News Watch
[တင်သူဇာ - ၁၆ နှစ်နှင့် ၁ လ၊ စုမွန်လတ် ၁၆ နှစ်နှင့် ၁ လ၊ ရာဇာထွန်း ၁၃ နှစ် ၁ လ၊ တင်မင်းလတ် ၉ နှစ် ၁လ၊ ဦးကိုလတ်နှင့် မသီရိလတ် ကွင်းလုံးကျွတ်လွတ်]
------ ------ ------ ----- -----
အိမ်အကူမိန်းကလေး ၂ဦးအား ညှဉ်းပမ်းနှိပ်စက်မှုဖြင့် စွဲချက်တင်ခံရသော အင်းဝအပ်ချုပ်ဆိုင်အမှုကို ဒီဇင် ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့  အနောက်ပိုင်းခရိုင် တရားရုံးတွင် အပြီးသတ်အမိန့်ချမှတ်သည် ။
အိမ်အကူ မသဇင်၏ အိမ်ရှင် ဒေါ်တင်သူဇာနှင့် မစန်းကေခိုင်၏အိမ်ရှင် ဒေါ်စုမွန်လတ်တို့ ၂ ဦးအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၉ အရ ထောင်ဒဏ် ၁၀ နှစ်စီ၊ မတရားဖမ်းဆီးချုပ်နှောင်ထားမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၁ အရ ထောင်ဒဏ် ၅နှစ်စီနှင့် ကလေးသူငယ် ညှဉ်းပမ်းနှိပ်စက်မှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ် မ ၆၆(ဃ )အရ ထောင်ဒဏ် ၁နှစ်ချမှတ်ခဲ့သည်။
တရားခံရာဇာထွန်းနှင့် တင်မင်းလတ်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄၊ ၃၂ အရ ထောင်ဒဏ် ၇နှစ်စီ ၊ ကလေးသူငယ် ညှဉ်းပမ်းနှိပ်စက်မှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ ထောင် ဒဏ် ၁နှင့် တရားခံရာဇာထွန်းကို မတရားဖမ်းဆီးချုပ်နှောင်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၁ အရ ထောင်ဒဏ် ၅နှစ်၊ တရားခံ တင်မင်းလတ်အား မတရားဖမ်းဆီးချုပ်နှောင်မှုအတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၃ အရ ထောင်ဒဏ် ၁နှစ် အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။
တရားခံ တင်သူဇာမှာ စုစုပေါင်း ပြစ်ဒဏ် ၁၆နှစ်နှင့် ၁လ၊ စုမွန်လတ် ၁၆ နှစ် ၁လ၊ ရာဇာထွန်း ၁၃ နှစ် ၁ လ ၊ တင်မင်းလတ် ၉ နှစ်နှင့်၁လ ပြစ်ဒဏ် အသီးသီးချမှတ်ခဲ့သည်။
ဦးကိုလတ်နှင့် မသီရိလတ်တို့ကို ပြစ်မှု မထင်ရှားသဖြင့် စွဲချက်တင်ထားသည့်ပုဒ်မများမှ တရားသေလွှတ်လိုက် သည်။
"အမက ဦးကိုလတ်နဲ့ သီရိလတ်အတွက် အမှုလိုက်ပေးတာ။ သီရိလတ်ကို သူ့သမီးလေး ၂ ယောက်ဆီ အ ရောက် ပို့ပေးမယ်လို့ကတိပေးခဲ့တာ။ ခုလိုအမှုကလွတ်သွားတဲ့အတွက် ကျေနပ်မိပါတယ်"ဟု ဦးကိုလတ်နှင့် ဒေါ်သီရိလတ်တို့၏ အမှုလိုက်ပေးသူ အထက်တန်းရှေ့ နေ ဒေါ်နှင်းဆုအောင်က ပြောသည်။