01 November 2017

ထိုင်းဘုရင်ဘူမိဘော၏ဈာပနအခမ်းအနားသို့ ထိုင်းရောက် မြန်မာလုပ်သားသောင်းဂဏန်း တက်ရောက်ဂါရဝပြု

ငြိမ်းချမ်း     October 27, 2017

တော်ဝင်ဈာပနအခမ်းအနားတွင် တွေ့ရသည့် မြန်မာလုပ်သားအချို့ (ဓာတ်ပုံ − ပအိုဝ်းမူပေ ခမ်းဒွမ်)
         ထိုင်းဘုရင် ဘူမိဘော ၏ တော်ဝင်ဈာပနအခမ်းအနား သို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ် သားသောင်းနှင့်ချီ တက်ရောက် ပြီး နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက် ဂါဝရပြုခဲ့ကြောင်း ထိုင်း ရောက် မြန်မာလုပ်သားများအ ရေး ကူညီပေးနေသော မြန်မာ အဖွဲ့အစည်းများက ပြောသည်။


         နတ်ရွာစံသွားသော ထိုင်း ဘုရင် ဘူမိဘောအဒူယာဒက်၏ ရုပ်အလောင်းကို အောက်တိုဘာ ၂၆ ရက်က မင်းခမ်းမင်းနားဖြင့်မီးသင်္ဂြိုဟ်ခဲ့သည်။ ယင်းအခမ်း အနား သို့ တက်ရောက်သည့် မြန် မာလုပ်သားများက သတ်မှတ် ထားသော စည်းကမ်းများနှ င့်အညီ နေရာအသီးသီးတွင် တက်ရောက်ဂါဝရပြုခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ် သားများအရေးကူညီပေးနေသော AAC မဟာမိတ်အဖွဲ့မှကိုရဲမင်းကပြောကြားသည်။

        ‘‘ထိုင်းရောက် မြန်မာလုပ် သားတွေ သောင်းချီတက်ရောက် ကြတယ်။ ဘုရင် ကြီးရဲ့အခမ်းအ  နားတွေကို တက်ရောက်ဂါဝရပြု ဖို့အတွက် နေရာလေးနေရာ သတ် မှတ်ပေးထားတယ်။ မဟာချိုင်က ဘုန်းကြီးကျောင်းသုံးကျောင်းနဲ့ မြဘုရားရယ်၊ အခု မီးသင်္ဂြိုဟ်မယ့်နေရာရယ်ပေါ့’’ဟု ကိုရဲမင်းက ပြောသည်။

         ထိုင်းဘုရင်၏ဈာပနအခမ်း အနားတွင် ယဉ်ကျေးသပ်ရပ် သော အနက်ေ ရာင်ဝတ်စုံများ ဝတ်ဆင်ကြရန်နှင့် မြန်မာနိုင်ငံသားများအနေဖြင့် အသွားအလာ၊ အနေအထိုင်၊ အပြောအဆို၊ အပြုအမူ၊ ဝတ်စားဆင်ယင်မှုများကို အထူးသတိပြုကြရန် ထိုင်းနိုင် ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)အဖွဲ့က ထိုင်းရောက် မြန်မာလုပ်သားများအား သတိ ပေးကြေညာထားသည်။

    ‘‘ထိုင်းဘုရင်မင်းမြတ်ကြီး ဟာ လူသားတစ်ယောက်အနေ နဲ့ အင်မတန်လေးစား၊ အားကျစရာကောင်းတဲ့ ဘုရင်ကြီးဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ထိုင်းလူမျိုးတွေနည်းတူ လေးစားကြည်ညိုတယ်။ မြန်မာဒုက္ခသည်တွေ၊ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း လူသားချင်းစာနာမှုနဲ့ ကူညီပေးခဲ့တဲ့ ဘုရင်ကြီးတစ်ပါးလည်း ဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင် သွားရောက်ဂါရဝပြုပြီးပါပြီ။ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို သွားရောက်ဂါဝရပြုဖို့လည်း လှုံ့ဆော်ထားပါတယ်’’ ဟု FED ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

ထိုင်းရောက် မြန်မာလုပ်သားများအရေး ကူညီပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့(MAT)ဒါရိုက်တာ ဦးကျော်သောင်းက ‘‘ကျွန် တော်တို့ကိုယ်တိုင် လည်း အနက်ရောင်ကိုမကြိုက်ပေမယ့် ဘုရင် ကြီးကို လေးစားလို့ ဝယ်ဝတ်ကြ ရပါတယ်။ မြန်မာတွေပါဝင်ဖို့ သီးခြားခွင့်ပြုထားတာတော့ မရှိပါဘူး။ တားမြစ်တာ လည်းမရှိပါ ဘူး။ ထူးခြားတာတစ်ခုကတော့ အသုဘအခမ်းအနားဖျော်ဖြေရေး ယိုး ဒယားယိမ်းမှာ မွန်အနုပညာတစ်ဖွဲ့ ထိုင်းတွေနဲ့ရောပြီး ကပြဖျော်ဖြေတာတော့ မနေ့ က ဖွင့်ပွဲမှာ ပါရှိခဲ့ပါတယ်’’ဟု ပြောကြားသည်။

‘‘မသွားဘဲနေတဲ့သူတွေကို တော့ ဈာပနအခမ်းအနားနဲ့ မသက်ဆိုင်တဲ့ တခြား ကိစ္စတွေနဲ့ ခရီးသွားတာမျိုးမလုပ်ဘဲ အိမ်တွေ၊ အခန်းတွေမှာပဲ နေဖို့နဲ့ သောက်စား မူးယစ်ပြီး ဆူညံပျော် မြူးတာတွေမလုပ်ကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်’’ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုအောင်စိုးဦးက ပြောသည်။

      အောက်တိုဘာ ၂၆ ရက်က ပြုလုပ်သည့် ထိုင်းဘုရင် ဈာပန အခမ်းအနားသို့ ပြည်သူလူထု သုံးသိန်းကျော် တက်ရောက်ခဲ့ ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ ဈာပနအခမ်းအနားကျင်းပချိန်တွင် ဝမ်းနည်း ခြင်းသင်္ကေတအနက်ေ ရာင်ဝတ် ဆင်ထားသော ပြည်သူအများအ ပြားက ဘုရင်ကြီးကို နောက်ဆုံး အကြိမ် အဖြစ် နှုတ်ဆက်ဂါရဝပြု ကြပြီး အချို့က ဈာပနအခမ်းအ နားမတိုင်ခင် တစ်ရက် ကတည်း က နန်းတော်ရှေ့ ပလက်ဖောင်း တွင် ညအိပ်စောင့်ဆိုင်းခဲ့ကြသည်။

ထိုင်းဘုရင် ဘူမိဘောသည် ထိုင်းနယ်စပ်တစ်လျှောက်ရှိ စစ်ဘေးဒုက္ခသည်များ အပါ အဝင် ကရင်လူမျိုးများကို ထိုင်းနိုင်ငံအတွင်း ခိုလှုံခွင့်ပေးခဲ့သူဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်က ရွှေ့ပြောင်းနေထိုင်လာသည့် မြန်မာတိုင်းရင်းသားအချို့ကို ထိုင်းနိုင်ငံသားအဖြစ် သတ်မှတ်ပေးသည့်တောင်ပေါ်သားဘတ်ကတ်များကို ကရုဏာသက်စွာဖြင့် ထုတ်ေ ပးရန် ညွှန်ကြားခဲ့ကြောင်း ကိုရဲမင်းက ဆိုသည်။

‘‘ဘုရင်ကြီးက မြန်မာလုပ်သားတွေအပေါ်တင်မကဘူး။ မြန်မာနိုင်ငံအတွက်ပါကောင်း တဲ့သူဖြစ်တယ်။ ပြီးခဲ့တဲ့ ရေဘေးဆိုလည်း ဘုရင်ကြီးမိသားစုက ငွေကြေးအများ အပြား ချက်ချင်းလှူပေးခဲ့တယ်။ နောက်ပြီး ထိုင်းမှာ မြန်မာကြီးကြီးမားမားတစ်ခုခုဖြစ် ရင် ဝမ်းနည်းကြောင်းထုတ်ဖော်ပြောကြားတဲ့သူဖြစ်တယ်’’ ဟု FED အဖွဲ့ဝင် ကိုမင်း ဦးက ပြောသည်။

          နိုင်ငံတော်သမ္မတ ဦးထင် ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ သည် ထိုင်းဘုရင် ဘူမိဘော၏ တော်ဝင်ဈာပနအခမ်းအနားသို့ တက်ရောက်ရန် အောက်တိုဘာ ၂၅ ရက်က ဘန်ကောက်မြို့သို့ သွားရောက်ခဲ့သည်။

ဘုရင်ကြီး၏အရိုးပြာထည့် မည့်အိုးကို ယမန်နေ့ နံနက်က မြင်းရထားဖြင့် နန်းတော်မှ မီး သင်္ဂြိုဟ်မည့်နေရာသို့ သယ် ဆောင်ခဲ့သည်။ အရိုးပြာကို အောက်တိုဘာ ၂၇ ရက် တွင် နန်း တွင်းသို့ ပြန်လည်သယ်ဆောင် မည်ဖြစ်ပြီး ဈာပနအခမ်းအနားကိုနောက်နှစ် ရက် ကျင်းပမည်ဖြစ်သည်။

         လက်ရှိတွင် ထိုင်းဘုရင်အ ဖြစ် သား မဟာဗာဂျီယာလောင် ကွန်းက ထီးနန်း ဆက်ဆံခံခဲ့သည်။ ထိုင်းဘုရင် ဘူမိဘောသည် သက်တော်(၈၈) နှစ်အရွယ် ၂၀၁၆ အောက်တိုဘာ ၁၃ ရက်တွင် နတ်ရွာစံပြီး ရုပ်ကလာပ်ကို နန်းတော်၌ တစ်နှစ်ကျော်ထားရှိခဲ့သည်။