28 July 2013

“မဟာချိုင်မှ ဘတ်ငွေလေးသိန်းကျော် လိမ်လည်မှုအား ပူးပေါင်းဆောင်ရွက်သူများကိုင်တွယ်”

   ဇူလိုင်လ ၂၈ မြတ်ညို(အလွတ်သတင်းထောက်)
           မဟာချိုင်မြို့ ငါးသေတ္တာအလုပ်ရုံတစ်ခုမှ အလုပ်သမား ၄၂ဦးတို့ထံမှ ပတ်စပို့လုပ်ပေးရန် အတွက် ဘတ်ငွေ လေးသိန်းကျော် ယူဆောင်ပြီး နောက် အလုပ်ထုတ်ခြင်းခံခဲ့ရသည့် ပြဿနာအား အလုပ်သမားအရေးပူးပေါင်းဆောင်ရွက်သူများက ကိုင်တွယ်ဖြေရှင်းနေပြီဖြစ်ကြောင်း သိရှိရသည်။
         မဟာချိုင်မြို့ ဖလန်းဆောင်လမ်းမကြီး ငါးသေတ္တာ အလုပ်ရုံတစ်ခု တွင် အလုပ်သမား ကန်ထရိုက်တာဝန်ယူထားသည့် မဟာချိုင် လေးထပ် ရဲစခန်းမှ ထိုင်းရဲတစ်ဦးသည် ပတ်စပို့လုပ်ပေးရန်ဟု ဆိုကာ အလုပ်သမားတစ်ဦးစီထံမှ ဘတ်ငွေ ၁၁၂၀၀ စီဖြတ်တောက်ထားခဲ့ကြောင်း အလုပ်သမားများကပြော သည်။  အလုပ်ရုံကလည်း ပတ်စပို့မရှိသူ များဟုဆိုကာ ဇူလိုင်လ ၁၆ ရက်နေ့က အလုပ်သမားများအား အလုပ်ရုံမှ အလုပ်ထုတ်ပစ်လိုက်ပြန် သည်။

20 July 2013

“အင်ဒိုနီးရှားငါးဖမ်းလှေပေါ်တွင် ရောင်းစားခံထားရသည့်မြန်မာ၁၆ဦးအား ကယ်တင်”


ဇူလိုင် ၂၀
မြတ်ညို(အလွတ်သတင်းထောက်)
            ထိုင်းနိုင်ငံ မဟာချိုင်မှ အင်ဒိုနီးရှာရေပိုင် နက်တွင် နှစ်ချီကြာအောင် ငါးဖမ်းသော ငါးဖမ်းလှေ ၆စီးပေါ်မှမြန်မာအလုပ်သမား၁၆ဦးအားလူကုန်ကူး မှု ပူးပေါင်းအဖွဲ့တို့ကယနေ့ကယ်တင်နိုင်လိုက်သည်။ အင်ဒိုနီးရှားငါးဖမ်းလှေများပေါ်တွင် ရောင်းစားခံနေ ရကြောင်းမိသားစုများကပြီးခဲ့ သည့် မေလဆန်း ကတည်းက ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MATသို့ အကူညီတောင်းခံခဲ့ခြင်းဖြစ်သည်။ သို့ရာတွင်ငါးဖမ်းလှေများပေါ် မှ မြန်မာအလုပ်သမားများအား ဖုန်းဆက်သွယ် မရရှိခဲ့သဖြင့် ကူညီနိုင်ခြင်း မရှိခဲ့ပါ။

17 July 2013

“အီတာလျှံထိုင်း ကုမ္ပဏီမှ MOU အလုပ်သမား ၃ဦးအား ထိုင်းရဲဖမ်းဆီး”

               
   ဇူလိုင်   ၁၇     မင်းဘခက်
                   အီတာလျှံထိုင်းကုမ္ပဏီ ဆောက်လုပ်ရေးလုပ်ငန်းခွင် ညဆိုင်း မြန်မာပန်းရံအလုပ်သမား ၃ ဦးအားပတ် စပို့ လက်ဝယ်မရှိဟုဆိုကာ ယနေ့နံနက်၃နာရီက ဘန်ကောက်မြို့တွင်ထိုင်းရဲများကဖမ်းဆီးချုပ်နှောင် ထားကြောင်း သိရှိရသည်။

15 July 2013

"တစ်နှစ်၊ တစ်ရက်၊ တစ်မိနစ်”


"အာဇာနည်းခေါင်းဆောင်းများအားဂုဏ်ပြုဆောင်းပါး"                                                              မြန်မာနိုင်ငံမှာ နှစ်ပေါင်း၆၀ တိုင်အောင် ၀ါဒမှိုင်းတိုက်အမှောင်ပိတ်ပြီးစစ်တပ်ကို ခေါင်းပေါ် တင် ထားရအောင် ကျေးဇူးတင်နေဖို့ ရေးထားတဲ့စာတွေ ကိုဖတ်ခဲ့ရတယ်။ အဓိပ္ပါယ်ဘာမှန်းတိတိကျကျ မသိတဲ့ အချုပ်အခြာအာဏာ ဆိုတာကြီးနဲ့ ကမ္ဘာတည် သရွေ့ အုပ်ချုပ်ချင်ကြတဲ့ စစ်ဝါဒီတွေနဲ့နီးစပ်မှ အလုပ်ဖြစ်အဆင်ပြေရတဲ့ တိုင်းပြည်မှာ၊ ဗုဒ္ဓ၀င်လာ ဇါတ်တော်တွေ ကို ရုပ်စုံ၊ အသံစုံ ဖတ်ရှု နားထောင်ရင်းကြီးပြင်း ခဲ့ကြရတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က ၀တ်စားဆင်ယင်မှုကို မြန်မာမှု ယဉ်ကျေးမှု အဖြစ်စံ ထား  ကြ တယ်။ သာအေးနဲ့ စာဥတို့ဆိုတာ မြန်မာနား မှာ ယခုတိုင် ယဉ်ပါးလို့။……..ခေတ်မီဆဲ။

"ချောင်းစမေးစံက ရောင်းစားခံ မြန်မာရေလုပ်သား၇ဦးကို ကယ်ထုတ်"


“ငါးဖမ်းလှေပေါ်တွင် ရောင်းစားခံနေရသူ ၇ဦးအား ကယ်တင်”


     ဇူလိုင်လ ၁၄   ခရမ်းသားလေး
        ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၅၀ ခန့်အကွာတွင်ရှိသော ခြုံဘူရီခရိုင်၊ ချောင်းစမေးစံ  ငါးဖမ်း   လှေဆိပ်၊ ဝေတာဇင် တံတား ငါးမန်းလှေ အမှတ် ၉ ပေါ်တွင် ရောင်း စား ခံနေရ သည့် မြန်မာ အလုပ်သမား ၇ဦးအားပူးပေါင်းအဖွဲ့တို့က ကယ် ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

13 July 2013

"မသေမချင်း နွံနစ်နေရမယ့်လိင်အလုပ်သမား၁၀ဦးလွတ်ပြီ"


“လိင်ကျွန်အဖြစ်လူကုန်ကူးခံခဲ့ရသူ၁၀ ဦးအား ပူးပေါင်းအဖွဲ့များကယ်ထုတ်”







                 ဇူလိုင်လ  ၁၂    ကိုတီး ----                                      ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ ကူရတ် ဘူရီမြို့နယ်၊ နံယောင် ငါးဖမ်းလှေဆိပ် တွင်ရှိသော   ပြည့်တန်ဆာ ခန်းများတွင် လိင်ကျွန် အဖြစ်အဓမ္မ္မရောင်းစား ခံခဲ့ကြရသော မြန်မာ အမျိုး သမီးငယ်  ၁၀ ဦး တို့ကို ပူးပေါင်းအဖွဲ့တို့က ကယ် ထုတ်နိုင် ခဲ့ကြောင်း သိရှိရသည်။
            ဖန်ငအခြေစိုက်ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေး ရှင်းမှ အလုပ်သမား တာဝန်ခံ တစ်ဦးက အဆိုပါ ငါးဖမ်းလှေဆိပ်မှ အမျိုးသမီး တစ်ဦး၏ သတင်းပေး ပို့ချက် အား ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ကို  အကြောင်းကြား ခဲ့သည်။
            MAT အဖွဲ့ကလည်း ထိုင်းအစိုးရ လူကုန်ကူးမှုအထူးထောက်လှမ်းရေးတပ်ဖွဲ့DSI နှင့် မြန်မာအလုပ် သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း တို့ထံသို့ အချက်အလက်များအပြည့်အစုံတင်ပြလျှက် ပူးပေါင်းဆောင်
ရွက်ခဲ့ကြခြင်းဖြစ်သည်။

08 July 2013

“ကြက်သားထုတ်လုပ်သည့်အလုပ်ရုံ ထိုင်းနှင့်မြန်မာအလုပ်သမားအာဏာပိုင်များဖြေရှင်း”


         ဇူလိုင် ၈   မြတ်ညို (အလွတ်သတင်းထောက်)
  ဘန်ကောက်မြို့အနီး လုဘူရီ ဖက်ချပွန်မြို့နယ် နံမလိုင် ရပ်ကွက်တွင်ရှိသော SAHA  FARMS ကြက်သားစက်ရုံ မြန်မာအခေါ်(ပက်ပက် နှင့်   ကောက်ကောက်) ကြက်သား အလုပ်ရုံ၂ရုံတွင် လုပ်ခ လစာ၃လကြာမရပဲ ဖြစ်နေကြသည့် ထောင် ချီရှိသည့် မြန်မာအလုပ် သမားများ ပြဿနာအား   မြန်မာနှင့်ထိုင်း အလုပ်သမားအာဏာ ပိုင်များက သွားရောက် ဖြေရှင်းခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ရုံတွင် ထောင်ချီရှိသည့် မြန်မာအလုပ်သမားများ အား အလုပ်ရုံမှ မေလ ကတည်းက လုပ် အားခရှင်မပေးသဖြင့်အလုပ်သမားများမှာစားရေးအခက်အခဲကြုံနေရကြောင်းနှင့်ပတ်စပို့လုပ်ရန် ငွေများဖြတ်
 တောက်ပြီး ဖြစ်သော်လည်း ယနေ့တိုင် ပတ်စပို့လုပ်မပေးသေးကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT သို့ သတင်းပို့ အကူညီတောင်းခံခဲ့သည်။
          ထို့နောက် ဇွန်လ ၁၄ ရက်နေ့တွင်မေလအတွက် လုပ်အားခထဲမှ ၂၅ ရာခိုင်နုန်းကို ထုတ်ပေးခဲ့ သည်။ အလုပ်သမားများ မှာ အနီးအနား တောတောင်များထဲမှ ဟင်းသီး ဟင်းရွက်များကိုရှာဖွေစားသောက်နေကြ ရ သည်ဟု အလုပ်သမားများကပြောသည်။ အချို့မှာမူ နေရပ်ရင်းနှင့် မိတ်ဆွေများထံမှ ငွေများချေးယူ လျှက် အသက်ဆက် စားသောက် နေရကြောင်းသိရှိရသည်။

07 July 2013

“VITA သစ်သီစုံ အစားအစာအလုပ်ရုံမှ လူကုန်ကူးခံရသူ ၉ဦးအား ဒုတိယအကြိမ် ကယ်တင်”



 ၂၀၁၃  ဇူလိုင် ၇  ကိုတီး
              ထိုင်းနိုင်ငံဘန်ကောက်မြို့အနောက် မြောက်ပိုင်း ကီလိုမီတာ ၁၀၀ခန့်တွင် ရှိသော ကန်ချနဘူရီခရိုင် ထာမကန်မြို့နယ်၊ ဆင်တော်ရပ်ကွက် တွင်ရှိသော V&K PINE APPLE CANNING Co,Ltd   တွင် လူကုန်ကူးခံနေရသည့် အလုပ်သမား ၉ဦးအား ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့ပြီးပွဲစား၂ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။
          ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ထိုင်းအစိုးရ လူကုန်ကူးမှုအဖွဲ့DSI ,မြန်မာအလုပ်သမားကူညီစောင့် ရှောက်ရေးကော် မတီ ညွန်ကြားရေးမှူး၊ ထိုင်းတောင် ပိုင်းအခြေစိုက်ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းFED နှင့်ဘန်ကောက်အခြေစိုက်ထိုင်းနိုင် ငံရောက် မြန်မာနိုင်ငံ သားများအဖွဲ့ MATတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြခြင်း ဖြစ်သည်။ ရန်ကုန်မြို့   မြောက်ဥက္ကလာပ မှ ပွဲစား ဒေါ်သက်သက်ဝင်း နှင့် မစုမာ တို့ ၂ဦးတို့ထွက်ပြေး သဖြင့် လိုက်လံ ဖမ်းဆီးခဲ့ကြရသည်။ 

       

"၆နှစ်ကြာမယ့် အင်ဒိုငါးဖမ်းလှေမှ မြန်မာ၁၁ဦးကိုကယ်ထုတ်"


04 July 2013

“အင်ဒိုနီးရှားရေပိုင်နက်ထဲသို့ ၆နှစ်ကြာငါးဖမ်းရမည့် အလုပ်သမား၁၁ ဦးအား အချိန်မီကယ်တင်”






  ဇူလိုင်လ ၄    မင်းဘခက်
         ဘန်ကောက်မြို့တောင်ဘက်ပင်လယ်ဝအနီး တွင်ရှိသော မဲခေါင်တံတား ငါးဖမ်းလှေဆိပ်၌ရှိသောTASENA-346 နှင့် TASENA-141 ငါးဖမ်းလှေ များပေါ် မှ မြန်မာအလုပ်သမား၁၁ဦးအားယမန်နေ့  ညနေကပူးပေါင်းကူညီရေးအဖွဲ့များက အချိန်မီ ကယ်တင်နိုင်လိုက်ကြောင်း သိရှိရသည်။
 
           ကော့သောင်းမြို့မှ အသက် ၂၁ နှစ်အရွယ် ကိုထိန်လင်းဦး ဆိုသူ၏ မိခင် က  ဒေသခံ မြန်မာသတင်းထောက်တစ်ဦးထံမှ တစ်ဆင့်  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က အကြောင်းကြားလာခဲ့ပါသည်။    MAT အဖွဲ့က ကိုထိန်လင်းဦး ကို ဆက်သွယ်လျှက် လိုအပ်သည့် အချက်အလက်များကို စုဆောင်းခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့ နံနက် ၅နာရီတွင် ကယ်ထုတ်ရေးအစီအစဉ်များကို စတင်ခဲ့ကြသည်။    ကိုထင်လင်းဦးနှင့် ဦးလေးတော်စပ်သူ တစ်ဦး၏ အကူညီဖြင့် ကိုထိန်လင်းဦးကို ဆယ်ကယ်ဖြင့် ခိုးထုတ်ပြီး နောက် ကားနှင့်ပြောင်းလဲကာ MAT အဖွဲ့ က ဘန်ကောက်မြို့ ကို  ပြန်လာခဲ့သည်။