26 December 2017

ARSAအကြမ်းဖက် တိုက်ခိုက်မှုကြောင့် (၄)လတာ ပိတ်ထားခဲ့ရသော မောင်တောမြို့မ ဈေးကြီးစတင်ဖွင့်လှစ်


26 December 2017     Rakhine Gazette





ရခိုင်​ပြည်​နယ်​၊ ​မောင်​​တော​ဒေသအတွင်း ARSA အကြမ်းဖက် တိုက်ခိုက်မှုကြောင့် (၄)လတာ ပိတ်ထားခဲ့ရသော မောင်တောမြို့မဈေးကို ယနေ့ ဒီဇင်​ဘာလ(၂၆)ရက်​​နေ့ နံနက်၈နာရီအချိန်တွင် ပြန်​လည်​ဖွင့်လှစ် ​ရောင်းချ​နေပြီ ဖြစ်​ကြောင်း မောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်​။


"မောင်တောမြို့မဈေးကို ဒီဇင်​ဘာ၂၃ရက်​တုန်းက ပဲ (၂၆)ရက်​​နေ့​စပြီးဈေးကို ပြန်​လည်ဖွင့်လှစ်တော့မယ်​လို့ ​ကြေညာထားပါတယ်​၊ ဒီ​နေ့ စပြီး ဈေးကိုဖွင့်လှစ်ထားပါပြီ​ပေါ့ လက်ရှိမောင်တောမြို့မဈေးကြီးမှာ ဈေးဆိုင်ခန်းပေါင်း (၄၅၃) ခန်းရှိတယ်​၊ဒီ​နေ့ ​ဈေးဆိုင်​ခန်း(၂၆၀) ကိုစဖွင့်တယ်​​ပေါ့၊နောက်နေ့မှာ အားလုံးနီးပါး ဖွင့်လာနိုင်ပါတယ်လို့မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု​ဆောင်​အရာရှိဦး​ရွှေ​မောင်​မှ ရခိုင်​​ဂေဇက်​သို့ပြောသည် ။


မောင်​​တောမြို့မ​ဈေးကြီးမှာသြဂုတ်လ(၂၅)ရက် အကြမ်းဖက်မှုဖြစ်​စဉ်​ကြောင့် ပိတ်​ထားခဲ့ရကာယ ခု(၄)လအကြာတွင်​မှ ပြန်​လည်​ဖွင့်​လှစ် ​နိုင်​ခဲ့ခြင်းဖြစ်​သည်​။

"မောင်တောမြို့မဈေး တစ်ခုလုံးကို CCTV လုံခြုံရေးကင်မရာများ တက်ဆင်ထားပြီး လုံခြုံရေးရဲအင်အားလည်းတိုးမြှင့်ထားတယ်​"ဟုမောင်တောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးရွှေမောင် မှ ဆိုသည်​။

ယခုလက်ရှိ မောင်တောမြို့မှာ တည်ငြိမ်းအေးချမ်းမှုရှိလာပြီဖြစ်​​သော​ကြောင့်​ ​မြို့မ​ဈေးကြီးပြန်​လည်​ဖွင့်​လှစ်​ပြီဖြစ်​​သော်​လည်း ​မောင်​​တောမြို့အတွင်းပုဒ်​မ ၁၄၄အားရုတ်​သိမ်းထားခြင်းမရှိ​သေးပဲ သက်​တမ်းနှစ်​လ ထပ်​မံတိုးမြှင့်​ထား​ကြောင်း သိရသည်​။