ရခိုင်ပြည်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက လိုအပ်တာတွေ တင်ပြတောင်းဆိုစရာ
တွေမှ အများကြီး။ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင် ကြစမ်းပါ။
ခုတော့ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ အစိုးရသစ် စတက်လာကတည်းက
အေးမောင် ပြောလာတဲ့စကားက အာဏာလိုချင်တယ်ဆိုတာရယ်၊ အစိုးရ ဘာလုပ် လုပ် ကန့်ကွက်မယ်ဆိုတာရယ်။ .........ဒီနှစ်မျိုးပဲ
ရခိုင်တပြည်လုံး အပြောင်သိမ်းသွားတဲ့ အာဏာရှင်တွေ လက်ထက်ကျတော့
ကျွန်တစ်ယောက်လို မဟာမိတ်ဖွဲ့ခဲ့ပြီးမှ ရခိုင်ပြည် တိုးတက်ရေး အပြောင်းအလဲ
လုပ်ဆောင်မယ့် အစိုးရကျမှ ဆန့်ကျင်မယ်ဆိုတော့ ...........
ရခိုင်ပြည်အတွက် ဘာတွေ နစ်နာအောင်များခုအစိုးရက လုပ်နေလို့လဲ။
ရခိုင်လူမျိုးတောင် ရခိုင်ပြည်မှာ ဝန်ကြီးချုပ်ခန့်ဖို့ မယုံရဲတဲ့ စစ်အစိုးရကျတော့ မိုးကျရွှေကိုယ်မကလို့ ဘယ်သူလာလာ လက်ခံပါတယ် ပြောလာတဲ့သူက......
ရခိုင်စစ်စစ် ရခိုင်ပြည်မှာ ဝန်ကြီးချုပ် ဖြစ်လာမှ ဘာလုပ်လုပ် လက်မခံနိုင်ရအောင်
ရခိုင်ပြည်အတွက် ဘာတွေ အကျိုးယုတ်အောင် အစိုးရက လုပ်နေလို့လဲ။
ဒါတွေအားလုံးဟာ ၂၀၀၈ ခြေဥကြောင့် ဖြစ်လာတာ မြန်မာတပြည်လုံး သိသလို
ခင်ဗျားလည်း သိပြီးသားပါ။
၂၀၀၈ ခြေဥကြောင့် ပေါ်လာတဲ့ အစိုးရအဖွဲ့ဆီက အာဏာလိုချင်ရင် ဒီခြေဥ မပြင် မခြင်း၊ မဖျက်မခြင်း ဒီဘဝ ခင်ဗျားဘယ်တော့မှ အာဏာရဖို့ မစဉ်းစားနဲ့။
အပြစ်တင်ချင်ရင် စစ်အာဏာရှင်တွေစိတ်တိုင်းကျရေးဆွဲသွားတဲ့ ၂၀၀၈ ခြေဥကိုတင်
ရခိုင်ပြည် အမှန်တကယ် တိုးတက်တာကို မြင်ချင်ရင် ပြည်နယ်လွှတ်တော်နဲ့ အစိုးရ
ပူးပေါင်းလုပ်ဆောင်ကြပေါ့။
ခုချိန်မှာ အာဏာငမ်းပြီး လေဖေါနေဖို့ အချိန်မရှိတော့ဘူးရခိုင်ပြည်သူတွေကို အမှန်တကယ် သနားရင်အာဏာတွေ မလိုပါဘူးဗျာ။
ခင်ဗျားကြောင်း ANP ပါတီတွင်းလည်း အပြိုပြို အကွဲကွဲ ဖြစ်နေပြီ။
ခင်ဗျားရဲ့ ရိုးသားမှုကိုသာအရင်ပြပါတော့ ။ ခုချိန်ထိ မအလ ကို အားကိုး ချဉ်းကပ် နေတုန်းဆိုရင် ခင်ဗျားက အာဏာရှင်ပါတီဥက္ကဋ္ဌ ပဲ ဖြစ်မယ်။
Thura mg