2017-11-03
| ရခိုင်ကမ်းရိုးတန်းလုံခြုံရေးလုံခြုံရေးအတွက် အင်အားဖြည့်တင်းရာမှာ General Arrangement Plan (GA Plan) ပါ ၄၈ မီတာအရွယ် ကမ်းခြေကင်းလှည့် ရေယာဉ် (၂)စီး ၀ယ်ယူရေးပါဝင်တယ်လို့သိရပြီး မြေပြင်လုံခြုံရေးအတွက် မြန်မာ-ဘင်္ဂလားေ ဒ့ရှ် ထိစပ် နယ်နိမိတ် ခြံစည်းရိုး ကာရံဖို့ ကျန်နေတဲ့ (၃၉.၂၁၇)မိုင်ကို ဆက်လက် ကာရံခြင်း၊ ခြံစည်းရိုးကာရံဖို့ ကျန်ရှိနေတဲ့ကင်းစခန်း(၁၀၇)ခု ဆက် လက်ကာရံခြင်း တို့ကို လုပ်ဆောင်သွားမှာဖြစ်ပြီး နယ်ခြားမှာ ကင်းစခန်းပေါင်း ၁၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဒီလုပ်ငန်းတွေကို ပြည်ထဲရေးဝန်ကြီးဌာနကလုပ်ကိုင်ရမှာဖြစ်ပြီး ကင်းစခန်း လုံခြုံရေးအတွက် ခြံစည်းရိုးကာရံတာကို ဘဏ္ဍာနှစ်အလိုက်ဘဏ္ဍာရေးတင်ပြ တောင်းခံရမှာဖြစ်ပါတယ်။ ကမ်းခြေကင်းလှည့်ရေယာဉ်ဝယ်ယူရေးအတွက် ဘဏ္ဍာေ ငွကိုတော့ ဘယ်ဘဏ္ဍာနှစ်ပေးမယ် ဘယ်လိုတောင်းခံရမယ်ဆိုတာကိုတော့ ပြော ထားတာမရှိပါဘူး။
ပြီးခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကအာဆာအကြမ်းဖက်အဖွဲ့ရဲ့ နယ်မြေမေ အးချမ်းမှုကြောင့် ရေတပ်ပင်မ စက်မှုလက်မှုတပ်က တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် က တပ်တော်ဝင်ခဲ့တဲ့ အမြန် ကင်းလှည့်ရေယာဉ်ငယ်တွေ အသုံးပြုပြီးနယ်ခြားေ စာင့်တပ်ဖွဲ့ဝင်တွေ က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရေပြင်စည်းရိုးမှာ လုံခြုံရေး တာဝန် ထမ်းဆောင်ခဲ့ကြပါတယ်။
လက်ရှိအချိန်မှာတော့ နယ်ခြားလုံခြုံရေးအတွက် မိုင်ပေါင်း ၁၇၀ ကျော်ရှည်တဲ့ မြန်မာနိုင်ငံရ ခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြားနယ်စပ်ခြံစည်ရိုးကို ပြန် လည်တည် ဆောက်ပြုပြင် ဖို့အတွက် အစိုးရအနေနဲ့ စက်တင်ဘာ ၆ ရက်ကနေစပြီး လုပ်ကိုင်နေတာဟာ ၇၀ ရာခိုင်နှုန်း လောက်ပြီးနေပြီး ကျန်ရှိသည့် (၃၉.၂၁၇) မိုင်ကို ဆက်လက် ကာရံသွားမှာဖြစ်တယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင် ကတော့ ARSA အကြမ်းဖက်သမားတွေကြောင့်နေရပ်စွန့်ခွာပြီး ယာယီတိမ်းရှောင်နေရတဲ့ ရခိုင်ပြည်နယ်ပြည်သူတွေအတွက် ဒုတိယအကြိမ် အလှူေ ငွ ပေးအပ်တဲ့ အခမ်းအနားမှာ ရခို်င်ပြည်နယ်လုံခြုံရေးအတွက် ရခိုင်ကမ်းရိုးတမ်း တစ်လျှောက်ကို ပင်လယ်ပြင် အထက်အမြင့်ပေတစ်သောင်းကနေ လေယာဉ်ငယ် နှစ်စီးနဲ့ စောင့်ကြည့်နိုင်မယ့် အစီအစဉ် ကိုပြည်ထောင်စုအစိုးရထံ အကြံပြုတင်ပြ သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒီလေယာဉ်ငယ်တွေက မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်လာတဲ့ အရာတွေကို စောင့်ကြည့်ပေးနိုင်မှာဖြစ်တဲ့ အတွက် ပင်လယ်ကမ်းခြေတစ်လျှောက်ဖြတ်ကျော် လာတာနဲ့တစ်ပြိုင် တည်း ဆိုသလို သက်ဆိုင်ရာကမ်းခြေ စောင့်တပ်ကို အကြောင်း ကြားကာကွယ်နိင်တယ်လို့ ဦးဇော်အေးမောင်က ဆို ခဲ့တာပါ။