ရွှေလုပ်သား
မဟာချိုင် ci စာအုပ်ထုပ်ပေးရေးစခန်း(၁) MMC စင်တာတွင် ယမန်နေ့က မြန်မာအလုပ်သမား တစ်ဦး နေပူကြဲထဲတွင် ဆန္ဒထုတ်ခေါ်ခဲ့သည်။
၎င်းက "ကျနော့်  နေထိုင်ခွင့် ပန်းရောင်ဘတ် ကဒ်က လာမယ့် ၁.၁၁.၂၀၁၇ နေ့မှာ သက်တမ်း ကုန်ပါမယ်။ ကျနော်ဘာဆက်လုပ်ရမလဲ၊ ကျနော့် မှာမိသားစုရှိပါတယ်။ ဒီ MMC စင်တာ(၁) ကို 7 ELEVEN မှာငွေသွင်းပြီး သတ်မှတ်ပေးတဲ့ ရက်ချိန်း အ တိုင်း မနက်မိုးမလင်းခင် 04:00 နာရီကတည်း က လာစောင့်နေတာပါ။ ဒါပေမယ့် ၀င်ခွင့်မရပါဘူး။ စင်တာဝင်ကြေးမပေးလို့ပါ။ ဒါကြောင့် ကျနော် တစ်ကိုယ်တော်ဆန္ဒထုတ်ဖေါ်ပြီး စင်တာ (၁)မှာ ဒီလိုဖြစ်နေတယ် ဆိုတာ အစိုးရတာဝန်ရှိသူတွေ သိအောင်ပြတာပါ " ဟုပြောသည်။
၂၀.၉.၂၀၁၇ ထိုင်းအစိုးရအထူးစုံစမ်းထောက် လှမ်းရေး DSI မှ အရာရှိအမျိုးသမီးတစ်ဦး MMC စခန်းရှေ့တွင် ပွဲစားများ ခယူရောင်ဝယ်နေမှုများကို ဓါတ်ပုံ vdo ရိုက်ကူးမှတ်တမ်းတင်ထားခဲ့သည်။ ထိုအချက်အလက်များကို MAT အဖွဲ့သို့ ပေးပို့
ခဲ့သည်။
ထိုင်းဝန်ကြီးချုပ် ပယာရွတ်ကသြဂုတ်လ ၂၆ ရက်နေ့က ပုံမှန်မဟုတ်သော အရေးပေါ်အစည်း အဝေးတစ်ခုကို ထိုင်းအလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများကိုခေါ်၍ CI စခန်းတို့မှ အလုပ် သမားများအပေါ် မတရား အမြတ်ကြီး စားနေမှုတို့ကို စုံစမ်းဖေါ်ထုတ်၍ အရေးယူဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
မြန်မာအလုပ်သမားညွန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် သည် CI စခန်းတို့၏ အကျင့်ပျက် သတင်းများကိုကြား သိရပြီးနောက် စက်တင်ဘာလ ၄ရက်မှ ၉ ရက်အထိ လာရောက် ခဲ့သည်။
CI စခန်းအနီးတို့မှ ပွဲစားအနည်းငယ်တို့ကို ဖမ်းဆီးစစ်ဆေးမှုမျိုး ထိုင်းအာဏာ ပိုင်များက လုပ်ေ ဆာင်ခဲ့သော်လည်း CI စခန်း တာဝန်ခံနှင့်ပိုင်ရှင်တို့ကို တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုမရှိသေးပေ။
CI စခန်းတို့တွင် အလုပ်သမားများ ၏ ကုန်ကျမှုတို့ မှာလည်း ယခင်အတိုင်းရှိနေဆဲ ပင်ဖြစ်ပါသည်။ ယခု ဆန္ဒပြ သော အလုပ်သမားသည်လည်း စခန်းတွင်းဝင် ရောက်ခွင့်(ခယူ)ခ မပေးသဖြင့် ယခုကဲ့သို့ပြဿနာ ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။