မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၅ မှာ တာဝန်ထမ်းဆောင်တဲ့
နယ်ခြားေ စာင့်ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို နယ်စပ်မိုင်တိုင် ၄၅ နဲ့ ၄၆ ကြားမှာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု နိုဝင်ဘာ ၅
ရက် ညနေပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
မိုင်တိုင် ၄၅ မှာ တာဝန်ကျတဲ့ ရဲဒုတပ်ကြပ်မျိုးနိုင်နဲ့ တပ်ဖွဲ့ဝင်သုံးယောက်တို့ အောင်သပြေနယ်မြေရုံးမှာ လစာထုတ်ယူပြီးအပြန် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ မိုင်တိုင် ၄၆ နဲ့ ၄၅ ကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တောင်ကုန်းငယ်တစ်ခုကနေ လက် နက်ငယ်နဲ့ အချက် ၂၀-၃၀ လောက် ပစ်ခတ်ခဲ့တဲ့အတွက် ရှေ့ဆုံးကဆိုင်ကယ်မောင်း လာတဲ့ ရဲတပ်သား ထန်စွမ်းပြောင်က ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဒုတပ်ကြပ်မျိုးနိုင်နဲ့ သုံးယောက်တို့ကလည်း အချက် ၃၀ လောက် ပစ်ခတ်ခဲ့ရပါတယ်။
အုပ်စုကွဲသွားတဲ့ ရဲဒုတပ်ကြပ်မျိုးနိုင်နဲ့ နောက်ထပ်တပ်ဖွဲ့ဝင် ၂
ယောက်ကို ညနေ ၆ နာရီ ၄၅ မှာ အဆက်အသွယ်ပြန်ရခဲ့ပြီး မိုင်တိုင် ၄၅ စခန်းကို
နယ်မြေမှူး ရဲမှူးအောင်မြင့်မြတ်ဦးဆောင်တဲ့အဖွဲ့က
ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်တဲ့အဖွဲ့ဟာ ဘယ်အ ဖွဲ့ဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။
အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်းကလည်း မိုင်တိုင် ၄၆ နဲ့ ၄၇ ကြားမှာ အောင်သပြေရွာသား လေးယောက် ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အတွက် ၂ ယောက်သေဆုံးခဲ့ပြီး သေနတ်ဒာဏ်ရာတွေ ရခဲ့တဲ့ ၂ ယောက်ကတော့ အခုအချိန်ထိ ဆေးရုံတက်ကုသနေရဆဲဖြစ်ပါတယ်။
မိုင်တိုင် ၄၅ မှာ တာဝန်ကျတဲ့ ရဲဒုတပ်ကြပ်မျိုးနိုင်နဲ့ တပ်ဖွဲ့ဝင်သုံးယောက်တို့ အောင်သပြေနယ်မြေရုံးမှာ လစာထုတ်ယူပြီးအပြန် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်မှာ မိုင်တိုင် ၄၆ နဲ့ ၄၅ ကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တောင်ကုန်းငယ်တစ်ခုကနေ လက် နက်ငယ်နဲ့ အချက် ၂၀-၃၀ လောက် ပစ်ခတ်ခဲ့တဲ့အတွက် ရှေ့ဆုံးကဆိုင်ကယ်မောင်း လာတဲ့ ရဲတပ်သား ထန်စွမ်းပြောင်က ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဒုတပ်ကြပ်မျိုးနိုင်နဲ့ သုံးယောက်တို့ကလည်း အချက် ၃၀ လောက် ပစ်ခတ်ခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ဝင် လေးယောက်မှာ ရဲတပ်သား ထန်စွမ်းပြောင်တစ်ယောက်ပဲ မိုင်တိုင်
၄၅ စခန်းကို ညနေ ၆ နာရီကျော်မှာ ပြန်ရောက်လာပြီး နောက်ထပ် ရဲတပ်ဖွဲ့ဝင်
သုံးယောက်က ပြန်ရောက်မလာတဲ့အတွက် နယ်မြေစခန်းရုံးကို သတင်းပေးပို့ပြီး
အောင်သပြေနယ်မြေစခန်းက ရဲမှူးအောင်မြင့်မြတ်ဦးဆောင်ပြီး မိုင်တိုင် ၄၅ နဲ့
၄၆ တို့က နယ်ခြားစောင့်တပ်ဖွဲ့ဝင် အင်အား ၂၀ က ညနေ ၆ နာရီခွဲမှာ
ရောက်ရှိရှင်းလင်း ခဲ့ရတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သိရပါတယ်။