By ဒီဗွီဘီ 17 December 2017
ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဒီကနေ့ ပြုလုပ်မယ့် ရှမ်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲအကြို ပထမဆုံးအကြိမ် လူထုတွေ့ဆုံပွဲပိတ်ပင်တားဆီးခံခဲ့ရပါတယ်။
အန်စီအေစာချုပ်အရ အစိုးရနဲ့ သဘောတူထားတဲ့ လာမယ့် ဇန်နဝါရီ လင်းခေးမှာပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထုတွေဆုံပွဲပြုလုပ်တာကို လွိုင်လင်တိုက်နယ်ဗိုလ်မှူးကြီး အောင်ဌေး ကိုယ်တိုင်လာရောက်ဟန့်တားတယ်လို့ သိရပါတယ်။
RCSS တောင်ကြီး ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး စိုင်းဦးက “အမှန်လင်းခေးမှာ လုပ်မယ်ဆိုကတည်းက ခွင့်ပြုချက်ရပြီးသား၊ NCA လမ်းစဉ်အတိုင်း ကျနော်တို့သွားနေတာပေါ့။ လင်းခေးမှာလုပ်မယ့်ပွဲကို လူထုကိုရှင်းပြဖို့ပါ။ အခုလို တားဆီး ခံရတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဟန့်အတား ဖြစ်စေတယ်”လို့ ပြောပါတယ်။
လူထုတွေ့ဆုံပွဲ မပြုလုပ်ဖို့ ရောက်ရှိနေတဲ့ လူတချို့ကိုလည်း ပြန်ခိုင်းပြီး တွေ့ဆုံပွဲ မလုပ်ဖို့လည်း တားဆီးလိုက်တယ်လို့ သိရပါတယ်။
ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာမယ့် ဇန်နဝါရီလမှာ လင်းခေးမှာ ပြုလုပ်ခွင့်ရတဲ့အတွက် စီစဉ်ထားတဲ့အတိုင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။