04 November 2017

လသာမြို့နယ်တွင် ခါးပိုက်နှိုက်မှု ကျူးလွန်သူအား ဖမ်းဆီးရမိအရေးယူ


ရန်ကုန်၊ နိုဝင်ဘာ ၎

         ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ် ရွာအေးချမ်းသာယာရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့်မှုခင်းကျဆင်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက်လည်း တိုင်းဒေသကြီးနယ်မြေအတွင်း အစဉ်တစ်စိုက်လှုပ်ရှား ဆောင်ရွက်လျက်ရှိပါသည်။


       ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော် ထုတ်ရေးရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၄နာရီခွဲအချိန်တွင် လသာမြို့ နယ်၊ မဟာဗန္ဓုလမ်း၊ မောင်ခိုင်မှတ်တိုင်တွင် အမှတ် (၅၇) YBS ယာဉ်လိုင်းပေါ် မှ ဆင်းလာသူ တာမွေမြို့နယ်နေ ဇော်လတ်၊ (၂၉)နှစ်အားခါးပိုက်နှိုက် ကျူးလွန်ထား ကြောင်း မသင်္ကာသဖြင့် ထိန်းသိမ်း၍ ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အားစစ်ဆေး ရာ အိတ်အတွင်းမှ ငွေကျပ် ၁၄၀၀၀ အားတွေ့ရှိရပြီး အဆိုပါငွေများကို ယာဉ်ပေါ်ပါ အသက် (၂၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးလွယ်ထားသည့်ကျောပိုက် အတွင်းမှ နှိုက်ယူ ရရှိခဲ့သောငွေများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် လာသာမြို့ မရဲစခန်းတွင် အမှုဖွင့် ကာအရေးယူဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။