10 November 2017

NVC ကဒ်လုပ်ရာမှာ ပူးပေါင်းဆောင်ရွက်သူ ၁၈ ဦး အသတ်ခံရ


10 November 2017      RFA Burmese
ရခိုင်ပြည်နယ် သက္ကယ်ပြင်ကျေးရွာက မွတ်စလင်တွေကို ဇွန်လ ၂၁ ရက်နေ့က NVC ကဒ်ထုတ်ပေးစဉ်။ Photo: Min Thein Aung/ RFA
      ရခိုင်ပြည်နယ်မှာ NVC နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ရာမှာ အစိုးရနဲ့ ပူးပေါင်းေ ဆာင်ရွက်သူ ၁၈ ဦးအထိ အသတ်ခံခဲ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

     NVC ကဒ်လုပ်ပေးရာမှာ ဝိုင်းဝန်းကူညီတဲ့ ရွာသူကြီးတွေ ဆက်တိုက်အသတ်ခံနေ ရပြီး ၃ လအတွင်း ၁၈ ဦး ရှိသွားပြီဖြစ်ကြောင်း၊ ခြိမ်းခြောက်မှုတွေ ထပ်ပြီးရှိနေတဲ့ အတွက် အစိုးရနဲ့ပူပေါင်းဆောင်ရွက်ဖို့ ကြောက်ရွံ့နေ ကြကြောင်းလူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ပြောပါတယ်။

"ရွာလူကြီးတွေက NVC ကဒ်လုပ်တဲ့နေရာမှာ ဝိုင်းဝန်းကူညီတဲ့အတွက် ပစ်မှတ်ထား ပြီး သတ်ဖြတ်တာခြိမ်းခြောက်တာတွေလုပ်လို့ ရွာလူကြီး ၃ ယောက်လောက်ပျောက် နေတယ်၊ ၁၈ ယောက်ကတော့ အသတ်ခံခဲ့ရတယ်"

ပြီးခဲ့တဲ့ နိုဝင်္ဘာ ၅ ရက်နေ့ကလဲ ဘူးသီးတောင် မောင်တောမှာ NVC ကဒ်အတွက် ပူးပေါင်း ဆောင်ရွက်တဲ့ ရွာသူကြီးတစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

        သတ်ဖြတ်သူတွေဟာ ARSA အကြမ်းဖက်အဖွဲ့ဝင်တွေဖြစ်ပြီး၊ မဖမ်းဆီးမိေ သးကြောင်း ဦးမြင့်ကြိုင်က ပြောပါတယ်။

        NVC စိစစ်ရေးကို လက်ရှိမှာ ဘူးသီးတောင် မောင်တောဒေသတွေမှာ လုပ်ေ ဆာင်နေပြီး အရင်က NVC ကဒ် ထုတ်ယူသူ တနေ့ကို ၁၀ ဦးခန့်ဘဲရှိခဲ့ရာက အခု အခါ ၁၀၀ ၀န်းကျင်အထိ ထုတ်ပေးနေရကြောင်းလည်း ပြောပါတယ်။