04 October 2017

“ညွန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်နှင့်အလုပ်သမားအရေးဆောင်ရွက်သူများတွေ့ ဆုံ”




၎- ၁၀- ၂၀၁၇
မင်းဘခက်

    အလုပ်သမားညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် နှင့် မြန်မာအလုပ်သမားအရေးေ ဆာင်ရွက်သူများ ယမန်နေ့က ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

      ဘန်ကောက်မြန်မာသံရုံးအနီးHoliday Inn တွင် ဘန်ကောက်နှင့်မဟာချိုင် အခြေစိုက် ထိုင်း မြန်မာ အင်ဂျီအိုနှင့်အလုပ်သမားအဖွဲ့တို့ တက်ရောက်၍ လက်ရှိ CI စခန်းနှင့် ကြားပွဲစားတို့၏  အမြတ်ကြီးစားမှု တို့ကို အမြင်ပေါင်းစုံ အထောက်အထား မျိုးစုံတင်ပြခဲ့ကြသည်။ 


      ဦးဝင်းရှိန်ကထိုင်းဘက်က CI စခန်းတွေမှာမသာမာမှုတွေပေါ်ပေါက်နေတယ်လို့ သတင်းတွေမှာ တွေ့ရ တယ်။ ကျနော့်ကို အချက်အလက်တွေပေးကြပါ။ ကျနော်ထိ ထိရောက်ရောက် အရေးယူ ပါမယ်။ ထိုင်းရောက်အလုပ်သမား ကိစ္စတွေဝိုင်း ကူပေး ကြပါဟု ပြောဆိုခဲ့သည်။ 

         တက်ရောက်လာသူများက CI စခန်းပိုင်ရှင်များမှ ခယူ(စခန်းတွင်းဝင်ရောက် ခွင့်ဈေးကြီး မြင့်မှု)  ပွဲစားများ၏ အမြတ်ကြီးစားမှု၊ နေ့ချင်းပေါက် မပြီးစီးမှုတို့ကို အချက်အလက်များဖြင့် တင်ပြခဲ့ကြသည်။ 

     AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက MOU ကိစ္စရပ်များ၊ မဟာချိုင် MCC စင်တာ(၁) လူကြီး တစ်ဦးမှာ သံရုံးကဟုကြားရကြောင်း၊ သို့ဖြစ်၍ သံရုံးပုံရိပ်ကိုကျဆင်းစေေ ကြာင်း၊ ပွဲစားလုပ်လျှင် လည်းပွဲစားသီးသန့် လုပ်သင့်ကြောင်းတင်ပြသည်။ ထို့အပြင် အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် နှင့် ဦးအောင်ကိုသန်း တို့အား မြန်မာနိုင်ငံသို့ပြန် မခေါ်စေလိုကြောင်းတင်ပြခဲ့သလို ကိုစိုင်းအေး ကလည်း သံအရာရှိ ၂ဦးကို တာရှည်ထားစေချင်ကြောင်းအဆိုပြုခဲ့ကြသည်။ 

        MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း ကမြန်မာတစ်နိုင်ငံလုံးအတွက် နိုင်ငံ တကာ အဆင့်မီ ID (မှတ်ပုံတင်ကဒ်) အလကားလုပ်ပေးမယ့်ဂျပန်ကုမ္ပဏီ၃ ခုရဲ့ ပရိုပိုဇေကို ၂၀၁၆ ခု ဇွန်လ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘန်ကောက် မြန်မာသံရုံးထဲမှာတွေ့တုန်းက တင်ပြခဲ့တယ်။ တစ်နှစ်ကျော် ကြာ သည့်တိုင်အောင် အရိပ်အယောင်မတွေ့ရသေးတာ အထူးစိတ် မကောင်းဖြစ်မိတယ်။ မြန်မာကုမ္ပဏီတစ် ခု က ထိုင်းမှာလာပြီးတော့ အလုပ်သမားတွေကို မျက် လုံးစကင်ဖတ်တာ၊ လက်ဗွေ စကင်ဖတ်တာ လာလုပ်နေ တယ်။ ဒီကဒ်နဲ့ထိုင်းမှာ ကားလိုင်းစင်၊ ဘဏ်၊ အလုပ်လုပ် ခွင့်၊ နေထိုင်ခွင့် ဘာမှလုပ်လို့မရပဲ အချိန်နဲ့ ငွေသာကုန်နေတယ်။ ဒါကြောင့် စဉ်းစား သင့်ပါတယ်၊ MOU စနစ်ကိုပြန်လည်မပြင်ဆင်ခင်၊ လိမ်လည်မှု တွေမဖြစ်ဖို့အတွက် ထိုင်းဘက်က ဘတ်ငါးသန်းတင်ထားတဲ့ ထိုင်းကုမ္ပဏီပိုင်ရှင်တွေကိုယ် တိုင်လာပြီး လက်မှတ် ထိုးစာချုပ်မှ အလုပ်သမားစေလွှတ်သင့်ပါတယ်ဟုပြောဆိုခဲ့သည်။




     ၂၀၁၂ ခုနှစ်က ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ မြန်မာအလုပ်သမားများအား အိမ်ပြန်ခွင့် စရိတ်ဟု ဆိုကာ အလုပ်သမားတစ်ဦးစီထံမှ ဘတ်ငွေ ၁၀၀၀ စီကောက်ခံ ထားခဲ့သည့် ငွေများကို DG အနေဖြင့် ပြန်လည်တောင်းခံ၍ အလုပ်သမားအရေးကိစ္စရပ်တို့တွင် အသုံးပြုနိုင်ကြောင်း MAT အဖွဲ့မှ ဦးကျော်သောင်း ၏ ဦးဆောင်ဆွေးနွေးချက်အား အလုပ်သမားညွန်ကြား ရေးဦးစီး ဌာနမှ ရွေ့ပြောင်းအလုပ်သမားရေးဌာ ဒါရိုက်တာ ဒေါ်မေသူညို က သူမတို့ ယခင်က ၃ကြိမ် ထက်မနည်း ထိုင်းအလုပ် သမားဝန်ကြီးဌာန အစည်းဝေးတို့တွင် တင်ပြခဲ့ဖူးသော်လည်း သေချာ သည့် အဖြေမရရှိသေးကြောင်းပြောဆိုသည်။

      ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီတွင်နေထိုင်သည့်  MAT အဖွဲ့နှင့် လိပ်ကျွန်း အထူးစုံစမ်း ရေးကော်မ တီမှ အကြံပေးရှေ့နေကြီး ဦးအောင်မျိုးသန့် ကဒီအစည်းဝေး ကို အစည်းဝေးကျင်း ပမယ့် နေ့လည် ၁ နာရီကျော်မှာဖိတ်တယ်။ ကျနော် ဘယ်လို ဘန်ကောက်ကိုချက်ချင်းသွားလို့ ရနိုင်မလဲ။ နောက်တစ်ချက်က ထိုင်းရောက် အလုပ် သမားကိစ္စတွေကို အယင် DG တွေ ၀န်ကြီး တွေလိုပဲ အလုပ်သမားအရေးလုပ် သူေ တွ နဲ့တွေ့ပြီး ဓါတ်ပုံရိုက်၊ မိတ်ဆက်တာမျိုးမဟုတ်ပဲ တကယ်ထိထိရောက်ရောက်လုပ်တဲ့ DGမျိုးဖြစ်စေ ချင် တယ်။ ထိုင်းရောက်အလုပ်သမား တွေအတွက် ကျွန်တော်တို့ ကျရာ နေရာက ကူညီဆောင်ရွက်ဖို့ အဆင် သင့်ပါ။ လူကြီးတွေသာအပြောမဟုတ်ပဲတကယ် လုပ်ကြဖို့လိုပါတယ်ဟုပြောသည်။

       တက်ရောက်လာကြသည့် အလုပ်သမားအရေးဆောင်ရွက်သူများနှင့် ထိုင်းမြန်မာ အင်ဂျီအိုဝန်ထမ်း များက ယခင်မြန်မာသံအမတ်ကြီးများဖြစ်ကြသော ဦးတင်ဝင်း နှင့် ဦးဝင်းမောင် တို့ တာဝန်ကျစဉ်ကာလက ကဲ့သို့ မြန်မာသံရုံးမှ ဦးဆောင်၍ အလုပ် သမားကူညီစောင့်ရောက် ရေးကော်မတီ ပြန်လည်ဖွဲ့စည်း၍ စနစ်တကျ ကူညီဆောင် ရွက်သင့်ကြောင်း အကြံပြုပြောဆိုခဲ့ကြ သည်။