08 November 2017

သူရဦး​ရွှေမန်းသည်​ ၎င်း၏လုံခြုံ​ရေးစိတ်​မချ၍ ရန်​ကုန်​မြို့ သို့ပင်​မလာ​ကြောင်းပြော

      Credit. မြန်​မာသံ​တော်​ဆင့်


        သူရဦး​ရွှေမန်း လုံခြုံ​ရေးစိတ်​မချ၍ ရန်​ကုန်​သို့မလာရဲကြောင်း တပ်​မ​တော်​အစိုး ရ လက်​ထက်​မှစ၍ ယ​နေ့တိုင်​ လက်​နက်​ကိုင်​ပြည်​ထဲ​ရေးလုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များ၏ေ စာင့်​​ရှောက်​မူ့ကို ဥပ​ဒေအရခံယူရရှိထားသည့်​ ဗိုလ်​ချုပ်​ကြီး​ဟောင်းသူရဦး​ရွှေမန်း သည်​ ၎င်း၏လုံခြုံ​ရေးစိတ်​မချ၍ ရန်​ကုန်​မြို့ သို့ပင်​မလာ​ကြောင်း သူရဦး​ရွှေမန်း၏ ဥပ​ဒေအထူး​ကော်​မရှင်​ အဖွဲ့ဝင်​တစ်​ဦးက မြန်​မာသံ​တော်​ဆင့်​သို့​ပြောသည်​။
 
    သူရဦး​ရွှေမန်းသည်​ ပြည်​​ထောင်​စုလွှတ်​​တော်​နာယကအဖြစ်​ တာဝန်​ယူစဉ်​ ၂၀၁၅ သြဂုတ်​လတွင်​ သမ္မတဦးသိန်းစိန်​၏ ဘက်​​တော်​သားများက လက်​နက်​ကိုင်​အင်​အား များသုံး၍ သူရဦး​ရွှေမန်းရုံးထိုင်​သည့်​ ​ နေပြည်​​တော်​ပြည်​ခိုင်​ဖြိုးဌာနချုပ်​ရုံးခန်းကို ဝင်​​ရောက်​စီးနင်း​နေရာယူပြီး သူရဦး​ရွှေမန်း ခွင့်​ပြုချက်​မရှိဘဲ သူရဦး​ရွှေမန်း၏ရုံးခန်း အတွင်း ဝင်​​ရောက်​သိမ်းပိုက်​ခြင်းခံရပြီး​နောက်​ သူရဦး​ရွှေမန်း မတရားဖမ်းဆီးခံရမည်​စိုး၍ လွှတ်​​တော်​ပင်​မရပ်​နားရဲဘဲ ယင်းကာလ၌ လွှတ်​​တော်​အစည်းအ​ဝေးများ ဆက်​တိုက်​ကျင်းပခဲ့​ကြောင်း လွှတ်​​တော်​ကိုယ်​စားလည်​​အချို့က​ဝေဖန်​​ပြောကြားခဲ့ကြသည်​။

     NLDအစိုးရအာဏာရပြီး​နောက်​ သူရဦး​ရွှေမန်း သည်​ ​ရွေး​ကောက်​ပွဲရှုံးနိမ့်​ခဲ့​သော်​လည်း ပြည်​​ထောင်​စုလွှတ်​​တော်​ဥပ​ဒေ အထူး​ကော်​မရှင်​ဥက္ကဌအဖြစ်​ ​နေရာရလာခဲ့ ကာ ၎င်းကိုမလိုလားသည့်​ အဖွဲ့ အစည်းများ၏ လုပ်​ကြံမည့်​ရန်​ကို ခဲမှန်​ဖူးသည့်​စာသူ ငယ်​သဖွယ်​ ထိတ်​လန့်​​နေခြင်းလည်းဖြစ်​သည်​။

လွန်​ခဲ့​သောလအနည်းငယ်​ကလည်း ရန်​ကုန်​မြို့ တွင်​ ၎င်းနှင့်​ရင်းနှီးသူများပြုလုပ်​သည့်​ ဧရာဝတီတိုင်းဓမ္မာရုံ ဝါဆိုသင်္ကန်းကပ်​ပွဲ ဖိတ်​ကြားရာသို့လည်း ကိုယ်​တိုင်​မတက်ေ ရာက်​ဘဲ ကိုယ်​စားတစ်​ဦးသာ တက်​​ရောက်​​စေခဲ့​ကြောင်းသိရသည်​။

      ထိုဧရာဝတီတိုင်းဓမ္မာရုံပွဲသို့ သူရဦး​ရွှေမန်းက သဝဏ်လွှာ​ပေးပို့ခဲ့ပြီးဝန်ကြီးချုပ်
ဟောင်းဦးသိန်း​အောင်​ သည်​လည်း တရားကျင့်​​နေသည်​ဟုဆိုကာ ကိုယ်​တိုင်​မလာေ ရာက်​နိုင်​၍ သဝဏ်လွှာပို့ခဲ့​ကြောင်း အခမ်းအနားတက်​​ရောက်​ခဲ့သူတစ်​ဦးကမြန်​မာ သံ​တော်​ဆင့်​သို့​ပြောဆိုသည်​။

        သူရဦး​ရွှေမန်း၏တပည့်​ဟု လူသိများ​သော ဝန်​ကြီး​ဟောင်း ဦးဆန်းဆင့်​သည်​ သမ္မတဦးထင်​​ကျော်​ ၏ လွတ်​ငြိမ်းချမ်းသာခွင့်​ဖြင့်​ ပြန်​လည်​လွတ်​​မြောက်​ပြီး​နောက်​ ဆရာ​တော်​ကြီးများထံ သွား​ရောက်​ဖူး​မျှော်​စဉ်​ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​အချို့၏ လိုက်​လံေ ထာက်လှမ်းခြင်းခံ​နေရ​ကြောင်း၊ ​နေပြည်​​တော်တွင်ကြံခိုင်​​ရေးကိုယ်စားလှယ်​လောင်း
ဟောင်း ဖြိုးကိုကိုတင့်​ဆန်းထံမှ လက်​နက်​များဖမ်းဆီးရမိသည့်​သတင်းများဖြစ်​​ပေါ် ပြီး​နောက်​ နိုင်​ငံ​တော်​အတိုင်ပင်ခံ​ခေါင်း​ဆောင်​ ​ဒေါ်​အောင်ဆန်းစုကြည်၏လုံခြုံရေး စိုးရိမ်​ရ​ကြောင်း တာဝန်​ရှိသူအချို့ ထုတ်​​ဖော်​​ပြောကြားလာချိန်​တွင်​ သူရဦး​ရွှေမန်း သည်​လည်း ၎င်း၏လုံခြုံ​ရေးစိုးရိမ်​၍ အသွားအလာဆင်​ခြင်​​နေပြီး ရန်​ကုန်​မြို့ သို့ပင်​ မလာရဲဖြစ်​​နေ​ကြောင်း သတင်းထွက်​​ပေါ်လာခြင်းဖြစ်​သည်​။

   နိုင်​ငံ​ရေးလုပ်​မှာကို ဟိုဘက်​က​တော်​​တော်​​လေးလန့်​​နေတယ်​။ အဘကိုနည်းမျိုးစုံနဲ့ အနှာင့်​အယှက်​​တွေ​ပေး။ ဒါမျိုးဖြစ်​​နေတာ၊ ဗိုလ်​ချုပ်​ကြီးလည်း ရည်​ရွယ်​ချက်​​တွေ​တော့ ရှိပါလိမ့်​မယ်​ဟု သူရဦး​ရွှေမန်း၏ ဥပ​ဒေအထူး​ကော်​မရှင်​အဖွဲ့ဝင်​တစ်​ဦးက​ပြောသည်​။

     ယခုနှစ်​ မတ်​လဆန်းက ပြည်​​ထောင်​စုလွှတ်​​တော်​မှနိုင်​ငံသားများ၏ ပုဂ္ဂိုလ်​ဆိုင်​ရာ လွတ်လပ်မှုနှင့်လုံခြုံမူကိုကာကွယ်​​ပေး​ရေးဥပ​ဒေအား နိုင်ငံ​တော်သမ္မတဦးထင်​​ကျော်​ လက်​မှတ်​​ရေးထိုး၍ ပြဌာန်း​ပေးခဲ့သည်​။

   ကျွန်​​တော်​တို့​ကော်​မရှင်​က  ​ရေးဆွဲပြီး​တော့ လွှတ်​​တော်​ကပြဌာန်း​ပေးလိုက်​တဲ့နိုင်​ငံသားများ၏ ပုဂ္ဂိုလ်​ဆိုင်​ရာလွတ်​လပ်​ခွင့်​ လုံခြုံမူကို ကာကွယ်​​ပေးမူ့​တွေဆိုပြီး​တော့ ပြဌာန်းထုတ်​ပြန်​လိုက်​တာရှိတယ်​။ သမ္မတဦးထင်​​ကျော် ​ လက်​မှတ်​ထိုးပြီး​တော့​လေ။

      လူတစ်​​ယောက်​ကို အိမ်​​ရှေ့မှာ ​စောင့်​​နေတာတို့၊ ​နောက်​​ယောင်​ခံလိုက်​တာတို့၊ သူ့ရဲ့ဂုဏ်​သိက္ခာနဲ့လွတ်​လပ်​ခွင့်​ကို ထိခိုက်​​အောင်​လုပ်​တဲ့ကိစ္စ​တွေ၊ တစ်​​ယောက်​နဲ့တစ်​​ယောက်​ တယ်​လီဖုန်း​ပြောတာကို ကြားဖြတ်​နား​ထောင်​တဲ့ကိစ္စ​တွေ ဒါ​တွေနဲ့ ပတ်​သက်​ရင်​ အမူ့ဖွင့်​လို့ရတယ်​။

   အမူဖွင့်​ရင်​လည်း ဒါကို ရဲစခန်းက​နေ​ဆောင်​ရွက်​​ပေးရမယ်​။ ​ဆောင်​ရွက်​မ​ပေးရင်​ စခန်းကိုပါ အ​ရေးယူလို့ရတယ်​ဆိုပြီး​တော့ အဲဒီလို ကျွန်​​တော်​တို့က ဆွဲပြီးလုပ်​ထား တာရှိတယ်​ဟု ဥပ​ဒေအထူး​ကော်​မရှင်​တာဝန်​ရှိ သူက မြန်​မာသံ​တော်ဆင့်​သို့  ​ပြောကြားခဲ့သည်​။