02 October 2017

အီဂျစ်ရှိ မြန်မာသံရုံး ပေါက်ကွဲမှု ဟာဆန်အကြမ်းဖက်အဖွဲ့ လက်ချက်ဟု ဆို

၂.၁၀.၂၀၁၇   ဧရာဝတီ


Want create site? Find Free WordPress Themes and plugins.
ရိုဟင်ဂျာဟု သူတို့ဖာသာ အမည်ပေးထားသူများကို စစ်ရေးအရ
ချေမှုန်းမှုပြုလုပ်ခြင်းကို လက်စားချေ သည့်အနေဖြင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ မြန်မာသံရုံးအတွင်း ဖောက်ခွဲမှုတခုကို ပြုလုပ်ခဲ့ကြောင်း ဟာဆန် အမည်ခံ အကြမ်းဖက်အဖွဲ့က ကြေညာလိုက်ပါတယ်။


စနေနေ့က ဖြစ်ပွားသည့် ပေါက်ကွဲမှုကို ဒေသခံများနှင့် သတင်းမီဒီယာများကမူ ဓာတ်ငွေ့ပေါက်ကွဲ ခြင်းဟု ယူဆခဲ့သော်လည်း ဟာဆန် အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်ဟု ဆိုလိုက်တာဖြစ်ပါတယ်။

“လူသတ်သမားတွေ၊ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေ ကလေးတွေနဲ့ မိန်းမတွေကို သတ်တဲ့သူတွေ ရဲ့သံရုံးကို သတိပေးလိုက်သလို အင်အားနည်းတဲ့ မွတ်ဆလင်တွေ နဲ့ သွေးစည်းချစ်ကြည်မှုကို ပြသတဲ့ အနေနဲ့ ဖောက်ခွဲလိုက်တာ”လို့ အဲဒီအဖွဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ထိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက တစုံတရာ ပြောကြားခြင်း မရှိပေမယ့် ပေါက်ကွဲတဲ့ နေရာမှာ ဖောက်ခွဲရေး ပစ္စည်းတွေကို တွေ့ရတယ်လို့ လုံခြုံရေး သတင်းရင်းမြစ် ၂ခုကို ကိုးကား ပြီး Reuters သတင်းကဆိုပါတယ်။

မြန်မာသံရုံးကို ဆက်သွယ်ကာ မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိဘူးလို့ သိရပါတယ်။

ဟာဆန်အကြမ်းဖက်အဖွဲ့ဟာ ကိုင်ရိုမြို့ ဝန်းကျင်ရှိ တရားသူကြီးများနှင့် ရဲများကို ပစ်မှတ်ထား တိုက် ခိုက်တဲ့ အဖွဲ့ဖြစ်ပြီး၊ လွန်ခဲ့သောနှစ် နောက်ပိုင်းကမူ အရပ်သားပစ်မှတ်များကိုပါ တိုက်ခိုက်ခဲ့သည်။

သူတိုရဲ့ ကြေညာချက်မှာတော့ “ဖောက်ခွဲမှုအတွင်းမှာ အရပ်သားတွေ၊ အပြစ်မဲ့သူေ တွကို မထိခိုက် အောင် အထူးဂရုစိုက်ဆောင်ရွက်ခဲ့ပါတယ်၊ ဒီလိုမလုပ်ခဲ့ရင် တားဆီး လို့ မရတဲ့ လောင်မီးတွေကို သင် တို့တွေ့ခဲ့ရမှာပါ”ဟု ဆိုပါတယ်။

ဟာဆန်အဖွဲ့သည် ၂၀၁၃ ခုနှစ်က မတရားအသင်းအဖြစ် ကြေညာခံရပြီ၊း မွတ်ဆ လင် ညီအကိုတော် များ အဖွဲ့ခွဲဟု အီဂျစ်အစိုးရ စွပ်စွဲသော်လည်း မွတ်ဆလင်ညီအ ကိုတော်များအဖွဲ့ကမူ ငြင်းသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီအကြမ်းဖက်သမားများ က ရဲစခန်းများနှင့် စစ်စခန်း တခုကို တိုက်ခိုက်ရာလူ ၁၂ ဦးသေဆုံး ပြီးနောက် မြန်မာ့ တပ်မတော်၏ တုံ့ပြန်တိုက်ခိုက်မှု ကြောင့် ဘင်္ဂလီ ၅သိန်းနီးပါး ထွက်ပြေးခဲ့သည်။
Did you find apk for android? You can find new Free Android Games and apps.