01 November 2017

တစ်နိုင်ငံလုံး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်ရွေးမည်




မကွေး၊ အောက်တိုဘာ ၃၁  The Voice 

     မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို နိုဝင်ဘာလဆန်းပိုင်းတွင် ပြန်လည် ရွေးချယ်မည်ဖြစ်ကြောင်း မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီး ဦးနေမျိုးကျော်က ပြောကြားသည်။

 
ယင်းနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားလာခြင်းဖြစ်ကြောင်း ၎င်းက အတည်ပြု ပြောကြားသည်။

     “တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပြန်လည် ရွေးချယ်မှာပါ။ ဒီနေ့ မနက်ပိုင်းမှ ဒီသတင်းက ရတာပါ။ ရပ်/ကျေး အုပ်ချုပ်ရေးမှူး နည်းဥပဒေပါ အချက်များနဲ့အညီ စနစ်တကျ ပြန်လည် ရွေးချယ်မှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

 ထိုသို့ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ညွှန်ကြားချက် တစ်စုံတစ်ရာ မရသေးသော်လည်း ရွေးရန်ရှိကြောင်း သတင်းအရ ရပ်/ကျေး အစည်းအဝေးတွင် အသိပေးထားကြောင်း နတ်မောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းက ပြောကြားသည်။

    “ရက်ပိုင်းအတွင်းမှာပဲ ရွေးချယ်ပွဲတွေ ပြန်လုပ်မှာပါ။ ဘာကြောင့် အခုလို လုပ်ရ တယ်ဆိုတာတော့ ကျွန်တော်တို့ အဆင့်နဲ့ မသိနိုင်ပါဘူး။ ကျွန်တော်တို့က တက်လာ တဲ့ အစိုးရတွေရဲ့ ပေါ်လစီကို အကောင်အထည် ဖော်ရသူတွေဖြစ်တော့ ပြန်ရွေးဆို လည်း ရွေးပေးရုံပါပဲ”ဟု ၎င်းကဆိုသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ တိုင်းအတွင်းရှိ မြို့နယ်များမှ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်ခန့်အပ်ရန် အောက်တိုဘာလ နောက်ဆုံးပတ်က နိုင်ငံတော်အဆင့် ညွန်ကြားစာ ရောက်ရှိနေပြီဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက အောက်တိုဘာလ ၃၁ ရက်၊ ညနေ ၄ နာရီခန့်က ပြောကြားသည်။

“နိုဝင်ဘာလ ၁၅ ရက်တို့၊ ဘာတို့ အပြီး ရွေးချယ်ရမယ် ဆိုတာမျိုးတော့ မဟုတ်ပါ ဘူး”ဟု ၎င်းက ဆိုသည်။

          ပဲခူးမြို့နယ် ကျွန်းသာယာရပ်ကွက် အုပ်ချုပ်ရေမှူးကို ငွေကြေးကိစ္စများနှင့် တိုင်ကြားခံရသည့်အတွက် ပြန်လည် ရွေးချယ်ရန် မြို့နယ်နှင့်ခရိုင် အုပ်ချုပ်ရေးဌာနမှ ညွန်ကြားချက် ပေးထားပြီးဖြစ်ကြောင်း ကျွန်းသာယာရပ်ကွက်နေ ဦးလေးနိုင်က ပြောကြားသည်။

       “ဒေသခံတွေ တိုင်ကြားတာကို အုပ်ချုပ်ရေးဌာနက မှန်ကန်ကြောင်း စစ်ဆေးေ တွ့ရှိရလို့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ရပ်မိရပ်ဖတွေ စရွေးမယ့်အပြင် ရပ်/ကျေး ဥပဒေ သစ်ကို စတင် အသုံးပြုမှာပါ”ဟု ၎င်းကဆိုသည်။

        ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ကျေးရွာအုပ်စု များတွင် ကြီးကြပ်ရေးမှူးငါးဦးစီကို ကနဦးရွေးချယ်ကြရမည်ဖြစ်ပြီး ၎င်းတို့က ကြီးကြပ် ကာ ဆယ်အိမ်စုမှူးများ ရွေးချယ်ခြင်း၊ ရာအိမ်မှူးများ ရွေးချယ်ခြင်းနှင့် ရာအိမ်မှူးများ ထဲမှ ကျေးရွာရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်သူ သက်ဆိုင်ရာ အိမ်ထောင်စု စာရင်းတွင်ပါရှိပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူများက မဲပေး၍ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကို ရွေးချယ်ပေးရမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စုံစမ်းသိရသည်။