02 November 2017

"မထိရဲသေးတဲ့ငွေမည်းများ"



ကြားလိုက်ပါတယ်
ဘတ်ဂျက်လိုငွေ,ငွေတိုက်စာချုပ်ထုတ်ပြီး ဖြည့်မည်တို့ ဘာညာတို့(အမှန်ကတော့=အကုန်မဟုတ်ပါဘူး,ဘီလျံ ၁,၂၀၀ ကို ဗဟိုဘဏ်အရံငွေထဲက ငွေသားနဲ့ထုတ်ချေးမှာ ပါ)

ငွေတိုက်စာချုပ်ဆိုတာလည်း အလွယ်ပြောရ,ရင် အစိုးရ က ပိုက်ဆံပြန်ချေးသုံးတဲ့သဘောပါပဲ #ငြင်းကြလွန်းတော့ကျနော်ဆက်ငြင်းမနေတောဘူး
ရိုးရိုးလေးပြောရ,ရင် ဘတ်ဂျက်လိုငွေကို ငွေချေးပြီးတော့ ဖြေရှင်းတဲ့ သဘောပါပဲ
#သတ်မှတ်ချိန်စေ့ရင်ပြန်ပေးရသလို #အတိုးလည်းများပါတယ်
အဲလို အစိုးရ "ပြာ" နေချိန် နှစ်ရှည်ချေးငွေကို IFC ကနေ အတိုး တနှစ် ၂%အောက်နဲ့ ရသွားတဲ့..
City Mart,ရွှေတောင်,Shangri-la,FMI,မြန်မာ့ဩဘာ တို့ကတော့ on the elephant ပေါ့
congratulations ! :-)


အဲတော့ မင်း..ဆိုရင်ဘာလုပ်မလဲမေးမလား 😊
ဒဲ့ပဲပြန်ပြောလိုက်ပါမယ်..
(1)အိမ်တိုင်း/အခန်းတိုင်း ဝယ်တုံး က အခွန်ဆောင်, မဆောင် Taskforce ဖွဲ့ပြီး အခွန်မပေးရသေးရင် (or) အခွန်လိမ်ထားရင် အတိအကျပြန်ကောက်ပါမယ်
(2)ရွှေ,ရစရာတွေမရ,ရင်/ငှားရမ်းခတွေ မရ,ရင် အဲဒါတွေ ကို တရားစွဲပါမယ် ပိုင်ဆိုင်မှုတွေလေလံပစ်ပြီး, ရအောင် ပြန်ယူရပါမယ်
#လိုငွေကိုအခွန်ကဖြည့်ရတာသာလျှင် #အစိုးရအလုပ်ပါ
အောက်က သိန်း ၁,၂၀၀ တန်အိမ်ရောင်းသူ comment လေးဖတ်ကြည့်ပါ(သူက USDP ကလို့,ယူဆရ၍ အမည် ကို crop လုပ်ပေးခဲ့ပါတယ် ဒါ #လူ့ကျင့်ဝတ်ပါ)
တကယ်ဝယ်တာ= သိန်း ၁,၂၀၀
စာချုပ်တင်တော့= သိန်း ၈၀ 😂
ရစရာအခွန်အမှန်= သိန်း ၃၆၀
တကယ်ရ,တာက= ၂၄ သိန်း
အခွန်နစ်နာငွေ=၃၆၀(-)၂၄ ဆိုတော့ #၃၃၆သိန်း တောင် နစ်နာသဗျ
တနိုင်ငံလုံးမိုးခါးရေသောက်နေတာကို #ဟိုလူမျက်နှာငဲ့ #ဒီလူမျက်နှာငဲ့ လုပ်နေရတဲ့ အခြေအနေပါ
(ငဲ့စရာမျက်နှာမရှိသူတွေတော့,ခံပေါ့ဗျာ)
သိန်း ၁၂,၀၀၀ တန်အိမ် သာဖြစ်ခဲ့ရင်=အခွန်နစ်နာမှုက သိန်း ၃,၀၀၀ ကျော်ပါလိမ့်မယ် FIU ကို သိန်း ၁,၀၀၀ ကျော်တဲ့ အမှု ဘယ်နှစ်မှုများရောက်ပါသလဲ
အရင် ၃% ခေတ်ကို ပြန်တမ်းတနေတာ ဘယ်သူတွေလဲ ? :-)
အဲဒီ ငွေမည်းအခွန်တွေပြန်ရ,တဲ့နေ့မှ #စီးပွားရေးဂျက်လေယာဉ်ကြီးပျံတက်နိုင်မှာ😂😂😂
ဒီမိုးဒီလေဒီလူတွေနဲ့ကတော စင်္ကာပူအသာထား,ထိုင်းကို တောင် အနှစ် ၂၀ နဲ့ကျော်နိုင်မည်မထင်,ပါ :-(
ခက်တာက
သမိုင်းဝင်ည,အပြီးမှာ ပလန်တွေအကုန်ချိန်းပြီး
ကတိတွေအားလုံးလဲ,ထူးဆန်းစွာပျက်ပြယ်သွားခဲ့ခြင်းပါပဲ  

Nyunt Aung