြစ်နေပြီး တကယ်တမ်းသူများ ပိုင်ဖြစ်နေရင် သူများဟာကိုယ့်ဟာထင်နေရင်ငရဲကြီးမှာလည်းစိုးရလို့ပါ
။ဒါက ကန်တော်ကြီးဟိုတယ်မီး
လောင်ရာက ဆင့်ပွားတွေးမိတဲ့ အတွေးတွေပါ
။ဒီလောက်နိုင်ငံပိုင်တွေ
ပုဂ္ဂလိကကိုရောင်းချနေတဲ့အထဲက
နှစ်တိုင်းဘတ်ဂျက်လိုငွေတွေပြနေတာလဲ
အလွဲလွဲအချော်ချော် မို
့နားမလည်နိုင်စရာပါပဲ
။
နောက်တခုကတော့
ဆားပုလင်းနှင်းမောင်တို
့လို အတွေးကောင်း အရေးကောင်းတဲ့
ရဲအမှုထမ်းတွေဆိုရင်
အခုခေတ်မှာ ထောင်နန်းစံကိန်းရှိတဲ့အကြောင်းတွေးမိတာပါ ။ အားလုံးသိတဲ့
နေပြည်တော်က ဖြိုးကိုကို တင့်ဆန်းလက်နက်အမှုမှာ သိမ်းဆည်းရမိတဲ့
သက်သေ ကျည်ဆန်တွေ ကို ဆားပုလင်းနှင်းမောင်လို အမှုသွားအမှုလာတွက်ချက်မိတဲ့
ရဲအုပ်တယောက်တော့ ဆားပုလင်းနှင်းမောင်တို့ 
ဦးစံရှားတို့ 
လို ချီးကျူးမခံရပဲ ရာထူးပြုတ်မယ့်အပေါက် ၊
ထောင်ကျမယ့်အပေါက်တောင်ဖြစ်နေသဗျ
။
ဖြိုးကိုကိုတင့်ဆန်းအမှုမှာဖမ်းဆီးရမိထားတဲ့
ကျည်ဆန်အမျိုးအစားဟာ
ရန်ကုန်မြို
့အင်းလျားလမ်း စိမ်းလဲ့ကန်သာရိပ်သာအနီး
ငါးလောင်းပြိုင်လူသတ်မှုမှာ
အသုံးပြုခဲ့တဲ့ ကျည်အမျိုးအစားနဲ့ဆင်တူတယ်
ဆိုပြီး ဖေ့စ်ဘွတ်မှာရေးသားခဲ့တဲ့ ပြည်ခရိုင် ပန်းတောင်းမြို့နယ်က
ရဲအုပ်ဝင်းထွန်းနိုင်ကို ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးစိန်လွင်ကပြောကြောင်း
RFA မြန်မာပိုင်းအစီအစဉ်က
ဖော်ပြပါ တယ် ။ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့ ညက နေပြည်တော်လေဆိပ်မှာ
ဖြိုးကိုကိုတင့်ဆန်းနဲ့ အတူ ဖမ်းဆီးရမိခဲ့တဲ့ ကျည်ဆန်တွေဟာ ၂၀၀၈ ခုနှစ်က
ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ
လမ်းမှာဖြစ်ပွားခဲ့တဲ့
ငါးလောင်းပြိုင်လူသတ်မှုမှာ
အသုံးပြုခဲ့တဲ့လက်နက်ကကျည်ဆန်တွေနဲ့ဆင်တူနေတယ်ဆိုပြီး
ပန်းတောင်း မြို့နယ်
ထုံးဘိုရဲစခန်းက
ရဲအုပ် ၀င်းနိုင်ထွန်းက အောက်တိုဘာ ၁၇ မှာ သူ့ ရဲ့ ဖေ့စ်ဘွတ်မှာရေးခဲ့တာပါ
။
တကယ်ဆို ရဲအုပ် ၀င်းနိုင်ထွန်းဟာ ဘယ်သူမှမဖော်နိုင်တဲ့ငါးလောင်းပြိုင်လူသတ်မှုကို
သဲလွန်စ တခုထုတ် ဖော်ပေးသူအဖြစ်နဲ့
ထင်ပေါ်လို့စင်တော်ကကောက်တဲ့အနေနဲ့ အထက် CID
ကခေါ်ယူ
အကြံဥာဏ်တောင် ယူရဦးမယ်မဟုတ်လားခင်ဗျာ။
ခင်ဗျားဘာကြောင့်ပြောနိုင်တာလဲ
၊ ငါးလောင်းပြိုင်လူသတ်မှုမှာရခဲ့တဲ့ကျည်
ဆန်အခွံနံပတ်တွေကဘယ်လောက်ဘယ်လောက် ၊
ဖြိုးကိုကိုတင့်ဆန်းတို့ဆီကသိမ်းဆည်းရမိတဲ့
ကျည် ဆန် နံပတ်ကတော့
ဘယ်လောက်ဘယ်လောက်
၊ ၉ မမ ပစ္စတိုကျည်ဆန်ချင်း တူတယ် နံပတ်ကတော့ ဘယ်လိုရှိတယ် ၊
အမျိုးအစားကတော့ဘယ်လိုဖြစ်နိုင်တယ် ဆိုတာ
ရဲရဲခြင်းအကြံမဖလှယ်သင့်
ဘူးလား ခင်ဗျ ။ အခုဟာက ရဲအရာရှိကြီးတွေရဲ့ တုန့် ပြန်ချက်ဟာ
ငါလောင်းပြိုင်လူသတ်မှုအဖြေကိုကြို သိနေသ လိုကြီး ဖြစ်နေတယ် ။
Logical thinking စဉ်းစားချက်ထုတ်ခွင့်တောင်ခွင့်မပြုနိုင်ဘူး
။ ငါးလောင်းပြိုင်ဆိုတာနဲ့ကြောက်ဒူး
တုန် လာပြီး အဲဒိ
စကားသံကိုနားဝမှာယောင်လို့တောင်မကြားချင်ဘူး
။ အဲဒိ ငါးလောင်းပြိုင်လို
့ပြောသူဟာ
ရဲထဲကဆိုဖမ်းချုပ်မယ်၊ရဲစည်းကမ်းနဲ့အရေးယူမယ် ၊ မီဒီယာဆိုရင်လဲ Black list သွင်းမယ်လို့များခံယူ
ထားကြလားမသိပါဘူး ။ ဒီကိစ္စဆွေးနွေးဝေဖန်တာ
ကြားကိုမကြားချင်တဲ့အသွင်ဆောင်နေပါတယ်
။
တကယ်ဆို ရဲအုပ်
ဝင်းနိုင်ထွန်းကို
ခေါ်မေး ၊ သူပြောတာ ယုတ္တိရှိရင် အမှုနှစ်ခုက လက်နက်တွေကို
အသေးစိတ်ပိုပြီး စစ်ဆေး၊ ဖြစ်နိုင်ချေကိုသုံးသပ် ဒီလိုပဲဖြစ်ရမှာပေါ့
။ ရဲဆိုတာ အမဲလိုက်ခွေးလိုပဲ မပေါ် သေးတဲ့အမှု သတင်းအနံ
့ရတာနဲ့ ၀မ်းသာအားရ
ပြေးလိုက်ပြီးရေဆုံးရေဖျားရောက်
အောင်သွားရမယ် မဟုတ်လား ။ ခုတော့
ရဲပါးသိပ်မ၀သေးတဲ့
လူငယ်တယောက်က တက်တက်ကြွကြွနဲ
့ထင်မြင်ချက်တခု
ပေးယုံရှိသေးတယ်
ရဲစည်းကမ်းနဲ့အရေးယူမယ်ဆိုတဲ့စကားကိုတန်းပြောတော့တာပဲ
။ အဲဒိတော့ မြန်မာ နိုင်ငံမှာ
ဘယ်ရဲကမှ မပေါ်သေးတဲ့ အမှုတခုကို
ထင်မြင်ချက်ပေးရဲမှာမဟုတ်သလို
၊ ဖမ်းမိသက်သေ တွေအပေါ
်မှာကောက်ချက်ဆွဲရဲမှာလည်းမဟုတ်တော့တာကြောင့်
ရဲဆိုတာ အမှုဖော်ရတာ မဟုတ်ဘူးဆို
တဲ့အသိကြီးခေါင်းထဲရိုက်သွင်းပေးထားသလိုရှိပါတော့မယ် ။
သူပြောတာဟာ အထောက်အထားမရှိပဲ စိတ်ထင်ရာတွေပြောတာရေးတာဆိုရင်တောင် သူပြောတာ ဟုတ်မဟုတ်ဆိုတာကို
စုံစမ်းစစ်ဆေးမှု ( Investigate
) လုပ်သင့်ပါသေးတယ်
။ ဘာမှမစုံစမ်းရသေးပဲ အရေးယူမယ် ဖမ်းမယ်ဆိုတာကြီးက တခုခုကိုအစိုးရိမ်ကြီးနေတဲ့
ပုံစံဖြစ်နေသလားလို့ပြည်သူလူထုက ထင်မြင်ပါလိမ့်မယ်။ ရဲတပ်ဖွဲ့အနေနဲ့ပြည်သူလူထုရဲ့
ယုံကြည်အားကိုးမှုကိုရယူချင်တယ်ဆိုရင်
ဒီထက် ပိုပြီးပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်မှာဖြစ်ကြောင်းပါ။
အဲဒိလိုလှူဒါန်းချင် အောင်လည်း
မကြာသေးခင်ရက်ပိုင်းကမှ ဒေါ
်အောင်ဆန်းစုကြည်ဟာ
ပြည်တွင်း ပြည်ပအလှူရှင်များကိုအားကိုးကြောင်း ပြည်ပကပြောဆိုဝေဖန်နေတာတွေကို ပြည်တွင်းကနေအလုပ်နဲ့
သက်သေပြတာအကောင်းဆုံးဖြစ်မယ်လို့  အားလုံးပါဝင်ဖို့ ဖိတ်ခေါ
်ခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရိုနီ သူဌေးကြီးတွေကိုလည်း တိုင်ကွန်း( Tycoon ) ဆိုတဲ့အမည်နဲ့
ပြောင်းလဲခေါ်ဝေါခဲ့ပြီးတိုင်းပြည်
ဘက်ကိုပါလာအောင် စည်းရုံးခဲ့ပါတယ် ။ ဒီပွဲမှာ သူဌေးတဦးချင်းဟာ
အများဆုံးသိန်းပေါင်း သုံးသောင်း ကစလို့  သိန်းပေါင်း တသောင်းခွဲထည့်သူတွေ
၊သိန်းပေါင်းတသောင်းထည့်သူတွေ ၊ သိန်းခုနစ်ထောင်၊ သိန်းငါးထောင်ကစလို
့ သိန်းငါးရာစသည်ဖြင့်အားတက်သရော လှူဒါန်းလိုက်ကြတာ ရခိုင်ဒေသပြန် လည်ထူထောင်ရေးရန်ပုံငွေဟာ
တနေ့တည်းမှာပဲ သိန်းပေါင်း
တသိန်းခုနစ်သောင်းကျော်ရရှိခဲ့ပါတယ်
။ ဒေါ်အောင်ဆန်းစုကြည်ကလဲ သူ
့ကိုနိုင်ငံတော်ကချီးမြင့်တဲ့
တနှစ်တာဝတ်စုံစရိတ်ရရှိငွေ အမေရိကန် ဒေါ်လာ ၄၀၀၀
ကိုလည်းထည့်ဝင်လှူဒါန်းခဲ့ပါတယ် ။ ဒေါ
်အောင်ဆန်းစုကြည်ဒီလိုလှူတာကိုဝမ်းမြောက်သာဓုခေါ
်သလို သူအခုလိုလှူတော့မှပဲ
နိုင်ငံ့ခေါင်းဆောင်
တွေ ၀တ်စုံစရိတ် တနှစ်ကို
ဒီလောက်ခွင့်ပြုငွေရှိကြောင်းသိရပါတော့တယ်
။ အရင် စစ်အစိုးရခေတ်က
ဗိုလ်ချုပ်မှူးကြီးတွေ
၊ ဗိုလ်ချုပ်ကြီးတွေ၊၀န်ကြီးချုပ်တွေ နောက်တော့ သမ္မတ လဲ အဲဒိလို
ဝတ်စုံစရိတ်ရမယ် ထင်ပါတယ် ။ ဒေါ
်အောင်ဆန်းစုကြည်လိုတခါမှမလှူခဲ့ဖူးတော့
ဘယ်လောက်ရသလဲဆိုတာတောင်မသိခဲ့ပါဘူး ။ အဲဒိနေ့ကလာလှူတဲ့
သူဌေးကြီးတွေကိုကြည့်လိုက်တော့ အရင်က အဘတို့နဲ့
တပူးတွဲတွဲနေခဲ့သူ တွေ ပါသလို ၊
ဒေါ
်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ကို
အရင်ထဲက
ထောက်ခံခဲ့တဲ့သူအနည်းငယ်ကို လဲတွေ့ ရ ပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ်
အခုလှူဒါန်းတာဟာဖြင့်
အဘခေတ်ကလို ဆန်ပေးလို့ ဆေးရ ၊
အလှူလက် ဘက်နဲ့ မျက်နှာလုပ်
၊ ထောင်မြင်ရာစွန့်  ၊ Give and
Take တွေ မဟုတ်ပဲ
စေတနာသန့်သန့်နဲ့ လှူကြတယ်လို့ ယူဆပါတယ် ။ သာဓုလဲ ပြည်သူတွေက ခေါ်ပါတယ် ။
အရင်ခေတ်ကလို ကျောက်စိမ်းလုပ်ကွက်နဲ့ အလှူငွေလဲတာမျိုး ၊ သစ်ခုတ်ခွင့်ပါမစ်နဲ့
အလှူရေစက်လက်နဲ့မကွာ ဖလှယ်တာမျိုး ၊
မဟုတ်တဲ့အတွက် ၀မ်းသာပါတယ်
။ နိုင်ငံတော်က ပြန်ချပေးတဲ့
ရခိုင်ဒေသဖွံဖြိုးရေးစီမံကိန်းတွေမှာလဲ
အတ္တပရ မျှတစွာ ဆောင်ရွက်နိုင်ဖို့မျှော်လင့်ပါတယ် ။ခရိုနီတွေတိုင်ကွန်းဖြစ်မဖြစ်ကတော့ ဒါလောက်နဲ့ဆုံးဖြတ်လို့မရပဲ
စောင့်ကြည့်ရဦးမှာပါ။
အလှူရှင် ခရိုနီတိုင်ကွန်းကြီး
၃၁ ယောက်စာရင်းကို ဖတ်ကြည့်တဲ့အခါ
ကျွန်တော်ဘ၀င်မကျတာတခုတော့
တွေ့ မိပါတယ် ။ သူဌေးဆိုသူတွေ
၊လုပ်ငန်းရှင်ဆိုသူတွေ
နိုင်ငံတော်အကျိုးအတွက်
သောင်းသောင်းဖျဖျ
ပါဝင်လှူဒါန်းနေတဲ့ပွဲမှာ မြန်မာပြည်မှာ ဟိုလုပ်ငန်းလဲ သူတို့
၊ဒီလုပ်ငန်းလဲသူတို့  ၊ ဟိုမြေသိမ်းလဲသူတို့ ၊ ဒီယာသိမ်းလဲသူတို့ ၊လက်ပန်တောင်းတောင်မှာလဲ
သူတို့ ၊ကြေးနီတောင်မှာလဲသူတို့
၊စပယ်တောင်မှာလဲ
သူတို့ ၊ ဖားကန့်မှာလဲ သူတို့ ၊ မိုးကုတ်မှာလဲသူတို့ ၊မိုင်းရှူးမှာလဲသူတို
့စီးပွားရေးခွင် ကောင်းရင်သူတို့ ဆိုတဲ့ အဖွဲ့ ကို အခမ်းအနားမှာ
မတွေ့ သလို စာရေးသူမျက်စေ့လျှမ်းလို့လားမသိဘူး အလှူရှင်စာရင်းမှာလဲ
မတွေ့  မိပေဘူးခင်ဗျ။
မြန်မာ့သယံဇာတတွေကနေအကျိုးအမြတ် အဓိကရယူနေတဲ့အဖွဲ့ ကြီးဆိုတော့ မြန်မာ့အရေးမှာ
သူတို့လဲပါ ၀င်လှူဒါန်းသင့်ပေသပေါ့ဗျာ ။ ဒါပေသည့် တသီးတသန့်နေတတ်တဲ့
သူတို့ဝါသနာကြောင့် ဒေါ
်အောင်ဆန်း စုကြည်
ထံအလှူငွေမပေးအပ်သော်လည်း အဖွဲ့ အစည်းတခုထံ သီးသန့် အလှူငွေပေးအပ်မယ်လို့လည်း
ထင်မြင်ယူဆမိပါတယ် ။
ဟုတ်မဟုတ်တော့စောင့်ကြည့်ရပေမပေါ့
။အဘဟောင်းတချို့ကတော့ ခရိုနီတွေ ဒေါ
်အောင်ဆန်းစုကြည်နဲ့
ပူးပေါင်းဆောင်ရွက်တာကိုမုဒိတာမပွားနိုင်တာကိုလဲတွေ့ ရပါတယ်
။ဖေ့စ်ဘွတ် မှာ အပုပ်ချထားတာတွေကိုလည်းတွေ့ ရပါတယ်။ သူတို့ဟာ ရှင်ပြုတုန်းကရွှေထီးဆောင်းခဲ့ရ
တာကိုပြန်ပြန် တွေးပြီး ကိုယ်တိုင်လဲ
လူထုထောက်ခံမှုရအောင်မလုပ်တတ်
၊လူထုကထောက်ခံလို့  နိုင်ငံအတွက် လုပ်နေ တဲ့သူ ကိုလဲ
တစက်မှအကောင်းမမြင်တာဟာ ဆင်သေကောင်ပေါ်မှာ ထိုင်လိုက်ရင်း ပင်လယ်ထဲရောက် လာတဲ့
ကျီးမိုက်လိုပါပဲ ။ နစ်သထက်နစ်ဖို့ပဲရှိတော့မှာပါ။
အဲဒါပါပဲ ။ ဒီတပါတ်မျက်စေ့ထဲကို မရိုးမရွ စပ်ဖျဉ်းဖျဉ်းဝင်လာတဲ့ အဖြစ်အပျက်သုံးခုကိုပေါင်းစပ်
စာစီကုံး လိုက်ပါတယ် ။ မီးလောင်မှပေါ
်လာတဲ့အမှန်တရားရယ်
၊ ပြည်သူ့ ရဲ
နှင့် ငါးလောင်းပြိုင်တစ္ဆေရယ် ၊
ခရိုနီမှတိုင်ကွန်းဆီသို
့အရွေ့ မှာပါမလာတဲ့ အဖွဲ့ တဖွဲ့ရယ်
။ သုံးခုပေါင်းလိုက်တော့လဲ
မြန်မာပြည်မြင်ကွင်း တခု ပေါ်လာတာပါပဲ ။
သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၂၇.၁၀.၂၀၁၇
စောင့်ကြည့်ဂျာနယ်
၂၇.၁၀.၂၀၁၇
Labels:
ဆောင်းပါး
Subscribe to:
Posts (Atom)