7daydaily. December 15, 2017
မြန်မာ့စီးပွားရေးဂျက်ပါ ၀ါဖြင့် တက်မည့်နှစ်ဟုပြီးခဲ့သည့် ခြောက်လက ကြွေးကြော်ခဲ့သောစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက စီးပွားရေးမှာ မျှော်မှန်းသ လောက် တိုးတက်မှုမရှိကြောင်း နှစ်ကုန်ရန် ရက်ပိုင်းအလိုတွင် ပြောသည်။
မြန်မာ့ စီးပွားရေးသည် ၂၀၁၇ တွင် ဂျက်ပါဝါအရှိန်ဖြင့် တက်မည့်နှစ်ဖြစ်ကြောင်း ဇွန်လ ၆ ရက်က နေပြည်တော်၌ ပြုလုပ် သော မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးကပြော ကြားခဲ့သည်။ ‘2017 is our take off year’ ဟု သတ်မှတ်၍ ရှိသမျှ အစွမ်းအစနှင့် စီးပွားရေးကို မီး ကုန်ယမ်းကုန်ဦးမော့လာအောင် ကြိုးစားမည်ဖြစ်ပြီး ဆောင်ပုဒ် တစ်ခုအနေဖြင့် သတ်မှတ်ထား သည်ဟု ၀န်ကြီးကဆိုသည်။
‘‘နိုင်ငံတော်ရဲ့ စီးပွားရေး အနေအထားက ကျွန်တော်တို့ မျှော်မှန်းသလောက် တိုးတက်မှု မရှိဘူးဆိုတာ အဖွဲ့အစည်းတွေ ဘက်က သုံးသပ်မှုရှိနေတာကို ကျွန်တော်တို့ကိုယ်၌က အမှန်တ ရားကို လက်ခံရမှာဖြစ်ပါတယ်’’ ဟု ဒီဇင်ဘာ ၁၃ ရက်နေပြည် တော်တွင် ပြုလုပ်သည့်အသေး စားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး တွင် ဦးကျော်ဝင်းက ပြောသည်။
အစိုးရသက်တမ်း၂ နှစ်ခန့် ရှိလာပြီးနောက်တွင် မြန်မာနိုင်ငံ ၏ စီးပွားရေးအခြေအနေကို လေ့ လာမည်ဆိုပါက လုပ်စရာများစွာ ရှိနေကြောင်း ပြည်ထောင်စုဝန် ကြီးက အဆိုပါအစည်းအဝေးတွင် ပြောသည်။ထို့ပြင် အသေးစား၊အ လတ်စားလုပ်ငန်းများအတွက် ဘဏ်များမှ ငွေထုတ်ချေးရာတွင် လည်းအလှပြင်ဆိုင်များကို ချေး ငွေပေးခြင်းနှင့် ပတ်သက်၍ နိုင်ငံ တော်ကို တစ်နည်းတစ်ဖုံ အ ထောက်အကူပေးနိုင်သည့် ချေး ငွေဖြစ်ရန်လိုကြောင်း ပြည် ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားသည်။
၂၀၁၇ မြန်မာနိုင်ငံ၏စီးပွား ရေးသည် အစိုးရ၏စီးပွားရေးဆိုင် ရာ မူဝါဒရှင်းလင်းပြတ်သားမှုမရှိ ခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များက ယုံကြည်မှု လျော့ကျစေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ရို ဟန်ဘာဂျာကုမ္ပဏီတို့ ပူးပေါင်း ကောက်ယူသည့် ၂၀၁၇ မြန်မာ့ စီးပွားရေးစစ်တမ်းတွင် ဖော်ပြ ထားသည်။
၂၀၁၆ စီးပွားရေးစစ်တမ်း တွင် စီးပွားရေးဆိုင်ရာယုံကြည် စိတ်ချရမှုနှင့် ပတ်သက်၍ ၇၃ရာခိုင်နှုန်း ဖြေဆိုခဲ့သော်လည်း ၂၀၁၇ စစ်တမ်းတွင် အဆိုပါအ ချက်ကို ဖြေဆိုသူ ၄၉ ရာခိုင်နှုန်း သာရှိသည်။ ‘‘စစ်တမ်းရဲ့ ရလဒ် များက စီးပွားရေးလုပ်ငန်းများရဲ့ ကာလတိုယုံကြည်မှုကျဆင်းသွား ကြောင်း ဖော်ပြနေတယ်’’ ဟု ရို ဟန်ဘာဂျာ ကုမ္ပဏီ အရှေ့ တောင်အာရှမန်နေဂျင်းပါတနာ Mr. Thomas Klotxz က သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။
ထို့ပြင် ဒီဇင်ဘာ ၉ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့်စက် မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်တွင် ပြုလုပ်သောညီလာခံ၌ စီးပွားရေးပညာရှင် ဒေါက် တာဦးမြင့်ကလည်း ဒေါ်အောင် ဆန်းစုကြည်အား စီးပွားရေးဖွံ့ဖြိုး ရန် အချက်လေးချက် တင်ပြခဲ့ သည်။