06 December 2017

ရခိုင်ပြည်နယ် ဒီချုပ်ဝန်ကြီးတစ်ဦး ပထမဆုံးစွပ်စွဲပြစ်တင်ခံရ

ဆဲဗင်းဒေး

ဓာတ်ပုံ − ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးရုံး
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင် သာယာရေးဝန်ကြီး ဦးမင်းအောင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်တွင် ပထမဆုံး စွပ်စွဲပြစ်တင်ခံရသော ဝန်ကြီးဖြစ်လာ သည်။ရခိုင်အမျိုးသားပါတီအမတ်များလွှမ်းမိုးထားသည့် ရခိုင်ပြည်နယ်လွှတ်တော်က ဒီချုပ်ဝန်ကြီး တစ်ဦးကို  စွပ်စွဲပြစ်တင်ခြင်းလည်း ဖြစ်သည်။


တောင်ကုတ် အမှတ် (၂)မဲဆန္ဒနယ်မှ ဒီချုပ်အမတ် ဦးအောင်မင်းအား ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန် စွာ မဆောင်ရွက်ခြင်းများကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့ အကျိုး စီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှု များရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက နိုဝင်ဘာ ၂၉တွင် တင်ပြခဲ့ခြင်းဖြစ်သည်။
ထိုသို့ တင်ပြခြင်းသည် ပြည် နယ်ဝန်ကြီးတစ်ဦးအပေါ် စွပ်စွဲ ပြစ်တင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၂၆၃ (ခ)အရ ဖြစ်ရာ ပထမဆုံးစွပ်စွဲပြစ်တင်ခဲ့ ခြင်းဖြစ်သည်။
တင်ပြချက်အရ စုံစမ်းစစ် ဆေးရေးအဖွဲ့ကို ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက ဒီဇင်ဘာ ၅ ရက်တွင် အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့ စည်းသည်။
ထိုသို့ ဖွဲ့စည်းပေးခြင်းမှာ ပြည်နယ်ဝန်ကြီးတစ်ဦးအပေါ် စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ  ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (ဂ) အရ ဖွဲ့စည်းပေးခြင်းလည်းဖြစ် သည်။
စုံစမ်း စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ပြည်ခိုင်ဖြိုး ပါတီဝင် ဘူးသီးတောင်မဲဆန္ဒနယ် မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးဇော်ဇော်မြင့်ကို တာဝန် ပေးထားသည်။ အဖွဲ့ဝင်များအ ဖြစ် ရခိုင်အမျိုးသားပါတီမှ သုံးဦး ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မှ တစ်ဦးပါဝင်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်နှင့် စုံစမ်းစစ် ဆေးသည့်ကိစ္စရပ်အသီးသီးကို လျှို့ဝှက်ထားရှိရမည်ဖြစ်ပြီး လာ မည့် ဒီဇင်ဘာ ၁၉ ရက် နောက် ဆုံးထား၍ စစ်ဆေးတွေ့ရှိချက် များအား လွှတ်တော်ရုံးသို့ ပြန် လည်အစီရင်ခံတင်ပြရမည်ဖြစ် သည်။
သို့သော် စွပ်စွဲပြစ်တင်ခြင်း ခံရသော ဝန်ကြီးသည် ကိုယ်တိုင် သော်လည်းကောင်း ကိုယ်စား လှယ်ဖြင့်သော်လည်းကောင်း ပြန် လည်ချေပခွင့်ရရှိမည်ဖြစ်သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ သည် စွပ်စွဲပြစ်တင်ချက်ပါ အ ချက်များနှင့်ပတ်သက်၍ သိရှိသူ များကို ခေါ်ယူစစ်ဆေးမေးမြန်း နိုင်ပြီး မြေပြင်အထိ ကွင်းဆင်း သွားရောက် စစ်ဆေးမေးမြန်းနိုင် ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ၏ လုပ်ငန်းတာဝန်တွင် ဖော်ပြ ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ စည်ပင်ဝန်ကြီး ဦးမင်း အောင်ကို ရခိုင်လွှတ်တော်အမတ် များက နုတ်ထွက်ပေးရန် စာတင်သည့်အပေါ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ ဝင် ဦးဉာဏ်ဝင်းက ‘‘ဒီအပေါ် ကျွန်တော့်အနေနဲ့ မှတ်ချက်မပေးလို ပါဘူး။ အဲဒီရဲ့ အချက်အလက် တွေကို ကျွန်တော်မသိတော့လေ။ မသိဘဲပြောလိုက်ရင် ကမောက် ကမတွေဖြစ် ကုန်မှာစိုးလို့ပါ’’ဟု ပြောသည်။
ကာယကံရှင် ဦးမင်းအောင် ကို တာဝန်မှ နုတ်ထွက်ပေးရန် တိုင်ကြားခံရခြင်းနှင့်ပတ်သက်၍မေးမြန်းရန် ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ပြန်လည်ဖြေကြား ခြင်းမရှိခဲ့ပေ။
ရခိုင်ပြည်နယ် လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄၆ ဦးရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုးဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ သုံးဦး၊ ရခိုင်အမျိုး သားပါတီမှ ၂၃ ဦးဖြစ်သည်။ တပ်မတော် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးရှိသည်။ ယင်းအထဲတွင် ရခိုင်အမျိုးသားပါတီမှ လွှတ် တော်အမတ်သုံးဦးသည် ပါတီမှနုတ်ထွက်ခဲ့ပြီး နှစ်ဦးကို ထုတ်ပယ်ထားကာ တစ်ဦးသေဆုံးပြီဖြစ် သည်။ ထို့ကြောင့် ယခုအခါ ရခိုင်အမျိုးသားပါတီတွင် လွှတ်တော် အမတ် ၁၇ ဦးသာ ကျန်ရှိတော့ သည်။
သို့ဖြစ်ရာ ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင်အမျိုးသား ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ်တို့၏ ကိုယ်စားလှယ်အရေ အတွက်သည် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စုစု ပေါင်းဦးရေ၏ သုံးပုံနှစ်ပုံအထက် ၌ ရှိနေသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၁) တွင် ‘‘တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် တစ်ဦးဦးအပေါ် သက်ဆိုင်ရာတိုင်း ဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ် တင်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ် ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို တင်ပြလာ လျှင် လွှတ်တော်ဥက္ကဋ္ဌသည် သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့ မဟုတ်) ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်ဟု ပါရှိသည်။
သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနည်းဆုံးသုံးပုံနှစ်ပုံက စွပ်စွဲပြစ် တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူ သည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ဝန်ကြီးရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံး ဖြတ်ချက်ကို နိုင်ငံတော်သမ္မတ ထံ တင်ပြရမည်’’ဟု ပါရှိသည်။
ပုဒ်မခွဲငယ် (၂)တွင် ‘‘နိုင်ငံ တော်သမ္မတသည် တင်ပြချက်ရရှိ လျှင် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်ဝန်ကြီးချုပ် (သို့မဟုတ်) ဝန် ကြီးကို ရာထူးမှ ရပ်စဲရမည်’’ဟု ပါရှိသည်။
ပုဒ်မခွဲငယ် (၃)တွင် စွပ်စွဲ ပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင်ရာလွှတ်တော်က ဆုံး ဖြတ်လျှင် ထိုသို့ဆုံးဖြတ်ကြောင်း ကို လွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံ တော်သမ္မတသို့ တင်ပြအစီရင်ခံ ရမည်ဟု’’ဟု ပါရှိသည်။