02 October 2017

ထောက်​ပို့တပ်​သားနှစ်​ဦး ​မောင်းနှင်​လာ​သော စစ်​စိမ်း​ရောင်​ကား​ပေါ်မှ WYဆေးပြား ငွေကျပ်တန်ဖိုး သိန်း (၃၇၆၃၅) တန်ဖိုး ဖမ်းဆီးရမိ


2 October 2017 16:30(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)

ရခိုင်ဂေဇက်၊ အောက်တိုဘာ ၂

ရခိုင်ပြည်နယ် ၊ မောင်တောမြို့အဝင် တံတားဂိတ်တွင် အောက်တိုဘာလ ၁ရက် မွန်းလွဲ ၁၂နာရီကျော် အချိန်၌ ​ထောက်​ပို့တပ်​သားနှစ်​ဦးမောင်းနှင်​လာ​သောစစ်စိမ်းေ ရာင် တိုယိုတာ ဟိုင်းလတ်ယာဉ်တွင်​တင်​​ဆောင်​လာ​သောWY နှင့် R စာတန်းပါ ပန်းရောင်ဆေးပြား စုစုပေါင်း (၁၈၈၁၇၅၀)ပြား ၊ ကာလ ငွေကျပ်တန်ဖိုး သိန်း (၃၇၆၃၅) ကို ပူးပေါင်းအဖွဲ့များမှ ဖမ်းဆီး ရမိခဲ့ကြောင်းမောင်တော မြို့နယ်​အဆင့်​ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

"မူးယစ်ဆေးဝါး ဖမ်းမိတာဟုတ်ပါတယ်၊ မနေ့က ၁၂နာရီကျော်လောက်မှာ မောင်တောမြို့အဝင် မှာ တံတားဂိတ် မှာဖမ်းမိတာပါ။ တရားခံတွေကတော့ ဘူးသီးေ တာင်မြို့ အမှတ်(၈၂၈) ထောက်/ပို့တပ်မှ တပ်သား နှစ်ဦးဖြစ်ပါတယ်၊ သူတို့တွေကို လည်း ဥပဒေနဲ့အညီ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်” မောင်တောမြို့နယ်ရှိ မြို့နယ်​ အရာရှိ တစ်​ဦးမှ ရခိုင်ဂေဇက် သို့ ပြောဆိုသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၄၆)မှတပ်ဖွဲ့ဝင်များ မောင်တောမြို့မရဲစခန်းမှ မောင်တော ခရိုင် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါး သတင်းများ အရ မောင်တောမြို့ဝင် တံတား ဂိတ်၌ စောင့်နေစဉ် ဘူးသီးတောင်မြို့ဘက် မှမောင်ေ တာမြို့ဘက်သို့ အရပ်သားဝတ်စုံဖြင့် ဘူးသီးတောင်မြို့ အမှတ်( ၈၂၈)ထောက်/ပို့ တပ်မှ တပ်သားနှစ်ဦး မောင်းနှင်လာသော စစ်စိမ်းရောင် တိုယိုတာ ဟိုင်းလတ်ယာဉ် သည် စစ်ဆေးရေး ဂိတ်အလွန်၌ ကားရေဆူပြီး ရပ်တန့်သွားခဲ့ရာမှ ကားရှေ့ အဖုံးဖွင့် ၍ ပြင်ဆင်နေစဉ် ပူးပေါင်းအဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့ရာ မှယခုကဲ့သို့ကားနောက် ခန်းတွင် အဝါ ၊အဖြူရောင်ရောထားသော ဆာလာအိတ် (၁၁) အိတ်အတွင်း၌ WY နှင့် Rစာတန်းပါ ပန်းရောင်ဆေးပြား များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ (၈၂၈) ထောက်/ပို့ တပ်မှ တပ်သားနှစ်ဦး အား အရေးယူနိုင်ရန် မောင်တောမြို့မ ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

လင်းလက်ခန့် (လခြမ်းမြေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/