နေပြည်တော်၊ဒီဇင်ဘာ၂၈ Popular News Journal
မော်တော်ယာဉ်တိမ်းမှောက်မှု နှင့် စပ်လျဉ်းပြီး ငွေတောင်းခံခဲ့သော ရေးမြို့၊မြို့မရဲစခန်းက ရဲအုပ်အဆင့်ရှိ အမှုစစ်အရာရှိကို အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် ကျခံစေရန် မွန်ပြည်နယ်တရားလွှတ်တော်က ဒီဇင်ဘာလ ၂၀ရက်နေ့တွင် အမိန့် ချမှတ်လိုက်သည်။
အဂတိလိုက်စားမှုကော်မရှင်က တရားလိုလုပ် တရားစွဲဆိုခဲ့မှုအပေါ် ပြည်နယ်တရားလွှတ်တော်က ၁၁လအချိန်ယူကာ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် အထက်ပါပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
မွန်ပြည်နယ် ရေးမြို့၊ မြို့မရဲစခန်း အမှုစစ်အရာရှိ ရဲအုပ်——-(လ ၁၉၉—) သည် အမှုစစ်ရဲအရာရှိ၏ လုပ်ပိုင်ခွင့်ကို အသုံးပြုလျက် လာဘ်ငွေများ တောင်းခံရယူခဲ့ကြောင်း ကော်မရှင်က စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းအား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅၆ ဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့တွင် မွန်ပြည်နယ်တရားလွှတ်တော်၌ တရားစွဲတင်ပို့ခဲ့သည်ဟု သိရသည်။
PN