နိုင်ငံခြားမှာ ဆယ့်ငါးနှစ် လောက်နေခဲ့တဲ့
ကျနော် မွေးရပ်မြေ ရခိုင်ကို အလည်ခဏ သွားခဲ့ပါတယ်။ မြင်ရကြားရတာတွေ အသစ်အဆန်းတွေချည်းပါပဲ။
ဝမ်းနည်းဝမ်းသာခံစားမိတယ်။
ပျဉ်းကတိုးနဲ့ကျွန်း၊ ကညင်ပင်ကြီးတွေနြေေ ပာက်မထိုး
ပိန်းပိတ်အောင် ရှိနေခဲ့တဲ့ အနောက်ရိုးမ (ခ) ရခိုင်ရိုးမတောင်ကြီးတစ်ခုလုံးတောင်ကတုံးဖြစ် သွားပါပကော။ပြစားသင့်တဲ့ရှားပါးနေပူခံကျောက်ေ တာင် ကြီးကို နှစ်၃၀ ဖဲ့ရောင်းနေတာကိုလည်း မည်သူမှ
မတတ်နိုင်၊ လက်မှိုင်ချနေကြပေါ့။
လူနေမှုအဆင့်အတန်း အနည်းငယ် တိုးတက် သွားကြတယ်။
ပြည်နယ် ပြည်မ လမ်းပန်းဆက်သွယ် ရေးတွေ အနည်းငယ် ကောင်းမွန်သွားတာ ၀မ်းသာ စရာဖြစ်တယ်။
နဂိုရှိပြီးသားလမ်းတွေက ကျဉ်းတယ်။ ဒါပေမယ့် ဆိုင်ကယ်နဲ့ကားတွေအမြောက်အမြား သွားလာနေကြတယ်။
ယာဉ်အန္တရာယ် အချိန်မရွေး ကျaရာက်နိုင်တယ်။ ပတ်ဝန်းကျင်တွေ ပျက်စီးပြီး သန့်ရှင်းမှုနည်းပါးကာ
အန္တရာယ်ရောပြွန်းတဲ့ သန့်ရှင်းမှု နည်းတဲ့ အစားအသောက်၊ ဖုံမှုန့်နဲ့ မီးခိုးတွေ မွမ်းထူနေတဲ့ လေထုကို လူအများစုရှုရှိုက်နေကြရပြီဖြစ်တယ်။
အုပ်ချုပ်သူတွေဟာ မဆလ န၀တ ခေတ်ကလို ဗြောင်ကျကျ
အာဏာရှင်မဆန်ကြ တော့ပေမယ့် ငွေများ တရားနိုင်၊ ဂွင်ဖန်တဲ့ ၀ိသမ လောဘစီး ပွားရေးတွေက
ကြီးစိုးနေဆဲပါပဲ။
မြို့အပါအ၀င် ကျေးရွာတွေကို အုပ်ချုပ်ေ နကြ သူတွေရဲ့
အတွေးအခေါ်၊ အယူအဆ၊ အမြင် သဘောထားတွေက ခေတ်သစ်နဲ့ မချိပ်မိသေးဘူး။ အထူးဝမ်းနည်းစရာကောင်းတာက
အစားထိုးမရနိုင် တော့တဲ့ ရှေ့ဟောင်း သဘာဝအမွေအနှစ်တွေ ဖျက် ဆီး ခံလိုက်ရတာပါပဲ။
အစိုးရနဲ့ အင်ဂျီအိုတွေ အထောက်အပံ့နဲ့
ရေတွင်းရေကန်နဲ့ လမ်းတံတားတွေ ကျေးရွာတွေမှာ ဆောက်လုပ်နေကြတာတွေကိုတွေ့ခဲ့ရတယ်။ ဒါပေမယ့် ရပ်ကျေးအုပ်ချုပ်သူတွေဟာ
လမ်တံတားတွေ ဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး အထွေထွေ ဗဟုသုတ အထူးနည်းပါးနေကြတာကို သတိပြုမိခဲ့တယ်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကိုအကြောင်းပြုပြီး
အာဏာရှိ သူေ တွနဲ့ ငွေကြေးရှိသူတွေဟာ လယ် ယာမြေ အပြင် ဒီရေရောက်တောတွေ၊ ကာရီဟောင်းတွေနဲ့
လယ်သမားတွေ ပိုင်ဆိုင်ကြတဲ့ နွားစားကျက် တွေနဲ့ ကစားကွင်းတွေနဲ့ အများပိုင်မြေတွေကို
အပိုင်သိမ်းထားကြပြီဖြစ်ပါတယ်။
မြဒေးကျွန်း ဆိုက်ကမ်းသို့ ရေနံ စည် သိန်းချီဆန့်တဲ့
သင်္ဘောကြီးတွေ တစ်ပတ်တကြိမ် ၀င်ရောက် နေတာကြောင့် ရေလမ်းကြောင်းတလျှောက်က ရခိုင်တံငါတွေ
အလုပ်လက်မဲ့ဖြစ်ခဲ့ကြရပါပြီ။ မြန်မာ ရေပိုင် နက်ထဲမှာ တရုတ်နဲ့ ထိုင်း ငါးဖမ်းသင်္ဘောကြီးတွေက
ခေတ်မီငါးဖမ်းကိရိယာတွေနဲ့ နှစ်ပေါင်း ၃၀ လောက် နေ့မနား ညမနားငါးပုစွန်တွေကိုဖမ်းဆီးပစ်လိုက်တာကြောင့်
ရခိုင်ရေပိုင်နက်ထဲမှာ မျိုးတုံးသွားခဲ့ပြီဖြစ်ပါတယ်။
လက်ရှိအချိန်မှာ
ငါးပိနဲ့ ငါးခြောက်ကို ရန်ကုန်နဲ့ ဧရာဝတီတိုင်းက ရခိုင်သို့ တင်ပို့နေကြရပြီဖြစ်တယ်။
အရင်းအနှီးလည်းမရှိ၊
အတတ်ပညာလည်းမရှိ၊ မြစ်ချောင်းအင်းအိုင်တွေမှာ ရှာဖွေစားသောက်လို့ ထမင်းကမ၀၊ ဘင်္ဂါလီတွေပြဿနာက
တသွယ်၊ လက်နက်ကိုင်တွေကတမျိုးနဲ့ ရခိုင်ပြည်ဟာ နေရာ မကောင်းတော့ဘူး။ ဒါကြောင့် ရခိုင်ပြည်နယ်က
အရွယ်ရောက်ပြီး အလုပ်လုပ်နိုင်ကြသူဟူသမျှ နေရပ်ရင်း ကို နေ့စဉ်စွန့်ခွာနေကြတယ်။
စရိတ်မတတ်နိုင်၊ မပေါက်မရောက် ရွာလက်ကျန်
ရခိုင်လူငယ်အများစုကလည်း ခေတ်ပေါ်အရက် ပေါင်းစုံကို စွဲစွဲလမ်းလမ်း သောက်သုံးနေကြတာကြောင့်
လက်မောင်းသောင် ခေါင်းကြီး သင်းချိုင်းနီး နေ ကြတာကို မြင်တွေရလေတော့…ရခိုင်မြေနဲ့ရခိုင်လူမျိုး
ဘယ်လောက် တာရှည်ခံအုံးမလဲလို့ တွေးမိတယ်။
။
မောင်မောင်မြတ်ညို
(စနဲ)