04 November 2017

ပုဏ္ဏားကျွန်း၌ ဒုတိယအကြိမ် ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းတင်ပူဇော်ပွဲ ကျင်းပ


4 November 2017 09:01(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

ပုဏ္ဏားကျွန်း နိုဝင်ဘာ ၃

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော် ဘုရား ရင်ပြင်တော်၌ နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီက ရခိုင် လူမျိုးတို့၏ ခေတ်လေးခေတ်ကို ပုံဖော် ၍ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်တို့၏ ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ ရခိုင်စည်ေ တာ် အတီး အမှုတ်အစုံဖြင့် ရှေးရခိုင် ဓလေ့ထုံးတမ်း စဉ်လာအတိုင်း သင်ပုတ် ဆွမ်းတင်ပူဇော်ပွဲကို ဒုတိယအကြိမ် ကျင်းပခဲ့သည်။

ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းတင် ပူဇော်ပွဲကို Png Development You Organization အသင်းက ဦးဆောင်ပြီး ရက္ခိတမင်္ဂလာစည်တော်အဖွဲ့နှင့် စစ်တွေမြို့ စိုင်းဒရား ရခိုင် စည်တော်အဖွဲ့မှ ပံ့ပိုး ကူညီမှုဖြင့် ထမင်းထောင်၊ ပန်းထောင် ၊ ဆီမီးထောင်များနှင့် အတူ ရခိုင်စည်တော်များ၊ ရခိုင် တူရိယာများဖြစ်သော ခရုခွံ၊ အိုးစည်၊ ဒူမောင်း၊ လင်း ခွက်ခရာများ အတီးအမှုတ်တို့ဖြင့် နံနက် ၅ နာရီက ရွာဟောင်း (မူလွန်)ကျောင်းမှ စတင်ကာ ဦးဥတ္တမလမ်းအတိုင်း စီတန်းလျက် ဦးရာဇ်တော် ဘုရားပေါ်သို့ တက်ေ ရာက် ပူဇော်ခဲ့ကြသည်။

“ကျွန်တော်တို့ အခုလို ပူဇော်ရခြင်း မှာ ရခိုင်ရိုးရာဓလေ့ မပျောက်သွားစေရေး၊ ရခိုင် ယဉ်ကျေးမှုနဲ့၊ ရခိုင်အမျိုး ဘာသာ အမွေအနှစ်များ မပျောက် သွားစေဖို့နဲ့ တောင်သူ လယ်သမား တွေ စပါးဆန်ရေ ပွားများစေဖို့ ကျင်းပရ ခြင်းဖြစ်ပါတယ်” ဟု ဦးဆောင် ကျင်းပသည့် အသင်းဥက္ကဋ္ဌ ကိုသိန်းဝ္ဏကပြောသည်။

“သင်ပုတ်ဆွမ်းဆိုတာ ရခိုင်လူမျိုး တောင်သူတို့ ပထမဦးဆုံး ထွက်ရှိတဲ့ စပါးကို ရိတ်သိမ်းကြိတ်ခွဲပြီး ဆန်အဖြစ် ထောင်းဖွပ်ကာ ဦးဦးဖျားဖျား ရွာဦး ဘုန်းတော်ကြီးေ ကျာင်းရှိ သံဃာတော် များအား ဆွမ်းကပ်လှူဒါန်းခြင်း ဓလေ့များကို ဖော်ထုတ်ပြသခြင်း ဖြစ်ပါတယ်” ဟု စစ်တွေမြို့မှ ရခိုင်ဟာသစာရေး ဆရာ ဘဂျီးကျော်က ပြောသည်။
ရခိုင်ရိုးရာသင်ပုတ်ဆွမ်းကို ရှေးရခိုင် ဘုရင်လက်ထက်က ထမင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင်တို့ ဖြင့် ဝါကျွတ်လပြည့်နေ့နှင့် တန်ဆောင် တိုင်လပြည့်နေ့များတွင် ကောက်သစ်ဆန်ကို ဗုဒ္ဓဘုရားရှင်အား ဦးဦးဖျားဖျား ပူဇော်သော ရွာလုံးကျွတ်ပွဲဖြစ် သည်။

    ကောက်ဦး ထမင်းကို ကတော့ပုံ၌ သွတ်သွင်းကာ ခရုချွန်ပုံဖြစ်အောင် ကတော့ပုံ သင်ပုတ်ဆွမ်း ၃၃ ခုနှင့် ဆွမ်းထမင်းကို စေတီပုံ ဖြစ်အောင် နယ်နှိပ်ပြီး ဗန်းအလယ်၌ စိုက်ထူ၍ ဘုရားကျောင်းကန်များသို့ တပျော်တပါး သွားရောက်ကာ ကုသိုလ် ဒါနပြုကြ သော သင်ပုတ်ဆွမ်း(ခေါ်) ကောက်ဦးဆွမ်းလည်း ခေါ်ကြောင်း စစ်တွေမြို့ စိုင်းဒရား စည်တော်အဖွဲ့ခေါင်းဆောင်ကိုကျော်ဆန်းက ပြောသည်။

ယနေ့ ည ၇ နာရီတွင် ဦးရာဇ်တော် ဘုရားရင်ပြင်ပေါ်၌ ဆီမီးငါးထောင် ပူဇော်ပွဲနှင့် မီးပုံးပျံများ လွှတ်တင်ပွဲကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရ သည်။

နီထွန်းအောင်(ပြန်/ဆက်)
MOI Webportal Myanmar