28 February 2016

မဟာချိုင်တွင် မြန်မာလူငယ်တစ်ဦးကို ထိုင်းပုလိပ်က ဖမ်းဆီးအနိုင်ကျင့်

 
28.2.2016
မဟာချိုင်
စောမောင်

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ ကားဂိတ်တွင် ဖေဖော်ဝါရီလ ၂၈ရက်ညနေ ၃နာရီခန့်က နိုင်ငံကူး လက်မှတ်( ပက်စပို့စ် ) အစစ်မပြနိုင်သည်ဟုဆိုကာ အသက် ၂၆နှစ် အရွယ် မြန်မာ အလုပ်သမား လူငယ်တစ်ဦးကို ထိုင်းပုလိပ်များက ဖမ်းဆီးခဲ့ကြောင်း MATအဖွဲ့ (ဘန်ကောက်) ရုံးတာဝန်ခံ ကိုစိုင်းအေးက ပြောကြားသည်။

အသက် ၂၆နှစ် အရွယ် မောင်ဒီမိုးလင်း(ခ) နွန်ကို ပက်စပိုစ့်စာအုပ်အစစ်မပြနိုင်ဟုဆိုကာ ထိုင်းပုလိပ်များက မဟာချိုင် ရဲစခန်းသို့ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဖမ်းဆီးခံရသူက ပက်စ်စပို့စ် စာအုပ် ရေစိုနေသောကြောင့် စာအုပ်အသစ်ပြန်လဲလှယ်ထားရာ ယင်းစာအုပ်သစ် သွားယူစဉ် အဖမ်းခံရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

25 February 2016

မြန်မာနိုင်ငံသူတစ်ဦးကို တိုင်းရင်းဆေး တရားမဝင် ယူဆောင်လာသည်ဟုဆိုကာ ထိုင်းပုလိပ် ငွေညှစ်


မဟာချိုင်
စောမောင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ကီလိုမီတာ ၃၀ ဝေးသော စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့ ကားဂိတ်တွင် အသက် ၂၉နှစ် အရွယ် မသန္တာဝင်းကို မြန်မာတိုင်းရင်းဆေး တရားမဝင် ယူဆောင်လာသည် ဟုဆိုကာ ထိုင်းပုလိပ်များက မဟာချိုင်ရဲစခန်းသို့ ခေါ်ဆောင်ကာငွေတောင်း ခံခဲ့ကြောင်း
 MATအဖွဲ့ (ဘန်ကောက်)ရုံးတာဝန်ခံ ကိုစိုင်းအေးက ပြောကြားသည်။

ငွေတောင်းခံရသူ မိန်းကလေးက မြန်မာနိုင်ငံသို့ ခဏပြန်စဉ် အဒေါ်ဖြစ်သူက လူကြုံ ထည့်ပေးလိုက်သော မြန်မာ တိုင်းရင်းဆေးကို မဟာချိုင်တွင် ရောက်ရှိနေသော ၎င်း၏သမီးထံ သွားရောက် ပေးပို့ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်သည်။


24 February 2016

“မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဒီလိုပဲနှိပ်စက်နေကြတော့မလား”

 

ထိုင်းနိုင်ငံမှာ ထက်ဆင်အစိုးရလက်ထက်မှာ မြန်မာတွေ ပန်းရောင်ဘတ်ကဒ်နဲ့နေခဲ့ကြရတယ်။ ၂၀၀၉ မှာ ပတ်စပို့စာအုပ်ဆိုပြီး မလုပ်မနေရ ထိုင်းနဲ့မြန်မာအစိုရတို့လုပ်ခိုင်းတယ်။ အခု အဲဒီစာအုပ်တွေ သက်တမ်း တစ်နေ့ပြီးတစ်နေ့သေနေကြပြီ။ မြန်မာ အလုပ်သမား ၀န်ကြီးဌာနက ဒီစာအုပ်တွေအကုန်လုံးကို MOU ကိုပြောင်းရမယ်ဆိုပြီး ၀ရုန်းသုံးကား အစီအစဉ်တစ်ခုကို ချလိုက်တယ်။
“အလုပ်သမားအမျိုးအစား၂ခု”
ထိုင်းမှာ ကာလရှည်ကြာနေထိုင်ပြီး အလုပ်လုပ်နေကြတဲ့အလုပ်သမားနဲ့ ထိုင်းနဲ့မြန်မာပွဲစားအေဂျင် စီတွေနဲ့လာတဲ့ MOU အလုပ်သမားဆိုပြီး ၂မျိုးရှိပါတယ်။ ပထမအလုပ်သမားအမျိုးအစားက ထိုင်းနိုင်ငံအ တွင်းမှာ အလုပ်အကိုင်ပြောင်းရွှေ့လုပ်ကိုင်ဖို့ လျှင်မြန်လွယ်ကူပါတယ်။ လွတ်လပ်ပါတယ်။
ဒုတိယအမျိုးအစား MOU ကတော့ စာချုပ်ချုပ်ဆိုထားတဲ့ လုပ်ငန်းရှင်နဲ့ အလုပ်အမျိုးအစားက ပြောင်း ရွှေ့ဖို့အတွက် ခက်ခဲပါတယ်။ အလုပ်သမား၊ လုပ်ငန်းရှင်၊ အေဂျင်စီနဲ့ အလုပ်သမားသံအရာရှိတို့က ဆောင် ရွက်မှပြောင်းရွှေ့လို့ရပါတယ်။ အလွန်ခက်ခဲပြီး လွတ်လပ်ခွင့်ဆုံးရှုံတဲ့ အလုပ်သမားဖြစ်ပါတယ်။

23 February 2016

ထိုင်းစစ်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများမတိုင်မီက မြန်မာနိုင်ငံ အခြေအနေမျိုးသို့ ဦးတည်နေဟု သက်ဆင် စွပ်စွဲ


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ (ဓာတ်ပုံ-အေပီ)
       ထိုင်းစစ်အစိုးရ၏ အခြေခံ ဥပဒေသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ မဖြစ်ပေါ်မီ မြန် မာနိုင်ငံ၏ အခြေအနေမျိုးနှင့် တူညီအောင် ခေတ်နောက်ပြန် ဆွဲနေကြောင်း ထိုင်းဝန်ကြီး ချုပ် ဟောင်း သက်ဆင်ရှင် နာဝပ်ထရာ က ဝေဖန်ပြောကြားသည်။

၂၀၀၈ နောက်ပိုင်း အာဏာ သိမ်းအပြီးကတည်းက  ပြည်ပ တွင် အခြေချနေထိုင်လျက်ရှိ သည့် သက်ဆင်က ညီမဖြစ်သူ ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ထရာ လက်ထဲမှ အာဏာသိမ်းယူ ထား သည့် စစ်အစိုးရ အဆိုပြု
 သော ဖွဲ့စည်းပုံ ဥပဒေမူကြမ်း သည် ထိုင်းအား အယောင်ဆောင် ဒီမိုကရေစီအတုကိုသာ ပေးအပ် လိမ့်မည် ဟု ရှုတ်ချခဲ့သည်။

   ၂၀၀၈ ခုနှစ်နောက်ပိုင်း ရှား ပါးအခြေအနေ တစ်ရပ်အဖြစ် နိုင်ငံတကာ သတင်းစာနှစ်စောင် အား အင်တာဗျူးခွင့် ပေးခဲ့ချိန်၌ သက်ဆင်က လက်ရှိ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့၏ နိုင်ငံရေး အခြေအနေများ ကို နှိုင်းယှဉ်ပြခဲ့သည်။


22 February 2016

“ကော့တောင်(လိပ်ကျွန်း)ဘာသာပြန် ကိုရဲ ကွယ်လွန်”




၂၀၁၆ ခု ဖေဖေါ်ဝါရီလ  ၂၂ ရက်
မောင်မောင်မြတ်ညို (အလွတ်သတင်းထောက်)












          ကမ္ဘာကျော် ကော့တောင် (လိပ်ကျွန်း) လူသတ်မှုတွင် ထိုင်းရဲများအား ဘာသာပြန်ပေး ခဲ့သည့်  ကိုရဲ (ခ) မြင့်နိုင် သည်ယနေ့မွန်းလွဲပိုင်းက ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းသိရသည်။
 
 အသက်၄၀ကျော်အရွယ် ကိုရဲသည် ယမန်နေ့ညနေက အသက်ရှုကျပ်သဖြင့် စူရတ်မြိုဆေးရုံ ကြီးတွင် ဆေးဝါးကုသခံယူခဲ့ရသည်။ ရောဂါ မသက်သာလာပဲ ယနေ့ညနေ ၃နာရီခန့်က ကွယ် လွန်သွားခဲ့ခြင်းဖြစ်သည်။

       ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင် (လိပ်ကျွန်း) ၂၀၁၄ ခု စက်တင်ဘာလ ၁၅ ရက်နေ့ က ဗြိတိန် နိုင်ငံသားစုံ တွဲသတ်ဖြတ် ခံရမှုတွင် စွပ်စွဲခံရသည့် မြန်မာအလုပ်သမား ၀င်ဇော်ထွန်း   နှင့် ဇော်လင်းတို့အား အမှုစွဲ ထိုင်းရဲတပ်ဖွဲ့က ကိုရဲ(ခ) မြင့်နိုင်နှင့် ကမာ  တို့ကို ဘာသာပြန် အဖြစ်အသုံးပြုခဲ့သည်။ 

       လက်ရှိတွင် သေဒဏ်ကျခံထားရသည့် ၀င်းဇော်ထွန်း နှင့် ဇော်လင်းတို့ကဘာသာပြန် များသည် ထိုင်း ရဲများထက်ပင် ပို၍ နှိပ်စက်ညှဉ်းပမ်းမှု ပြုခဲ့ကြောင်း  မြန်မာသံရုံးအထူးစုံစမ်းရေး   ကော်မတီဝင်များနှင့်တွေ့ဆုံစဉ်ပြောဆိုဖူးပါသည်။

“တရားမ၀င်ဝင်ရောက်လာသည့်မြန်မာအလုပ်သမား၃၅ဦးအားထိုင်းစစ်တပ်မှဖမ်းမိ”




၂၀၁၆ ဖေဖေါ်ဝါရီ ၂၂ ရက်
မောင်သန့်

       ထိုင်းနိုင်ငံတောင်ပိုင်းကာဘူရီနယ်မြေ တောထဲတစ်နေရာတွင် ထိုင်းစစ်တပ်မှ တရားမ၀င် ၀င်ရောက် လာသည့် မြန်မာအလုပ်သမား ၃၅ ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်း Daily News တွင်ဖေါ်ပြထားသည်။

           အမျိုးသမီး  ၇ဦးနှင့် အမျိုးသား၂၈ ဦးတို့သည် မြန်မာနိုင်ငံ ကော့သောင်းခရိုင်၊ ခမောက် ကြီးမြို့ နယ်၊ ဆိပ်ဖူးနှင့် အောင်ချမ်းသာရွာအခြေစိုက် မြန်မာလူကုန်ကူးဂိုဏ်းမှ တစ်ဆင့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီအခြေစိုက် မြန်မာလူကုန်ကူးဂိုဏ်းနှင့် ဆက်သွယ်၍ တင်ပို့ခြင်း   ဖြစ်ကြောင်းသိရသည်။ လူကုန်ကူးသူများအား အလုပ်သမားတစ်ဦးလျှင် ဘတ်ငွေ ၇၀၀၀ မှ ၁၅၀၀၀ အထိ ပေးချေခဲရသည်ဟု အလုပ်သမားများကပြောသည်။

       ထိုင်းနိုင်ငံတွင် ပန်းရောင်ဘတ်ကဒ် ပြုလုပ်ပေးမည်ကို အကြောင်းပြ၍ မြန်မာလူကုန်ကူး ဂိုဏ်းများက ထိုင်းနိုင်ငံသို့လာရောက် အလုပ်လုပ်ကိုင်လိုကြသည့် မြန်မာလူငယ်များကို စုဆောင်းခေါ်ဆောင်နေကြသ ဖြင့် ထိုင်းစစ်တပ်က သတိထားစောင့်ကြည့်နေစဉ် သတင်းရရှိ သဖြင့် ယခုကဲ့သို့ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ 
   
      အလုပ်သမားများ စစ်တပ်စစ်ဆေးရေးဂိတ်အား   ရှောင်ကွင်းသည့် အနေဖြင့် တောထဲတွင်   လမ်းလျှောက်နေစဉ် စစ်တပ်က ဖမ်းမိခဲ့သဖြင့် လူကုန်ကူးသည့် ဂိုဏ်းသားများအား မဖမ်းမိ လိုက်ချေ။ အလုပ်သမားများ၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံတောင်ပိုင်းသို့သွားရောက် အလုပ်လုပ်ကိုင်ကြမည်ဟုသိရကြောင်း သတင်းတွင်ရေးသားထားသည်။

“နေရပ်ပြန်မြန်မာအလုပ်သမားများ မြ၀တီ၉၉၉ ဂိတ်ဟောင်းတွင်ဘတ်ငွေ၁၇၀၀စီပေးနေရ”



     
   

၂၀၁၆ ဖေဖေါ်ဝါရီ ၂၂ရက် မြတ်ညို (အလွတ်သတင်းထောက်)

         မြန်မာပြည်သို့နေစဉ်ပြန်သွားနေကြသည့်မြန်မာအလုပ်သမားများ မဲဆောက်တောင်ေ ပ်ါဂိတ်များနှင့် မြ၀တီ  ၉၉၉ ဂိတ်ဟောင်းတို့တွင် ငွေအမြောက်အမြားပေးနေရကြောင်း အလုပ် သမားများက အချက်လက် များပေးပို့၍ အကူညီတောင်းခံလာခဲ့ကြပါသည်။

            အလုပ်သမား ကိုရွှေဝင်း က“ကျနော်တို့မှာ သံရုံးကထောက်ခံစာ၊ ထိုင်းအလုပ်သမား ၀န်ကြီးဌာန ထောက်ခံစာနဲ့ လုပ်ငန်းရှင်သူဌေး ထောက်ခံစာပါ ပါတယ်။ ဒါပေမယ့် ခွေးလျားဦး ဂိတ်မှာ ထောရောမပါဘူး ဆိုပြီး အကုန်ဆွဲချတယ်။ အလုပ်သမား  ၁၀၀ လောက်ရှိပါတယ်။ သူတို့က မြ၀တီဘက်က ၉၉၉ ဂိတ်ကို ပို့ပါတယ်။ ၉၉၉ ဂိတ်မှာ တစ်ယောက်ကို ဘတ် ၁၇၀၀ စီပေးရပါတယ်။ ဒါ့အပြင် လက်ဝှေ့ခွေတစ်ခွေကို ဘတ် ၁၂၀ နဲ့ မ၀ယ်မနေရ ၀ယ်ရပါတယ်။ မရွေးနိုင်ရင် ထိုင်းငါးဖမ်းလှေကို ရောင်းစားမယ်လို့ ၉၉၉ ဂိတ်က ပြောတယ်။ ပွဲစားတွေ လည်းအများကြီးပဲ” ဟုပြောသည်။

ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT သည် ၉၉၉ ဂိတ်အတွင်း လူအ ရောင်းဝယ်လုပ်မှု၊ မတရားငွေကြေးတောင်းခံမှုတို့အား လျှို့ဝှက်ကယ်မရာဖြင့်ရိုက်ကူး၍ အင်တာနက်တွင် တင်ဖူးသည်။ ထို့အပြင် သက်ဆိုင်သည့်မြန်မာအစိုးရဌာနဆိုင် ရာများသို့ လည်း ပေးပို့ဖူးသည်။

         MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“မြ၀တီမှာ  လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိုင်းကပြန်လာတဲ့ သူတွေ၊ ဖမ်းဆီးပြန်ပို့ခံရတဲ့သူတွေဆီက ငွေကောက်စား၊ မပေးနိုင်သူတွေ ကို ပွဲစားတွေဆီကို ပြန်ရောင်း လုပ်စားနေကြတာ ဆယ်စုနှစ်နဲ့ကြာခဲ့ပြီဖြစ်တယ်။ ဒါတွေကို   မြန်အာဏာပိုင်တွေ အပြတ်မလုပ်နိုင်ကြသေး ဘူး။ မြန်မာအလုပ်သမားတွေမှာ ကိုယ်ဖြစ် ကိုယ်ခံဖြစ်နေတယ်။ ကိုယ့်တိုင်းပြည်ကို ပြန်လာတာ ကိုယ့်နိုင်ငံ သားအချင်းချင်း အသားလွတ် အကြောင်းမဲ့ငွေပေးရတာတော့ မင်းမဲ့တိုင်းပြည်လိုဖြစ်နေတယ်။ မြန်မာအစိုးရ အနေနဲ့ နေ့စဉ် ရာပေါင်းများစွာ ပြန်သွားနေကြတဲ့ အလုပ်သမားတွေဆီက ထိုင်းရဲ တောင်းစားနေတာကိုရော၊   မြ၀တီမှာ ကောက်စားနေကြတာကိုပါ အမြစ်ပြတ်ချေမှုန်ပေးစေချင်ပါတယ်” ဟုပြောသည်။
သတင်းအချက်အလက် ရိုက်ကူးပေးခဲ့သည့် အလုပ်သမားအား မြ၀တီလူကုန်တားမှ လာရော က်ခေါ်ဆောင်ခဲ့သဖြင့် ဘတ်ငွေ ၁၇၀၀ မပေးခဲ့ရသော်လည်း လက်ဝှေ့ခွေကို ၀ယ်ယူခဲ့ရသည် ဟုဆိုသည်။

         MAT အဖွဲ့သည် ယနေ့ဖြစ်စဉ်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ပေးပါရန် နိုင်ငံတော် သမ္မတကြီး ထံသို့လိပ်မူ၍ သမ္မတရုံးသို့ စာပို့ပေးခဲ့သည်။ မိတ္တူကို မြန်မာနိုင်ငံလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး၊ အလုပ်အကိုင်အလုပ်သမားလူမှုဖူလုံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ၀န် ဦးမျိုးအောင်၊ ဘန်ကောက် မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်၊ အလုပ်သမားသံအရာရှိ   ဦးလှထွန်း နှင့်မြ၀တီလူကုန်ကူးမှု တပ်စိပ် မှူးတို့ထံသို့ ပေးပို့ခဲ့သည်။ ထို့အပြင် မြ၀တီသတင်း တပ်ဖွဲ့SB နှင့်မြ၀တီလူကုန်တားသို့လည်း ဖုန်းဖြင့်ဆက် သွယ်၍ သတင်းပို့အကူညီတောင်းခံခဲ့ သည်။


"အာဆီယံအလုပ်သမားကျွမ်းကျင်မှုပြိုင်ပွဲမြန်မာဝင်ပြိုင်မည်"

ရွှေလုပ်သား ၀က်ဘ်ဆိုဒ်သည် နိုင်ငံခြားတွင် အခြေစိုက်၍ ရွှေ့ပြောင်းမြန်မာအလုပ်သမားသတင်းအချက်အလက်များကို အလုပ်သမားများအကျိုးအတွက်၊ အမှန်တရားအတွက် တင်ပြနေရပါသည်။ သို့ဖြစ်၍ ယခုသတင်း၏ မူလပိုင်ရှင်ဖြစ်သော အလဲဗင်းမီဒီယာအား တစ်စုံတစ်ခု ခွင့်တောင်းခံခြင်းမရှိပဲတင်ပြရခြင်းအတွက် တောင်းပန်အပ်ပါသည်။

21 February 2016

မြန်မာ့ဂုဏ်ဆောင် စာသင်ကျောင်းတွင် အမျိုးသမီးအခွင့်အရေးဆိုင်ရာသင်တန်းပို့ချ




မဟာချိုင် ၊ ဖေဖော်ဝါရီ ၂၁
စောမောင်

ထိုင်းနိုင်ငံ ၊ မဟာချိုင်မြို့ရှိ ဝေလရပ်ကွက်ရှိ မြန်မာ့ ဂုဏ်ဆောင် အခြေခံပညာ မူလတန်း ကျောင်း တွင် ဖေဖော်ဝါရီလ ၂၁ရက် နံနက်ပိုင်းက မြန်မာ အလုပ်သမများကို အမျိုးသမီး အခွင့်အရေး ဆိုင်ရာများ သင်တန်းကို ပို့ချပေးခဲ့ကြောင်း ယင်းကျောင်းမှ ကျောင်းဆရာမ ဒေါ်ခင်သန္တာစိုးက ပြောကြားသည်။

မြန်မာ အလုပ်သမများ အိမ်တွင်း အကြမ်းဖက် ခံရမှုများ မဖြစ်ပွားစေရေးနှင့် အမျိုးသမီးများ၏
 အခွင့်အရေး ဆိုင်ရာများကို သိရှိစေရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် အလုပ်သမား ကူညီရေးအဖွဲ့ဖြစ်သော MAP (Migrant Assistance Program) Foundation မှ အမျိုးသမီးအခွင့်ရေးနှင့် အလုပ်သမားကူညီရေး တက်ကြွလှုပ်ရှားသူ သင်တန်းနည်းပြများက ပို့ချခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး အခွင့်အရေးဆိုင်ရာ သင်တန်းကို မြန်မာ အလုပ်သမ အယောက် ၂၀ ခန့်
က တက်ရောက် ဆွေးနွေး ခဲ့ကြောင်း ယင်းသင်တန်းနည်းပြများထံမှ သိရှိရသည်။ 

20 February 2016

"NLD အလုပ်သမားဝန်ကြီးအသစ်စက်စက်အတွက် အလုပ်ဝင်မေးခွန်းနှင့်အဖြေများ"

MAT ကတင်ပြခြင်းမဟုတ်ပါ။ သို့သော်   
ဤအချက်များသည် ဦးသိန်းစိန်အစိုးရ လက်ထက် အလုပ်သမားဝန်ကြီးဌာနနှင့် ပွဲစား
များအဖွဲ့ချုပ် MOEAF ၏ သမိုင်းဝင်မှတ်တမ်းများဖြစ်မည်မှာသေချာပါသည်။



        MOEAF ဥက္ကဌ မင်းလိုင် အတွင်းရေးမှူး ကျော်ထင်ကျော် နဲ့ ပီတာညွန့်မောင် သူတို့ ၃ယောက်က moeaf အမည်ခံကြပေမယ့် ဘာသွားလုပ်တယ်ဆိုတာအသင်ဝင်တွေမသိရပါအလုပ်သမား ဝန်ကြီးဌာနက ဦးမျိုးအောင် အလုပ်သမားဝန်ကြီး ဦးအေးမြင့်ရဲ့ ကိုယ်ရေးအရာရှိ မောင်မောင်ကျော် ဦးသိန်းဝင်း နှင့် ဦးမင်းလိုင် ရဲ့သား၊ ပြီးတော့ ၀န်ကြီးအေးမြင့် ရဲ့သားတို့ ဂျပန်ကိုသွားကြပါတယ်။

         သူတို့သွားတာဝန်ကြီးဌာနလိုလို၊ အသင်းအဖွဲ့အနေနဲ့သွားသလိုလိုနဲ့ နောက်ဆုံးတော့ မင်းလှိုင် ကုမ္ပဏီနဲ့ MoU ထိုးမှာ။ ဘယ်လိုရေးရေး၊ သူတို့ကအရှက်မရှိကြတော့ မရေးတော့ ဘူးဗျာ အရေးယူမဲ့သူကိုယ်တိုင်ကအရေးယူခံရမဲ့လူတွေနဲ့ပေါင်းစားနေကြပြီ။ 

       အလုပ်သမားဝန်ကြီးတွေ ထဲမှာ ဒီအလုပ်သမားဝန်ကြီးစိတ်ဓာတ်အနိမ့်ကျဆုံးဖြစ်တယ်။
မင်းလိုင်က moeaf ဥကဌ ။ သူကိုရှေက ဦးတပ်ခေါ်ရမှာမတန်လို့။ မေလ ၁၂ ရက်ကသွား တာ။
၁၉ရက်နေ့မှာပြန်ရောက်တယ်။ ကျော်ထင်ကျော် fb မှာတင်ထားတယ် jojomoeyan PSO မောင်မောင်ကျော် ပါ ။

         သူတို့ဒီလုပ်ကွက်ကိုကြိတ်လုပ်နေတာတော်တော်ကြာပြီ။ မင်းလိုင်က ကျော်ထင်ကျော် အတွက် လေယာဉ်ခခံပြီးစည်းရုံးတာ။ သွားတဲ့ ၃ကြိမ်လုံးစရိတ်ခံတာ နောက်ငွေစာရင်းတွေ မှာ ကျော်ထင်ကျော် ထံမှ ရငွေဆိုပြီးUS$ တွေကျပ်ပြန်ဖွဲ့ပြီးစာရင်းဆွဲထားတာ။ ဘယ်နိုင်ငံ ဘယ်သူကပေးမှန်းမသိ၊ ဘယ်လောက်ရခဲ့မှန်းမသိ အသင်းငွေတွေထဲက လစဉ် လက်ကျန်ငွေ သိန်း ၉၀ ထားပြီးငွေလှည့် သုံးကြတယ်ဗျာ



ကျွန်တော်သည်မည်သူတစ်ဦးတစ်ယောက်ကိုမှပုဂိုလ်ရေးအနေဖြင့်ပျက်စီးရာပျက်စီးကြောင်းမလုပ်ခဲ့ပါ။ဒေါသအလျောက်
ပြောဆိုမိကောင်းတော့ရှိပါသည်။သို့ ရာတွင်စီးပွားရေးအရမိမိမသိသောအလှမ်းမမှီသော ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုပါ။ယခုသတင်းကိုရေးသားသောသတင်းထောက်သည်MOUဆိုတာဘာမှန်းမသိပဲတစ်ဖက်ကတရားမဝင်သောMATဆိုသည့်(သူနှင့်ပုဂိုလ်ရေးရင်းနှီးကောင်းရင်းနှီးမည်)အဖွဲ့မှပြောစကားများအားဂျာနယ်ရောင်းကောင်းရေးအတွက်သော်လည်းကောင်း၊မိမိကိုယ်ကိုပေါ်ပြူလာဖြစ်ရေးအတွက်သော်လည်းကောင်း၊တစ်ဖက်အဖွဲ့အစည်း၏အကျိုးစီးပွားအတွက်သော်လည်းကောင်း၊
ပွဲဆူအောင်ရည်ရွယ်ချက်ဖြင်သော်လည်းကောင်း၊အခြားသောမခန့်မှန်းနိုင်သည့်အကြောင်းများဖြင့်သော်လည်းကောင်း၊ရေးသားခြင်းသည်အင်မတန်မှစက်ဆုတ်ဖွယ်ရာ ရွံစရာကောင်းပါသည်။ 

သူတင်ထား သောဓာတ်ပုံသည်မနှစ်ကကျွန်တော်ကိုယ်တိုင်သွားရောက်ဖြေရှင်းထားပြီးသောဓာတ်ပံဖြစ်ပါသည်။ အလုပ်သမားဝန်ကြီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန၊များသို့ဖြေရှင်းပြီးသားဖြစ်ပါသည်။ယခုဓာတ်ပုံတင်ပြီးရေးသားခြင်းသည်လက်တလောဖြစ်ပျက်နေသလိုလုပ်ကြံထားခြင်းသည်သာ။အကြောင်းအရာ ဂဃနဏ သိလိုသူများကျွန်တော့်ထံအချိန်မရွေးလာရောက်မေးမြန်းနိုင်ပါသည်။ အထောက် အထား များနှင့် တကွရှင်းပြပါမည်။

MOU
စနစ်ကိုတိုက်ခိုက်ခြင်းသည်တရားမဝင်လမ်းကြောင်းကိုတွန်းပို့နေခြင်းသာဖြစ်ပါသည်။စာရှည်မည်ဆိုးသဖြင့်မရေးတော့ပါ။ သိချင်သူများလာရောက်ဆွေးနွေးနိုင်ပါသည်။
ဘာမှမသိပဲရေးသားသော၊သတင်းဖြစ်လျှင်ပြီးရော၊မှန်သည်မှားသည်ပိုင်းခြားနိုင်ခြင်းမရှိသော၊ရင်းနှီးမှုကိုအကြောင်းပြုသောသတင်းထောက်များနှင့်သတင်းဖော်ပြသူများကိုကျွန်တော်ရွံပါသည်။ (အလကားကောင်)လို့ပဲသတ်မှတ်ပါသည်။

ကျွန်တော်သည်MOEAF၏အထွေထွေအတွင်းရေးမှူးဖြစ်ပါသည်။အချိန်မရွေးမေးမြန်းနိုင်ပါသည်။
သံသရာတစ်လျောက်လုံးအလကားကောင်များနှင့်မမြင်ရမတွေ့ရသူဖြစ်ရပါလို၏။
………………………………………………..

ပွဲစားဂိုဏ်းချုပ်မှာ အတွင်းရေးမှူးလုပ်နေရတာကို အာဆီယံအတွင်းရေးမှူးလုပ်နေရသလိုလို
ကုလသမဂ္ဂအတွင်းရေးမှူးလုပ်နေရသလိုလို မထင်ပါနဲ့။ MOU မတိုက်ခိုက်ပါဘူး။ အစိုးရက လူကုန်ကူးမှုပပျောက်လျှော့နည်းအောင်လုပ်ထားတာ။  အေဂျင်စီတွေက တရားဝင်လူကုန်ကူးနေတာ။  မတရားလုပ်တဲ့ အေဂျင်စီတွေ ကြောင့် အလုပ်သမားတွေ ခံစားနေကြရတဲ့ ပကတိအနေအထားတွေကို တင်ပြနေခြင်းမျှသာဖြစ်တယ်။ 

        ခင်ဗျားတို့ကို ဦးကျော်သောင်း ကစိန်ခေါ်ထားတယ်နှော် ကြိုက်တဲ့   အေဂျင်စီတစ်ခု အလုပ် သမား   ခေါ်စာ(Demand Latter) တစ်စောင်ယူလာခဲ့ပါလို့ မင်းတို့ခုထိမလာရဲသးဘူး။ အမှန်တရားက ဒီအတိုင်းမနေဘူး။  မင်းတို့ ငွေပေးထားတဲ့ အလုပ်သမားသံအရာရှိနဲ့ မင်းတို့ပွဲစားတွေ အလှည့်ကျ ထိုင်တဲ့ MOEAF က…..၄တန်း၊၆တန်း အဆင့်လောက်ရှိကြတဲ့ အလုပ်သမား ကလေးတွေကို မင်းတို့ကအတင်းအကျပ်ရှင်းနေတာ။ တဘက်သတ်လက်မှတ်ထိုးခိုင်းပြီး အားလုံး   ကောင်းပါသည် ခင်ဗျားလို့ နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုင်းသူပြည်သားတွေကို လိမ်ကြမှာလေ ။ 

 MOU မကောင်း တာမဟုတ်ဘူး။ မကောင်းတဲ့လူလိမ်ပွဲစားအေဂျင်စီတွေကိုပြောနေတာ။
            အဲဒီဓါတ်ပုံက ကျော်ထင်ကျော်နဲ့ ကိုလေးတို့လာခဲ့ကြတဲ့ပုံဆိုတာမှန်တယ်။ အဲဒီခင်ဗျားတို့ လာခဲ့တဲ့ ဆာလီဇာ ဆိုတာ ဘာလဲ။ ဘာလုပ်နေလဲ။ ခင်ဗျားတို့သိလျှက်နဲ့ ဘာကြောင့် အလုပ်သမား   တွေကို ထိုင်းကိုခေါ်ဆောင်ခွင့်ပြုကြတာလဲ။ မကြာခင်ပေါ်လာမယ့် အမှန်တရားကျတဲ့အခါမှ။ ကျနော် အမှန်တကယ်မသိလိုက်လို့ပါဗျာလို့တော့ ရောမထိုင်ကြနဲ့ဗျို့။အမှားအမှန်ကို မပိုင်ခြားနိုင်သည်မှာ သတင်းထောက်မဟုတ်ပဲ။ ပွဲစားဂိုဏ်းချုပ် အတွင်းရေးမှူးရာထူးနဲ့ မြူးနေတဲ့ ခင်ဗျား ဘယ်လောက် ဖုံးနိုင်မလဲ ဘယ်လောက်ထိ အရှက်မဲ့မလဲ။ ဘယ်လောက်ယောက်ျားပီးသမလဲ ဆိုတာ မကြာခင် သိလာကြမှာပါဗျာ။

မှတ်ချက်။    MOEAF ပွဲစားဂိုဏ်းချုပ် အတွင်းရေးမှူးက အေဂျင်စီတွေမှန်တယ်လို့ အာမ,ခံရဲရင်
ဦးကျော်သောင်း တင်ပြထားတဲ့ အေဂျင်စီ၁၁ ခုထဲက အလုပ်သမားခေါ်စာတစ်စောင်လောက်ယူလာ ခဲ့ပါလား။ နိုင်ငံတကာ သတင်းမီဒီယာတွေ အဖွဲ့စုံရှေ့မှာ စစ်ဆေးကြရအောင်လေ။ ကုန်ကုန်ပြော လိုက်မယ်ဗျာ။ ကြိုက်တဲ့ အလုပ်သမားခေါ်စာတစ်စောင်သာယူခဲ့ပါ။ စစ်ဆေးကြမယ်။ အေဂျင်စီမှန် လား အလုပ်သမားတွေခံနေရလားဆိုတာ။

အော် တစ်ခုပြောလိုက်အုံးမယ်။ ဘာစာချုပ်စာရွက်မှ အလုပ်သမားတွေကိုမပေးပဲ ထိုင်းကိုလွှတ်တာကို လည်းခုကတည်းက လုပ်ထားအုံး၊ မေ့နေမယ်။ နောက်တစ်ခုပြောအုံးမယ်။ မြ၀တီမှာ ဘာဘောင်ချာမှ မပေးပဲ MOU အလုပ်သမားတွေကို ဆင်းကဒ်တစ်ကဒ်ပေးပြီး ဘတ်ငွေ ၅၀၀ ကောက်စားနေ တာကော ဘယ်သူ့လက်ချက်လဲဗျ။ ခင်ဗျားတို့ကတော့ တိုင်းပြည်ပျက်ချိန်မှာ ရသမျှ ၀ိုင်းသမ နေကြတာပဲလား။   ဖြေပေးပါနှော်။  

 ပုဂ္ဂိုလ်ရေးမဟုတ်ဘူးနှော်။အဖိနှိပ်ခံအလုပ်သမားတွေပြောတာကို ပြောတာ။………………………






 










  "ပွဲစားတွေနဲ့ ပေါင်းစားခဲ့ကြတဲ့ ၀န်ကြီးယုတ်တွေလုပ်ရပ်များ"


ခေတ်သစ်အတွက်အကျိုးပြုမည်ဖြစ်ပါသဖြင့် ထပ်မံပေးပို့လာပါက ဆက်လက်ဖေါ်ပြပေးပါမည်။