31 October 2015

“လေယာဉ်နဲ့ခိုးထုတ်သည့်လူကုန်ကူးဂိုဏ်းရန်ကုန်မှာဖမ်းမိ”

                                 
၂၀၁၅ အောက်တိုဘာ ၃၁
စောမောင်+အောင်ဆန်းဦး

      ထိုင်းနိုင်ငံ ငါးဖမ်းကုမ္ပဏီကြီးတစ်ခုအတွက် မြန်မာအလုပ်သမားများစုဆောင်းပို့ဆောင်ပေးနေသည့် လူမှောင်ခိုကုန်ကူးမှုဂိုဏ်းခေါင်းဆောင်တစ်ဦးအား ရန်ကုန်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က အောက်တိုဘာ ၂၉ ၇က်နေ့ ကဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

         ရန်ကုန်မြို့ကမ်းနားလမ်းတွင်ရှိသော River View ဟိုတယ်၏ အခန်း ၅၀၃ တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင် မည့် ချင်းပြည်နယ်ပလက်ဝမှ အလုပ်သမား၃ဦးနှင့်အတူ လူမှောင်ခိုကုန်ကူမှုခေါင်းဆောင် ရေခဲ(ခ)ခွန်ကျော့ ရှင်း ကို ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

         ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး ရဲမှူးကြီး ရဲဝင်းအောင် က“လူကုန်ကူးမှုမြောက် မလား၊ လူမှောင်ခိုကုန်ကူးမှုဖြစ်မလား၊ စစ်ဆေးတုန်းဖြစ်ပါတယ်။ လောလောဆယ်တော့ တရားမ၀င် လူပို့ ဆောင်မှု( ပြည်ပ-၂၆)နဲ့ အရေးယူထားပါတယ်။ နောက်ဆက်တွဲဖေါ်ထုတ်နိုင်အောင် ပြင်ဆင်နေပါတယ်” ဟု ပြောသည်။

          ယခုဖမ်းမိသည့် လူမှောင်ခိုကုန်ကူးသည့်ဂိုဏ်းသည် ပြီးခဲ့သည့်၃လခန့်ကပင် မြန်မာအလုပ်သမား ၁၀၀  ၀န်ကျင်ခန့် ပို့ဆောင်ပြီးခဲ့ပြီဖြစ်ကြောင်း၊ စုစုပေါင်း ငါးဖမ်းလှေအလုပ်သမား ၁,၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် သတင်းရင်းမြစ်ကပြောသည်။

          ယခုဂိုဏ်းအား ဖေါ်ထုတ်နှိမ်နင်းနိုင်ရေးအတွက် နေပြည်တော် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ မှူး ရဲမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ ဒုရဲမှူးကြီး ဦခင်မောင်လှ၊ ရန်ကုန်တိုင်းလူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး တပ်ဖွဲ့မှူရဲမှူးကြီး  ဦးရဲဝင်းအောင်တို့နှင့်အတူ  ဘန်ကောက်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီအတွင်းရေးမှူး အပြင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT တို့က သေသေချာချာညှိနှိုင်း ကြပြီးပူး ပေါင်းဆောင်ရွက်ခဲ့ကြသည်။

           ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းနိုင်ငံကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ EU တို့က စောင့်ကြည့်တာ၊
ပိတ်ဆိုတာ၊အစီရင်ခံစာထုတ်ပြန်တာတွေကြောင့် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာလူကုန်ကူးခံသားကောင်းတွေနဲ့ အသုံးပြုပြီး ထိုင်းငါးဖမ်းလုပ်ငန်းနဲ့ ပင်လယ်အစားအစာထုတ်လုပ်မှုကိုလုပ်ကိုင်ခဲ့ကြတာကို ပုံစံပြောင်းကြရတောမှာဖြစ်ပါတယ်။ ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့နဲ့ကျနော်တို့ကလည်း ရသမျှဖေါ်ထုတ်နေတယ်။ ဒါကြောင့်ထိုင်း ငါးဖမ်းလုပ်ငန်းနဲ့ပင်လယ်အစားအစာထုတ်လုပ်တင်ပို့မှုလုပ်ငန်းမှာ အလုပ်သမားအခက်အခဲရှိနေပါတယ်။ ပြီးခဲ့တဲ့၃လ လောက်က free Visa သတ်မှတ်လိုက်တာနဲ့ လူမှောင်ကုန်ကူးတဲ့သူတွေက ထိုင်းမှာလိုအပ်နေတဲ့ ငါးဖမ်းလုပ် သားတွေကို လေယာဉ်နဲ့ ခေါ်ထုတ်ကြတော့တာပဲ” ဟုပြောသည်။

          ထိုင်းငါးဖမ်းလုပ်ငန်းမှ ထိုင်းလူမျိုးတစ်ဦး လာရောက်၍ လူပွဲစားများဖြင့် ရန်ကုန်မြို့တွင်နေထိုင်၍ လူစုဆောင်၍ ပို့ဆောင်နေခဲ့သည်။ မြန်မာအလုပ်သမားများအား တစ်လလျှင် ဘတ်ငွေ ၂၅,၀၀၀ ရမည်။ ကမ်းသို့ ၃လတစ်ကြိမ်ကပ်မည်။ ၃နှစ်ပြည့်လျှင် အိမ်သို့ ပြန်ရမည်ဟုပြောဆိုစည်းရုံး၍ အလုပ်သမားတစ်ဦးထံမှ ကျပ်ငွေ ငါးသိန်းစီတောင်းခံသည်။ လူကုန်ကူးသူများသည် မှတ်ပုံတင်မရှိသော်လည်း  နိုင်ငံကူးလက်မှတ်(ပတ်စပို့)ထုတ်၍ ရနိုင်သည်အထိ စွမ်းဆောင်နိုင်
 ကြောင်း MAT အဖွဲ့သို့ကာယကံရှင်တစ်ဦးကပြောသည်။


         အလုပ်အကိုင်အခွင့်အလမ်းမရှိဖြစ်နေသော မြန်မာနိုင်ငံမှ လူငယ်လူရွယ်တို့သည် အိမ်နီးချင်းထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့ သို့ ရသည့်နည်းဖြင့်ထွက်ခွာ၍  အလုပ်လုပ်ကိုင်ရန်ကြိုးစားနေကြသည်။ MOU ဖြင့် အလုပ်သမားတင်ပို့ခြင်းမှာလည်း  တရားဝင်လူကုန်သည်နှင့်တူနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံအတွင်း အလုပ်မရှိပဲ ရာပေါင်းများစွာသောအလုပ်သမားများသောင်တင်လျှင် ရှိနေဆဲဖြစ်သည်။ ၂လခန့်အလုပ် မလုပ်ရပဲ စိတ်ဓါတ်ကျ၍ ပြန်သွားသည့် အလုပ်သမားများလည်းမကြာခဏရှိသည်။ MOUဖြင့်လာသောအလုပ် သမားများအဆင်မပြေသော်လည်း အလုပ်သမားအာဏာပိုင်များနှင့် အေဂျင်စီပွဲစားကုမ္ပဏီများမှာအကျိုးဖြစ် ထွန်းနေကြပါသည်။


          မြန်မာအလုပ်သမားဝန်ကြီးဌာနသည်  ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များ အဖွဲ့ချုပ်MOEAF အား အလုပ်သမားများတင်ပို့ခွင့်ပြုပြီးခဲ့သည့်ပြီးနောက်၊ ထိုင်း၊မလေးရှား၊စင်္ကာပူနှင့် မကာအို နိုင်ငံများသို့အလုပ် အကိုင်မည်မည်ရရမရှိပဲ မြန်မာလူငယ်ပေါင်းများစွာကို  ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ မြန်မာအလုပ်သမားဝန်ကြီးဌာနသည် MOEAF က ပို့ဆောင်ထားသည့် အလုပ်သမားများ မူလနေရာတွင်ရှိမရှိ၊ စာချုပ်ပါစည်းကမ်းမှန်ကန် မှုရှိမရှိတို့ကို ယနေ့တိုင် စစ်ဆေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းမရှိသေးသဖြင့် မြန်မာအလုပ်သမားများမှာ အားကိုးရာမဲ့စွာဖြင့် ထိုင်နိုင်ငံတွင် ဒုက္ခရောက်လျှက်အမြောက်အမြားရှိကြောင်း MAT အဖွဲ့ကပြောသည်။

27 October 2015

“ပြည်ပရောက်အပယ်ခံများ”

     "၂၀၁၅ ခုအောက်တိုဘာ ၂၈ ရက်နေ့ထုတ် “တို့ခေတ်”အပတ်စဉ်သတင်းဂျာနယ်တွင်ဖေါ်
ပြထားသည့် ဆောင်းပါး အား အွန်လိုင်း မိတ်ဆွေများအတွက် ကူးယူဖေါ်ပြပါတယ်"                  
          
          မြန်မာနိုင်ငံကထွက်ခွာပြီး ပြည်ပ ၄၄နိုင်ငံခြားတိုင်းပြည်များမှ ထွက်ခွာအလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေ၊ ပညာရှင်တွေနဲ့ ကျောင်းသားကျောင်းသူတွေ ငါးသန်းထက်မနည်းရှိပေမယ့် ရွေးကောက်ပွဲကော်မရှင်ကကြေညာတာက ပြည်ပနိုင်ငံတွေက မဲပေးခွင့်ရှိသူ သုံးသောင်းလေးထောင်ရှစ်ရာကျော်သာရှိကြောင်း ကြေညာပါတယ်။ ငွေကြေးတတ်နိုင်ပြီးပညာတတ်အသိုင်းအ၀ိုင်းအလုပ်သမားတွေဖြစ်ကြတဲ့ စင်္ကာပူရောက် မြန်မာအချို့သာနေရပ်ပြန်ပြီး မဲပေးကြမယ်လို့ကြားသိရပါတယ်။

         ထိုင်းကိုရောက်နေကြတဲ့ သုံးသန်းထက်မနည်းရှိနေတဲ့ တရားဝင်အလုပ်သမားတွေက ၅၆၁ ဦးသာ မဲပေးခွင့်ရရှိကြပါတယ်။  တရားဝင်မြန်မာအလုပ်သမား ၈သိန်းလောက်ရှိတဲ့ မလေးရှားနိုင်ငံမှာ ၄၄၃ ဦးသာ မဲပေးခွင့်ရရှိကြမှာဖြစ်တာကြောင့် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးဖြစ်ပါတယ်။ ဒီဆုံးမှုကြီးကို သာမန်အလုပ်သမားတွေအနေနဲ့ အလေးနက်ထားရကောင်းမှန်းမသိကြပေမယ့် တိုင်းပြည်မွဲပြီးကိုယ်ချမ်းသာတဲ့အာဏာကို မဖြုတ်စတမ်းလိုချင်ကြတဲ့ အုပ်စုတွေအတွက်ကတော့ မုဆိုး ရွှေအိုးထမ်းပြီးနတ်သမီးနဲ့ညားရတဲ့ကိန်းဆိုတာ နိုင်ငံရေးကိုနားလည်သူတိုင်း သိရှိထားပြီးဖြစ်ပါတယ်။

          မဲပေးခွင့်ရှိသူတွေစါရင်းကို ပထမအကြိမ်ကြေညာတုန်းက ရန်ကုန် မန္တလေးမြို့ကြီးတွေက စါရင်း တွေမှားတယ်လို့ ၀ိုင်းပြောကြတာကြောင့် ဒုတိယတစ်ကြိမ် အက္ခရာစဉ်လိုက်ထုတ်တော့လည်း မှားပြန်တယ်။ အဲဒါကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဌက ကွန်ပျူတာ ဆော့ဝဲတွေ ချို့ ယွင်းလို့ဆိုပြီး ပြောပြန်တော့ ငိုအားထက် ရည်အားသန်ကြရတယ်။ ကွန်ပျူတာဆိုတာ လူခိုင်းတာလုပ်ရတဲ့ သက်မဲ့ပစ္စည်းဆိုတာကို မေ့သွားပုံရတယ်။ တစ်ခါ ထပ်ပြီးမဲစာရင်းမှန်ကန်မှုတွေအတွက် ၃၀ ရာခိုင်နုန်းပဲတာဝန်ယူတယ်လို့ ပြောပြန်တော့ ကျနော်တို့တွေ ဘာကို ယုံလို့ယုံရမှန်းမသိတော့ပါဘူး။

              ၁၉၉၀ ၀န်ကျင်က နယ်လေယာဉ်ကွင်းတစ်ကွင်းမှာ Weather ၀ယ်သာ မကောင်းတာကြောင့် လေယာဉ်က မထွက်နိုင်ကြောင်း ကြေညာပါတယ်။ အဲဒီအချိန်မှာ လေယာဉ်စီးဖို့ စောင့်နေတဲ့ တပ်ရင်းမှူး ဒု.ဗိုလ်မှူးကြီး တစ်ယောက် ဝေသာတစ်ယောက်နေမကောင်းတာငါနဲ့မဆိုင်ဘူး။ ငါသွားမယ့်ခရီးကိုတော့ မဖျက်သိမ်းနိုင်ဘူး။ ခုချက်ခြင်းလေယာဉ်ထွက်ပေးပါလို့ပြောခဲ့ကိစ္စကို မြန်မာနိုင်ငံမှာအတော့်ကို ရည်စရာဖြစ်ခဲ့ကြရပါတယ်။ Weather ၀ယ်သာ ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ဒု.ဗိုလ်မှူးကြီးတစ်ယောက်သိမှာပါ။ ဒါပေမယ့် ဘာ့ကြောင့် လူအများရှေ့မှာ ဒီလိုပြောသလဲဆိုတာတော့ ခုထိစဉ်းစားလို့မရဘူး။

                              “အမေ့ခံတွေကို ကြည့်မယ့်သူမရှိသေးပါဘူး”

               ၂၀၁၂ နှစ်က  ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး  ဦးသိန်းစိန် တို့ သီးခြားစီ 
ထိုင်းနိုင်ငံကိုလာခဲ့ကြတယ်။ ခေါင်းဆောင်၂ယောက်လုံး တစ်ပုံစံတည်းပြောသွားကြတဲ့စကားတစ်ခွန်းက ထိုင်းကိုရောက်နေကြတဲ့ အလုပ်သမားတွေကို ပစ်မထားပါဘူး။ ကာကွယ်စောင့်ရှောက်ဖို့အတွက် တာဝန်ယူပါတယ်လို့ ပြောသွာခဲ့ကြတယ်။ သမ္မတ ဦးသိန်းစိန် က အလုပ်သမားသံအရာရှိတွေထားရှိပြီဖြစ်ကြောင်းပြောဆိုခဲ့တယ်။ ဒေါ်စုကများ ဆိုရင် ကိုယ့်တိုင်းပြည်မှာ ဒီလူတွေ အလုပ်လုပ်နိုင်ဖို့လိုတယ်လို့တောင်အလုပ်သမားတွေကို အားဖြည့်စကား ပြောဆိုသွားခဲ့တယ်။ ထိုင်းနိုင်ငံမှာ နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခံနေရတဲ့ အလုပ်သမားတွေ တဒင်္ဂ ၀မ်းမြောက်ခဲ့ရတယ်။ ဒါပေမယ့် ပါးစပ်ဖျားက ပြောသွားခဲ့ကြတဲ့ အားပေးစကားက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ယခုအချိန်အထိ တစ်စုံတစ်ခုမှ ထူးခြားမှုမရှိခဲ့ပါဘူး။ အလုပ်သမားတွေကို
လူကြီးတွေညာသွားတယ်လို့ ပြောနေကြတယ်။
                     “ထိုင်းရောက်အလုပ်သမားတွေကြုံနေရတဲ့သောကဝေဒနာများ”    
           မြန်မာအစိုးရက ထုတ်ပေးတဲ့ပတ်စပို့နဲ့ထိုင်းက နေထိုင်ခွင့်ဗီဇာနဲ့ အလုပ်လုပ်ခွင့်ပါမစ်တို့ကို မြန်မာအလုပ်သမားတွေ ကျပ်ငွေ ၅သိန်းကျော်ထက်မနည်း အကုန်အကျခံပြီးလုပ်ထားကြရပါတယ်။ ထိုင်းမှာ အလုပ်လုပ်နေကြတဲ့အလုပ်သမားတွေဟာ ရှုပ်ထွေးတဲ့ပတ်စပို့လုပ်ငန်းစဉ်တွေကို နားမလည်ကြာတကတစ်မျိုး၊ ပတ်စပို့၊ နေထိုင်အလုပ်လုပ်ကိုင်ခွင့်တွေအတွက် ရုံးလုပ်ငန်းတွေ အကုန်လုံးကို ထိုင်းနဲ့မြန်မာ ပွဲစားကုမ္ပဏီတွေကပဲ ကြားခံလုပ်ပေးကြတာမို့ မြန်မာအလုပ်သမားတွေရဲ့လုံခြုံရေးကံကြမ္မာအားလုံးကို ပွဲစားတွေဆီမှာ“၀”ကွက် အပ်ထားကြရပါတယ်။

         ရွှေ့ပြောင်းအလုပ်သမားတွေရဲ့စာအုပ်မှာ တစ်နှစ်တန်သည် ၂နှစ်တန်သည် နေထိုင်ခွင့်ဗီဇာ တံဆိပ်တုံး ထုပြီးရုံနဲ့ မလုံလောက်ပဲ ရက်ပေါင်း ၉၀ ပြည့်တိုင်း အဲဒီပတ်စပို့စာအုပ်တွေကို နယ်မြေ လ၀ကရုံးတွေမှာ ဧည့်စါရင်းသွားတိုင်ရပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် မြန်မာအလုပ်သမားတိုင်းဟာ ပွဲစားနဲ့လုပ်ကြရပါတယ်။ တချို့အလုပ်ရုံမှာဆိုရင် ပတ်စပို့ကို အမြဲတမ်းကိုသိမ်းထားပြီးလုပ်ပေးပါတယ်။ ပတ်စပို့ကိုသိမ်းထားပြီး ရက်ပေါင်း ၉၀ တံဆိပ်တုံးထုပေးရင်တော့ ကောင်းပါရဲ့ လုပ်ငန်းရှင်တွေက ညစ်ပတ်ပြီး တံဆိပ်တုံးထုမပေးပဲထားလို့ နေထိုင် ခွင့်လွန်သွားပြီး ဒုက္ခရောက်ကြရတဲ့ မြန်မာတွေ ဒုနဲ့ဒေးဖြစ်ပါတယ်။

         ပတ်စပို့ကို ရက်၉၀ တံဆိပ်တုံးထုမလို့ ပွဲစားနဲ့ထည့်လိုက်တုန်း လမ်းသွား၊ ဈေးဝယ်၊ အလုပ်သွားရင်း ပုလိပ်ဖမ်းရင် ငွေပေးမှလွတ်မြောက်ပါတယ်။ အချို့အပြင်မှာ မိသားစုပါမသွားကြတဲ့သူတွေဆိုရင် ထောင်ချခံရပြီး နယ်စပ်ကို ပြန်ပို့ခံရတတ်ပါတယ်။ ထိုင်းရဲနဲ့ ထိုင်းလမ်းသရဲတွေဟာ မြန်မာအလုပ်သမားတွေအတွက် ပတ်စပို့ဟာ မရှိမဖြစ်လိုအပ်တာကို သိရှိကြတာကြောင့် ပတ်စပို့ကိုသိမ်းဆည်းတာ၊ ခိုးယူတာ၊ လုယူတာတွေ လုပ်တတ်ကြပါတယ်။ နိုင်ငံကူးလက်မှတ်လို့ ခေါ်တဲ့ ပတ်စပို့ဆိုတာ နိုင်ငံခြားတိုင်းပြည်မှာ အလွန်အရေးကြီးပြီး လူရာဝင်တဲ့နိုင်ငံသားအမှတ်အသားတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေအတွက်ကတော ပတ်စပို့ဟာ လုံခြုံမှုလွတ်လပ်မှုပေးစွမ်းရမယ့်အစား အနိုင်ကျင့်လို့ရတဲ့ပစ္စည်းတစ်ခု၊ နိုင်ကွက်အညှာတစ်ခုသာ ဖြစ်နေပါတယ်။

                             “ပေါ့စေချင်လို့ကြောင်ရုပ်ထိုးတာဆေးကြောင့်ပိုလေး”
            ရက်၉၀ တံဆိပ်တုံးအတု၊ ဗီဇာအတု၊ မြန်မာမှတ်ပုံတင်အတု၊ အလုပ်သွင်းပေးမယ်ဆိုပြီး အနိုင်ကျင့် ပြီး မြန်မာအချင်းချင်း ပတ်စပို့သိမ်းထားကြတာရှိပါတယ်။ ထိုင်းအစိုးရကလည်း မြန်မာအလုပ်သမားတွေ အတွက် ဥပဒေအတိုင်း တိတိကျကျ အကာအကွယ်မပေးသလို မြန်မာအစိုးရနဲ့ မြန်မာသံရုံးတို့ရဲ့ထိထိ ရောက်ရောက် လုပ်မပေးတာတွေကို သိရှိထားကြတဲ့ ထိုင်းအလုပ်ရုံအချို့ဟာ ပတ်စပို့ကိုသိမ်းထားလို့ ရက်ကျော် ပတ်စပို့တွေဖြစ်သွားပြီး နေထိုင်ခွင့်သက်တမ်းတွေ သေဆုံးသွားခဲ့ကြရပါတယ်။ အလုပ်သွင်းပေးခ တနင့်တပိုးယူတာ။ ထိုင်းလုပ်ငန်းရှင်ကရိုက်နှက်လို့ သေဆုံးသွားရသူ၊ ခြေလက်အင်္ဂါပျက်စီးသွားရသူ၊ လုပ်ငန်းရှင်၊ အိမ်ရှင်က အဓမ္မပြုတာခံရသူ၊ ထိုင်းပုလိပ်တွေ အနိုင်ကျင့်ဖမ်းဆီးငွေတောင်းခံရသူ၊ ထိုင်းနိုင်ငံနေရာအနှံ့အပြား မှာရှိပါ တယ်။

                                             “မလုံခြုံတဲ့ဘ၀ပေး”
           ထိုင်းနိုင်ငံမှာကျင့်သုံးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာနည်းဥပဒေတွေကို မြန်မာအလုပ်သမား ၀န်ကြီးဌာနနဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေဟာ  အနုစိတ်လေ့လာသုံးသပ်ဖို့လိုအပ်ပါတယ်။ ဒီစကားကိုကြားရရင် သက်ဆိုင်သူတွေဒေါသထွက်ကြမှာကိန်းသေပါပဲ။ မတတ်နိုင်းဘူး။ ကိုယ်ဝမ်းနာ ကိုယ်သာသိဆိုသလို ထိုင်းကိုရောက်နေတဲ့ အလုပ်သမားတွေရဲ့ နေ့တဓူဝ ခံရနေရမှုတွေက ထင်မှတ်ထားတာတွေထက် ပိုဆိုးနေလို့ပြောရခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို  ရွှေ့ပြောင်းအလုပ်သမားအဖြစ် သန်းချီရောက်နေတဲ့တာကို မြန်မာအစိုးရ အဆက်အဆက်ဟာ တရားဝင်မြန်မာအလုပ်သမားပြည်ပမှာမရှိဘူးဆိုပြီး အမြဲ ဘူးကွယ်ခဲ့ပါတယ်။ ဦးသိန်းစိန် အစိုး ရ တက်လာပြီး ၂၀၁၁ မှာမှ ပြည်ပရောက် မြန်မာအလုပ်သမားဆိုတာ ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ အမှန် က ၂၀၀၉ ကတည်းက ထိုင်းနဲ့မြန်မာအစိုးရဟာMOUအလုပ်သမားတင်သွင်းခြင်းလုပ်ငန်းကို စတင်ခဲ့ကြတာပါ။

         ထိုင်းနိုင်မှာ ရွှေ့ပြောင်းအလုပ်သမားတွေကို လွတ်လပ်စွာ အလုပ်ပြောင်းရွှေ့ခွင့်မရရှိကြသလို လွတ်လပ် စွာသွားလာခွင့်လည်းမရှိကြပါဘူး။ မြန်မာအလုပ်သမားတစ်ယောက်ကို ထိုင်းအာဏာပိုင်တွေဟာ အချိန်မရွေးဖမ်းဆီးချုပ်နှောင်ပါတယ်။ ငွေကြေးတောင်းခံပါတယ်။ လူသတ် မှု၊ မူးယစ်ဆေးဝါးမှု၊ ခိုးမှုနဲ့ ရာဇ၀တ်မှုအမျိုးမျိုးတွေမှာ မြန်မာနိုင်ငံသားတွေ ဘုမသိဘမသိ ထောင်ကျနေတာတွေအများကြီးရှိပါတယ်။ သုတေသနစာတမ်း တစ်စောင်အရဆိုရင် ထိုင်းနိုင်ငံအကျဉ်းထောင်တွေထဲကအကျဉ်းသား၃၀ရာခိုင်နုန်းကျော်ဟာ မြန်မာတွေဖြစ်တယ်လို့သိရပါတယ်။
အလုပ်ခိုင်းစေပြီးလုပ်အားခမပေး၊ အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရှိ၊ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံး၊ ငါးဖမ်းလှေဆိပ်တွေမှာ အကြောင်းမဲ့သတ်ဖြတ်ခံရ၊ ရာဘာခြံတွေမှာ အဓမ္မပြုကျင့်ပြီး လုယက်သတ်ဖြတ်ခံရ၊ မြန်မာနိုငံသားတွေရဲ့အရိုးတွေ ထိုင်းနိုင်ငံမှာတောင်လိုပုံခဲ့ပါပြီ။

       ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့အမျိုးသမီးတစ်ယောက်က ပြောပြဖူးတယ်။ “ထိုင်းတွေဟာ လူကုန်ကူးခံထားရတဲ့ မြန်မာအလုပ်သမားတွေနဲ့ မြန်မာရေပိုင်နက်ထဲမှာ ငါးတွေကိုသွား ဖမ်းကြတယ်။ လူကုန်ကူးခံထားရတဲ့အလုပ်သမားတွေနဲ့ Sea food လို့ခေါ်တဲ့ပင်လယ်အစားအစာတွေထုတ်လုပ်ပြီး တကမ္ဘာလုံးကိုဖြန့် ချိကြတယ်။ သမီးတို့ပြည့်တန်ဆာအဖြစ်ရောင်းစားခံထားရသူတွေကို ထိုင်းလူမိုက်တွေပန်းဦးချွေပြီး၊ သူတို့မလိုချင်တော့တဲ့အခါ ငါးဖမ်းရာက ပြန်လာတဲ့ မထူးဇါတ်ခင်းထားတဲ့မြန်မာငါးဖမ်းသမားတွေက ပျော်ပါးကြတယ်။ ရတဲ့ပိုက်ဆံကို ပြည့်တန်ဆာရုံပိုင်ရှင် ထိုင်းကယူတယ်။ စဉ်းစားသာကြည့်တော့ဆရာ။ ထိုင်းလူမျိုးတွေဟာသမီး တို့ ပိုင်တဲ့သဘာဝသယံဇာတတွေနဲ့ သမီးတို့လိုလူငယ်တွေကို ကျွန်ပြုရင်းချမ်းသာနေတာကိုရင်နာလို့မဆုံးဘူး။ ကျမတို့ဆီက ထိုင်းတွေအလကားယူနေကြတာကို ကျမတို့လူကြီးတွေသိဖို့ကောင်းတယ်” လို့ပြောခဲပါတယ်။

         ဒီမိန်းကလေးဟာ မြန်မာနိုင်ငံက ဂက်စ်နဲ့  ထိုင်းတစ်နိုင်ငံလုံးမီးလင်းနေတာ၊ စက်ရုံအလုပ်ရုံတွေလည် ပတ်နေတာ၊ မြန်မာ့ကျွန်းသစ်နဲ့ အခြားသောသယံဇာတတွေက အကျိုးအမြတ်တွေရနေတာတွေ၊ မြန်မာနိုင်ငံမှာ လိုအပ်တဲ့ပစ္စည်းတွေကို ထိုင်းမှာလာဝယ်ရ၊ ဆေးလာကုရ၊ ကျောင်းလာတက်နေရတာတွေကို ဒီမိန်းကလေး သိရင် ဘယ်လောက်အထိ ရင်ကွဲပက်လက်ပြောမလဲ မဆိုနိုင်။    ။
                                                   ကျော်သောင်း



"ဘီလီယံနှင့်ချီပြီးချမ်းသာ၍ လွှတ်တော်ထဲ၌ မိမိကိုယ်ပိုင်စါရင်းကို မဖေါ်ပြရဲဘဲဖြစ်လျှက်ရှိပါသည်"

"စာဆိုစကား၊ ကလောင်သွားသည်... လက်နက်ဗိုလ်ခြေ၊ တိုက်ခိုက်စေ၍ မီးတောက် ဗုံးဆန်
ပေါက်ကွဲသံထက်။ ပြင်းအားရှိသည် ကမ္ဗည်းအက္ခရာတင်စေသည်"

26 October 2015

“မြန်မာအလုပ်သမားတစ်ဦးအလုပ်ရုံခေါင်မိုးသန့်ရှင်းရေးလုပ်စဉ်ပြုတ်ကျသေဆုံး”

            
၂၀၁၅ အောက်တိုဘာ ၂၆
လွန်းသူ

      
ဘန်ကောက်မြို့ဘန်ချလုံနယ်မြေတွင်ရှိသော arosoft(အယ်ရိုဆော့)ဖိနပ်စက်ရုံ ခေါင်မိုးတစ်ခုအား သန့်ရှင်းရေးလုပ်နေစဉ် အမိုးအုပ်ကြွ ဆွေးမြေ့နေသဖြင့် မြန်မာအလုပ်သမားတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည်။


            သေဆုံးသွားသူမှာ အသက်၄၀ အရွယ် ဦးကြာငုံဆိုသူဖြစ်သည်။ သူသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့ နယ်၊ ဒေါက်ရိုက်ကျေးရွာမှဖြစ်သည်။

တူမဖြစ်သူ အစု က“မနက်  ၉နာရီလောက်မှာ ခေါင်မိုးပေါ်က ပြုကျပြီး သေဆုံးသွားပါတယ်။ သူဌေးက ဂရုတစိုက်မရှိလို့ MAT အဖွဲ့ကို ကူညီတောင်းရတာပါ။ ကူညီပေးပါဟု” ဟုပြောသည်။

          မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်၊ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT အဖွဲ့ဝင်များသည် အလောင်းသဂြိုဟ်ရရေးနှင့် လိုအပ်သည်များကို ကူညီနိုင်ရန် သွားရောက်ခဲ့ကြသည်။ ညနေပိုင်းတွင်အလောင်းအားသဂြိုဟ်လိုက်ပြီးဖြစ်ပါသည်။


MAT အဖွဲ့ ရုံးတာဝန်ခံ ကိုစိုင်းအေး က“သူဌေးနဲ့ ကျနော်တို့တွေ့ပါတယ်။သေဆုံးသွားသူဟာ သူဌေးခိုင်းလို့ဖြစ် တဲ့ကိစ္စလေ။ နစ်နာကြေးကိုသူရအောင်လုပ်ပေးမယ်ပြောပါတယ်။ သူဌေးက ဖြောင့်ဖြောင့်တန်းတန်း မပေးဘူး ဆိုရင်တော့ ကျနော်တို့ ရှေ့နေနဲ့ တိုင်ပင်ပြီး  အသက်လျှော်ကြေးရအောင်လုပ်ပေးသွားမယ်” ဟုပြောသည်။

25 October 2015

"အလုပ်သမားအချက်အလက်ကောက်ခံမှုရပ်စဲရန်ထိုင်းအစိုးရကြေညာ"

       
၂၀၁၅ ခု အောက်တိုဘာ ၂၅ ရက်
စောမောင်

        ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရပ်ဌာနီ၊ ဆုံခလာ နှင့်ကော့စမွေကျွန်းကော့တောင်၊အပါအ၀င်အခြားနေရာ အတော်များများတို့တွင် မြန်မာအလုပ်သမားများအား ပတ်စပို့ထုတ်ပေးမည်ဟုဆိုကာတစ်ဦးလျှင် ဘတ်ငွေ ၆,၅၀၀နုန်းဖြင့်ကောက်ခံ၍ ယမန်နေ့ကအထိ လုပ်ကိုင်နေကြဆဲဖြစ်ကြောင်းသိရှိရသည်။

      CI ထုတ်ပေးရန် အချက်၂၇ချက်ကောက်ခံရန် ဖွင့်လှစ် ထားသည့် နေရာများကို ပိတ်သိမ်း၍ တိုင်းပြည်ထဲကထွက်ခွာသွားကြရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန ရွှေ့ပြောင်းအလုပ်သမားများအလုပ်အကိုင်ရှာဖွေရေးဌာန ကြဟာငန်း ကအောက်တိုဘာလ ၂၂ ရက်နေ့ကတရားဝင်စာထုတ်ပြန်ခဲ့သည်။





            ၁၊၈၊၂၀၁၅ နေ့ ကရန်ကုန်အခြေစိုက် ကမာရွတ်မီဒီယာ ရုပ်မြင်သံကြားထုတ်လွှင့်အစီအစဉ်တွင် လည်းထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက်သက်သေခံအထောက်အထားကတ်ပြားဖြစ်တဲ့ Certificate of Identity -CI ကို ထုတ်ပေးနိုင်ဖို့အတွက် သက်ဆိုင်တဲ့ အေဂျင်စီတွေအနေနဲ့ စာရင်းကောက် တာတွေ လုပ်သွားမည်ဖြစ်ကြောင်း၊ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအားလုံး တရားဝင်နေထိုင်လုပ်ကိုင်တဲ့အခြေအနေဖြစ်အောင် နိုင်ငံကူးလက်မှတ်စီစဉ်မှာဖြစ်ပြီး အထောက်အထားခိုင်လုံရင် နိုင်ငံကူး လက်မှတ်ကိုထုတ်ပေးပြီး အချက်အလက်လိုအပ်နေသူတွေကိုတော့ CI ထုတ်ပေးမှာဖြစ်တယ်လို့ ပြည်ပအလုပ် အကိုင်ရှာဖွေရေးအဖွဲ့ချုပ်က ဦးစိုးမြင့်အောင် က ပြောပါတယ်။ စစ်ဆေးမှုကာလက ၃လကြာမှာဖြစ်ပြီး ဥပဒေပြင်ပက အေဂျင်စီတွေကို ဝန်ကြီးဌာနက အရေးယူတာတွေလုပ်မယ်လို့ ဆိုပါတယ်။

          စာရင်းကောက်ဖို့ ဇူလိုင် ၁၅ရက်နေ့က စတင်ခဲ့ပြီး ဘန်ကောက်မှာ အေဂျင်စီ ၉ခု၊ ရနောင်းမှာ ၅ခု။ မဲဆောက်မှာ ၄ခုနဲ့ မယ်ဆိုင်မှာ ၂ စုစုပေါင်း အေဂျင်စီ၂ဝမှာ အလုပ်မားတွေကို စစ်ဆေးဖို့ လိုအပ်တဲ့စက်ပစ္စည်း (ကွန်ပျူ တာ)  တွေ ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ နယ်မြေ ၅ခုမှာ ပန်းရောင်ကတ်ကိုင်ထားတဲ့လူဦးရေက ၄သိန်းခွဲရှိတယ်လို့ MOEAF တွဲဘက်အတွင်းရေးမှူး ဦးကျော်ဇောက ပြောပါတယ်။

       ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်လက်မှတ် ၄နှစ်ပြည့်သွားသူတွေရော၊ တရားမဝင်အလုပ်သမားတွေပါ အထောက်အထားရဖို့ လုပ်နေတာဖြစ်လို့ လက်ရှိအချိန်မှာ ထိုင်းရောက်ရွှေ့ပြောင်းမြန်မာတွေအတွက် အထောက်အထား ဆိုင်ရာလက်မှတ်တွေက ၄မျိုးရှိတယ်လို့ ဆိုသူက အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ပါ။ အခုနောက်ပိုင်း ထုတ် ပေးမယ့် CI ကတော့ အစိမ်းရောင်စာအုပ်ဖြစ်ပြီး ဘတ်ငွေ ၄ဝဝ ပေးရမှာလို့ ပြောပါတယ်။ …..ဟူ၍ သတင်း ထုတ်လွှင့်ခဲ့ပါသည်။

       ၂၃၊၇၊၂၀၁၅ နေ့ထုတ် အလဲဗင်းဒေးလီသတင်းစာတွင်။ ထိုင်းနိုင်ငံအတွင်းသို့ရောက်ရှိနေကြသည့် အလုပ်သမားများအား အချက်အလက်ကောက်ယူရေးနှင့် ပါတ်သက်၍... မြန်မာပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF မှ အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော် က“ ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင်လက်မှတ်(ပန်းေ၇ာင်ကတ်) ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံရှိ မြန်မာရွှေ့ ပြောင်း အလုပ်သမားခြောက်သိန်းကျော်အနက် အချက်အလက်ပြည်စုံသူများကို နိုင်ငံကူးလက်မှတ်ပြုလုပ်ပေး ရန်စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း၊ အဆိုပါ စစ်တမ်းကောက်ခြင်းကို မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF  ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးနှင့် အလုပ်သမားအရေးဆောင်ရွက်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ထိုင်းနိုင်ငံအတွင်း ခရိုင် ၇၇ခရိုင်တွင် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီးအချက်အလက်ပြည့်စုံသူများကို နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အချက်အလက်များကောက်ပြီး ပတ်စပို့ထုတ်ပေးရန်အတွက် အလုပ်သမားဝန်ကြီးဌာနအားအစီရင်ခံထားပြီး MOEAF အဖွဲ့ဝင် ၄၁ ယောက် ထိုင်းကိုရောက်နေပြီဖြစ်ကြောင်း၊ ဘန်ကောက်မြန်မာသံရုံး၊ NGO နှင့်ပူးပေါင်း၍ လိုက်လံ ကောက် ခံမည်ဖြစ် ပြီး အချိန်ကာလမည်မျှ ကြာမည်ကို မပြောနိုင်ကြောင်း”ပြောဆိုခဲ့သည်။

         သံရုံးနှင့်နီးစပ်သည့် အမည်မဖေါ်လိုသည့် ပွဲစားတစ်ဦး က“MOEAF ပွဲစားတွေကို အလုပ်သမား ထံက အချက် ၂၇ချက် ကောက်ခံခွင့်ပြုရန် ဘန်ကောက်မြန်မာသံရုံးက စာထုတ်ပေးခဲ့တယ်။ ဒါပေမယ့် MOEAF ပွဲစားတွေက CI ထုတ်ပေးမည်ဟုပြီး အလုပ်သမားတစ်ယောက်ကို ဘတ်ငွေ ၆,၅၀၀  ကောက်ခံနေတယ်။  ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ ဆေးရုံကြီးလမ်းမှာရှိတဲ့ NIK ကုမ္ပဏီမှာ မနေ့က လူ ၁၀၀ လုပ်တယ်။ ကော့စမွေမှာ ၄၀လုပ်တယ်။ ဖန်းင ဘက်မှာရောလုပ်တယ်။  အယင်နေ့က MOEAF ပွဲစားတွေက စီခြုံနဲ့ ချယာ ဘက်မှာ ကားနဲ့ပတ်ပြီးလုပ်နေကြသေးတယ်။ ဘယ်သူတွေလုပ်နေတယ်ဆိုတာ MOEAFသိပါတယ် ” ဟုပြောသည်။

          အလုပ်သမားများ၏ အခြေအနေများ၏ သတင်းအချက်အလက်များကို နေ့စဉ်စောင့်ကြည့်နေသည့် ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်းက
“မြန်မာအလုပ်သမားတွေကို အချက်အလက်ကောက်ခံမယ်ဆိုကတည်းက ကျနော်ကန့်ကွက်ခဲ့ပါတယ်။ ဒီကိစ္စသာမဟုတ်ပါဘူး။ အလုပ်သမားတွေကို ခေါင်းပုံဖြတ်တဲ့ ကိစ္စတိုင်းကို ကျနော်ဆန့်ကျင်နေတာပါ။ ဘာဖြစ်လို့ ဆန့်ကျင်ရသလဲဆိုရင် တာဝန်ခံမှု တာဝန်ယူမှုမရှိကြလို့ဖြစ်ပါတယ်။ အလုပ်သမားတွေမှာ ထိုင်းနဲ့ဗမာပွဲစားတွေ နှိပ်ကွပ်လို့ အလူအလဲခံနေကြရတာပါ။ တရားဝင် အလုပ်သမားဆိုတဲ့ခေါင်းစဉ်အောက်ကို ရောက်အောင် ထိုင်းနဲ့ မြန်မာအစိုးရတို့က လုပ်ကြပေမယ့်  တရားဝင်အလုပ်သမားတွေအတွက် လုံလောက်တဲ့အကာအကွယ် ကို မြန်မာအစိုးရရောထိုင်းအစိုးရတို့ပါ အပြည့်အ၀ တာဝန်မယူကြပါဘူး၊ အခု အလုပ်သမားတွေဆီက  ပိုက်ဆံတွေလည်း ကောက်လိုက်ပြီ၊ ထိုင်းအစိုးရကလည်းရပ်ခိုင်းလိုက်ပြီ။ ဘယ်သူတာဝန်ယူမလဲ၊  ဒီကိစ္စကိုအကောင်အထည်ဖေါ်ကြတဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာန ဘယ်လိုတာဝန်ခံမလဲ MOEAF ဘယ်လောက် ယောက်ျားပီသလဲဆိုတာ စောင့်ကြည့်အုံးမယ်” ဟုပြောသည်။

၂၀၁၃ ခုနှစ်က ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေပြောင်းအလုပ်သမားများထံမှ အိမ်ပြန်ပို့စရိတ်ဟုဆိုကာအလုပ်သမားတစ်ဦးစီထံမှ ဘတ်ငွေ ၁,၀၀၀ စီကောက်ခံထားခဲ့သည်။ သန်းပေါင်းများစွာသော ထိုငွေများကို အလုပ်သမားအရေးကိစ္စရပ် တစ်ခုခုတွင် အသုံးပြုနိုင်ရန်အတွက် ပြန်လည်တောင်းခံသင့်ကြောင်း MAT အဖွဲ့က မြန်မာအလုပ်သမားဝန်ကြီးဌာနသို့  တင်ပြခဲ့ဖူးသော်လည်း ယနေ့တိုင် အကြောင်းတစ်စုံတစ်ရာ မထူးခြားသေးပေ။

          ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများအား ထိုင်းနှင့်မြန်မာအစိုးရတို့သည် ၂၀၀၉ ကတည်းက ယာယီပတ်စပို့ကို ထုတ်ပေးခဲ့သည်။ ပတ်စပို့လုပ်ငန်းစဉ်၏ ရှုတ်ထွေးမှုများကြောင့် မြန်မာအလုပ်သမားများမှာ လုပ်အားခငွေ၏ ထက်ဝက်ခန့်မှာ ထိုင်းနိုင်ငံအတွင်းယိုဖိတ်နေပါသည်။ ကျပ်ငွေ ငါးသိန်းထက်မနည်းအကုန် အကျခံ၍ လုပ်ကိုင်ထားသော ပတ်စပို့နှင့် ၀တ်ပါမစ်များရှိကြသော်လည်း မြန်မာအလုပ်သမားများအား ထိုင်ပုလိပ်များ အစဉ်အမြဲ ဖမ်းစားလေ့ရှိပါသည်။ 


လုပ်ငန်းရှင်က သိမ်းဆည်းထား၍ မြန်မာအလုပ်သမားများမှာ ဆုံးရှုံးနစ်နာ မှုများလည်းဖြစ်ကြရပါသည်။ ထိုင်းနိုင်ငံတွင် မြန်မာပတ်စပို့သာမက မြန်မာအမျိုးသားမှတ်ပုံတင်များကိုပါ အတု လုပ်ပေးသူများရှိနေဆဲဖြစ်ပါသည်။ နေထိုင်ခွင့်အတုလုပ်ကြသည့် ထိုင်းနှင့် မြန်မာပွဲစားများကိုလည်း ထိုင်းနှင့် မြန်မာအစိုးရက ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းမရှိသေးသဖြင့် မြန်မာအလုပ်သမားများ၏ ကံကြမ္မာမှာ ကိုယ့်ဖြစ်ကိုယ်ခံဖြစ်နေကြကြောင်း MAT အဖွဲ့ကပြောသည်။



       

23 October 2015

“ထိုင်းရဲညစ်ပတ်မှုကိုMATအဖွဲ့လက်မတင်ကယ်ထုတ်နိုင်”

                               
၂၀၁၅ အောက်တိုဘာ ၂၃
မြတ်ညို(အလွတ်သတင်းထောက်)


              အလုပ်သို့သွားသည့် မြန်မာအလုပ်သမငယ်တစ်ဦးအား ဘန်ကောက်မြို့လန်းစစ်ရဲကဖမ်းဆီး၍ အကြပ်ကိုင်ခြိမ်းခြောက် ငွေကြေးတောင်းခံမှုကို မြန်မာသံရုံး မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီဝင် MATကအချိန်မီကူညီပေးနိုင်လိုက်သည်။

             ယနေ့နံနက် ၉နာရီခန့်က ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်၊သရက်တန်းဂွအိုင်ရွာမှ အသက် ၂၅နှစ် အရွယ် မသက်သက်ခိုင်သည် အလုပ်သို့လာခဲ့စဉ် လန်းစစ်နယ်မြေရဲကဖမ်းဆီး၍ နေထိုင်အလုပ်လုပ် ကိုင်ခွင့် ဘတ်နှင့်စာရွက်စာတမ်းများအားစစ်ဆေးကြည့်ရာ သက်တမ်းကုန်နေသည်ဟု ဆိုကာ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

          သူမတွင် ရွှေဆွဲကြိုးတစ်ကုံးနှင့်ရွှေနားဆွဲများအား  စက္ကူဖြင့် ထုတ်၍ ခန္ဓာကိုယ်၏လုံခြုံသည့်နေရာတွင် သိမ်းထားသော်လည်း  ရဲများက ရှာဖွေတွေ့ရှိသွားခဲ့သည်။ သို့ဖြစ်၍ ရဲက ထိုရွှေများကို ရောင်းချ၍ ဘတ်ငွေ နှစ်သောင်းပေးလျှင်လွှတ်ပေးမည်။ မဟုတ်ပါက ၆လထောင်ချပစ်ဟုပြောဆိုသည်။

မသက်သက်ခိုင် က“သမီးမှာ ဘတ်ငွေ ၃,၀၀၀ ပါတယ်။ သမီးလကုန်ရင် အဖေနေမကောင်းလို့ ပြန်တော့မယ်။ ရွှေကိုမရောင်းပါရစေနဲ့ လို့တောင်းပန်ပေမယ့်မရဘူး။ တောမောကိုပို့မယ်။ ထောင်ချမယ် ပဲခြိမ်းခြောက်နေတယ်။ သမီးလည်း အွန်လိုင်းကရထားတဲ့ MAT အဖွဲ့က ဦးကျော်သောင်း ကိုဖုန်းဆက်ပြီး အကူညီတောင်းလိုက်တယ်။ သူတို့ညှိနှိုင်းပေးလို့ ဘတ်ငွေ ၃,၀၀၀ ယူထားလိုက်ပြီး ပြန်လွှတ်လိုက်တယ်။ ကူညီကြတဲ့ MAT အဖွဲ့ကို ကျေး ဇူးတင်ပါတယ်” ဟုပြောသည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ ရုံးတာဝန်ခံနှင့် နိုင်ငံခြားဆက် ဆံရေးဌာနမှု ကိုစိုင်းအေး က“ကိုယ့်အလုပ်သမားက အသက်ငယ်ပြီးချောမောတဲ့မိန်းကလေးဖြစ်နေတယ်၊ တရားမ၀င် အလုပ်သမားလည်းဖြစ်နေတယ်။  အချိန်ကြာသွားရင် အန္တရာယ်ဖြစ်နိုင်တယ်။ ကောင်မလေးမှာ ၀ှက်ထားတဲ့ ဆွဲကြိုးနဲ့ နားကပ်ကိုတွေ့သွားတော့ လိုချင်ကြတာပေါ့ဗျာ။ မြန်မာသံရုံးအလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီကပါ။ ဘတ်သက် တမ်းဆက်ဖို့ အဆင်မပြေဖြစ်သွားတာကြောင့်တောင်းပန်ပါတယ်။ ပါတဲ့ငွေကလေးကိုယူပြီးပြန်လွှတ်ပေးပါ ဆိုပြီးအဆင်ပြေအောင်ပြောရတာပေါ့” ဟုပြောသည်။

ယနေ့နေ့လည်က ဖလန်းဆောင်နယ်မြေမှ မြန်မာအလုပ်သမားတစ်ဦးမှာ ဟိုနားဒီနားသွားသည်ဟုဆိုကာ ပတ်စပို့မပါသဖြင့် IDC အချုပ်ခန်းသို့ရောက်ရှိသွားကြောင်း သိရှိရသည်။


22 October 2015

“လူကုန်ကူးခံရသူလက်ကျန်၈ဦး ယနေပြန်ပြီ”

                         
၂၀၁၅ ခု အောက်တိုဘာ ၂၂
မင်းရန်နိုင်

              ခြုံဖေါ်နယ်မြေ တောထဲတွင် လူကုန်ကူးခံရသူများစွန့်ပစ်ခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရသူများထဲမှ ခြုံဖေါ် ရဲစခန်းအတွင်း ၆လနေထိုင်ခဲ့ကြရသည့် လူကုန်ကူးခံမြန်မာ၈ဦးတို့အား မြန်မာပြည်သို့ ယနေ့ပြန်လည်ပို့ ဆောင် လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

       အမျိုးသမီး၂ဦးနှင့် အမျိုးသား ၆ဦးဖြစ်ပါသည်။ ထိုသူတို့မှာ(၁)မစမ်းသော်တာ (၂) မသဲယု  (၃)အောင်မင်းမင်း သန်း  (၄) ကျော်မျိုးထွန်း  (၅)၀င်းကိုဦး (၆) ကျော်ကိုကိုသက် (၇)ကျော်နိုင် နှင့် (၈) ယောင် ဆိုသူတို့ဖြစ်ကြပါသည်။

         ယခုလူကုန်ကူးခံကိစ္စရပ်သည်   ပြီးခဲ့သည့်မေလ ၈ ရက်နေ့က ခြုံဖေါ်မြို့နယ်တောထဲတွင် ၂၈ ယောက် ဖမ်းဆီးခံခြင်းနှင့် မေလ ၉ ရက်နေ့တွင် ၄၇ဦးဖမ်းဆီးခံခဲ့ရခြင်းကိစ္စဖြစ်ပါသည်။ မေလ၈ ရက်နေ့က မြန်မာ မိန်းကလေး ၂ ယောက်မှာ ပွဲစားများ၏အဓမ္မကျင့်ခြင်းကိုခံခဲ့ရသည်။

         ခြုံဖေါ်နယ်မြေ၌ ၂ရက်အတွင်း လူကုန်ကူးခံရသူစုစုပေါင်း၇၅  ဦးတို့အား ထိုင်းအစိုးရက အသုတ်လိုက်ခွဲ၍ မြန်မာနယ်စပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့ကလည်း ခြုံဖေါ် အချုပ် ခန်းထဲမှလူကုန်ကူးခံခဲ့ရသူ၈ဦးကို ကော့သောင်းလူ ကုန်တားတပ်ဖွဲ့စိတ်ထံသို့လွှဲပြောင်းပေးခဲ့ပြီး ယခု၈ဦးပို့ဆောင်ခြင်းမှာနောက်ဆုံးအသုတ်ဖြစ်ပါသည်။

           ထိုလူကုန်ကူးခံကြရသူများသည်  ခြုံဖေါ်ရဲစခန်းတာဝန်ရှိသူများက အပြင်ကိုထုတ်၍ ပန်းရံလုပ်ခိုင်း ခြင်း၊ ရဲအရာရှိ  အမျိုးသမီးတစ်ယောက်ပိုင်ဆိုင်သည့် ရေသန့်စက်ရုံသို့ခေါ်ယူ၍ အခကြေးငွေ တစ်ပြားတစ်ချပ် မှ မပေးပဲ အလုပ်လုပ်ခိုင်းခြင်းတို့ကို ၂လခန့်ပြုလုပ်ခဲ့ကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ MAT က သိရှိခဲ့ရသည်။ သို့ဖြစ်၍ MAT အဖွဲ့ဒါရိုက်ဦးကျော်သောင်း က အထောက်အထား များကို မြန်မာနိုင်ငံနေပြည်တော် လူကုန်ကူး မှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်း ထံသို့ တင်ပြခဲ့သည်။  ရဲမှူးချုပ်၏ ဆက်လက်ဆောင်ရွက်မှုဖြင့် စက်တင်ဘာလဆန်းကတည်းကစ၍ အလုပ်သမာများ အား အပြင်သို့ထုတ်၍ ခိုင်းစေခြင်းကိုလုံးဝရပ်တန့်ခဲ့ပါသည်။

   ကော့သောင်း လူကုန်တားသို့ ယနေ့လွှဲပြောင်းခံခဲ့ရသူဖြစ်သော ပဲခူးတိုင်း ဝေါမြို့နယ်၊ အထက်ဝိုင်းပတ်ရွာမှ မစမ်းသော်တာ က “သမီးတို့ဆီကို အန်ကယ် ဦးကျော်သောင်း တို့ လာခဲ့ကြတယ်။ သမီးတို့ ဖုန်းငါးရာတန် တစ်လုံးစုဝယ်ကြတယ်။ ဖုန်းကို လုံခြုံတဲ့နေရာ တစ်ခုမှာ သမီးတို့ဝှက်ထားတယ်။ သမီးတို့အခြေအနေတွေကို  ဦးကျော်သောင်း ကို အမြဲသတင်းပို့ပေးတယ်။ သမီးတို့ကို ကူညီပေးကြတာကို ကျေးဇူးတင်ပါတယ်။ မုန့်ဖိုး ပေးပို့တဲ့ သံအမတ်ကြီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောပေးပါ။ သမီးတို့ပြန်ရပါပြီ” ဟု ၀မ်းမြောက်စွာဖြင့် ပြောဆို နုတ်ဆက်ခဲ့သည်။

  MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ မြန်မာနိုင်ငံသားတွေဟာ ဆယ်စုနှစ်နဲ့ချီပြီးလူကုန်ကူးမှုသားကောင်း ဖြစ်နေခဲ့ကြရပြီ။ လက်ရှိမှာလည်းလူကုန်ကူးခံနေရဆဲဖြစ်သလို မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မပေါ်ပေါက်သရွှေ့ လူကုန်ကူးခံနေကြရအုံးမှာဖြစ်ပါတယ်။ လက်ရှိ လူကုန်ကူးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အတွက် မြန်မာအစိုးရလူကုန်တားတပ်ဖွဲ့က ထိုင်းနိုင်ငံမှာ အလုပ်သမားသံအရာရှိ ထားသလိုထားဖို့ အပူတပြင် လိုအပ်နေပါတယ်။ ကျနော်တို့က အစိုးရ၀န်ထမ်းမဟုတ်တော့ လုပ်ရကိုင်တာ အခက်အခဲတွေရှိပါတယ်။ အင်ဂျီ အို လည်းမဟုတ်တဲ့အတွက် စရိတ်စက အခက်အခဲ အများကြီးရှိပါတယ်။ ဒါပေမယ့်မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီအကူညီနဲ့စေတနာရှင်တချို့ရဲ့အကူညီတွေနဲ့ မြန်မာလူမျိုးတွေ လူကုန်ကူးခံရ တဲ့သတင်းကြားသိရတဲ့နေရာတိုင်းကို ကျနော်တို့ သွားရောက်ကယ်ထုတ်ပေးပါတယ်” ဟုပြောသည်။ 

          ၂၀၁၅ ခုမေလ ၁၃ ရက်နေ့က မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးလှထွန်း၊ MAT အဖွဲ့မှ အကြံပေး မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်နှင့် ဒါရိုက်တာ ဦးကျော်သောင်း တို့ ခြုံဖေါ်အချုပ်ခန်းသို့သွား အသက်(၁၃/၁၄နှစ်အရွယ်ရှိ) ရခိုင်လူမျိုးကလေး၅ဦးနှင့်ထိုင်းလူကုန်ကူးဂိုဏ်းသားတို့ရိုက်နှက် သတ်ဖြတ်ခြင်း ခံရပြီးနာ မကျန်းဖြစ်နေသော အခြားအလုပ်သမား၁ဦး အဓမ္မပြုကျင့်ခံရသူအမျိုးသမီး၂ဦးပေါင်း၈ဦးတို့အား မြန်မာနိုင်ငံသို အလျင်အမြန်ပြန်ပို့ပေးပါရန် ထိုင်းရဲအရာရှိအား  မြန်မာသံရုံးအလုပ်သမားကူညီ စောင့်ရှောက်ရေးကော်မတီမှ မေတ္တာရပ်ခံခဲ့ပါသည်။

            ခြုံဖွန်ရဲစခန်းအချုပ်ထဲတွင်ရှိသော လူကုန်ကူးခံရသော မြန်မာနိုင်ငံသား၅၁ ဦးအား ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဝင်းမောင်က တစ်ဦးလျှင် ဘတ်ငွေ ၁၀၀ စီကူညီထောက်ပံ့ခဲ့သည်။
        



“အလည်လာသည့်မိန်းကလေးတစ်ဦးမဟာချိုင်ပုလိပ်ဖမ်းဆီးခံရလို့MATကူညီ”

             
၂၀၁၅ အောက်တိုဘာ ၂၂
မင်းရန်နိုင်
ဘန်ကောက်

           ပတ်စပို့နှင့် အလုပ်လုပ်ခွင့်ဝတ်ပါမစ်အပြည့်အစုံရှိသည့်မြန်မာအလုပ်သမတစ်ဦးအား မဟာချိုင် ရဲစခန်း မှဖမ်းဆီးငွေတောင်းခံနေရသည်ကိုမြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့က ကူညီ ကယ်ထုတ်လိုက်သည်။

       ပင်လယ်အပန်းဖြေစခန်းများတည်ရှိရာ ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တရာမြို့မှ ဘန်ကောက်မြို့အနီး မဟာချိုင်  မြို့သို့လာခဲ့သော မစံပယ် ဆိုသူတွင် ပတ်စပို့စာအုပ်နှင့် ၀တ်ပါမစ်များအပြည့်အစုံ ပါရှိသော် လည်း မဟာချိုင် ရဲကဖမ်းဆီး၍ ငွေကြေးတောင်းခံသည့် ရဲစခန်း၏ အောက်ထပ်အခန်းထဲတွင် ထည့်ထားခဲ့ သည်။

          မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ
 ရောက်မြန်မာနိုင်ငံသားများအဖွဲ့MATသို့ ဆက်သွယ်၍ အကူညီတောင်းခံလာခဲ့သည်။ 



“ထိုင်းနိုင်ငံအကျဉ်းခန်းတွေထဲကပြစ်ပယ်ခံမြန်မာလူကုန်ကူးခံသားကောင်များ”

   ၂၁.၁၀.၂၀၁၅ နေ့ထုတ်“တို့ခေတ်”အပတ်စဉ်သတင်းဂျာနယ်တွင် ဖေါ်ပြထားသည့် ဆောင်းပါးအား အွန်လိုင်းပရိတ်သတ်များ အတွက် တင်ပြပါတယ်"

                
 အမေရိကန်အစိုးရကတစ်နှစ်တစ်ခါထုတ်ပြန်တဲ့လူကုန်ကူးမှုအစီရင်ခံစာကို  ဇူလိုင်လ ၂၇ ရက်ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံကိုလူကုန်ကူးမှုအဆိုးဆုံးအဆင့်Tier 3 သတ်မှတ်ပြီး မြန်မာနိုင်ငံကိုတော့
 စောင့်ကြည့်အဆင့် Tier 2 WL သတ်မှတ်ထားပါတယ်။ 
   
လူကုန်ကူးမှုအဆိုးဝါးဆုံးနိုင်ငံစါရင်းမှာထည့်သွင်းသတ်မှတ်ထားတဲ့ ထိုင်းနိုင်ငံနဲ့ စောင့်ကြည့်အဆင့် မြန်မာ
နိုင်ငံ တို့  ပြီးခဲ့တဲ့ ၂၀၁၅ ခု ဇူလိုင်လကုန်ပတ်နဲ့ အောက်တိုဘာ ၁၄၊၁၅၊၁၆၊ ထိုင်းနဲ့မြန်မာအစိုးရ အဆင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအစည်းဝေးပွဲ ဘန်ကောက်မြို့မှာကျင်းပပြီးစီးသွားခဲ့ပါတယ်။

တိုင်ပြည်အကျိုးစီးပွားကြီးတစ်ခုကိုကာကွယ်နေတဲ့အစိုးရတပ်ဖွဲ့တစ်ခုနဲ့ ကိုယ့်တာကိုမလုံ၊ ကိုယ့်လူကို ကိုယ် မကယ်နိုင်တဲ့ တပ်ဖွဲ့တို့ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်အောက်မှာ လူကုန်ကူးခံမြန်မာတွေ ပက် ပက် စက်စက်ခံနေရတဲ့ အသစ်စက်စက် အကြောင်းအရာတွေကို တင်ပြချင်ပါတယ်။ လားရာဘက် မတူညီ တာကို ဂရုပြုကြစေချင်လို့ဖြစ်ပါတယ်။


21 October 2015

“DSIနှင့်မြန်မာအလုပ်သမားကူညီစောင့်ရေးကော်မတီတို့ လူကုန်ကူးခံရသူ၁၂ဦးအားကယ်တင်”

၂၀၁၅ အောက်တိုဘာ ၂၁ 
တီးဦးမောင်

         ဆယ်စုနှစ်နှင့်ချီ၍ မလေးရှားနယ်စပ် ကတန်ငါးဖမ်းလှေဆိပ်တွင် ရောင်းစားခံနေရခဲ့ရသည့် မြန်မာ အလုပ်သမား ၁၂ဦးတို့အား ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးထောက်လှမ်းရေးDSI နှင့် မြန်မာ သံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီက ယမန်နေ့ညဥ့်က ကယ်ထုတ်နိုင်လိုက်သည်။

        ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ ခန့်အကွာ ထိုင်းနိုင်ငံတောင် ဘက်အစွန်မလေးရှား နယ်စပ် တရန်ပြည်နယ်၊ ကတန်မြို့ ငါးဖမ်းလှေဆိပ်တွင် ဆယ်စုနှစ်နှင့်ချီ၍ လူကုန်ကူးခံနေခဲ့ရသူများအား ငါးဖမ်းလှေ၎စီးပေါ်မှ မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် MAT အဖွဲ့တို့ နှင့်  ဒေသခံအာ ဏာပိုင်များ ပူးပေါင်း၍ ယမန်နေ့ညဥ့် ကကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

        အလွန်ကြမ်းကြုတ်ရက်စက်သည့် လှေဆိပ်တစ်ခုဖြစ်သော ဖယ်ကိုကာလှေဆိပ်မှ လှေအမှတ် (၆) လှေ အမှတ်(၁၉) လှေအမှတ်(၃၄) နှင့် ၀န်နစ်လှေတို့တွင် ဆယ်စုနှင့်ချီ၍ ရောင်းစားခံနေကြရသူများပါဝင်ပါသည်။ လွတ်မြောက်လာသူများမှာ  ကတန်ငါးဖမ်းလှေဆိပ်တွင် ဖယ်ကိုကာဝန်နစ်လှေ၂မှ (ဦးငွေကြည်၊ ကိုရန်ကုန်၊၊ ကတုံး) ဖယ်ကိုကာ ၁၉ မှ (ရဲလင်းအောင်) ဖယ်ကိုကာ ၃၄ မှ (ဆန်နီ(ခ)ကုလား၊ အာဇာနည်(ခ)ထွန်းထွန်းဝင်း၊ ဇေါ်ဦး) ဖယ်ကိုကာ ၆မှ အသန်း(ခ) ကျားကြီး၊ ပိုင်ပိုင်(ခ) ဆံရှည်၊ ဇေါ်မင်းလတ်၊ ကိုထွေး၊ ဇေါ်မင်းထွတ် တို့ ဖြစ်ကြပါသည်။

          ကတန်လှေဆိပ်တွင် ၁၀ နှစ်ကြာ လှေပေါ်တွင်အလုပ်လုပ်နေရသည့်  ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဖိုးချွန်တော်ကျေးရွာမှ  (ဦးငွေထွန်း+ဒေါ်ပုန်းကြည့်) တို့၏ သား  အသက် ၄၆နှစ်အရွယ် ဦးငွေကြည် တွင် ဇနီးမလှမြိုင်နှင့် သမီးတစ်ဦးရှိသူဖြစ်သည်။ သူသည်  လူသတ်နှင့် လူကုန်ကူးဂိုဏ်းခေါင်းဆောင် ထိုင်း အမျိုးသမီး…………ထံတွင်ပင် ၇နှစ်လုပ်အားခမရပဲအလုပ်လုပ်ခဲ့ရသည်ဟုဆိုသည်။

      MAT အဖွဲ့နှင့် DSI တို့သည် KANTAN.3 ဟု လုပ်ငန်းခေါင်းစဉ်တပ်၍ လအတန်ကြာ ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်။ သတင်းအချက်အလက်များ အထောက်အထားများရရှိပြီးနောက် ကတန်ငါးဖမ်း လှေဆိပ် တွင် ၁၅ နှစ်ကြာ ရောင်းစားခံခဲ့ရသည့် ကုလား(ခ) ကျော်သူနှင့် ၃နှစ်ကျော်ကြာ ရောင်းစားခံနေခဲ့ရသည့် ကိုရန်နိုင် တို့အား မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ၏ ကူညီမှုဖြင့် MAT က ကယ် ထုတ်၍ MAT ရုံးတွင် လနှင့်ချီ၍ ကျွေးမွေးစောင့်ရှောက်ထားခဲ့သည်။

            ၎င်းတို့ ၂ဦး၏ ထွက်ဆိုချက်များမှာ ကတန်လှေဆိပ်တွင် နှစ်ပေါင်းများစွာ လူကုန်ကူး၊လူသတ်၊စိတ်ကြွ ဆေးဖြန့်ဖြူးသည့် ဒုစရိုက်ဂိုဏ်းသားများ၏ အချက်အလက်များနှင့် ဓါတ်ပုံအချက်အလက်များစွာတို့ကိုပါရရှိခဲ့ ကြပါသည်။ သို့ဖြစ်၍ ထိုင်းအစိုးရလူကုန်ကူးမှုအထူးထောက်လှမ်းရေးအကြီးအကဲ Pol.Lt.Co. Mr.Komvich Padhanarath Chief of Prevention and  Suppression Div. 1 Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice ဦးဆောင်၍ MAT အဖွဲ့သား၎ဦးတို့သည် ၁၈၊ ၁၀၊ ၂၀၁၅ နေ့က တရန်မြို့သို့ ထွက်ခွာသွားခဲ့ကြပါသည်။ 


          ၁၉ ရက်နှင့်၂၀ ရက်တို့တွင် ဘန်ကောက်ဗဟိုအထူးထောက်လှမ်းရေးအကြီးအကဲနှင့် တရန်ပြည်နယ် ရဲအရာရှိကြီး များဖြင့်  အချက်အလက်များအား အသေးစိတ်စုစည်းကြခြင်း၊ MAT အဖွဲ့နှင့် တပြိုင်တည်း ခေါ်ဆောင်သွားခဲ့ သည့်  ကိုရန်နိုင်နှင့် ကုလား(ခ) ကျော်သူ တို့ မျက်မြင်ဖြစ်သော လူကုန်ကူးဂိုဏ်းများ၏ လူသတ်မှု၊ ရိုက်နှက်မှု၊ စိတ်ကြွဆေးရောင်းဝယ်မှု နှင့် မတရားမှုများစွာတို့ကို အဖွဲ့ပေါင်းစုံတို့က စစ်ဆေးကြပါသည်။


    ၁၅ နှစ်တိုင်တိုင် ရောင်းစားခံခဲ့ရသူဖြစ်သော ကုလား(ခ) ကျော်သူ က “ကျနော်ကို  ပိုက်ဆရာနဲ့ ပဲ့နင်းတို့က အလုပ်တစ်ခုခု စိတ်တိုင်းမကျရင် လိပ်ကျောက်မြီးနဲ့ ကြောကုန်းကို မကြာမကြာရိုက်နှက်တာခံခဲ့ရပါတယ်။ ကျနော့်ကိုသေအောင်လုပ်ကြံတာကိုခံခဲ့ရပါတယ်။ ဓါးနဲ့ ၈ချက်အထိုးခံရပါတယ်။ လက်မောင်းကိုထုတ်ချင်း ပေါက်၊ ညာဘက်ဂျိုင်းအောက်မှာ ဒဏ်ရာတွေခုထိရှိတုန်းပါ။ ဘယ်ဘက် လက်သန်းဟာ လုံးဝပြတ်ထွက်သွား ခဲ့ပါတယ်။ ကျနော် ကောက်ဆက်ထားပါတယ်။ ကွေးလို့မရဘူး။ ပဲ့နင်းက ရေထဲကို ပစ်ချခိုင်းတာ၊ ထားဝယ် ပိုက်ဆရာက သနားလို့စက်ခန်းအနားက ထောင့်မှာထားပေးတယ်။ ဆေးကုဖို့ ကမ်းကိုလည်းကပ်မပေးဘူး။ ဆားသိပ်ပြီး ကုခဲ့ရပါတယ်” ဟုပြောသည်။

ထို့အပြင် ၎င်း၏ မျက်စိရှေ့တွင်  မြန်မာလှေသား တစ်ယောက်ကို အရှင်လတ်လတ် ဂုံနီအိပ်ထဲမှာထည့်၍ မသေမချင်း ထိုင်းပိုက်ဆရာနဲ့အဖွဲ့ဝိုင်းရိုက်သတ်ပြီး ရေထဲပစ်ချလိုက်ကြောင်းပြောသည်။ကမ်းသို့ရောက်သည့် အခါ ထိုင်းဂိုဏ်းချုပ်အမျိုးသမီးအား မြန်မာတစ်ဦးအတွက် ဘတ်လေးသောင်းစီပေးလျှော်ရကြောင်းဆက်လက် ပြောဆိုသည်။  

၃နှစ်ကျော်ကြာ အဆိုပါ ထိုင်းဂိုဏ်းချုပ် အမျိုးသမီးထံတွင် ရောင်းစားခံခဲ့ရသည့် ကိုရန်နိုင် က“ဒီအမျိုးသမီးကြီး က နေရပ်ပြန်ဖို့ လုပ်အားခတွေတောင်းခံတဲ့သူတွေကို သူကိုယ်တိုင်လည်းပစ်သတ်သလို လူသတ်ပေးတဲ့ထိုင်း တစ်ယောက်ကို လည်းအမြဲတမ်းခိုင်းစေပါတယ်။ အလောင်းကို - - - -နေရာမှာဖျောက်ပစ်ပါတယ်။ ကျနော်တို့ လက်နဲ့ထိုးပြနိုင်ပါတယ်။ အလုပ်သမားတွေ ပြည့်တန်ဆာနဲ့ပျော်ပါးမလား၊ အရက်သောက်မလား မူးယစ်ဆေး သုံးစွဲမလား၊ ကြိုက်တာလုပ်၊ အိမ်ပြန်ဖို့ ပိုက်ဆံတောင်းတဲ့သူဆိုရင် သတ်ပစ်တာပဲ။  ဒီအခြေအနေကို ကျနော် နဲ့ ရန်နိုင်တို့သက်သေ ထွက်ဆိုပါတယ်” ဟုပြောသည်။
        DSI မှ ခရီးထွက်ခွာကြရန် အကြောင်းကြားချင်း MAT အဖွဲ့သည်  မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ၏ ထောက်ပံ့ကူညီမှုဖြင့်  ၈၆၄ ကီလိုမီတာကွာဝေးသည့် တရန်မြို့သို့ကားတစ်စီးပုတ်ပြတ်ငှါးရမ်း၍သွားခဲ့ကြသည်။

          MAT ဒါရိုက်တာ ဦးကျော်သောင်း က“ကျနော်တို့ သတင်းပို့ထားတဲ့ ငါးဖမ်း လှေ၎စီးကို ရေတပ် သင်္ဘောတွေနဲ့ဝင်စီးပါတယ်။ ဆယ်စုနဲ့ချီပြီး လူကုန်ကူးခံနေကြရသူတွေကို ကယ်ထုတ်နိုင်တဲ့အတွက်တော့ ၀မ်းသာမိပါတယ်။ ကျနော်တို့က အချက်အလက်အမှန်အကန်တွေကို ပြည့်ပြည့်စုံစုံရရှိအောင်နဲ့ မျက်မြင် သက်သေရရှိအောင် အတော်ပင်ပန်းပါတယ်။ အချိန်ယူရပါတယ်။ငွေသုံးရပါတယ်။ ဂိုဏ်းခေါင်းဆောင်တွေကို အရေးဘယ်တော့ယူမလဲဆိုတာတော့ ကျနော်တို့မသိရသေးပါဘူး။ လူကုန်ကူးခံရတဲ့မြန်မာတွေကို ကျနော်တို့
ကတော့ သတင်းရသမျှ ထိုင်းနဲ့မြန်မာလူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးကယ်ထုတ်ပေးပါတယ်” ဟု ပြောသည်။

       သက်သေ၂ဦးဖြစ်သော ကိုရန်နိုင်နှင့် ကုလား(ခ) ကျော်သူတို့ကို တရန်ပြည်နယ်၊ ရဲအရာရှိက သင့်တော် သည့်နေရာတစ်ခုတွင်စောင့်ရှောက်ထားပြီး ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့သည့် အလုပ်သမား၁၂ဦးကိုဘန်ကော က် အခြေစိုက် နိုင်ငံတကာအင်ဂျီအိုအဖွဲ့တစ်ခုကလာရောက်ခေါ်ဆောင်သွားပြီး ဆုံခလာ ကယ်ဆယ်ရေးစခန်း တွင် ထားရှိမည်ဟုသိရှိရသည်။


          ကယ်ဆယ်ရေးစခန်းထဲသို့ ရောက်ရှိသွားကြသည့် လူကုန်ကူးခံခဲ့ကြရသည့် မြန်မာများသည် ထိုင်း အစိုးရလူကုန်ကူးမှုလုပ်ငန်းစဉ်အရ  အနည်းဆုံး ၆လမှ တစ်နှစ်ကျော်အထိကြာမြင့်တတ်သဖြင့် လူကုန်ကူးခံ ခဲ့ကြရသည့် မြန်မာများမှာ ရေနွေးပူအိုးမှ ဆီပူအိုးသို့  ပြန်ထည့်ခံရသလိုခံစားကြရကြောင်း ပြောကြသည်။ 

          သို့ဖြစ်၍ လူကုန်ကူးခံခဲ့ကြရသူအချို့သည် ကယ်ဆယ်ရေးစခန်းထဲမှ မကြာခဏထွက်ပြေးလေ့ရှိကြသည်။ အထူးသဖြင့် နှစ်ပေါင်းများစွာလူကုန်ကူးခံခဲ့ကြရသူများ၏ ရသင့်ရထိုက်သည့်လုပ်အားခများကို ပြန်လည်ရရှိ အောင် ထိုင်းနှင့် မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့တို့က စနစ်တကျ ဆောင်ရွက်ပေးသင့် ပါသည်။ လူကုန်ကူးမှုကိုကျူးလွန်ကြသူများကိုလည်း ပြင်းပြင်ထန်ထန်အရေးယူသင့်ကြောင်း MAT အဖွဲ့က အကြံပြုပြောဆိုသည်။

          MAT အဖွဲ့သည်ထိုင်းနှင့်မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ်တွင်လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ဦးနှင့် ၂၀၁၅ခုနှစ်တွင် ယခုအကြိမ်အပါအ၀င် ၂၂ ကြိမ် ကယ်တင်မှုတွင် ၁၇၁ ဦးတို့ အား ကယ်ထုတ်နိုင်ခဲ့ပြီးလူကုန်ကူးသူပေါင်း ၁၀ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။ 

17 October 2015

“မျက်လုံးကိုပျောက်အောင်ကုမပေးပဲအလုပ်ဆင်းခိုင်းလို့အခက်ကြုံနေတဲ့MOUအလုပ်သမား”

       
၂၀၁၅ အောက်တိုဘာ ၁၇
စောမောင်


 ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မျက်လုံးထိခိုက်သွားသည့် ကောင်းမြတ်စံသူအေဂျင်စီဖြင့်လာသည့် အလုပ်သမားတစ်ဦးအား ပျောက်ကင်းအောင် ဆေးဝါးကုသမှုမခံရသေးပဲ အတင်းအဓမ္မအလုပ် ဆင်းခိုင်းနေကြောင်းသိရှိရသည်။

   
   မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ လိပ်တိုက်အုပ်စု၊ လိပ်တိုက်ကျေးရွာမှ  ဦးမြင့်ကြည်+ ဒေါ်တင်ရွှေ တို့၏သား အသက် ၂၅ နှစ်အရွယ် ကိုကြည်တိုး သည် ကောင်းမြတ်စံသူ အေဂျင်စီအား ကျပ်ငွေ ၃၉၀,၀၀၀ ပေးသွင်း၍ ၂၀၁၃ ခု ဒီဇင်ဘာလက ထိုင်းသို့လာခဲ့သည်။

“မဲစါရင်းအမှားအယွင်းများရှိသော်လည်းဘန်ကောက်ကြိုတင်မဲပေးခြင်းအဆင်ပြေဟုဆို”

၂၀၁၅ အောက်တိုဘာ ၁၇
ဆန်းဦး

        ထိုင်းနိုင်ငံဘန်ကောက်တွင် ကြိုတင်ပေးရခြင်းများအဆင်ပြေသော်လည်း အမှားအယွင်းများရှိကြောင်း မဲပေးခွင့်ရသူအချို့ကပြောသည်။

  ယနေ့နံနက်၉နာရီကတည်းက မြန်မာသံရုံးရှေ့တွင် လူပေါင်း ခြောက်ဆယ်ခန့်ပြည့်နေပြီး ကြိုတင်မဲပေးခွင့်ရရှိသူများ တဖွဲဖွဲလာရောက် တန်းစီနေကြကြောင်း မဲပေးရသူ ပုပ္ပါးနယ်မှ မရီရီဦး ကပြောသည်။ သူမသည် ဘန်ကောက်  အခြေစိုက် နိုင်ငံခြားကုမ္ပဏီတွင် အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်သည်။

           သူမ က“ ကျမတို့ မဲပေးရတာတော့အဆင်ပြေပါတယ်။ ကျမ ကတော့ NLD ကိုထည့်တယ်။ ကျမရှေ့က ၈ ယောက်မြောက် ထားဝယ်တိုင်းရင်းသား အလုပ်သမားတစ်ယောက်တော့ပြဿ     နာတက်တယ်။ ဘယ်လို တက် လည်းဆိုတော့ မဲပေးခွင့်စါရင်းထဲမှာပါလို့ လက်မှတ်တွေ ပါတွေအကုန်ထိုးပြီးပြီ။ မဲလက်မှတ်ထုတ်တဲ့ အခါ ပါမလာဘူးဆိုပြီးဖြစ်တာ။ ထားဝယ်ကောင်လေးကပြောတယ်။ မဲပေးချင်လို့လာခဲ့တာ၊ မဲလက်မှတ်ထုတ်မှ မပါဘူးဆိုတော့ ကျနော် စရိတ်လည်းကုန်အချိန်လည်းကုန်တာပေါ့ ဆိုပြီး ပြောသွားလေရဲ့” ဟုပြောသည်။

        နိုင်ငံတကာအဆင့်မြင့်နည်းပညာ ကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော ကွန်ပျူတာပညာရှင်လူငယ်တစ်ဦးက “ ကျနော့်ရန်ကုန်လိပ်စာတွေလွဲနေလို့ ၀ိုင်းဖြေရှင်းကြရတယ်။ မဲထည့်ခွင့်တော့ရခဲ့တယ်။ အဆင်ပြေပါတယ်။ အဲ စိတ်မကောင်းတာတစ်ခုက  ရန်ကုန်တိုင်း သံလျှင်မြို့နယ်က  ဆန္ဒမဲပြားတွေ မရောက်လို့ အဲဒီကလူတွေမဲမထည့်ကြရဘူး”ဟုပြောသည်။

        
   မိမိတို့ သဘောကျသည့်ပါတီနှင့်ကိုယ်စားလှယ်များကို လျှို့ဝှက်စနစ်ဖြင့် မဲထည့်ပြီး မိမိကိုယ်တိုင် စာအိပ်ပိတ်ပြီး ထည့်လိုက်ရသော်လည်း ၎င်းတို့ထည့်လိုက်သည့်မဲကို လက်ခံမည့်သူများမှာ မည်သူများ ဖြစ်ပြီး၊မည်သူများစောင့်ကြည့်မည်ဟု ယခု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ထုံးလုပ်နည်းတွင်မပါဝင်သဖြင့် မိမိပေးလိုက်သည့်မဲပြား မည်သို့ဖြစ်သွားမည်ကိုမသိသဖြင့် စိတ်မချကြောင်း  ထိုင်းတက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသော မြန်မာကျောင်းသားတစ်ဦး ကပြောသည်။

      ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က“မဲထည့်တဲ့အခါ  ဒီမိုကရေစီစနစ်ကိုဦးတည်သွား နေတာပါ။ ထိုင်းမှာရှိတဲ့ မြန်မာမဲဆန္ဒရှင်တွေကို  သံရုံးတွေထဲမှာ ကျနော် ၅လ လောက်ကတည်းက ကြေညာ ထားပါတယ်။ သူတို့လုပ်ငန်းအပေါ်မှာ အားစိုက်လုပ်နေကြတာကတစ်ပိုင်း၊ ထိုင်းနိုင်ငံရဲ့လုံခြုံရေး အရ တစ်နေ ရာက တစ်နေရာကိုသွားခွင့်ပိတ်ပင်ထားတာရှိပါတယ်။ အဲဒီလိုသတ်မှတ်ထားတာရှိတာကြောင့် မဲပေးခွင့် ဆုံးရှုံး သွားတာတွေရှိပါတယ်။ အဲဒီအတွက် ကျနော်စိတ်မကောင်းဘူး။ ဒီမှာမပါလို့ မြန်မာပြည်ပြန်ပြီး မဲထည့်ချင် တယ် ဆိုရင် ကျနော် ထောက်ခံစာ လုပ်ပေးမှာဖြစ်ပါတယ်” ဟုပြောသည်။

         မြန်မာသံရုံး၏ ထုတ်ပြန်ကြေညာချက်အရ ထိုင်းနိုင်ငံတွင်မဲပေးခွင့်ရှိသူဦးရေ ၅၆၁ ဦး ရှိကြောင်းသိရသည်။ သို့ဖြစ်၍ သန်းချီရှိသည့် ရွှေ့ပြောင်းအလုပ်သမားများမှာမူ မဲပေးခွင့်ဆုံးရှုံးခဲ့ကြရပါသည်။

      ထိုင်းအပါဝင် နိုင်ငံတကာသို့ရောက်ရှိနေကြသော မြန်မာများ မဲပေးခြင်းလုပ်ငန်းစဉ်ကို မှန်ကန်တိကျအောင် လုပ်ထားတဲ့ပုံစံမဟုတ်ပဲ မဲပေးခွင့်ဆုံးရှုံးအောင်နဲ့ မဲဆန္ဒရင်တွေစိတ်ပျက်အောင်နှင့် ရှုတ်ထွေး ခက်ခဲအောင် စနစ်တကျ ပြင်ဆင်ထားသကဲ့သို့ဖြစ်နေကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ကသုံးသပ်သည်။