07 November 2017

ဘင်္ဂါလီဒုက္ခသည်များကို သီးသန့်ဇုန်ပေးရန်မဖြစ်နိုင်ကြောင်း သမ္မတ အကြံပေးဟောင်း ဦးကိုကိုလှိုင်ပြော


မင်းသီဟန် Akonthi

    ပြန်လည်လက်ခံပေးရမည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီဒုက္ခသည်များကို သီးသန့်ဇုန်ပေးရန် လုံးဝ မဖြစ်နိုင်ကြောင်း အငြိမ်းစားသမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က နိုဝင်ဘာ ၅ ရက်တွင် အကုန်သိ သတင်းဌာနသို့ ပြောသည်။

     ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အစဉ်တစိုက်တောင်းဆိုနေသော အချက်မှာ ဘင်္ဂါလီများအတွက် သီးသန့် ဇုန်ပေးရန်ဆိုသည့်အချက်ဖြစ်ပြီး ယင်းကိစ္စ သည် မြန်မာနိုင်ငံသားများဘက် က လက်မခံနိုင်သောအချက်လည်း ဖြစ်နေသည်။ 
 
“ဒီလူတွေကို သီးသန့်ဇုန် လုပ်ပြန်လို့လည်းမဖြစ်ပြန်ဘူး။ အကုန်ရှုပ်ကုန်မယ်။ ဘာလို့ လဲဆိုတော့ သူ တို့အချင်းချင်းအုပ်ချုပ်တဲ့လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်လာမယ်။ ဒီကနေ ပြည် တွင်းထဲကိုပျံဝင်လာရင် ရှေ့ ဆက်ပိုဆိုး တဲ့အခြေအနေတစ်ခုကိုရင် ဆိုင်ရမယ်။ ဒါကြောင့်သူတို့ကို သီးသန့်ဇုန်ထားလို့မဖြစ်ဘူး’’ ဟု ဦးကိုကိုလှိုင်က ပြောသည်။ 
 
       ဘင်္ဂါလီများကိုလက်ခံရန် နိုင်ငံတကာကလည်း ဖိအားပေးနေ ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ယင်းလူ့အဖွဲ့အစည်းကို သိပ်ကြာ ကြာ လက်ခံထားမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“ရခိုင်တိုင်းရင်းသားတွေဘက်ကလည်း ဒီပဋိပက္ခဟာ သတ်ကြဖြတ်ကြ တစ်ဦးကိုတစ် ဦးဖြစ်ထားတာဆိုတော့ သူတို့ပြန်လာရင် ရန်ငြိုးရန်စတွေ ပြန်ပေါ်လာမယ်။ ဒီ သုံးဦး သုံးဖလှယ်သဘောထားတွေကို ပြန်ကြည့်ရင် တာဝန်ယူရတဲ့ အစိုးရအနေနဲ့ တော်ေ တ်ာလေးကို အကြပ်အတည်းဖြစ်ပါ လိမ့်မယ်။ ဒေသခံတွေကလည်း ဝင်မလာနဲ့ ဝင်လာတာနဲ့ ပြဿနာတက် မယ်။ လက်မခံချင်ကြဘူး ” ဟု ဦးကိုကိုလှိုင်က ပြောသည်။

        ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လက်ခံထားသည့် ဘင်္ဂါလီဒုက္ခသည် ခြောက်သိန်း ခန့်ရှိကြောင်း ယင်းနိုင်ငံက သတင်းထုတ်ပြန်ထားသည်။

“ဘင်္ဂါလီတွေကို ပြန်လက်ခံတာနဲ့ အထူး သဖြင့် ရခိုင်ဒေသမှာဆန္ဒပြမှုတွေဖြစ်လာ လိမ့်မယ်။ နောက်တိုင်းရင်း သားတွေ အနေနဲ့ကန့်ကွက်မှုတွေ ရှိမယ်။ အဓိက နိုင်ငံတကာဖိအားထက် ပြည် တွင်း က ကိုယ့်ကိုရွေးချယ်ပြီး တင်ပေးလိုက်တဲ့ ပြည်သူဘက်က ရပ်တည်ပေးသင့် တယ်။ နိုင်ငံတကာ ဖိအားကတော့ရှိနေမှာဘဲ။ ဒါပေမဲ့ ပြည်တွင်းကိုတော့ ဂရုစိုက်ရ လိမ့်မယ်" ဟု အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်ကလည်း ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ အဆိုပါဒုက္ခသည်များကို ခေါ်ယူရန် ညှိနှိုင်းနေပြီး ပြန်လည်ခေါ်ယူပါက လက်ဝဲတောင်ပြိုနှင့် ငါးခူရ ပြန်လည် လက်ခံရေးစခန်းတို့တွင် လူဝင်မှုဆိုင်ရာလုပ်ငန်းများနှင့် ဆေးစစ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းေ နာက် တစ်ညအိပ်ပြီး ဒါးကြီးဇားကျေး ရွာတွင် ယာယီနေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။