09 November 2017

မောင်ကျော်ဇင်ဝင်း ရောက်ရှိတွေ့ဆုံ

၂၀၁၇  နိုင်ဝင်ဘာ ၉    ကိုမင်းဦး FB
        မုံရွာ ကျွန်းကြီးက လေယာဉ် တည်ဆောက်သူ မောင်ကျော်ဇင်ဝင်း ဟာ ဖခင်ဖြစ်သူ ဦးဆန်းကျော် ဦးလေးဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့် တို့နဲ့အတူ ရန်ကုန်လေ ဆိပ်ကိုရောက်ရှိလာပါတယ်။

         ရန်ကုန်လေဆိပ်လုပ်ငန်း Yangon Aerodrome Co.Ltd. အောက်ရုံး အစည်း အဝေခန်းမမှာ တွေ့ဆုံပြီး ခရီးဥင်္ီးကြိုဧည့်ခံပါတယ်။


     ပထမဆုံး အနေနဲ့ လေကြောင်းသမိုင်းကို power point နဲ့ရှင်းပြပေးပြီး လေယာဉ်တစ်စီးတည်ဆောက်ဖို့ ဘာတွေလိုအပ်တယ် အခြေခံအားဖြင့် ဘယ်လို knowledge တွေရှိရမယ်ဆိုတာတွေကို ပုံတွေနဲ့တကွရှင်းပြပါတယ်။

       စာရေးသူနဲ့ အတူ မြန်မာလေကြောင်းဝါသနာရှင်များအသင်းအတွင်းရေး မှူး ဒေါ်ဥမ္မာဘိုဘို တွဲဘက်အတွင်းရေးမှူးဦးထွန်းဝင်းနိုင် အမှုဆောင်အဖွဲ့ဝင်များဖြစ်တဲ့ ဦးရန်လင်းနိုင် ( လေယာဉ်တည်ဆောက်မှု ပညာရှင်) နဲ့ ဦးဝင်းဘော် ( လေယာဉ် စက်မှုပညာရှင် နှင့် ပုံစံငယ်ကျွမ်းကျင် ) တို့က လက်ခံတွေ့ဆုံပြီး သိသင့်သိထိုက် သည်များ ဆွေးနွေးခြင်းသိံလိုသည်များကိုဖြေကြားပေးခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။

         ဆက်လက်ပြီး လေယာဉ်တည်ဆောက်မှုသာမက safetyဘေးအန္တရာယ် ကင်းရှင်းရေးသည် လေကြောင်းလောကအတွက်မည်မျှအရေးပါကြောင်းသေသေ ချာချာတွက်ချက်တည်ဆောက်ထားသည့်လေယာဉ်များပင်လျှင် တစ်ချက်အမှား ပါသည်နှင့် အသက်ပေးလိုက်ရသည့် သာဓကများရှိခဲ့ပါကြောင်းသေချာစွာရှင်း လင်းပြောကြားပါတယ်။

    အဲဒီနောက် မောင်ကျော်ဇင်ဝင်းအား မြန်မာလေကြောင်းဝါသနာရှင်အသင်း၏ ဂုဏ်ထူးဆောင်အသင်းသားအဖြစ်အသိအမှတ် ပြုမည်ဖြစ်ကြောင်း အသင်း၏ တံဆိပ်ပါ အင်္ကျီ အားလက်ဆောင်အဖြစ်ပေးအပ်ပါတယ်။

မောင်ကျော်ဇင်ဝင်း၏ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုတဲ့အနေဖြင့် လေဆိပ်တွင်း လေယာဉ်များအားလက်တွေ့မျက်မြင် ပြသရှင်းလင်းကာမြန်မာ လူငယ်တစ်ဦး လေကြောင်းပညာကို နည်းလမ်းမှန်ကန်စွာ စိတ်ပါဝင်စားကာအကျိုးရှိ မည့်ကိစ္စ များဆက်လက်ဆောင်ရွက်နိုင်စေကြောင်း ရန်ကုန်လေဆိပ်ဝန်ဆောင်မှုကုမ္ပဏီ YACLနှင့် မြန်မာလေကြောင်းဝါသနာရှင်များအသင်းတို့မှတတပ်တအား ပံ့ပိုး ကူညီပေး ခဲ့ပါကြောင်း ပါခင်ဗျား။