30 October 2017

မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်၌ လက်လုပ်ဗုံးများတွေ့ရှိ


30 October 2017 09:33(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

နေပြည်တော်၊ အောက်တိုဘာ ၂၉
          ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်နေ ဦးညွန့်တင်သည် ယနေ့နံနက်ပိုင်းတွင် ၎င်းနေအိမ်အနီးရှိ ချောင်းအတွင်းငါးရှာစဉ် အဆိုပါရပ်ကွက်ရှိ မြောင်းကူးတံတားအောက် ရေစပ်၌ မသင်္ကာဖွယ် ပလတ်စတစ်ထုပ်အားတွေ့ရှိ သဖြင့် ဖွင့်ဖောက်ကြည့်ရှုခဲ့ရာ အိတ်အတွင်း၌ နှစ်ဖက်ပိတ် ပလတ်စတစ်ပိုက်များအား တွေ့ရှိခဲ့ပြီး မိုင်းဟုယူဆသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ သတင်းပေးပို့ခဲ့သည်။


သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့သွား ရောက်ရှင်းလင်းရာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများစွန့်ပစ်ထားသည့် အချင်း ၁ လက်မခွဲ၊ အရှည် ၆ လက်မရှိ ပီပီစီပိုက်ဖြင့် ပြုလုပ်ထားပြီးအတွင်း၌ Burgel အမျိုးအစား အားမြှင့်ယမ်းများနှင့် အချင်း ၁ စင်တီမီတာခန့်ရှိ ဘောစေ့အလုံး ၁၀၀ ခန့်စီထည့်သွင်းထားသည့် လက်လုပ်ဗုံး ၄၀ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါလက်လုပ်ဗုံးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး သက်မဲ့ပြုလုပ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia