31 August 2016

“ဆောက်လုပ်ရေးအလုပ်သမား၂ဦးပြင်းထန်စွာရိုက်နှက်ခံရ”


၂၀၁၆  ခုနှစ် သြဂုတ်လ  ၃၁
မြတ်ညို (အလွတ်သတင်းထောက်)

           မိမိတို့ကို  တရားဝင်နေထိုင်ခွင့်တစ်ခုခု  လုပ်ပေးရန် တောင်းဆိုသဖြင့် ဆောက်လုပ်ရေး အလုပ်သမား ဇနီးမောင်နှံ၂ဦးကို  အလုပ်ကြပ်ဝဏ၂ ဦးက  ရိုက်နှက်သဖြင့်  မြန်မာအလုပ်သမား ဇနီးမောင်နှံ၂ဦးတို့မှာပေါက် ပြဲဒဏ်ရာများရရှိသွားခဲ့ကြသည်။ 

        ဘန်ကောက်မြို့ဖလန်းစံ နယ်မြေတွင် ဆောက်လုပ်ရေးအလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားများကို အလုပ်ကြပ် ၀ဏက  လုပ်အားခငွေရှင်းပေးမည်ဟုဆိုကာ ရောက်ရှိလာခဲ့ပြီး  အနည်းငယ်ရှင်းပေးခဲ့ပြီးနောက် ပါလာသည့် လူမိုက်၂ဦးကရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

 မျက်နှာတွင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သူ မှာ မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၊ ကျိက္ကမီမြို့၊ သာယာကုန်ရပ် ကွက်၊ အသက် ၂၇ နှစ်အရွယ် ပြည့်ဖြိုးမင်း  နှင့် ဇနီးဖြစ်သူ အသက် ၂၆ နှစ်အရွယ် မတင်တင်ဝင်း တွင် မျက်နှာ ဖူရောင်ဒဏ်ရာနှင့် ခါးရိုးနာသည့် ဒဏ်ရာများရရှိခဲ့ကြသည်။

ပြည့်ဖြိုးမင်း က “ ကျနော် ဒီသူဌေးဆီမှာလုပ်နေတာ ၄နှစ်ပြည့်တော့မယ်။ ပတ်စပို့ကိုလည်းသိမ်းထားတယ်။ ခုပျောက်သွားတယ်လို့ပြောတယ်။ ဒါကြောင့်လောလောဆယ် ကျနော့်လက်ထဲမှာဘာမှ တရားဝင်စာရွက်စာ တမ်းမရှိဘူး။ ဒါကြောင့်အလုပ်ထွက်မယ်ပြောလိုက်တယ်။မနေ့ ညနေက အလုပ်ကြပ်ဝဏ ထိုင်း၂ယောက်ရောက်လာ ပြီး ကျနော့်ကို လုပ်အားခ တစ်သောင်းကျော်ရှင်းပေးရမှာကို ၃,၂၀၀ ရှင်းပေတယ်။ ကျနော်မိန်းနနဲ့ အခြား၂ ယောက်ကိုတစ်ပြားမှ ရှင်းမပေးခဲ့ဘူး” ဟုပြောသည်။ 

    အဆိုပါ ဇနီးမောင်နှံ နှစ်ဦးနှင့်အတူ ကိုထိန်းဝင်း ၄၀  နှစ် နှင့်  မစမ်းမွှေး တို့ ဇနီးမောင်နှံတို့လည်း လုပ် အားခမရရှိခဲ့ပေ။ ထို့အပြင် ၎င်းတို့ထံ မှ ပတ်စပို့လုပ်ပေးမည်ဟုဆိုကာ လုပ်ငန်းရှင်က ဘတ်ငွေ ၅၇,၀၀၀ တိတိဖြတ်တောင်ထားသည်ဟုဆိုပါသည်။

       အလုပ်သမား ၄ဦးမှာ အကာအကွယ်မဲ့နေသဖြင့်  မဟာချိုင်အခြေစိုက် AAC မဟာမိတ် အဖွဲ့သို့ဆက် သွယ်၍ ခိုလှုံနေခဲ့ကြရသည်။ 

AAC မဟာမိတ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်း က“ စက်တင်ဘာ ၂ ရက်နေ့မှ ရဲစခန်းနဲ့ ဆ၀ါဒီကန် ကိုသွားပြီး အကူညီတောင်းဖို့ပြင်ဆင်နေပါတယ်။  ခုလောလောဆယ် အလုပ်များနေသေးလို့ပါ” ဟုပြောသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများမှာ ဥပဒေ၏အကာအကွယ်ကိုရရှိမှုအလွန်နည်းပါးကြောင်း အလုပ်သမား အရေးဆောင်ရွက်သူများကပြောသည်။

30 August 2016

“ငြိမ်းချမ်းရေးကြီးမလွဲစေချင်”

 
             
  ၂၁ရာစုပင်လုံတဲ့….ကျင်းပတာက  နေပြည်တော်မှာ…..........
ငြိမ်းချမ်းရေးအဓိပ္ပါယ် ဘယ်လိုပုံဖေါ်ကြလို့ စာတစ်လုံးနဲ့ သဘောထားကွဲကြပါလိမ့်။
လက်နက်ကိုင် ပဋိပက္ခ ကို စွန့်လွှတ်ပါမယ်ဆိုတဲ့ အသုံးအနှုန်းနဲ့...
လက်နက်ကိုင်နည်းလမ်း ကို စွန့်ပါမယ်ဆိုတဲ့.. စကားလုံး။
သူစဉ်းစားတဲ့နေရာနဲ့ ကိုယ်ဆုတ်ကိုင်ထားတဲ့ယုံကြည်မှုတွေက…
ကိုယ်ကျိုးအတွက်လား၊ အများအတွက်လား၊ တိုင်းပြည်အတွက်လား..လား...လား...လား...?????

တောင်တွေတုံး၊ တောတွေပြုန်းလို့ မြေတွင်းကအ၀ိစိရောက်အောင် ကိုယ်ကျိုးရှာခဲ့ကြပြီ။
မာန်မာနတွေ ထောင်လွှားနေကြသမျှ စစ်တိုက်တမ်း ကစားနေကြရအုံးမှာပေါ့။
မြန်မာပြည်ဆိုတာ လက်ရှိအချိန်မှာ ဗိုလ်ချုပ်ပြောခဲ့သလို ဖာသယ်လိုနိုင်ငံဖြစ်လို့..
နိုင်ငံခြားကိုထွက်ပြီး မြန်မာငါးသန်းကျွန်ထွက်ခံနေရပြီ။

ဘာတဲ့… ချဉ်ပေါင်းရွက်၊ ငရုတ်သီးစိမ်း၊ ငပိနဲ့ဆားပါ ထိုင်းက ၀ယ်စားနေကြရလေတော့၊
မြန်မာပြည်ကို၊ ဘယ်လောက်ကြာကြာ ကျောက်ဂူထဲမှာ ဆေးရည်စိမ်ထားကြဦးမလဲ။  
ငြိမ်းချမ်းရေးဆိုပြီး ဒီလိုဖြစ်မှရမယ်။ ဟိုဟာပယ်မှ ရမယ်ဆိုတဲ့ ဘောင်သတ်မှတ်လို့။
ပြည်သူနဲ့တိုင်းပြည်ကို တကယ်ချစ်တယ်ဆို၊ သေနတ်သံတိတ်ရမှာပေါ့။

စစ်ဆိုတာ ဘယ်သူတွေအတွက် အကျိုးရှိသလဲ အဖြေကရှင်းနေတာပဲဟာ။
ထာဝရငြိမ်းချမ်းရေးမှာ ကိုယ်ကျိုးအတ္တ၊ အာဃာတ မပါရင်ပြီးတာပဲ မဟုတ်လား။
မြန်မာပြည်တိုးတက်ဖို့အတွက်ဆိုရင် ပြည်တွင်းစစ်မီးချုပ်ငြိမ်းမှဖြစ်မှာလေ။     ။


                                                          ကျော်သောင်း  ဘန်ကောက်

“MOU အလုပ်သမား၃၄ဦးဖမ်းဆီးထောင်ချခံရပြန်ပြီ”

                              
၂၀၁၆ ခု သြဂုတ်လ ၃၀ ရက်
မြတ်ညို (အလွတ်သတင်းထောက်)

          ထိုင်းနိုင်ငံမြောက်ပိုင်း၊ လဘူရီခရိုင်၊ ဘန့်ခါနယ်မြေ တွင်ရှိသော V&K နာနတ်သီးစက်ရုံ တွင် အလုပ် လုပ်နေခဲ့ကြသည့် MOU မြန်မာအလုပ်သမား ၃၄ဦး ဖမ်းဆီးထောင်ချခံခဲ့ရကြောင်း အလုပ်သမားများကပြော သည်။

        ၇.၇.၂၀၁၆ နေ့က နယ်မြေခံ ရဲများက ၀တ်ပါမစ် မရှိဟုဆိုကာ (စွမ်းတော်ဝင်၊ ရွှေနန်းရိပ်သာ၊ နှင်းပန်းဝါ၊ မိုးမိုးဖင်မလီ၊ မိုးဘိမ်း၊ မေ၀င့်) အေဂျင်စီတို့မှ မ ၁၅ဦး+ကျား၁၃ဦး ပန်းရောင်ဘတ်ကဒ်ရှိသူကျား၃ဦး+ မ၃ဦး ဘတ်ရှိသူ ၆ဦး(စုစုပေါင်း ၃၄ဦး) တို့ကိုဖမ်းဆီး၍ ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပါသည်။ စက်ရုံက တာဝန်ခံသည်ဟု မန်နေဂျာက ပြောဆိုသော်လည်း ၉.၇.၂၀၁၆ နေ့တွင် တရားသူကြီးက ၀တ်ပါမစ်မရှိဟုဆိုကာ ရုံးတော်တွင် ၁၂ ရက် ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း ထောင်ထဲတွင် ၄၈.ရက်ကျခံခဲ့ရပါသည်။ ၂၅.၈.၂၀၁၆ နေ့က ဘူရီထောင်မှ ဘန်ခါရဲစခန်းအချုပ်ခန်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ ယနေ့တိုင်အချုပ်ခန်းထဲမှာရှိနေကြဆဲဖြစ်ပါသည်။

         အလုပ်သမား ကိုထွန်း က“ကျနော်စွမ်းတော်ဝင်အေဂျင်စီနဲ့ အလုပ်သမား ၄၉ ယောက်တစ်ယောက်ကို ကျပ်ငွေ၎သိန်းခွဲစီပေးပြီး ၂၉.၁.၂၀၁၅ နေ့ကဆောက်လုပ်ရေးနဲ့စာချုပ်လာခဲ့တယ်။ ဆောက်လုပ်ရေးမှာ နေစရာ အခက်ခဲရှိတယ်ဆိုပြီးအလုပ်သမားတွေကိုခွဲထုတ်ပါတယ်။ အချို့ပတ်စပို့ရွေးပြီးထွက်ခွာသွားခဲ့ကြတယ်။ ကျနော်တို့က V&K နာနတ်သီးစက်ရုံကိုရောက်လာတယ်။ ၂၀၁၅- ဇူလိုင်လအထိ အလုပ်လုပ်ပြီးတဲ့အခါ ပတ်စပို့ဖိုး ဘတ်ငွေ ၁၀,၀၀၀ ဖြတ်ပြီးပါပြီ။၂၀.၇.၂၀၁၅ နေ့မှာ နာနတ်သီးမရှိလို့ဆိုပြီးစက်ရုံပိတ်ပါတယ်။ ၂၀.၉.၂၀၁၅ နေ့မှာစက်ရုံပြန်ဖွင့်တော့ စာရွက်စာတမ်းလုပ်ရမည်ဆိုပြီးနောက်ထပ် ဘတ်ငွေ ၁၀,၅၀၀ အထိ ဖြတ်တောက် ခံခဲ့ရပါတယ်” ဟုပြောသည်။

         ပြီးခဲ့သည့်ညဥ့်က ဘန့်ခါရဲစခန်းအချုပ်ခန်းထဲမှ အလုပ်သမားများက ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံ ရာက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အချက်အလက်ပေးပို့၍ အကူညီတောင်းခံလာခဲ့သည်။  MATအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ဒီဖြစ်စဉ်ကို အထောက်အထားတွေနဲ့ နေပြည်တော်အလုပ်သမားဝန်ကြီး ဌာနနဲ့ မြန်မာသံရုံးကိုစာပို့ထားတယ်။ ထိုင်းမှာဖြစ်ပျက်နေတာတွေကို ကျနော်တို့ကတင်ပြတယ်။ ဒါတွေကို ဖြေရှင်းဖို့ နည်းလမ်းမရှာပဲ ဆင်သေကိုဆိတ်သားရေးနဲ့ဖုံးချင်တဲ့ခေါက်ရိုးကျိုးအကျင့်စရိတ်ရှိတဲ့အလုပ်သမား ၀န်ထမ်းဆိုးတွေနဲ့တော့ မြန်မာအလုပ်သမားတွေအခြေနေ ဒီထက်မကဆိုးလာဖို့ရှိပါသေးတယ်။ MOU နဲ့လာပြီး မှ ထောင်ကျတယ်ဆိုတာ ဒီတစ်ခါမဟုတ်ဘူး။ ထိုင်းမှာမကြာမကြာဖြစ်နေပြီ၊ အလုပ်သမားတွေအတွက်အရမ်း နစ်နာပါတယ်” ဟုပြောသည်။

          နိုင်ငံတော်အတိုင်ပင်ခံ၊နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ဇွန်လကုန်က ရောက် ရှိ ခဲ့စဉ်က ထိုင်းရောက်အလုပ်သမားများအတွက် နိုင်ငံ့ဝန်ထမ်းများအင်အားဖြည့်တင်း၍ အစီမံသစ်များချမှတ် အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် အလုပ်သမားများဝမ်းသာခဲ့ကြသည်။


        ပြီးခဲ့သည့် ဇူလိုင်လတွင် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားပေါင်း ထိုင်းနိုင်ငံသို့ ၉၀၁၀ ဦး၊ မလေးရှားသို့ ၄,၃၂၁ဦး၊ ကိုးရီးယားသို့ ၆,၅၂ဦး၊ ဂျပန်သို့ ၁၆၃ဦး၊ စင်ကာပူသို့ ၆၅ဦး၊ ယူအေအီးသို့ ၁၉ဦး၊ ကာတာသို့ ၇ ဦး၊ စုစုပေါင်း ၁၄,၂၄၄ ဦးစေလွှတ်ခဲ့ကြောင်း နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။

“အများကိုကောင်းကျိုးမပြုပဲ လုပ်ကိုင်ခွင့်အာဏာနဲ့စီးပွားရှာတဲ့ MOEAF အဖွဲ့ကိုအပြီးတိုင် တိုင်ဖျက်သိမ်းသင့်ပြီ”


 ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များMOEAFအဖွဲ့ချုပ်ကိုမည်သည့်ရည်ရွယ်ချက်ဖြင့်ဖွဲ့စည်းခဲ့ပါလဲ?

        MOEAF စတင်ဖွဲ့စည်းသည့်ရည်ရွယ်ချက်၊ ပါဝင်သူများ၏သဘောထားများမှာ မည်သို့ရှိမည်ကို မသိသော် လည်း လက်ရှိအဖွဲ့တွင်တာဝန်ယူနေသော ဥက္ကဌဦးမင်းလှိုင် နှင့် အတွင်းရေးမှူးဦးကျော်ထင်ကျော် တို့တာဝန် ယူသည့်လက်ထက်တွင် အသင်းဝင်အေဂျင်စီများ၏အကျိုး၊ ရွှေ့ပြောင်းလုပ်သားများ၏အကျိုးများအားဆောင် ရွက်မှုထက် မိမိတို့အာဏာရရှိရေးကိုသာ ဦးစားပေးခဲ့သည်ကို မြင်တွေ့ရပါမည်။

တို့တန်ခိုးထွားရေးကိုသာ အဓိကထားမှုကြောင့် ဥပဒေနှင့်ညီ၊မညီ မစဉ်းစားဘဲ လူကြီးကြိုက်၊ လူကြီးကပ် ဖားပြုလုပ်၍ တို့အာဏာ၊ အကျိုးစီးပွားများရရှိအောင် ဆောင်ရွက်ခဲ့ကြသည့်ဖြစ်စဉ်များကိုတင်ပြပါမည်။ ……………………………………………………….. …………………………………………………………………

          အဖွဲ့အစည်းတို့မည်သည် မိမိတို့ဆန္ဒအလျောက်လုပ်ချင်သလိုလုပ်ကိုင်၍မရ၊ လူတစ်ဦးတစ်ယောက် လူပုဂ္ဂိုလ်တစ်စု၏သြဇာလွှမ်းမိုးမှုများမပြုလုပ်နိုင်ရန်အတွက်နှင့် အများလိုက်နာဆောင်ရွက်ပါဝင်နိုင်စေရန်စည်း မျဉ်းစည်းကမ်းများထားရှိရပါသည်။ ၄င်းကိုသင်းဖွဲ့စည်းမျဉ်းဟုခေါ်တွင်ပါသည်။

 အသင်းအဖွဲ့တွင်မှမဟုတ်၊ ပါတီ၊ ယုတ်စွအဆုံးနိုင်ငံတစ်ခုတွင်ဥပဒေဆိုသည် နှင့်လူသားများကို အကာအကွယ်ပြုပေးထားရပါသည်။ သို့မဟုတ်ပါကအာဏာရှိသောသူ၊ အုပ်စုများသောသူများ၏ အနိုင်ကျင့် ခြင်းကိုခံ၇ပေမည်။ ယခု၎င်းတို့MOEAFတွင်လည်းသင်းဖွဲ့စည်းမျဉ်းဆိုသည်ရှိမည်သေချာပါသည်။ ၄င်းအသင်း တွင်ပါဝင်သူများ (သို့) အသင်းကိုဦးဆောင်နေသော အလုပ်အမှုဆောင်များသည် သင်းဖွဲ့စည်းမျဉ်းကို လိုက်နာ ပါသလား။ အကယ်၍သင်းဖွဲ့စည်းမျဉ်းကိုဖောက်ဖျက်ခဲ့ပါလျှင်ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ ၄င်း အဖွဲ့အစည်းနှင့် တာဝန်ရှိသူတို့ကိုအရေးယူရပါမည်။ လက်ရှိဥက္ကဌဖြစ်သူ ဦးမင်းလှိုင် သည်ပင်လျှင် သင်းဖွဲ့ စည်းမျဉ်း ဆိုသည်ဘယ်အရာဆိုတာကို သိရှိပါသလား ဆိုသောမေးခွန်းများ မေးချင်ပါသည်။

၂၀၁၄ခုနှစ်၊ဇွန်လ ( ၁၃ )ရက်နေ့ရက်စွဲဖြင့် အလုပ်သမားဝန်ကြီးမှ အေဂျင်စီများလိုက်နာရန် စည်းကမ်း ချက်များဟူသော အမိန့်ကြော်ငြာစာတစ်စောင်ထုတ်ဝေခဲ့ပါသည်။ ၄င်းအမိန့်ကြော်ငြာစာတွင် ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအားလုံးသည် MOEAF အသင်းဝင်ဖြစ်ရမည်ဟုပါရှိပါသည်။ ၄င်းအမိန့်ကြော်ငြာစာသည် ကျွန်ုပ်တို့နိုင်ငံဥပဒေနှင့်ကိုက်ညီမှုမရှိသည်သာမက MOEAF ၏သင်းဖွဲ့ စည်းမျဉ်း၊ မြန်မာနိုင်ငံသင်းဖွဲ့စည်းမျဉ်းဥပဒေနှင့်ပါ ကိုက်ညီမှုမရှိကြောင်းထင်ရှားနေပါသည်။

အသင်းအဖွဲ့တို့၏ဖွဲ့စည်းပုံဥပဒေတို့တွင် မိမိဆန္ဒအလျောက်ပါဝင်လိုသူများဖြင့် ဖွဲ့စည်းရမည်ဟုပါရှိမည် မှာမလွဲဧကန်ဖြစ်ပေမည်။ ထိုသို့ဥပဒေနှင့်အညီထုတ်ပြန်မှုမရှိသော အမိန့်ကြော်ငြာစာအား အဖွဲ့ချုပ်တွင်တာဝန် ယူထားသော အများကောင်းကျိုးကိုကိုယ်ကျိုးစွန့်ဆောင်ရွက်နေပါသည်ဟု ကြွေးကြော်နေသော ဦးမင်းလှိုင် နှင့် ဦးကျော်ထင်ကျော် တို့ အဘယ့်ကြောင့်မကန့်ကွက်ခဲ့ပါသနည်း။ သို့တည်းမဟုတ် ဥပဒေဆိုကိုမသိ၍ မကန့် ကွက်ခြင်းလား၊ ဥပဒေကိုသိလျက် မျက်ကွယ်ပြုခဲ့ခြင်းလားဆိုသည်မှာ ကာယကံရှင်များသာ သိပေလိမ့်မည်။


လိုင်စင်ရအေဂျင်စီအားလုံး MOEAF အဖွဲ့ဝင်ဖြစ်ရမည်။ လိုင်စင်ရအေဂျင်စီတွေကကော ဥပဒေနှင့်မညီ သောအသင်းကိုဘာ့ကြောင့်ဝင်ခဲ့သလဲဟုမေးခွန်းထုတ်စရာရှိလာပါသည်။အသင်းမ၀င်လျှင်၎င်းတို့ထံမှ ထောက် ခံစာမရ။  MOEAF ထောက်ခံစာမပါလျှင် အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ အလုပ်သမားတင်ပို့ခွင့် မပြု၍ ဖြစ်ပါသည်။ ယခင်အလုပ်သမားဝန်ကြီး ဦးအေးမြင့် လက်ထက်က အဘယ့်ကြောင့် MOEAF ကို အတိုင်းအဆ မရှိ လုပ်ကိုင်ခွင့်အာဏာပေးခဲ့ပါသနည်း။ MOEAFအဖွဲ့ချုပ်နှင့် ၀န်ကြီးဟောင်းတို့၏ မည်သို့သော ဇယားများရှိ နေခဲ့သလဲမေးခွန်းထုတ်ရပါမည်။ အဲဒီလိုအမိန့်တွေ၊ အာဏာတွေနဲ့ ထောက်ခံစာကို ဖန်ဆင်းလိုက်တာကြောင့် လိုင်စင်ရအေဂျင်စီတွေ MOEAF အဖွဲ့ချုပ်ကိုမချစ်လို့၊ မဆက်ဆံလို့မရတော့တာသေချာသွားပါပြီ။ အဖွဲ့ချုပ် အာဏာတွေ ပါဝါတွေပြကြပြီး ၄င်းတို့လက်မှတ်မထိုးရင်မဖြစ်၊ ၄င်းတို့ကို မခယရင်မဖြစ်ဆိုကာ သွေးနားထင် ရောက်ပြီး၊ အချင်းချင်းဗိုလ်ကျ စိုးမိုးမှုတွေဖြစ်ပေါ်လာပါတော့သည်။ အလုပ်သမားသံအရာရှိက မည်သို့ပင် စစ်ဆေးထောက်ခံပါစေအဖွဲ့ချုပ်က ကန့်ကွက်လျှင်အေဂျင်စီသေဖို့သာရှိပါတော့သည်။

မလေးရှားနှင့်ထိုင်းတို့တွင်ဖွင့်လှစ်ထားသော MOEAF ရုံးခန်းများဖွင့်လှစ်ကာ အလုပ်သမားအရေး ဆောင်ရွက်သလိုအရာင်ပြပြီး မိမိတို့အကျိုးစီးပွားများအတွက် ပိုမိုဆောင်ရွက်လာခဲ့ကြသည်။  မလေးရှားတွင် Demand ထောက်ခံစာရရန်အတွက် MOEAF (မလေးရှားရုံးခန်း) တွင်တင်ပြလျှင် အဆင်ပြေကြောင်း၊ အသင်း သားများနှင့် သံအရာရှိကြားတွင် ဆင်ပြေချောမွေ့မြန်ဆန်စေရန် MOEAF ကဆောင်ရွက်မည်ဟု အေဂျင်စီ များကို အသိပေးဝါဒဖြန့်ခဲ့ပါသည်။ နောက်ပိုင်းကြားရသောအတင်းအရ အေဂျင်စီများ၏ Demand များကို ဖျောက်ဖျက်သလို မလေးရင်းဂစ်ငွေ သုံးသောင်းကျော် ခိုးယူထွက်ပြေးခဲ့သည်ဟုသိရပါသည်။ ၄င်းဝန်ထမ်းကို မည်သူခန့်ထားပါသနည်း။ မည်သူကတာဝန်ယူပါမည်နည်း။ ပျောက်သွားသော ထိုဝန်ထမ်းအလွဲသုံးစားပြုသော ငွေများမှ အများပိုင်ငွေများပင်ဖြစ်ပါသည်။ ၄င်းအဖြစ်အပျက်ကို အသံမထွက်စေရန် ၄င်းတို့အာဏာပါဝါဖြင့် ဖုံးဖိ ခဲ့ပါသည်။ ထိုကဲ့သို့မတရားမှု၊မသမာမှုပေါင်းများစွာရှိခဲ့ပါသည်။ အထက်ပါ အဖြစ်အပျက်တစ်ခုကိုသာ ဥပမာအ နေဖြင့် တင်ပြရခြင်းဖြစ်ပါသည်။

MOEAF အနေဖြင့် ထိုင်းနှင့်မလေးတွင်ရုံးခန်းများဖွင့်ခြင်းအားဖြင့် အသင်းဝင်အေဂျင်စီများအကျိုးကို ဆောင်ရွက်ခြင်းလားမိမိတို့အကျိုးကိုဆောင်ရွက်ခြင်းလားဟူ၍မေးစရာရှိလာပါသည်။ အဓိကအားဖြင့်ထိုင်းနိုင်ငံ ရှိရုံးခန်း၌တာဝန်မှူးများအား ၄င်းတို့အလိုကျခန့်ထားပြီး အေဂျင်စီများ၏ပြသနာအားကူညီဖြေရှင်းပေးသည်ဟု ဗန်းပြကာ အလုပ်ခေါ်စာရှာဖွေခြင်းကို အဖွဲ့ချုပ်စားရိတ်ဖြင့် တွင်တွင်ကျယ်ကျယ်ပြုလုပ်နေသည်ကို ထိုင်းသို့ လုပ်သားပို့ဆောင်သော အေဂျင်စီများသိရှိခံစားနေရပါသည်။

နောက်တစ်ခုတင်ပြရလျှင် ၄င်းတို့သုံးချင်တိုင်းသုံးစွဲနေကြသောငွေများမှာ မည်သည့်လမ်းကြောင်းများ မှရရှိနေကြပါသနည်း။ Demand Letter ထောက်ခံစာများထောက်ခံခြင်းနှင့် မလေးရှားနိုင်ငံသို့သွားမည့် လုပ်သားများ အမှန်တကယ်အကျိုးမရှိသော လုပ်ငန်းခွင်အကြိုသင်တန်းပေးခြင်းမှ ရရှိသောငွေများဖြစ်သည်ကို တွေ့ရှိရပါသည်။ တနည်းပြောရသော် လုပ်သားများထံမှ အာဏာသုံးခေါင်းပုံဖြတ်ထားသောငွေများဖြစ်ပါသည်။

ထိုကဲ့သို့ရွှေ့ပြောင်းလုပ်သားများထံမှ ခေါင်းပုံဖြတ်အမြတ်ထုတ်သောလုပ်ငန်းတူအေဂျင်စီ အချင်းချင်း ဗိုလ်ကျစိုးမိုးကာ ကိုယ်ထင်ရာကိုယ်စိုင်းနေသောလူတစုကြီးစိုးသောထိုအဖွဲ့မှ အသင်းဝင်အေဂျင်စီများအနေဖြင့် မိမိတို့လွတ်လပ်သော သဘောဆန္ဒအလျောက် နှုတ်ထွက်၍ လုပ်သားများထံခေါင်းပုံဖြတ်မှု သင်းဖွဲ့စည်းမျဉ်းနှင့် မညီညွတ်မှု၊ နိုင်ငံ၏ဥပဒေကိုမျက်ကွယ်ပြု၍ မ၀င်မနေရ ဟုသတ်မှတ်ထားမှုများအားတရားစွဲဆိုသင့်ပါသည်။ ၄င်းအပြင် အာဏာရူးများ အများပိုင်ငွေများ၊လုပ်သားများထံမှ မတရားကောက်ခံငွေများအား အလွဲသုံးစား ပြုလုပ်နေမှုများကိုလည်း တရားစွဲဆိုသင့်ပါသည်ဟု အကြံပြုအပ်ပါသည်။ MOEAF ကိုအမှုဆောင်များမရှက် တတ်၍ အဖျက်သိမ်းပါက  အမှန်တရားကိုလိုလားသည့် အေဂျင်စီများက နုတ်ထွက်ကြရမည်ဖြစ်ပါသည်။

 အများအကျိုးဆောင်ရွက်နေသည်ဟု ကြွေးကြော်နေသောMOEAFအဖွဲ့ချုပ်ကို အဓိကတာဝန်ယူ မောင်းနှင်နေသည်ဟုဆိုသော အတွင်းရေးမှူး ဦးကျော်ထင်ကျော် အား မေးခွန်းတခုမေးလိုပါသည်။ နေ့မအား၊ ညမနားမိမိကိုယ်ပိုင်စီးပွားရေးကိုပြစ်၍ အဖွဲ့ချုပ်ကြီးအရေး၊အေဂျင်စီအရေးများကိုဆောင်ရွက်နေပါလျက် ဘာ ကြောင့် စီးပွားဥစ္စာတိုးတက်လာပါသနည်း။ မှန်ကန်သည့်ဝင်ငွေများဖြင့်ချမ်းသာခဲ့သည်ဆိုလျှင် အများသိအောင် ချပြသင့်ပါသည်။ အကယ်၍များအသင်းချုပ်အတွင်းရေးမှူးဆိုသောရာထူးကြောင့် တိုးတက်ခဲ့ပါလျှင် မိမိအသိ စိတ်ဖြင့် နှုတ်ထွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် ရှိသင့်သည်များမရှိပဲ မရှိသင့်သည်များရှိနေခဲ့ခြင်းများ ကြောင့် လက်ရှိအချိန်တွင် ကမ္ဘာအောက်ဆုံးအဆင့်ကိုရောက်ရှိနေရခြင်းဖြစ်ကြောင်း နိုင်ငံကိုအုပ်ချုပ်နေသည့် လက်ရှိ ရွေးကောက်ခံ NLD အစိုးရသစ်အနေဖြင့် အထူးသတိပြုသင့်ပါသည်။    

        အေဂျင်စီများမှပေးပို့လာသည်ကို ရွှေလုပ်သားမှ အလုပ်သမားအကျိုးအတွက်ဖေါ်ပြပါသည်။






29 August 2016

"သြဂုတ်လ ၂ရက်နေ့ရန်ကုန် ယုဇနဟိုတယ် MOU အလုပ်သမား သတင်းစာရှင်းလင်းပွဲနောက်ပိုင်း ဂယက် (၄)"


ပွဲစားများအဖွဲ့ချုပ် MOEAF သည် ယခင်အကျင့်ပျက်- ၀န်ကြီး၊ ၀န်ကလေး၊ ညွန်ချုပ်၊ ညွှန်မှူးတို့နှင့်ပူးပေါင်း၍ တိုင်းပြည်နဲ့လူထုကိုလှည့်ဖြား၊ (ကျွန်လူတန်းစား) အလုပ်သမားထုအပေါ်လိမ်လည်၍ ကျိကျိတက် ချမ်းသာအောင် မည်သို့မည်ပုံ ကိုယ်ကျိုးရှာခဲ့ကြပုံများကို မကြာမီ ရှုမြင်ကြရမည်ဖြစ်ကြောင်း။ အနိုင်ကျင့်ခံ ပွဲစားမောင်မယ်တို့ က ပြောဆိုနေကြသည်။ ရှုတ်ထားသမျှတွေကို ရှင်းပြကြမည်ဟုလည်း ဆိုကြသည်။

        လူလိမ်ပွဲစားမလိုပဲ (ရပ်ကျေး+ဘဏ်+အလုပ်သမား ၀န်ကြီးဌာန=MOU) မဟာစီမံကိန်းကြီးသည် နိုင်ငံ ခြား ကိုထွက်၍ အလုပ်လုပ်ကိုင်နေကြရသည့် ဆင်းရဲသားအလုပ်သမားများအတွက် မလွဲဧကန် ပေါ်ပေါက်လာ မည်ဖြစ်ပါသည်။ ကောင်းသောအမူအကျင့်ဘက်ကို မပြောင်းလဲသည့် အကျင့်ပျက် ၀န်ထမ်းတို့၏  လုပ်ရပ်များကို ဒီမိုကရေစီအစိုးရက လက်ခံလိမ့်မည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ လက်သန်းများစွာတို့က စွမ်းဆောင်ပါလိမ့်မည်။ 

သတိပြုရန်။    ။ အရက်စစ်ဆုံးစစ်အာဏာရှင်စနစ်ပင်လျှင် ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံမှာ ကျဆုံးခန်းတိုင်ခဲ့တာ လက်တွေ့မြင်နေရပြီမို့၊ လုပ်ကိုင်ခွင့်နဲ့ မတရားကိုယ်ကျိုးရှာမှု ဘယ်လောက်များ တာရှည်တည်တံ့ပါအံ့နည်း။ 

    မတရားခေါင်းပုံဖြတ်သူများ မြန်မာပြည်မှာကျဆုံးပါစေ၊ လူအချင်းချင်းလိမ်လည်ခြင်း ကင်းဝေးကြပါစေ။
မြန်မာအလုပ်သမားအပေါ် လုပ်သမျှ ငွေများ နေရပ်ရင်းကိုပြန်ပို့နိုင်ကြပါစေ။ ဘ၀ရည်မှန်းချက်များ ပြည့်ဝ
ကြပါစ။ ဝေကွာနေသည့်မိသားစုများထံသို့ ငွေထုတ်ပိုက်၍ မြန်မြန်ပြန်နိုင်ကြပါစေ။    ။

                                                                    ရွှေလုပ်သား


"သြဂုတ်လ ၂ရက်နေ့ရန်ကုန် ယုဇနဟိုတယ် MOU အလုပ်သမား သတင်းစာရှင်းလင်းပွဲနောက်ပိုင်း ဂယက် (၃)"



“မြန်မာပြည်သူ ပြည်သားအပေါင်းတို့ခင်ဗျာ…ပြည်ပထွက်ခွာ ကျွန်ခံကြမယ့် မြန်မာအလုပ်သမားတွေဆီက မတရားကောက်ခံပြီး ချမ်းသာလာခဲ့ကြတဲ့ MOEAF ဂိုဏ်းစတားကြီးတွေက တဖြည်းဖြည်း ဇာတ်တူသားကို စားဖန်များလာတဲ့အခါ။

     MOEAFအဖွဲ့၏ အတွင်းစည်း ငွေစါရင်းများ အပြင်ကို ခုံကျော်ထွက်လာခဲ့သည်။ သို့ကြောင့် ပွဲစားများအဖွဲ့ ချုပ် MOEAF သည် အလုပ်သမားလူတန်းစားများအပေါ်တွင် မတရားခေါင်းပုံဖြတ် အမြတ်ကြီးစားမှုများပေါ် ပေါက်လာရကာ အလုပ်သမားခေါ်စာထောက်ခံစာ (အလုပ်သမားတစ်ဦးအတွက် ကျပ်ငွေ ၁,၀၀၀စီ) ကောက် စားနေရခြင်းများကို အလုပ်သမားဝန်ကြီးဌာနက ရပ်ဆိုင်းစေခဲ့သည်။

    လက်ရှိ ပွဲစားများအဖွဲ့ချုပ်ရုံးခန်း နှင့် သင်တန်းကျောင်းတို့ကိုလည်း နိုင်ငံတော်အစိုးရထံသို့ ပြန်လည်ပေး အပ်ရတော့မည်ဖြစ်ပါသည်။

     များမကြာမီအချိန်တွင် ၎င်းတို့၏ မတရားမှုကြီးများပေါ်ပေါက်လာပြီး MOEAF မှာ အများပြည်သူကို နှိပ်စက်ကလူ အမြတ်ကြီးစား လိမ်လည်လှည့်ဖြားသည့်အသင်းဖြစ်ခြင်းကြောင့် အမှုဆောင်များထောင်ကျ ခြင်းများအပြင် MOEAF ကို မတရားအသင်းအဖြစ်ပင် ကြေငြာလာနိုင်ကြောင်း၊ ပွဲစားမောင်မယ်များက ရွှေလုပ်သားထံသို့ မင်္ဂလာသတင်းပေးပို့လာခဲ့ပါသည်။

"သြဂုတ်လ ၂ရက်နေ့ရန်ကုန် ယုဇနဟိုတယ် MOU အလုပ်သမား သတင်းစာရှင်းလင်းပွဲနောက်ပိုင်း ဂယက် (၂)"


သူခိုးက လူကိုဟစ်တဲ့ အမိန့်ထုတ်ပြန်လာခဲ့ပါတယ်။ လူကုန်ကူးဂိုဏ်းစတားတွေက ဟိန်းဟောက်
ခြိမ်းခြောက်လာခဲ့ပါတယ်။ ဒချိ… ဒချိ….  ဒချိ..။


"သြဂုတ်လ ၂ရက်နေ့ရန်ကုန် ယုဇနဟိုတယ် MOU အလုပ်သမား သတင်းစာရှင်းလင်းပွဲနောက်ပိုင်း ဂယက် (၁)"


MRTV4မှာ
 AACအဖွဲ့က ကိုစောမြတ်ချို နဲ့ အလုပ်သမားညွန်ကြားရေးမှူး ဦးသိန်းဝင်းတို့ ဆွေးနွေးချက်တွေကိုထုတ်လွှင့်သွားခဲ့ပါတယ်။ MOU အလုပ်သမားတွေရဲ့အဖြစ်အပျက်အခြေနေတွေကို
ရွှေသီရိချမ်းသာအေဂျင်စီ ဒါရိုက်တာ ဦးကျော်ရှိန် က မှတ်ချက်ပြုသွားခဲ့ပါတယ်။

26 August 2016

“အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုဖြင့်နာမည်ကျော်သည့်အလုပ်ရုံကို DSI နှင့်အဖွဲ့စုံဝင်ရောက်စီးနင်း”


     

၂၀၁၆   သြဂုတ်လ  ၂၆ ရက်
စိုင်းသန့်ဆန်းခက်


       ထိုင်းနိုင်ငံ မြောက်ပိုင်း   Ratchaburi, 111/1 Moo 3.Khung Phayom,Ban Pong, 70110,Thailand, Khung Phayom, Ban Pong District,Ratchaburi. တွင်ရှိသော Thai Better Foods Co,Ltd သို့ MOU ဖြင့်လာသည့် အလုပ်သမားများနှင့် မြန်မာ အလုပ်သမားတစ်ရာခန့်တို့ အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုခံနေရခြင်းကြောင့်ယမန်နေ့က ထိုင်းအစိုးရလူကုန်ကူးမှုတိုက် ဖျက်ရေး အထူးစုံစမ်းရေး DSI ဦးဆောင်မှုဖြင့် စီးနင်းဝင်ရောက်ကူညီနိုင်ခဲ့ကြောင်းသိရသည်။
 
        DSI နှင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT,မဟာချိုင်အခြေစိုက် မဟာမိတ် အဖွဲ့AAC တို့သည် သြဂုတ်ဘ ၂၂ ရက်နေ့က ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးချုပ်တွင် ယခုနှိမ်နင်းမှုအတွက် အစည်းဝေးကြီးတစ်ရပ်ကို ပြု လုပ်ခဲ့ကြပါသည်။

          မြန်မာအေဂျင်စီ MOONBEAM SERVICE CO.LTD  နှင့် ထိုင်းနိုင်ငံဘက်မှ THAI BETTER FOODS  CO. LTD တို့က ၂၅.၅.၂၀၁၆ နေ့က မြန်မာအလုပ်သမား ၉၃ ဦး- ၂.၆.၂၀၁၆ နေ့က ၉၆ ဦးတို့ကို ၂နှစ် စာချုပ်ချုပ်ဆို၍ ထိုင်းနိုင်ငံ အတွင်းသို့ ဖေါ်ပြပါအလုပ်ရုံသို့ တင်သွင်းလာခဲ့ပါသည်။ ထို့အပြင် မေ၀င့်ကုမ္ပဏီမှပို့ထားသည့် အလုပ်သမား ၉ဦးလည်း ပါဝင်ပါသည်။ ယခုအခါလုပ်အားခ တစ်လနှင့် ၁ ရက်အတွက်ထုတ်မပေးပါ။ အော်ဒါမရှိ၍ အလုပ်လည်း အလုပ်လည်းပုံမှန် မရှိကြောင်းအလုပ်ရုံမှပြောခဲ့ပါသည်။ သို့ဖြစ်၍ အလုပ်သမားများမှာ ၁၈.၈.၂၀၁၆ နေ့မှစ၍အလုပ် မဆင်းကြရတော့ပါ။ အလုပ်သမားများစားစရာမရှိ၍ AAC အဖွဲ့က သွားရောက်၍ စားစရာများ အကူညီပေးထားခဲ့ပါသည်။
       
  
         ယမန်နေ့ စီနင်းဝင်ရောက်စဉ် MOU အလုပ်သမား ၁၆၀ ကျော်နှင့် ပန်းရောင်ဘတ်ကဒ်မရှိသူ  ၆၀ ဦးခန့်အပြင် ပန်းရောင် ဘတ်ကဒ် ကိုင်ဆောင်ထားသူ  ၅၀ ဦးခန့်တို့ကိုပါ အပြင်သို့ကယ်ထုတ်နိုင်ခဲ့ကြပါသည်။ တစ်ခုထူးခြားသည်မှာ မည်သည့်   နေထိုင်အလုပ်လုပ်ကိုင်ခွင့်မှမရှိသည့် အလုပ်သမား ၃၀ ဦးခန့်ကို ထိုင်းအာဏာပိုင်များက အပြင်ရောက်အောင်မခေါ် ထုတ်နိုင်ခြင်း   နှင့် လုပ်ငန်းရှင်က အပြင်ထုတ်မပေးခြင်းဖြစ်ပါသည်။

            အလုပ်သမား  နှစ်ရာကျော်တို့အား အလုပ်ရုံ၏ ရှေ့ ဘက်ကားလမ်းအကျော်တွင်ရှိသော ဘုန်းကြီးကျောင်းတစ်ကျောင်းသို့   ခေါ်ထုတ်၍ ထိုင်းစစ်တပ်က လုံခြုံရေးပေးထားကာ အဖွဲ့ပေါင်းစုံတို့က စစ်ဆေးကြပါသည်။ စစ်ဆေးချက်များအရ MOU အလုပ်သမား၁၆၀ ကျော်ကို အလုပ်လုပ်ကိုင်ခွင့် Work Permit မလုပ်ပဲထားဆဲဖြစ်ပါသည်။ အခြားအလုပ်သမားများမှာ ၂နှစ်ကျော်မှအထိ အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြပါသည်။ သို့ရာတွင် ထို့အလုပ်သမားများကို တရားဝင်နေထိုင် အလုပ်လုပ် ကိုင်ခွင့် ပြုလုပ်မပေးထားပါ။ ထို့အပြင် အလုပ်သမားများကို တစ်နေ့လျှင် နာရီ ၂၀ခန့် အလုပ် ခိုင်းစေသော်လည်း တစ်ဦးကို ဘတ် ၂၀၀ နုန်းသာပေးချေပါသည်။ ပေးချေသည်ဆိုရာမှာလည်း ထမင်းစားရုံသာထုတ်ပေး ထားပြီး အလုပ်သမားတစ်ဦးစီ ဘတ်ငွေ သုံးသောင်းထက် မနည်းရစရာရှိသည်ဟု ဆိုကြပါသည်။

            တရားမ၀င်အလုပ်သမားများ၏ သန်ချီရှိသည့် လုပ်အားခကို ရရှိရန်အတွက် DSI ,အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်း နှင့် MAT အဖွဲ့တို့က အကြိမ်ကြိမ်ညှိနှိုင်းခဲ့ကြသော်လည်း လုပ်အားခရရှိရန် မသေချာသာပေ။ သို့ရာတွင် ထိုအလုပ်သမားများကိုမူ ယမန်နေ့ညဥ့်ကတည်းက လ၀က အချုပ်ကားဖြင့် ဘုရားသုံးဆူဘက်မှ ပြန်ပို့မည်ဟုဆိုကာ အချုပ်ကားဖြင့် တင်ဆောင်သွားခဲ့ပြီဖြစ်ပါသည်။

          MOU အလုပ်သမားများကိုမူ MOONBEAM SERVICE CO.LTD  နှင့် အလုပ်သမားသံအရာရှိတို့က အလုပ်အသစ်
ပြောင်းပေးရန်သဘောတူညီကြပါသည်။

       MOU အလုပ်သမားပြဿနာအားဖြေရှင်းကြရာတွင် ထိုင်းအောက်ခြေ အလုပ်သမားအရာထမ်းများမှာ MOU စနစ်ကိုပင် လည် သေချာဂဃမသိရှိသည်ကိုလည်းတွေ့ရှိရသည်။ ထိုင်းလ၀ကနှင့် ထိုင်းရဲတို့မှာမူ တရားမ၀င်အလုပ်သမားများကိုအချုပ်ခန်း ကားဖြင့် အမြန်ဆုံးပို့ဆောင်ရန်သာစိတ်ဝင်စားသည်ကိုတွေ့ရှိရသည်။ ထိုင်းအလုပ်သမားဥပဒေပါ ပြဌာန်းချက်အရ တရားမ၀င် အလုပ်သမားကိုခိုင်းစေသည့် လုပ်ငန်းရှင်ကိုအရေးယူရကောင်းမှန်းလည်းမသိပါ။  တိုင်းသူပြည်သားတွေရဲ့အခွန်အခနှင့်လ စာယူပြီး အလုပ်သမားပြဿ   နာများကိုဖြေရှင်းရန်တာဝန်ရှိသည့် မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်း ဆိုသူမှာလည်း MOU အလုပ်သမားများကိုလည်း နားလည်လက်ခံအောင် မဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရသည်။ ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထား သူများနှင့် ပန်းရောင်ဘတ်ကဒ်မရှိပဲ လုပ်အားခများဘတ်ငွေ သန်းချီရစရာရှိသည့် အလုပ်သမား၆၀ဦး ခန့် အတွက်ကို မည်သို့မည်ပုံ ပြုလုပ်သင့်ကြောင်းကိုလည်း ပြတ်သားသည့်အစီအမံ တစ်စုံတစ်ရာချမှတ်ဆောင်ရွက်နိုင်သည်ကို မတွေ့ရှိ ရပေ။

          
          ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “MOU   အရှုတ်ထုတ်ပြဿ    နာကို အဆင့်မြင်အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ DSI က ကိုင်တွယ်လိုက်ပြီ။ ထိုင်းအလုပ်သမားအာဏာပိုင်တွေ ကိုင်တွယ်ပုံကိုင်တွယ်နည်းကတော့ အယင်အတိုင်းပါပဲ၊ သူတို့လုပ်ငန်းရှင် ဘက်ကနေပြီးဖြေ ရှင်းတယ်။

             တိုရှင်းပြောရရင် မြန်မာတွေမှာတော့ ခံပြီးရင်းခံရင်းပဲ။ အလုပ်သမားတွေအတွက်တော့ စိတ်မကောင်းဘူး။ ဒါပေမယ့်
လူကုန်ကူးမှု၊ လုပ်အားခမတရားခေါင်းပုံဖြတ်မှုနဲ့ တောက်လျှောက်လည်ပတ်လာခဲ့တဲ့ ဒီအလုပ်ရုံကို ကျနော်တို့ဝင်စီးနိုင်လိုက် တာဟာအဆိပ်ပင်ကြီးတစ်ပင်ကိုခုတ်လှဲလိုက်နိုင်လိုက်တာပါပဲ။ ထိုင်းနိုင်ငံမှာအလုပ်သမားခေါ်စာDemand Latter တွေ အခုထိ ထွက်နေတယ်ဆိုတာ မူမှန်မဟုတ်တဲ့ဒီလို အလုပ်ရုံတွေကထွက်နေတာပါ။ ဒါတွေကို ဘုမသိဘမသိလက်မှတ်ထိုးပေးနေ တဲ့ မြန်မာကက်ဘိနက်ဟာပွဲစားတွေလိမ်တာကို လက်မှတ်လိုက်ထိုးအတည်ပြုပေးနေတော့ ပြောရတာအားနာသဗျာ” ဟုပြောသည်။

        ထိုင်းအလုပ်သမားဥပဒေအရရွှေ့ပြောင်းအလုပ်သမားများမှာ အလုပ်လုပ်ကိုင်ခွင့်ဝတ်ပါမစ်ရှိမှ အလုပ်လုပ်ခွင့်ရှိပါသည်။ ထိုဝတ်ပါမစ်ကို ထိုင်းလုပ်ငန်းရှင်က အလုပ်သမားဝန်ကြီးဌာနတွင်လုပ်ပေးရပါသည်။ အလုပ်သမားတစ်ဦးတည်း လုပ်ကိုင်၍    မရပါ။ အလုပ်သမားပြောင်းရွှေ့ခြင်းကိုလည်း လုပ်ငန်းရှင်အသစ်ကသာပြုလုပ်ပေးရပါသည်။

          ယနေ့နံနက်ကအလုပ်သမားများပေးပို့လာသည့်သတင်းအရ ယမန့်နေက ပြဿ     နာဖြေရှင်းသည့် ဘုန်းကြီးကျောင်းထဲတွင် ကျန်နေခဲ့သည့် ၀တ်ပါမစ်မရှိသည့် အလုပ်သမားများနှင့် လုပ်ငန်းရှင်မပြောင်းရသေးသည့် ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထား သူများကိုပါ နယ်မြေခံရဲတပ်ဖွဲ့က လာရောက်ခေါ်ဆောင်သွားကြောင်း စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိရပါသည်။