06 November 2017

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရခိုင်ပြည်နယ်အတွင်းရှိလမ်း/ တံတားလုပ်ငန်းများနှင့် လျှပ်စစ်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး




နေပြည်တော် နိုဝင်ဘာ ၆     သတင်းစဉ်

       ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်သည် နိုဝင်ဘာ (၅)ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင် ၊ ကျောက်ဖြူ-ရမ်းဗြဲလမ်း ၊ လေးတောင်ဒေသရှိဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတား အထူးအဖွဲ့(၈)မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ကင်းချောင်းတံတား တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိပြီးတံတားရေ လည်တိုင် များ စတင်တူးဖော်ရန် ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။



   ဆက်လက်၍ ရမ်းဗြဲမြို့နယ် ၊ အောင်လှပြင်ကျေးရွာသို့ သွားရောက်၍ မာန်အောင် ကျွန်းသို့ ဆက်သွယ်သွားလာနိုင်ရေးအတွက် မောင်းတက် မောင်းဆင်း ဇက်ရေ ယာဉ် ဆင်းဆိပ်ကမ်းတည်ဆောက်နိုင်ရေး သွားရောက်ကြည့်ရှုသည်။

        တာဝန်ရှိသူများ နှင့် ဒေသခံများက နယ်မြေအခြေအနေနှင့် ရေလမ်းကြောင်း အခြေအနေတို့ အားရှင်းလင်း တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က မောင်းတက်ေ မာင်းဆင်း ဇက် ရေယာဉ်ဆင်းဆိပ်ကမ်း တည်ဆောက်နိုင်ရေးအတွက် ဖြစ်နိုင်စွမ်း ရှိသည့် အခြားနေရာ များကိုလည်း ဆက်လက် စူးစမ်းရှာဖွေလေ့လာတင်ပြရန်နှင့် အောင်လှပြင်နှင့် အနီး ပတ်ဝန်းကျင် ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လျာထားဆောင်ရွက်ရန်မှာကြားသည်။

      ထို့နောက် အောင်လှပြင်-ရမ်းဗြဲ-ပိန်းနှဲတောင်လမ်းနှင့် ရန်ကုန်-ကျောက်ဖြူလမ်း အခြေအနေအားကြည့်ရှုစစ်ဆေးပြီးရန်ကုန်-ကျောက်ဖြူလမ်းမကြီး (ကျောက်ဖြူ-မအီ) လမ်းပိုင်းပေါ်ရှိမင်းကြောင်းချောင်းတံတားသို့ ရောက်ရှိကာ ရေလည်တိုင်များ ဆားငံေ ရ တိုက်စားမှုကြောင့် သံကူကွန်ကရစ်များ ပျက်စီးနေ၍ ခေတ်မှီကာဗွန်ဖိုက်ဘာနည်း ဖြင့် ပြုပြင်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး မင်းကြောင်းချောင်းတံတားနှင့် ရန်ကုန်- ကျောက်ဖြူ လမ်းပေါ်ရှိတံတားများ၏ ကြံ့ခိုင်မှုအခြေအနေအား စဉ်ဆက်မပြတ်စောင့် ကြည့်လေ့လာ ရန်နှင့် ဖြစ်တတ်သောနေရာများအား အမှတ်အသားများထားရှိ၍ စောင့်ကြည့်တင်ပြရန် မှာကြားသည်။

     ယင်းနောက် မအီ-ပဒဲကြော-အမ်းလမ်းအပိုင်း အားလမ်းတစ်လျှောက် ကြည့်ရှုစစ် ဆေး၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ် ဓါတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန ၊ အမ်းပင်မဓါတ်အားခွဲရုံသို့ ရောက်ရှိပြီး ခွဲရုံမှူးမှ ဓါတ်အားခွဲရုံအခြေအနေ ၊ ၂၃၀ / ၃၃ / ၁၁ ကေဗွီ ၊ ၄၅ အမ်ဗွီအေအမ်းပင်မ ဓါတ်အားခွဲရုံမှ ဓါတ်အားချိတ်ဆက် မှု ၊ ဓါတ်အား လက်ခံမှုနှင့် ဓါတ်အားဖြန့်ဖြူးမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး မှ လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး Control Room နှင့် Switch Yard တို့အားကြည့်ရှုစစ်ဆေးသည်။ အမ်းပင်မဓါတ်အား ခွဲရုံမှာ ရခိုင်ပြည် နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓါတ်အား အပြည့်အဝ ပေးနိုင်ရေးအတွက် ရည်ရွယ်တည်ဆောက်ထားပြီး ဓါတ်အားအထွက်လိုင်း ၃၃ကေဗွီ အမ်းမြို့တွင်း လိုင်းဖြင့် အမ်းမြို့နယ်နှင့် ကျောက်ဖြူခရိုင် တို့အား ဓါတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။

     ညနေပိုင်းတွင် မင်းဘူး-အမ်းလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၈၀/၂နှင့် ၈၀/၃)ကြား တွင်သဘာဝဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်းအနီး မြေပြိုကျနေမှုအခြေအနေ တို့အား ကြည့်ရှုစစ်ဆေး၍ ပွင့်လင်းရာသီတွင် အပြီးပြင်ဆင် ထိန်းသိမ်းသွားရန်မှာကြားသည်။ ဆက်လက်၍ မင်းဘူး-အမ်းလမ်းအခြေအနေနှင့် နေပြည်တောင်-တောင်ညို-မြို့သစ်-ကံပြား- မကွေးလမ်းပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ် ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)