30 November 2016

“MOU ငွေထုပ်စက်ထဲမှာစိစိညက်ညက်ကြေနေကြတဲ့လက်သန်းလေးများ”




(၁) လိုင်စင်ရ အေဂျင်စီအချို့သည် အလုပ်တစ်ခုကို အလုပ်သမားအသွင်းအထုတ်လုပ်ရုံသက်သက်ဖြင့်သာ အကျိုးစီးပွားရှာဖွေနေခြင်း။ ( ထိုင်းဘက်တွင် ဘတ်ငွေ တစ်သောင်းဖြတ်ပြီးသည်နှင့် အကြောင်းမရှိ အကြောင်းရှာပြီး မြန်မာပြည်သို့ ပြန်ပို့ခြင်း)

(၂) MOU အလုပ်သမားတင်ပို့ခြင်းလုပ်ငန်းတွင် အကျိုးအမြတ်ကို ရရှိပြီးဖြစ်တာကြောင့် ဖြစ်လာသည့် ပြဿ     နာကို အလေးထားစရာမလိုပါ။

(၃) MOU လုပ်ငန်းစဉ်အရ ပွဲစားများတင်ပို့သည့် အလုပ်သမားပြဿ     နာကိုပွဲစားများနှင့် အလုပ်သမားသံ အရာရှိတို့သာ အဓိက ဖြေရှင်းခွင့်ရှိခြင်း။ အလုပ်သမားအဖွဲ့အစည်းများ ကာကွယ်ကူညီရန် အလွန်ခက်ခဲပါ သည်။ 

"၂နှစ်စာချုပ်နဲ့ ၄လသာလုပ်ပြီးပြန်ပို့ခံရတဲ့အလုပ်သမားတွေ အကြွေးမဆပ်နိုင်လို့ အိမ်ကိုမပြန်ရဲကြ"

အလုပ်သမားတွေရဲ့ထိခိုက်နစ်နာမှုတွေကို ပွဲစားများအဖွဲ့ချုပ်MOEAFကတိုင်ချင်ရာတိုင်လို့ ပြောလိုက်တယ်။
 အလုပ်သမားတွေ ဘက်က၊ အမှန်တရားဘက်က ရပ်တည်ပေးမယ့်ဥပဒေ၊ ရပ်တည်ပေးမယ့်အဖွဲ့အစည်း
 မြန်မာနိုင်ငံမှာမရှိသေးသရွေ့တော့ ... အနိုင်ကျင့်ခံရအုံးမှာပေါ့။

         NLD အစိုးရလက်ထက်မှာ အလုပ်သမားတွေအတွက် အကာကွယ်မှုမရရင် နောက်အစိုးရလက်ထက် မှာ ရလာမလားလို့ပဲ လက်သန်းကလေးတွေ စောင့်မျှော်ကြရတော့တာပေါ့ဗျာ။

                                                                                                               ရွှေလုပ်သား

29 November 2016

“လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရသည့်အလုပ်သမားနစ်နာကြေးဘတ်၂သိန်းရရှိ”



              
၂၀၁၆ ခု နိုဝင်ဘာလ ၂၉
မင်းဘခက်

            ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ၊ ဘန်းကဒီအရပ်တွင်ရှိသော သကြားမုန့်အလုပ်ရုံတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားတစ်ဦးအတွက် MAT အဖွဲ့၏ ကူညီဆောင်ရွက်ပေးမှု ကြောင့် နစ်နာကြေးဘတ်ငွေ၂သိန်းယနေ့ရရှိခဲ့သည်။

  ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ ကျိုက်မဲကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုအောင်ကိုသက် ဆိုသူသည် ၅.၅.၂၀၁၄  နေ့က အချိန်ပိုအလုပ်လုပ်နေချိန်တွင် သကြားလုံး ထုပ်လုပ်သည့်စက်နှင့် လက်ညှပ်မိသွား သဖြင့် အောင်ကိုသက်၏ ညာဘက်လက်ဖမိုး လက်သန်း၊ လက်သူ ကြွယ်၊ လက်ခလယ် နှင့် လက်ညှိး စုစုပေါင်း၎ချောင်းအား ပျက်စီးသွားခဲ့ပါသည်။

ကိုအောင်ကိုသက် က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT သို့ ၃.၁၀. ၂၀၁၅ ရက်နေ့က အကူညီတောင်းခံလာခဲ့ရာ ဆေးဝါးကုသမှုအပိုင်းများ အားလုံးပြီးဆုံးသည် အထိ   စောင့်ခဲ့ရသည်။ 

အလုပ်သမားကူညီဆောင်ရွက်သည့် ရှေ့နေအဖွဲ့၏ အကူညီဖြင့် မဟာချိုင်တရားရုံးတွင် အမှုစွဲဆိုခဲ့ရာ ယနေ့တွင် အလုပ်ရှင်နှင့် အလုပ်သမား ၂ဦးသဘောတူညီချက်အရ ဘတ်ငွေ ၂သိန်းဖြင့်   ပြေလည် လက်ခံခဲ့ကြပါသည်။

     MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ ပကာစာခွန်း(ခေါ်) အာမခံ မရှိလည်းရပါတယ်။ ထိုင်းအလုပ် သမား ဥပဒေမှာ လုပ်ငန်း ခွင်ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေအတွက်ရှိပြီးသားပါ။ ထိုင်းဥပဒေ ကိုနား လည်ပြီး လုပ်တတ် ဖို့သာလိုပါတယ်။ အဓိက စေတနာပါ၊   မြန်မာအလုပ်သမားတွေအနေနဲ့ ဘာလုပ်လုပ် သတိထားလုပ်ကြပါ။   မွေးရာပါ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားမှုဟာ အစားထိုးမရတော့ဘူး၊ အကယ်၍ မလွဲသာလို့ထိခိုက်မှု၊ သေဆုံးမှုတွရှိခဲ့ရင်လည်း မြန်မာ  သံရုံးအပါအ၀င် နီးစပ်ရာအလုပ်သမားအဖွဲ့တွေကို အကူညီတောင်း ခံကြပါ” ဟုပြောသည်။

27 November 2016

"ကျွန်မကသာ သမ္မတကြီး နေရာမှာ မနက် ၆ နာရီကနေ ည ၆ နာရီအထိ တစ်ရက်စာ အချိန်ရခဲ့မယ် ဆိုရင်"


မြခွါညို FB မှာတွေ့လို့ သဘောကျလို့ ကူးယူတင်ပြတာပါ။


       အရင်ဆုံး မနက်ပိုင်း မူဆယ်သွားပါမယ်။ စစ်တပ်ကို အပစ်အခတ် ခတ္တရပ်စဲထားဖို့ ပြောပြီး တိုင်းရင်း သားလက်နက်ကိုင် ခေါင်းဆောင်တွေကို ချက်ခြင်းသွားရောက်တွေ့ဆုံပါမယ်။ ငြိမ်းချမ်းရေးမရတောင်အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ အတတ်နိုင်ဆုံး မျက်နှာချင်းဆိုင် ညှိနှိုင်းပါ မယ်။ သမ္မတတစ်ယောက်အနေနဲ့ နောက်ဆုံးအဆင့်အထိ ကျိုးနွံစွာ အောက်ကျစွာ မေတ္တာရပ်ခံပါမယ်။ စဉ်းစားဖို့ အချိန် ၁၀ နာရီပေးပါမယ်။

24 November 2016

“အလုပ်သမားများအလိမ်မခံရစေရန်အထူးသတိပြု ကြပါ”





၂၀၁၆ ခု နိုဝင်ဘာ ၂၄ ရက်
ရွှေလုပ်သား 

         တရားဝင်နေထိုင်ခွင့် ပန်းရောင်ဘတ်ကဒ် လုပ်ပေးမည်ဟုပြောဆိုကာ ပွဲစားများက မြန်မာ အလုပ်သမားများထံမှငွေကြေးများကောက်ခံလျှက် ရှိကြောင်း သတင်းရရှိပါသည်။

      ပထုံဌာနီ နှင့် ခြုံဘူရီနယ်ဘက်တို့ တွင် မြန်မာ ပွဲစားများနှင့် ထိုင်းပွဲစားတို့က ပန်းရောင်ဘတ်ကဒ် အသစ် လုပ်ပေးတော့မည်ဟု ဆိုကာ တရားဝင်နေ ထိုင်ခွင့်မရှိသည့် အလုပ်သမားများကို ယုံကြည်ေ အာင် ပြောဆို၍ ငွေကြေးများကောက်ခံ၍ ခြေရာေ ဖျာက်သွားကြကြောင်း MAT အဖွဲ့သို့ အကြောင်းကြားလာကြပါသည်။

  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က
“ခြုံဘူရီနယ်နဲ့ ဖူးခက်ဘက်မှာ ထိုင်းလူမျိုးအချို့ ရုံးတွေလာဖွင့်ပြီး ထောင်ချီရှိတဲ့  မြန်မာအလုပ်သမားတွေဆီ က ပတ်စပို့လုပ်ပေးဖို့အတွက်ဆိုပြီး ပိုက်ဆံတွေကောက်ပြီး ရုံးပိတ်ထွက်ပြေးသွားကြတယ်လို့ ဖုန်းဆက် လာကြတယ်။ ဒီနေ့မှာ ပထုံဌာနီ ကြက်ရုံက အလုပ်သမားတွေဆီကိုလည်း ပွဲစားတွေက ပန်းရောင်ဘတ် ကဒ် အသစ်လုပ်ပေးတော့မယ်ဆိုပြီး ဖေါင်ဖြည့်ပြီး တစ်ယောက်ကို ဘတ်ငွေ ၁၀၀၀ စီကောက်ခံသွားတယ် လို့ပြောပါတယ်။ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့မှာ CI ထုတ်မယ်ဆိုပြီး ထုတ်မပေးကြပဲ အချိန်ဆွဲနေကြ တယ်။ ကြားထဲမှာအလုပ်သမားတွေကအလိမ်ခံနေရတယ်” ဟုပြောသည်။

        ထိုင်းနိုင်ငံအတွင်း သန်းနဲ့ချီသည့် မြန်မာအလုပ်သမားတို့၏ ပြဿ    နာအား ဒိုင်ခံဖြေရှင်းပေးနိုင်သည့် အစီအမံ မျိုးမရှိသေးသည့် ယခုကဲ့သို့သော အကာအကွယ်မဲ့သည့် ကာလများတွင် အလုပ်သမားများအနြေ ဖင့် မြန်မာ သံရုံးသို့သော်လည်းကောင်း အလုပ်သမားအရေးဆောင်ရွက်ကြသူတို့ထံသို့လည်းကောင်း သိလိုသည့် သတင်းအချက်အလက်များကို လေ့လာစုံစမ်းပြီးမှ ဆုံးဖြတ်သင့်ပါသည်။ 

ထို့သို့မေးမြန်းရာတွင်လည်း တစ်ဦး တစ်ယောက် တစ်ဖွဲ့တည်းကိုသာမဟုတ်ပဲ၊ သိရှိနိုင်သမျှ စုံစမ်းလေ့လာ မှုဖြင့် အလိမ်မခံရအောင် ကာကွယ်ကြပါရန် MAT အဖွဲ့က သတိပေးလိုကြောင်းသိရပါသည်။
........................................................................................................................... ....
 

22 November 2016

“သူတို့ကိုကောင်းမွန်စွာအိမ်ပြန်ခွင့်ပြုပါ”

၂၀၁၆ ခု နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် မြန်မာပို့စ် သတင်းဂျာနယ်ပါ ဆောင်းပါးကို အွန်လိုင်းပရိတ်သတ်
များအတွက် ကူးယူဖေါ်ပြပါတယ်။


                                       
        ထိုင်းနိုင်ငံတောင်းပိုင်း အပန်းဖြေစခန်း ဖူးခက်ပင်လယ်ကမ်းခြေအနီးဖယ်ယော့ငါးဖမ်းလှေဆိပ်က အခန်း တစ်ခု မှာပိတ်လှောင်ထားတဲ့ မြန်မာအလုပ်သမား ၃၂ ယောက်ကို၂၀၁၆ ခုနှစ် ဇန်န၀ါရီလ၂၉ ရက်    နေ့က ကယ်ထုတ်ခဲ့တယ်။ ခုသူတို့အမှုမပြတ်သေး။ အန်ကယ် သားတို့ ရနောင်းကယ်ဆယ်ရေးစခန်းထဲ မှာနေရတာဆယ်လ ရှိပြီ။ တရားရုံးမှာ သားတို့ကပွဲစားအိမ်မှာ တံခါးပိတ်ထားတယ်လို့ထွက်ဆိုတယ်။ 

    အဲဒါကို ပွဲစားမက အခန်းတံခါး ပိတ်မထားပါဘူး။ အချိန်ပြည့်တံခါးဖွင့်ထားတယ်လို့ ထွက်ဆိုနေတယ်။ သားတို့ဘက်က သက်သေထွက်ဆိုပေးမယ့်လူလိုနေတယ်။ သားတို့အလုပ်လည်းမလုပ်ရ၊ တစ်ပြားမှလည်း မရပဲတစ်နှစ်ပြည့်တော့မယ်။ ကူညီပေးပါဦး။ 

21 November 2016

"မြန်မာသံစဉ်တေးသံရှင် ဟင်္သာတဦးထွန်းရင် ကွယ်လွန်"


မြန်မာသံစဉ်တေးသံရှင် ဟင်္သာတဦးထွန်းရင်သည် အဆုတ်ကင်ဆာရောဂါဖြင့် ယနေ့(နိုဝင်ဘာ ၂၁ ရက်) နံနက် ၄ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်မြို့ ကျောက်ကုန်းမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ကွယ်လွန်ချိန်တွင် ဟင်္သာတဦးထွန်းရင်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူနှင့် သားသမီးငါးဦးတို့ ကျန်ရစ်ခဲ့သည်။

အောင်မြင်သည့် မြန်မာသံစဉ်တေးသီချင်းပေါင်းများစွာသီဆိုခဲ့သည့် ဟင်္သာတဦးထွန်းရင်သည် ၎င်းမကွယ် လွန်ခင်အချိန်၌ နောက်ဆုံးဂီတဖန်တီးမှုအနေဖြင့်နတ်မောက်က တောက်ခေါက်သံ တေးစီးရီးသစ်ကို ဖြန့်ချိ  ခဲ့ပါသည်။

    ဟင်္သာတ ဦးထွန်းရင်သည် မြန်မာသံစဉ်တေးသီချင်းများ သီဆိုအောင်မြင်ခဲ့ရာတွင် မိဘမေတ္တာဖွဲ့တေး သီချင်းများ၊ အလှူမင်္ဂလာဆောင်များ၌ ဖွင့်လှစ်သည့် မင်္ဂလာတေးသီချင်းများ၊ မိသားစုချစ်ခြင်းမေတ္တာပြတေး သီချင်းများတွင် အထူးအောင်မြင်ခဲသူဖြစ်သည်။

        ၎င်းအနေဖြင့် တေးသီချင်းများကို ကိုယ်တိုင်ရေးဖွဲ့သီဆိုခဲ့သူ တစ်ဦးဖြစ်ပြီး မိသားစုကန်တော့ပွဲ၊ အမေနဲ့ရွာကိုလွမ်းတယ်စသည့် တေးသီချင်းများကယနေ့တိုင်ထင်ရှားနေသည့် တေးသီချင်းမျာလည်း ဖြစ်သည်။

ဟင်္သာတဦးထွန်းရင်၏ နာရေးအစီအစဉ်ကို ရေဝေးသုသာန်တွင် ပြုလုပ်မည်ဖြစ်ပြီး အချိန်ကိုမှု ထပ်မံထုတ်ပြန် သွားမည်ဟု သိရသည်။
..............................................................................................................

20 November 2016

“ထိုင်းရောက်မြန်မာအလုပ်သမားများက CI အမြန်လုပ်ပေးစေလို”



                              
၂၀၁၆ ခု နိုဝင်ဘာ ၂၀
ရွှေလုပ်သား

          ထိုင်းနိုင်ငံအတွင်း သက်တမ်းကုန်သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြသူများ၊ ပန်းရောင် ဘတ်ကဒ် လုပ်ထားကြသူများနှင့် ရေလုပ်သားကဒ် ကိုင်ဆောင်ထားကြသည့် သန်းချီသည့် မြန်မာအလုပ် သမားများ က ( CI ) CERTIFICATE OF IDENTITY အစိမ်းရောင် စာအုပ်အမြန်ထုတ်ပေးရန် လိုလားနေ   ကြောင်းသိရှိရသည်။

       လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွင်း ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထားသူခုနစ်သိန်းကျော်၊ ရေလုပ်
 သားကဒ် ကိုင်ဆောင်ထားသူ တစ်သောင်းကျော် နှင့်မှီခိုသူတစ်သောင်းကျော်တို့မှာ နေထိုင်ခွင့်သက်တမ်း 
ကုန်ဆုံးသွားပါက ထိုင်းနိုင်ငံအတွင်းတရားဝင်နေထိုင်ခွင့် ပျက်ပြယ်သွားမည်ဖြစ်သဖြင့် စိုးရိမ်နေကြသည် ဟု ဆိုပါသည်။

18 November 2016

“ပါဖက်MOU အလုပ်သမား ၂၃ ယောက်ပြဿ နာဘယ်လိုအဆုံးသတ်မလဲစောင့်ကြည်ပါ”



   
၂၀၁၆ ခု နိုဝင်ဘာ ၁၈ ရက်
ရွှေလုပ်သား

       ပါဖက်အေဂျင်စီဖြင့် ထိုင်းနိုင်ငံ နာနတ်သီးစက်ရုံသို့ပို့ဆောင်ခဲ့သည့်အလုပ်သမား ၂၃ဦးအနက် လင်မယား ၂ဦးကျန်နေခဲ့ပြီး ၂၁ ဦးအား ယနေ့တွင် မြန်မာနိုင်ငံသို့အေဂျင်စီမှ ပြန်လည်ခေါ်ယူသွားခဲ့သည်။
မန္တလေးတိုင်းနှင့်မကွေးတိုင်းတို့မှ အလုပ်သမား(ကျား၁၂ဦး+မ၁၁ဦး)တို့အား ရန်ကုန်လှိုင်သာယာ ကျန်စစ်သား အိမ်ယာတွင်နေထိုင်သည့် LIBRA LIFE အေဂျင်စီပွဲစား ဆိုသူ ဦးထွန်းထွန်း နှင့် ကိုသက်ထွေး ဆိုသည့် ပွဲစား ၂ဦးတို့သည် အလုပ်သမားများထံမှ အနည်းဆုံးကျပ်ငွေ လေးသိန်းခွဲမှ ငါးသိန်းခွဲအထိ ယူဆောင်၍ အလုပ်သ မားများကိုစာချုပ်ချုပ်ဆိုခြင်း၊ စမတ်ကဒ်လုပ်ပေးခြင်းမရှိပဲ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊   နောင်ပိကျေးရွာရှိ OS INTER FOOD နာနတ်သီးစက်ရုံသို့ ၁၇.၆.၂၀၁၆ နေ့က ပို့ဆောင်ပေးခဲ့ကြောင်း အလုပ်သမားများကပြောပါသည်။ 

         အလုပ်သမားများသည် အလုပ်ကို ပုံမှန်လုပ်ရသည်ဟူ၍မရှိပဲ ယခုပြန်သည့်အချိန်အထိ ၅လအတွင်း ရက်ပေါင်း၈၅ ရက်သာအလုပ်လုပ်ခဲ့ကြရပါသည်။ထိုလုပ်အားခများအတွက်အလုပ်သမားများ ရရှိသွားခဲ့ကြ   သော်လည်းအလုပ်သမားတစ်ဦးစီ အချိန်ပို ၁၈၄ နာရီခန့်စီအတွက်ကိုမူ ဖြေရှင်းမပေးလိုက်ပါ။ယမန်နေ့က
 ပွဲစားများသွားရောက်၍ အလုပ်သမားများနှင့် ရှင်းလင်းကြရာတွင်လည်း မြန်မာဘက်သို့ရောက်သည့်အခါမှ   သာ ရှင်းပေးမည်ဟုပြောဆိုခဲ့ပါသည်။ ထူးခြားသည်မှာ အလုပ်သမားများထွက်လာစဉ်က စက်ပျက်သည် ဟု အကြောင်းပြ၍ မထုတ်ပေးခဲ့သည့်စမတ်ကဒ်များမှာလည်း ယမန်နေ့ကမှ ပွဲစားများက ထုတ်ပေးခဲ့ပါ သည်။ 

17 November 2016

"ထိုင်းရောက်မြန်မာအလုပ်သမားများ ကြိုတင်မဲပေးနိုင်ရန် ကြေညာခြင်း"






အသေးစိတ်သိရှိလိုပါက မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းကြပါရန်။

ဒေါက်တာစင်သီယာ ၂၀၁၆ လူသားချင်းစာနာမှု သူရဲကောင်းဆု ချီးမြှင့်ခံရ


17 November 2016 02:17

      ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ မဲတော်ဆေးခန်းထူထောင်သူ ဒေါက်တာ စင်သီယာမောင် ကို နိုင်ငံတကာပရဟိတအဖွဲ့တခုဖြစ်တဲ့ AidEx အဖွဲ့ကနေ ၂၀၁၆ ခုနှစ်ရဲ့ လူသားချင်းစာနာမှုသူရဲကောင်း ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

     ဒီဆုရရှိမှုနဲ့ပတ်သက်လို့ ဒေါက်တာ စင်သီယာမောင်က - သူ့ဆေးခန်းမှာ နှစ်တိုင်း လူနာအရေအတွက် တိုးလာနေပြီး ဆေးခန်းအနေနဲ့ ကျန်းမာရေးလုပ်သားများကို သင်တန်းတွေ ပို့ချတဲ့အပြင် ဆေးဝါးကုသဖို့ လိုအပ်နေတဲ့ လူ့အဖွဲ့အစည်းတွေထံကိုလည်း နယ်လှည့်ကျောပိုးအိတ် ဆေးကုတဲ့အဖွဲ့တွေက သွားရောက် ကုသပေးနေတဲ့အကြောင်းနဲ့ သူ့ဆေးခန်းအနေနဲ့ ရင်ဆိုင်ရတဲ့ အကြီးမားဆုံး အကဲစမ်းမှုကတော့ အိုးအိမ် မဲ့ ဖြစ်ကြနေသူတွေရဲ့ အစားအစာ၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ အလုပ်လက်မဲ့ဖြစ်မှုတို့အပေါ် စိုးရိမ်မ ကင်းဖြစ်မှုတွေကြောင့် ခံစားကြရတဲ့ ကြီးမားတဲ့ စိတ်ဒဉ်ရာရမှုတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

       ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ မဲတော်ဆေးခန်းအနေနဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ် သမားတွေ လူမှုရေးနဲ့ ကျန်းမာရေးအကူအညီ လိုအပ်နေတဲ့ ကာလပတ်လုံး ဆက်လက် ရပ်တည်ပေးသွား မှာဖြစ်တယ်လို့လည်း ဒေါက်တာ စင်သီယာမောင် က ပြောဆိုခဲ့ပါတယ်။

     AidEx ရဲ့ နှစ်ပတ်လည် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက် ဗုဒ္ဓဟူးနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်စဲလ်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး -၂၀၁၆ ခုနှစ်ရဲ့ လူသားချင်းစာနာမှု သူရဲကောင်းဆုကိုပေးအပ်ဖို့   နောက်ဆုံးစကာတင် လျာထားခြင်းခံရသူတွေထဲမှာ - အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု ကို ဆန့်ကျင်လှုပ်ရှားသူ Jaha Dukureh; ကင်ညာနိုင်ငံမှာ လူထုအကျိုးပြုလူမှုရေးလုပ်ငန်းတခုကို ထူထောင်သူ ဒေါက်တာ Martin Fisher; နဲ့ အမေရိကန်ပြည်ထောင်စုမှာ လူထုအကျိုးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကို ထူထောင်ခဲ့သူ Shaima Al Zarooni တို့နဲ့အတူ မြန်မာနိုင်ငံသား ဒေါက်တာ စင်သီယာမောင်လည်း ပါဝင်ခဲ့တာဖြစ်ပြီး - သူ့ကို - ကိုယ်ကျိုးမဖက် လူထုအကျိုးပြု စေတနာ့လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နေမှုတွေအတွက် ဒီဆု ပေးအပ်ဖို့ AidEx အဖွဲ့ကြီးက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

        ဒေါက်တာစင်သီယာမောင်ဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း - ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို ကူညီဖို့ အတွက် - မဲဆောက်မြို့မှာ ဆေးခန်းငယ်လေးတခုကို စတင်ဖွင့်လှစ်ခဲ့တာပါ။ မဲတော်ဆေးခန်းကို စတင်ချိန်က ကုတင် ၄ လုံးသာရှိခဲ့ပြီး၊ အခုဆိုရင် အဲဒီဆေး ခန်းမှာ ကျန်းမာရေးဝန်ထမ်း ၇၀၀ လောက်နဲ့အတူ နှစ်စဉ် ဆေးခန်းကို လာတဲ့ လူနာ အရေအတွက်က ၁ သိန်းခွဲနီးပါးထိ ရှိခဲ့တာဖြစ်ပါတယ်။

       ဆေးခန်းစတင်ဖွင့်လှစ်ချိန်က မြန်မာဒုက္ခသည်တွေကို ကူညီဖို့ အဓိကရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်း ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအ၀င် ကရင်ပြည် နယ်တွင်း မိုင်းထိမှန်သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ HIV ပိုးကူးစက်ခံထားရသူတွေ အပြင် မြန်မာနိုင်ငံ   ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေကနေ ကျန်းမာရေးစရိတ် မတတ်နိုင်သူတွေနဲ့ ဒီဆေးခန်းမှာလာရောက်
 ပြသရင်း လူနာတွေ တိုးများလာတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေး ငယ်တွေအတွက်လည်း အခမဲ့ကျောင်းတွေ ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနေတာလည်း ဖြစ်ပါတယ်ရှင်။ အခုရရှိခဲ့တဲ့ ၂၀၁၆ လူသားချင်းစာနာမှုသူရဲကောင်းဆုအပြင် Ramon Magsaysay ဆု၊ အာရှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆုတွေ အပါအ၀င် နိုင်ငံတကာက ပေးအပ်တဲ့ ဆုပေါင်း ၂၀ လောက်ကိုလည်း ရရှိခဲ့တာ
 ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

14 November 2016

“ခြင်းခတ်ကစားနေသည့်မြန်မာအလုပ်သမား၂၂ဦးကိုအလောင်းကစားပုဒ်မတပ်၍ဒဏ်ငွေရိုက်”



        
၂၀၁၆ ခု နိုဝင်ဘာလ ၁၄ ရက်
မောင်မောင်မြတ်ညို (အလွတ်သတင်းထောက်)

        ဘန်ကောက်မြို့အနီး မဟာချိုင် ထပ်ချလုံရပ်ကွက် ၀ပ်ပါချို ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တန်းလျား တွင်နေထိုင်ကြသည့် မြန်မာအလုပ်သမား ၂၂ဦးတို့သည် ယမန်နေ့ကခြင်းလုံးခပ်နေသည်ကို အလောင်း ကစားပြု သည်ဟုဆိုကာ မဟာချိုင်ရဲများက ဖမ်းဆီ၍ ယနေ့ရုံးတင်ကာ ဒဏ်ငွေချမှတ်ခြင်းခံလိုက်ကြရ သည်။ 

"ခြင်းခတ်တဲ့အလုပ်သမား၂၂ယောက်ကို အလောင်းကစားမှုနဲ့မဟာချိုင်ပုလိပ်ဖမ်းဆီးဒဏ်ရိုက်"


“ပျော်ရွှင်မြိုင်ဆိုင် ငယ်ဘ၀က တန်ဆောင်တိုင်”



                        
               

        မိုးများပြီး ကတ္တရာလမ်းမရှိတဲ့ရခိုင်ကျေးလက်ဒေသဆိုတာ မိုးရာသီမှာ ရွံ့တွေနဲ့ မိုးရေတွေနဲ့ ညစ်ညစ် ပတ်ပတ် နေရတာကများတယ်။ အဲဒီလို စိုစွတ်တဲ့ရာသီဥတုကနေခြောက်သွေ့တဲ့ရာသီဥတုဆောင်းရာသီသို့ အကူးအပြောင်းကာလ။ အမေအသစ်ဝယ်ပေးတဲ့အနွေးထည်စွယ်တာဝတ်ပြီး ပျော်ရွှင်မြူးတူးတဲ့ကာလ။ 

      မီးပုံပျံတွေတင်ဖို့ ရွာကိုပတ်ပြီး သတင်းစာ၊ ဂျာနယ်ဖတ်သူတွေ၊ ပြက္ခဒိန်အဟောင်းတွေတောင်းပြီး
ရွာဦး ဘုန်းတော်ကြီးကျောင်းမှာ မီးပုံးပျံကြီးတွေ လုပ်ကြတယ်။ ညပိုင်းရောက်တော့ မီးပုံးပျံလွှတ်ကြတယ်။
        ကိုယ့်ထက်နဲနဲ အသက်အရွယ်ကြီးတဲ့လူတွေက စုပေါင်းပြီးမုန့်တွေလုပ်စားကြတယ်။ သူတို့ထက် ကြီးသူတွေက စုပြီးတော့ ထမင်းချက်စားကြတယ်။ မှောင်ရီပျိုးလာတာနဲ့ ရွာလုံးကျွတ်၊ ရပ်ကွက်လုံးကျွတ် ဆီမီးပူးဇော်ကြတယ်။ အပျိုလူပျိုတွေကျတော့ စတိရှိုး၊ ရိုးရာယဉ်ကျေးမှုကဇာတ်၊ ပြဇာတ်၊ သရုပ်ဖေါ်တွေ ကပြကြတယ်။ ကပွဲတွေမဖြစ်နိုင်တဲ့ အနီးအနားရွာတွေက လာကြည့်ကြတာမို့ လူတွေထောင်ချီရှိတယ်။

13 November 2016

“MOU အလုပ်သမား၂၃ဦးအားတာဝန်ယူမည့်အေဂျင်စီမရှိဖြစ်နေ”



                           
၂၀၁၆ ခု နိုဝင်ဘာ ၁၃ ရက်
ရွှေလုပ်သား

         ရန်ကုန်နှင့်မြ၀တီတို့တွင် အလုပ်သမားညွန်ကြားရေးဦးစီဌာနနှင့် တစ်စုံတစ်ရာ စာချုပ်ချုပ်ဆိုခြင်း၊ စမတ် ကဒ်ထုတ်ပေးခြင်းမရှိခဲ့ပဲ ထိုင်းနိုင်ငံသို့ပို့ဆောင်ခံခဲ့ရသည့် MOU ဖြင့်လာသည်ဆိုသည့် အလုပ်သမား၂၃ဦးအား တာဝန်ခံဖြေရှင်းမည့် အေဂျင်စီမရှိပဲ အခက်အခဲကြုံနေရကြောင်းသိရှိရသည်။

          မန္တလေးတိုင်းနှင့်မကွေးတိုင်းတို့မှ အလုပ်သမား(ကျား၁၂ဦး+မ၁၁ဦး) တို့အား ရန်ကုန်လှိုင်သာယာ ကျန်စစ်သား အိမ်ယာတွင်နေထိုင်သည့်၊ အေဂျင်စီပွဲစားဆိုသူ ဦးထွန်းထွန်း နှင့် ကိုသက်ထွေး ဆိုသည့် ပွဲစား၂ဦးတို့သည် အလုပ်သမားများထံမှ အနည်းဆုံးကျပ်ငွေ လေးသိန်းခွဲမှ ငါးသိန်းခွဲအထိယူဆောင်၍ အလုပ်သမားများကိုစာချုပ်ချုပ်ဆိုခြင်း၊ စမတ်ကဒ်လုပ်ပေးခြင်းမရှိခဲ့ပါ။

12 November 2016

“ဖြစ်နိုင်ခြေကစတင်ခြင်း”



၂၀၁၆ ခု နိုဝင်ဘာလ ၁၁ ရက်နေ့ ထုတ်ဝေသည့် မြန်မာပို့စ်ဂလိုဘယ် အပတ်စဉ်ထုတ်ဂျာနယ်
တွင် ဖေါ်ပြခဲ့သည့် ဆောင်းပါးကို အွန်လိုင်း စာဖတ်ပရိတ်သတ်များအတွက် ကူးယူဖေါ်ပြပါတယ်။                                                   



        လူတိုင်းသက်ရှည်ကျမ္မာသန်စွမ်းပြီးအနာရောဂါကင်းမဲ့ချင်ကြတယ်။လူတိုင်းချမ်းသာကြီးပွားပြီးစိတ်ချမ်းသာ ချင်ကြတယ်။ လူတိုင်းတော်ချင်ကြတယ်။ လူတိုင်းလှပချင်ကြတယ်။ စင်္ကြာဝဠာတစ်ခုလုံးမှာရှိကြတဲ့ လူတိုင်း လူတိုင်းလိုလေသေးမရှိတဲ့ဘ၀ကို ရယူပိုင်ဆိုင်ချင်ကြမယ်ထင်ပါတယ်။ ဘယ်သူမဆို မိမိကိုယ် တိုင်လည်း ပြည့်စုံတိုးတက်ချင်သလို မိမိတိုင်းပြည်ကိုလည်း တိုးတက်ချမ်းသာချင်ကြတာတော့အတူတူပါပဲ။ ဒါပေမယ့် ရှေ့ဘ၀ကုသိုလ်ကံတွေကြောင့် ဆူကြုံနိမ့်မြင့် ဆင်းရဲချမ်းသာ၊ အရုပ်ဆိုး၊ လှပကွာခြားစမြဲဖြစ် ပါတယ်။ လူတစ်ဦးချင်းတိုးတက်ချမ်းသာမှုတွေက ထိုသူရဲ့ကံဉာဏ်ဝီရိယတွေ အပြင် ရှေ့ဘ၀ကပြုဖူး ခဲ့ကြတဲ့ ကုသိုလ်ကံတွေကြောင်းပါ ဆင်းရဲချမ်းသာကွာခြားတယ်လို့ ဗုဒ္ဓဘာသာဝင်တွေကယုံကြည် ထားကြ ပါတယ်။

                                     “၂၁ရာစုထဲမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံးရောက် မြန်မာနိုင်ငံ”

       ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့ နိုင်ငံတွေကိုတော့ အထူးပြုပြောစရာမလို။ ဘာထွက်ကုန်မှမရှိတဲ့ ပိုက်ဆိပ်အဖြစ်သုံးခဲ့တဲ့ ရန်ကုန်မြို့ဧရိယာလောက်သာရှိတဲ့ အာရှတိုက်မှာအချမ်းသာဆုံးစါရင်းဝင် စင်ကာပူနိုင်ငံနဲ့ ၁၈ ရာစုမှာ အမေရိကန်ဗုံးကြဲခံရလို့ ပြာပုံဘ၀က လူးလဲထလာပြီး ကမ္ဘာ့အချမ်းသာ ဆုံးနိုင်ငံ ဖြစ်လာအောင် ရုန်းထကြိုးစား နိုင်ခဲ့တဲ့နိုင်ဂျပန်လိုနိုင်ငံတွေကိုတော့ စံနမူနာအဖြစ် လေ့လာ မှတ်သားကြရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ် ၂၀ ကျော်လောက်က နံရိုးပြိုင်းပြိုင်းထွက်ပြီး စားရမဲ့သောက်ရမဲ့ ဖြစ်နေတဲ့ အသားမဲမဲ ဆံပင်ခွေခွေနဲ့ ပိန်ချုံ့နေတဲ့ ရုပ်ပုံတွေနဲ့ မြင်ခဲ့ဖူးကြတဲ့ ကမ္ဘာ့အဆင်းရဲဆုံး အီသီယိုပီးရီးယား တိုင်းပြည်ဟာ အခုအခါမှာ အကောင်းဆုံး လေယာဉ်ကွင်းကြီးတွေ၊ မိုးပျံရထားလမ်း၊ မြေအောက်ရထားလမ်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပါတယ်။

        မြန်မာနိုင်ငံရဲ့အရှေ့အနောက်မှာတည်ရှိနေတဲ့ လူဦးရေသန်းပေါင်း ၁၃၀၀ကျော်စီရှိနေကြတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့ရဲ့ ဖွံ့ဖြိုးရေး ခြေလှမ်းတွေကို လေ့လာကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကယားပြည် နယ်လောက်သာရှိပေမယ့် လူဦးရေသန်း ၁၇၀ကျော်ရှိနေတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံနဲ့ မြန်မာလေး သန်းလောက် သွားရောက်အလုပ်လုပ်နေကြရတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံတို့ရဲ့လုပ်နည်းကိုင် ဟန်တွေကို ပါ လေ့လာသင်ကြား ကြရမှာဖြစ်ပါတယ်။ တစ်ချိန်းတည်းမှာ အလေ့ကျပေါက်ရောက်ပင်မရှိ၊ စိမ့်စမ်းရေ မရှိပဲ စိုက်ပျိုးရေး ပညာရပ် ထွန်းကားနေတဲ့ အစ္စရေးလို သဲကန္တာရနိုင်ငံတွေကိုလည်း လေ့လာကြ ရမှာဖြစ်ပါတယ်။ နှစ်ပေါင်း၅၀ ကျော် ကျောက်ဂူထဲမှာနေခဲ့သလိုဖြစ်နေခဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာကြီးက သင်ယူစရာတွေချည်းပါပဲဖြစ်သွားခဲ့ပြီ။ 


11 November 2016

“လက်နက်ပြ၍ အဓမ္မပြုကျင့်သည့် မြန်မာအလုပ်သမားတစ်ဦးကိုဖမ်းဆီးထား”




၂၀၁၆ ခု နိုဝင်ဘာ ၁၁
စိုင်းမင်းသန့်

         ဘန်ကောက်မြို့အနီး မဟာချိုင်မြို့…… အလုပ်ရုံတွင်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားအပျို တစ်ဦးအား မြန်မာအလုပ်သမားတစ်ဦးက လက်နက်ဖြင့်ခြိမ်းခြောက်၍ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ခြင်းေ ကြာင့် MAT အဖွဲ့နှင့်မဟာချိုင်ရဲတို့ ပူးပေါင်း၍ တရားခံဟုယူဆရသူကို ယမန်နေ့ညက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

       အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ အသက်၁၈ နှစ်ခန့်သာရှိသေးပြီး ဦးလေးနှင့်အဒေါ်ဖြစ်သူတို့   ဖြင့်နေထိုင်သူဖြစ်ပါသည်။ နိုဝင်ဘာလ ၇ရက်နေ့ညက သူမ အလုပ်ကပြန်အလာတွင် အဓမ္မပြုကျင့် သည့် အမျိုးသားကနောက်ထပ်အမျိုးသားအဖေါ်တစ်ဦးနှင့်အတူ  ခြောက်လုံးပြူးကိုပြ၍ ဆိုင်ကယ်ပေါ်သို့ တင်ဆောင်သွားခဲ့ပြီး မဟာချိုင်အရပ်ရှိ အခန်းတစ်ခန်းတွင် တစ်ည အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုပါသည်။

       အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များ အဖွဲ့ MAT သို့ယမန်နေ့ညဥ့် ၇နာရီခန့်က အကြောင်းကြားခဲ့သဖြင့် မဟချိုင်နယ်မြေ ရဲတပ်ဖွဲ့ဝင်များနှင့်  အဓမ္မပြုကျင့်သူ မြန်မာအလုပ်သမား အသက် ၂၆ နှစ်အရွယ်……ကို ဖမ်းဆီးရမိခဲ့သည်။ အားပေးကူညီ
ပေးခဲ့သူကိုမူဖမ်းဆီးမရရှိသေးပေ။

အဓမ္မပြုကျင့်ခံသည့် အမျိုးသမီးငယ်က “ ကျမနဲ့ ဖေးဘွတ်မှာ ခင်တာပါ။ သမီးရည်စားလည်းမဖြစ်ပါဘူး။ အဲဒါ အလုပ်ကပြန်လာတာစောင့်ပြီး အမျိုးသား ၂ ယောက် ဆိုင်ကယ်ပေါ် ညှပ်တင်သွားပြီး အခြားလူတွေ ကိုပြောရင် တစ်မျိုးလုံးကိုပါသတ်ပစ်မယ်၊ဒီမှာတွေ့လားဆိုပြီးခြောက်လုံးပြူးကိုပြပါတယ်” ဟုပြောသည်။

    MAT ရုံးအဖွဲ့မှူး ကိုအောင်ဆန်းဦး က“ကောင်မလေး လိင်ဆက်ဆံခံခဲ့ရတဲ့ ထမိန်တစ်ထည် သိမ်ဆည်း ရရှိတယ်။ အရိုးအသွား ၃ပေခန့်ရှည်တဲ့ ကင်ဒိုတစ်လက်ရတယ်။ ခြောက်လုံးပြူး ကျည်ဆံ ၅တောင့် သိမ်း ဆည်းရမိတယ်။ မိန်းကလေးပြောတဲ့ ခြောက်လုံးပြူးကိုတော့ ရဲတွေဆက်လက်ဖေါ်ထုတ်နေကြပါတယ်။ မိန်းကလေးကိုလည်း ဆေးရုံမှာ ဆေးစစ်ချက်ယူပြီးဖြစ်တာမို့ မကြာခင် တရားရုံးကိုပို့နိုင်ပါလိမ့်မယ်” ဟုပြောသည်။