မနေ့က(26.12.2017) ညနေ၄:၀၀နာရီ အချိန်ခန့်တွင် မောင်တောမြို့နယ် တရိန်း(မြို)ရွာနေ ဦးလောင်းပျောင်( ရပ်မိဖ) အသက် ၄၅ကျော်အား မူဆလင် အကြမ်းဖက်သမားများသည် ငါးရှာရာလမ်း၌ ပုန်းဝှက်စောင့်ဆိုင်းပြီး လယ်ကွင်း(စပါး) မှာပင် အကြမ်းဖက် သတ်ဖြတ်ခဲ့သဖြင့် ယနေ့(27.12.2017) နံနက် 8:30 ခန့်တွင် သေလောင်းတွေ့ရှိခဲ့ပါသည်။
အကြောင်းမှာ မြိုတိုင်းရင်းသား(18) ယောက်သည် ငါးရှာသွားရာ ငါးရှာပြီးလျှင် ၄င်းလူ ဦးလောင်းပျောင်သည် တစ်ယောက်တည်း ဦးစွာ ရွာသို့ ပြန်လာခဲ့ရာမှ မြိုမိချောင်း(ကုလား)ကျးရွာအနီး လယ်ကွင်းလမ်းတွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ သည်လိုမျိုး မကြာခဏ အကြမ်းဖက်မှု ဖြစ်နေလျှင် ကျနော်တို့ ရခိုင်တိုင်းရင်းသားများသည် မောင်တောမြို့နယ်အတွင်း နေထိုင်ရန် လွန်စွာ အခက်ဖြစ်နေကြောင်း။ ဒီအကြောင်းအရာများကို သက်ဆိုင်ဌာနများမှ ဝိုင်းဝန်ဖြေရှင်းပေးကြပါရန် မောင်တောမြို့နယ် ရခိုင်တိုင်းရင်းသားများကိုယ်စား ကျနော်အထူးမေတ္တာရပ်ခံအပ်ပါသည်။
မောင်တောမြို့နယ်၊ မြောက်ပိုင်းသား
Full Arakan
Full Arakan