30 September 2013

“ကျနော်တို့ ဘာမှ မလုပ်ပဲနေခြင်းသည်သာအန္တရာယ်အကင်းဆုံးဖြစ်ချေမည်”



                “ကျနော်တို့ ဘာမှ မလုပ်ပဲနေခြင်းသည်သာအန္တရာယ်အကင်းဆုံးဖြစ်ချေမည်”

   လူကုန်ကူးမှုတိုက်ဖျက်ရေးကို တရားမ၀င် ဆင်စွယ်ရောင်းဝယ်ရေးလို၊ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးလို အင်တိုက်အားတိုက်မလုပ်မချင်း၊ တိတိ ကျကျပြတ်ပြတ်သားသားမလုပ်မချင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဟာ ဒီကမ္ဘာပေါ်ကပျောက်ကွယ်သွား စရာမရှိ။ လက်ရှိအခြေအနေမှာ လူကုန်ကူးမှုက ပပျောက်ဖို့နေနေသာသာ လျှော့နည်းလာခြင်းေ တာင် မရှိဘူး။ ကျနော်တို့ပဲ တစ်နေ့မဟုတ်တစ်နေ့ အပြတ်အရှင်းခံရလိမ့်မယ်။

“မြန်မာအလုပ်သမားတွေ မြန်မာအဆိုတော်တွေကို အားပေးခွင့်ရသွားတယ်”

 စက်တင်ဘာ ၃၀ ခရမ်းသားလေး
         ထိုင်းနိုင်ငံလှချပူရီမြို့ တလာစီမွန် (အသီးအနှံရောင်းတဲ့ဈေးကြီး)  တွင်  စက်တင်ဘာ၂၈ရက်နှင့်  ၂၉ရက် ညများတွင်   မြန်မာအဆိုတော်များစတိတ်ရှိုးအောင်ြ မင်စွာ ပြီးစီးခဲ့ကြောင်းသိရသည်။
 လူတစ်ဦးရုံဝင်ကြေး ဘတ်ငွေ ၄၀၀ ဖြစ် ပြီး တစ်ညလျှင် အလုပ်သမား ပေါင်းလေး
ထော င်ကျော်ခန့်လာရောက် ကြည့်ရှုကြ သဖြင့် ပွဲကျင်းပကြ သူ များ အဆင်ပြေကြ သည်ဟုသိရသည်။

28 September 2013

“ပန်းရံအလုပ်သမား၁၁၀ ဦးနှင့်လုပ်ငန်းရှင်ကိုယ်စားလှယ်သဘောတူညီမှုပြု”



 စက်တင်ဘာ ၂၈ မြတ်ညို(အလွတ်သတင်းထောက်)
                   ထိုင်းနိုင်ငံတောင်ပိုင်းမလေးရှားနယ် စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta) ဘူကစ်တာ အရပ်မှ AEKSUPACHOK  ဆောက်လုပ်   ရေး  ကုမ္ပဏီ အလုပ်သမား  ၁၁၀ ဦးတို့၏ လုပ်အားခအား အောက်တိုဘာလ ၄ရက်နေ့တွင် ရှင်းပေးမည်ဖြစ်ကြောင်း အလုပ်ရှင်၏  ကိုယ်စား လှယ် လုပ်သူက နယ်မြေ ရဲစခန်းတွင် သဘောတူ လက်မှတ်ထိုးလိုက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
           ဦးဆောင်ဦးရွက်ပြုနေသည့် မရည်မွန်ေ ကျာ် ကသမီးတို့ကို  ဒီနေ့ ရဲစခန်းက ငါးကီလို ဆန်   ၃အိပ်ဝယ်ပေး ပါတယ်။  
 အဲဒါလေးကိုချက်စားကြတာပါ။ နက်ဖြန် သမီးတို့ကို အကူညီပေးကြမယ့်သူမရှိရင် သမီးတို့စားစရာမရှိပါ။ ထိုင်းနိုင်ငံမှာ သမီး တို့က ဘတ်ငွေတစ်သောင်းနှစ် စ်သောင်း အကုန်အကျခံပြီးတော့ ပတ် စပို့လုပ် ထားတဲ့အလုပ်သမားေ တွပါ။

26 September 2013

“လုပ်အားခမရသည့်ပန်းရံအလုပ်သမားများမြို့ပိုင်ရုံးကိုချီတက်”


စက်တင်ဘာ ၂၆ မြတ်ညို (အလွတ်သတင်းထောက်)
            စက်တင်ဘာလ၂၆ရက်နေ့တွင်လုပ်အားခရှင်းပေးမည်ဟု လုပ်ငန်းရှင်ကပြော ဆိုခဲ့သော်လည်း  ရှင်းမပေးသဖြင့်   ပန်းရံဆိုဒ်မှ   မြန်မာအ လုပ်သမားများ ၅နာရီခန့် လမ်း လျှောက်လာကြရာ မြို့ပိုင်ရုံးသို့ရောက်ရှိသွားကြပြီဖြစ်သည်။
            ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta) ဘူကစ်တာ အရပ် တွင် ရှိသော  AEKSUPACHOKဆောက်လုပ်ရေး ကုမ္ပဏီတွင် အလုပ် လုပ်ကြ သည့်  အလုပ်သမား ၁၁၀ဦးတို့ရ ရန်ငွေမှာ ဘတ်ငွေ   လေးသိန်း    ကျော်ဖြစ်သည်။ ထိုငွေများအား လုပ်ငန်းရှင်က  မရှင်းပေးသဖြင့် စက်တင် ဘာလ ၇ ရက်နေ့ကတည်းကပင် အလုပ်သမားများ အလုပ် မဆင်းပဲ နေ ခဲ့ကြသည်။

“လူလိမ်လင်မယား၂ဦးအားတွေ့ရှိပါက အကြောင်းကြားပေးကြပါရန်”




       အောင်ဝင်းမြင့် အသက် ၄၁ နှစ် ယာယီပတ်ပို့ အမှတ် TD 062847   နှင့်   အေးသက်မွန် အသက် ၃၃ နှစ်  ယာယီပတ်စပို့အမှတ် TD 062535  ဇနီး   မောင်နှံ ၂ဦး တို့သည် ဘန်ကောက်မြို့ ဖက်ကဆင်  ၉၅ လမ်းတွင် နေထိုင်ကြ သည့်ချည် ထည်နှင့်    ဆေးဆိုးပန်းရိုက် စက်ရုံအလုပ်သမား၁၄ဦးတို့ထံမှ စုစုပေါင်း ဘတ်ငွေ တစ်သိန်းခြောက်ထောင် လိမ် လည်သွားခဲ့ပြီးနောက် ဘန်ကောက်မြို့နှင့် အနီးပတ် ၀န်းကျင်တို့တွင်  ရှောင်တိမ်းနေ ထိုင်နေကြောင်းသိရှိရသည်။

25 September 2013

“မြန်မာနိုင်ငံကူးလက်စာအုပ်အတုဖြင့်အလုပ်သမား၃ဦးအားဖမ်းမိ”




စက်တင်ဘာ ၂၅ မြတ်ညို(အလွတ်သတင်းထောက်)




စက်တင်ဘာ ၂၅ မြတ်ညို(အလွတ်သတင်းထောက်)

                  မဲဆောက်/မြ၀တီက မြန်မာပွဲစား တစ်ဦးထံမှာ ဘတ်ငွေ ၁၆,၀၀၀ နဲ့ပြီးစလွယ်ဝယ်ယူပြီး ဘန်ကောက်မြို့ကို အလုပ်လုပ်ရန် လာခဲ့ကြသည့် မြန်မာအလုပ်သမား ၃ဦးအား စက်တင်ဘာ၂၄ ရက် ညဥ့်ဦးပိုင်းတွင် မဲဆောက်အထွက်   ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
          တွေ့ရှိချက်များအရ အဆိုပါ အလုပ်သမားသုံးဦးတို့မှာ  ပဲခူးတိုင်း  ဒိုက်ဦးမြို့နယ်၊လယ်ခြားမြောင်းကျေးရွာမှ ဦးအေး  ခန်း+ဒေါ်ခင်မာချို တို့သမီး၏ အမည်ရင်းမှာ မသီရိအေးဖြစ်ပြီး ပတ်စပို့စာအုပ်တွင် (ယဉ်ယဉ်သန်း) နှင့် တရွာတည်းမှ ဦးခင်ရွှေ+ဒေါ်သိန်းဝင်း တို့သမီး၏ အမည်ရင်းမှာ ပန်းအိဖြူ ပတ်စပို့စာအုပ်တွင် (ခင်သန်းရွှေ)တို့ဖြစ်သည်။ တတိယ တစ်ဦးမှာ ကရင်ပြည်နယ်၊နောင်လုံအရှေ့ကျေးရွာမှဦးလှထွေး + ဒေါ်စန်းမြင့် သား၏အမည်ရင်းမှာ ကိုမျိုးဦး ဖြစ်ပြီး ပတ်စပို့တွင်  (ကိုတင်) ဖြစ်နေပါသည်။
               ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့MAT မှ ရုံးတာဝန်ခံ ကိုစိုင်းအေး က
“ကျနော်တို့ရုံးက မြန်မာသံရုံးအကူညီနဲ့ တစ်နေ့က ကယ်တင် ခဲ့တဲ့ စစ်ကိုင်းတိုင်းယင်းမာပင် မြို့နယ်၊ ချင်းပုန်း ကျေးရွာက မိန်းကလေး  ၄ယောက်ကို ကားငှါးပြီးတော့ သွားပို့တာ မဲဆောက်အ၀င်ဂိတ်မှာ ထိုင်းလ၀က က ကျနော်တို့ ကိုဘာ သာပြန်ပေးဖို့ အကူညီးေ တာင်းပါတယ်။ ကျနော်တို့ စာအုပ်   တွေနဲ့ တိုက်ကြည့်ပါတယ်။ ခက်တာက ထိုင်းမှာက  ပတ်စပို့ အတုလုပ်တဲ့သူတို့ တံဆိပ်တုံးအတုထုတဲ့သူတို့ကို မဖမ်းဘူး။ 


"တရားမ၀င်လူတင်သွင်းခြင်းခံရပြီးပြည့်တန်ဆာရုံကိုရောင်းစားခံရဆဲလွတ်မြောက်လာသူ၎ဦး"

22 September 2013

“ပြည့်တန်ဆာအဖြစ်ရောင်းစားခံရဆဲ အလုပ်သမား၎ဦးအားကယ်တင်”



စက်တင်ဘာ ၂၂ ခရမ်းသားလေး
              ပတ်စပို့ရှိသည့် မြန်မာအလုပ်သမ ၄ဦး အား ၄ ရက်အတွင်း ဘတ်ငွေ ၄၆၀၀၀ ထပ်မံ မပေး ဆောင်ပါ က ပြည့်တန်ဆာ ရုံသို့ ပို့ဆောင်မည် ဟု ခြိမ်းခြောက်ပြော ဆိုခံရသူများအား ပူးပေါင်းအဖွဲ့ များက ယမန်နေ့က အချိန်မီ ကယ်တင်နိုင်လိုက်ေ ကြာင်း သိရှိရသည်။ 
         ယမန်နေ့ နံနက် ၇နာရီကျော်အချိန်တွင် ဘန်ကောက်မြို့ဖလန်ဆောင်နယ်မြေ၊ ၀င်ဝယ် စင်ထလေ လိုတ အနီး  ၂၆လမ်းတွင်ရှိသော အိမ်အမှတ်  ၁၆  ၏ ဒုတိယ ထပ် အခန်းအမှတ် ၂၂၆ တွင် ထားရှိသည့်စဉ် ပူး ပေါင်း အဖွဲ့တို့က ကယ်ထုတ်နိုင် ခဲ့ခြင်း   ဖြစ်သည်။ စက်တင်ဘာ ၂၀ရက်နေ့ညနေ၇နာရီကျော် က မူလထား ခဲ့သည့် ဘန်ကောက်မြို့ ဘန်ခွန်ထီ ယန် ၁၄ လမ်း ငါးသေတ္တာရုံဟောင်းလမ်း အခန်းတစ်ခုမှ ယခုဖမ်းမိ သည့် နေရာသို့ ပြောင်းရွှေ့ ခဲ့ခြင်းဖြစ် လသည်။

20 September 2013

"ပြင်လိုစိတ်ရှိဖို့လိုတယ်"



                                                “ပြင်လိုစိတ်ရှိဖိုလိုတယ်”
       မိဘတိုင်း သားသမီးတွေကိုချစ်ကြတယ်။ ဆင်စီးပြီးမြင်းရံချင်ကြတာ မိဘတိုင်း ရဲ့ဆန္ဒပဲ။ လိမ္မာယဉ်ကျေးတဲ့သားသမီးတိုင်းကို မိဘတိုင်းလိုချင်ကြတယ်။ မိဘတိုင်း ဟာ သားသမီးကို ချမ်းသာ ကြီးပွားထိပ်တန်းရောက်စေချင်ကြတဲ့ စေတနာရှိကြတယ်။ အငြင်းပွားဖွယ်မရှိ။ နိုင်ငံသားတိုင်းလည်း မိမိတိုင်းပြည်ကို ကြီးပွားတိုးတက်စေ ချင်ကြ မှာဖြစ်သလို  ခေတ်မီဖွံ့ဖြိုးတိုး တက်စေချင်မှာလည်း မြေကြီးလက်ခပ်မလွဲဘူလို့ ယူဆ တယ်။ 

“မြန်မာပြည် ဘာကြောင့်မွဲခဲ့ရသလဲ”
               မြန်မာစစ်အာဏာရှင် အဆက်ဆက်ပြောခဲ့ကြတာကတော့ တိုင်းပြည် ကိုချစ်တယ်။ အချုပ်အခြာ အာဏာကိုကာကွယ်စောင့်ရှောက် တယ်။ မဆလ ခေတ် မှာများဆိုရင် အနှစ် ၂၀- အနှစ်၃၀ စီမံကိန်းတွေ ဘယ်လောက်အောင်မြင်ကြောင်း
တွေ  နိုင်ငံပိုင် မီဒီယာတွေမှာ မိုးလုံးပြည့် မုသားဝါဒတွေနဲ့ လိမ်လည်လှည့် ဖြားခဲ့ကြ တယ်။   နအဖ-န၀တ ခေတ်မှာ ကျတော့ မြစ်တွေ့လျှင် တံတားဆင်၊ ပြည်ရွာ အ
ရောက်လမ်းတွေ ဖေါက်။ စိုက်ပျိုးရေးတိုင်းပြည်မို့ စိုက်ပျိုးရေတွေရဖို့   ဆောက်လိုက် တဲ့ ဆည်မြောင်းတံမံတွေ၊ လုပ်လိုက်တဲ့  ဖွင့်ပွဲေ တွ။

17 September 2013

“အိမ်အကူအလုပ်သမ၂ဦးလွတ်မြောက်ပြီ”



                                 


စက်တင်ဘာ၁၇     မင်းဘခက်
                 လေလကြာအိမ်အကူအဖြစ် အခန်း ပိတ်လှောင်ခိုင်းစေခံနေခဲ့ရသည့်    မြန်မာအလုပ် သမ ၂ဦး ယနေ့တွင် MAT အဖွဲ့၏ ကူညီမှုဖြင့် လွတ်မြောက်လာ ပြီးဖြစ်ကြောင်းသိရသည်။
              ပြန်လည်လွတ်မြောက်လာခဲ့ကြသူများမှာ မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ ရွှေဘော်ကုန်းကျေး ရွာမှ အသက် ၁၇ နှစ်အရွယ် မအေးမြသူနှင့် သထုံမြို့နယ် သမ္ပာန်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မစမ်းဝင်း တိုဖြစ်ကြသည်။
ဘန်ကောက်မြို့တွင် အိမ်အကူလုပ်သူ မမြင့်စန်း က ဘန်ကောက်မြို့ ဘန်ဘော် (၅)မှ မုန့်လုပ်ငန်း ပိုင်ရှင် တစ်ဦး အိမ်သို့ တစ်လလျှင် ဘတ်ငွေ ၅,၅၀၀  ရမည်ဟု ဆိုကာ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ မမြင့်စန်း နှင့် မအေးမြသူ ၏ မိခင်တို့မှာ ရင်းနှီးသူများဖြစ် သဖြင့်  အခကြေးငွေ မယူပဲ အလုပ်ရှာပေး ခဲ့ကြခြင်းသာဖြစ်ကြသည်ဟု ဆိုသည်။

16 September 2013

“စားစရာအလှူခံတဲ့မြန်မာ ၂ဦးကို ထိုင်းရဲ၉ဦးက၀ိုင်းဖမ်း”


                            
စက်တင်ဘာ၁၆  မြတ်ညို(အလွတ်သတင်းထောက်)

           လုပ်အားခမရသဖြင့်ထမင်းစားစရာ မရှိဖြစ်နေကြသည့်  အလုပ်သမားတစ်ရာကျော်အတွက်စားစရာဆန်နှင့် သောက်     စရာရေများ အကူညီရလိုရငြား အလှူခံရန်ထွက်လာကြသည့် အလုပ်သမ ဇနီးမောင်နှံတို့အား ထိုင်းပုလိပ် ၉ဦးက ၀ိုင်းဝန်းဖမ်း ဆီးခဲ့သည်။
              ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ် ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့ (Buketta) ဘူကစ်တာအရပ် တွင် ရှိသော  AEK  SUPACHOK ဆောက်လုပ်ရေးကုမ္ပဏီ တွင် လုပ်အားခ ရရန်စောင့်ဆိုင်းနေကြသည့်  မြန်မာအလုပ်သမား  ၁၁၀ ဦးတို့ တွင် စားစရာအစား အစာများလုံးဝမရှိတော့သဖြင့် အကူညီရှာ ရန် ထွက်လာသူနှစ်ဦးကို ပုလိပ်များ ၀ိုင်းဖမ်းကြခြင်း   ဖြစ် သည်။

15 September 2013

“ထိုင်းငါးဖမ်းလှေများတွင်မြန်မာများအလုပ်လုပ်ရန်မသင့်”




စက်တင်ဘာ ၁၅   မင်းဘခက်

ယမန်နေ့က  ထိုင်းနိုင်ငံေ တာင်ပိုင်း ဘန်ကောက်မြို့တောင်ဘက် ကီလိုမီ တာ ရှစ်ရာေ ကျာ် အကွာတွင်ရှိသော ကတန်မြို့ ဖယ်ကိုကာ ငါးဖမ်းလှေဆိပ် တွင် မြန်မာအလုပ်သမား တစ်ဦး အား မူးယစ်ဆေး ၀ါး ရောင်းချသူ၂ဦးက ၀ိုင်း ရိုက်ပြီး တစ်ဦးကို စိတ်ကြွဆေးပြားထည့် ၍ အမှုဆင် ဖမ်းဆီး ခဲ့ကြောင်းသိရှိရသည်။
လူကုန်ကူးမှုနှင့်အလုပ်သမားအရေးဆောင် ရွက်သည့် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အဆိုပါငါးဖမ်းလှေဆိပ် အနီးတွင်နေထိုင်သည့် မြန်မာ အလုပ်သမတစ်ဦး က၊ ကဲ့လှေအမှတ်(၁) အနီရောင် ငါးဖမ်းလှေပေါ်တွင် အသက်၂၃ နှစ်အရွယ် ကရင် ဆိုသည့် မြန်မာအလုပ်သမားငယ် တစ်ဦးအား စိတ်ကြွ ဆေးပြားရောင်းချသည့်မြန်မာ၂ဦးက ပုလင်းဖြင့် ဦးခေါင်းကို ရိုက်ခွဲလိုက်သဖြင့် သွေးအိုင်ထဲ တွင်မေ့မြော့ နေကြောင်း မကြာမီ အသက် အန္တရာယ်ပါ ဖြစ်နိုင်   ကြောင်း သတင်းပို့ခဲ့ပါသည်။

14 September 2013

“MOUအလုပ်သမားပြဿနာဖြေရှင်သူမရှိဖြစ်နေ”



                                     


စက်တင်ဘာ ၁၄   ကိုတီး
   ထိုင်းနိုင်ငံအတွင်းသို့  ထိုင်းနှင့်မြန်မာအစိုးရတို့ တင်သွင်းကြသည့် MOU အလုပ်သမားပေါင်းများစွာ ဒုက္ခရောက်နေကြသော်လည်း ကူညီဖြေရှင်းမည့်သူ မရှိပဲဖြစ်နေကြောင်းအလုပ်သမားများကပြောသည်။
         ရွှေလမ်းဖွင့်ကုမ္ပဏီ က၂၀၁၃ ခုဇွန်လ၆ရက်   နေ့တွင်JR ဆောက်လုပ်ရေး ကုမ္ပဏီသို့အလုပ် သမား ၇၉ ဦးအား တင်သွင်းလာခဲ့သည်။  အလုပ်သမားကိုမင်းဇေါ် က ကြုံတွေ့နေရပုံများကို ရှင်းပြသည်။ “ကျနော်တို့မူလစာချုပ်ချုပ်ခဲ့တဲ့နေရာက စူရတ် မှာပါ၊ ပထမ ရောက်လာ နကဆ၀န်စက်ရုံတစ် ခု ကိုပို့တယ်။ ပြီးတော့ ဖူးခက်ကျွန်း ကိုပို့တယ်၊ အဲဒီမှာ ပုလိပ် ၃ကြိမ်ဖမ်းပါတယ်။ ၂လတိုင်အောင် အလုပ်မ လုပ်ပဲနေခဲ့ ကြ ရပါတယ်။ သြဂုတ်လ၂၇ ရက်နေ့က သံရုံးကိုပို့မယ်လို့ ရွှေလမ်းဖွင့်ကုမ္ပဏီပိုင်ရှင် ဦးမျိုးမြင့် လေး က လိမ်ပြီးခေါ်လာခဲ့ပါတယ်။

13 September 2013

“မြန်မာအလုပ်သမား ၁၁၀ ဦး အကူညီလိုအပ်နေ”




                      စက်တင်ဘာ ၁၃  ရက်  မြတ်ညို (အလွတ်သတင်းထောက်)
 
              ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်းဂလုတ်မြို့ (Buketta) ဘူကစ် တာ အရပ် တွင် ရှိသော  AEK  SUPACHOK   ဆောက်လုပ်ရေးကုမ္ပဏီ တွင် ပန်းရံလုပ်နေ ကြသော   မြန်မာအလုပ် သမား  ၁၁၀ ဦး တို့ပြဿနာပြေလည်မှု မရရှိသေး   ကြောင်း သိရသည်။
 
             ယခင်ကာလများက၁၅ရက်တစ်ကြိမ်လုပ်ခ ရှင်းပေးေ သာ်     လည်း ယခုလုပ်အားရှင်းမပေးသည်မှာ တစ်လခွဲ တိုင်တိုင် ရှိလာပြီဖြစ်သည်။ ထို့ကြောင့် အလုပ်သမားများအားလုံး တညီတ ညွတ် တည်း စက်တင် ဘာလ  ၇ ရက်နေ့ ကတည်းကအလုပ် မဆင်းပဲ နေခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများအားလုံးတို့မှာ ယာယီပတ်စပို့နှင့် ၀တ်ပါမစ်များလုပ်ထားကြပြီး ဇူလိုင်လကတည်း က ကျေထားပြီးဖြစ်ကြသည်။ အလုပ်ရှင်က အလုပ်မဆင်းပါက  ပုလိပ်ကိုဖမ်းခိုင်းမည်ဟုပြောဆိုပြီး ရေမီးဖြတ်ထားခဲ့သဖြင့် အလုပ်သမား များမှာ အခက်ကြုံခဲ့ကြရခြင်းဖြစ် သည်။

“လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့”




စက်တင်ဘာလ ၁၃ ရက်နေ့ကို လူကုန်ကူးမှုတိုက် ဖျက်ရေးနေ့အဖြစ် ဘယ်တုန်းက သတ်မှတ်ခဲ့သည် ကိုကျနော်မသိ။ ဒါပေမယ့်ပြည်တွင်းမီဒီယာတွေမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ သတင်းကို ဖေါ်ပြလို့ သာ သိလိုက်ရတာပါ။ အမှန်ကလူကုန်ကူးမှုဆိုတဲ့ အသံကိုလည်း မကြားချင်တော့သလိုလုပ်ချင်ကိုင် ချင်စိတ်တွေလည်းတဖြည်းဖြည်းကုန်ခမ်းလာနေ လို့ဖြစ်တယ်။
   ပြည်တွင်းစာစောင်တွေမှာတော့ လူကုန်ကူးမှုနဲ့
ပတ်သက်တဲ့ရေးသားချက်တွေကတော့ ဖတ်ချင်စဖွယ် ချယ်မှုန်းထားကြတယ်။

12 September 2013

“ထိုင်းနိုင်ငံရွှေ့ပြောင်းအလုပ်သမားဈေးကွက်”



                                    
                 မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအိုနိုင်ငံသားတို့ သန်းချီပြီး အလုပ်လုပ် ကိုင်နေကြတဲ့ ထိုင်းနိုင် ငံရဲ့ ဧရာမ ရွှေ့ပြောင်းအလုပ်သမားဈေးကွက်ကြီးကို ပထမဦး ဆုံးသတိပြုမိခဲ့သူက ၀န်ကြီးချုပ်ဟောင်း ထက်ဆင် ဖြစ်တယ်။

အယင်ကာလတုန်းက မြန်မာအလုပ်သမားတွေကို ဂရုမမူပဲ ထားခဲ့ရာက၂၀၀၅ ခုနှစ်မှာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်(ပန်းရောင်ဘတ်) ကို စမ်းသပ်လုပ်လိုက် တာဖြစ် တယ်။ အလုပ်သမားတစ်ဦးစီ အတွက် ကျမ္မာရေးစောင့်ရှောက်ခ ၁၉၀၀ ဘတ်+ အလုပ်လုပ်ခွင့်၁၉၀၀ဘတ်နဲ့ စာရွက်စာတမ်းဖိုးဘတ်၁၀၀၊ စုစုပေါင်း  ဘတ်ငွေ ၃၉၀၀ ဖြစ်ပေမယ့် အပြင်သူဌေးငှါးရမ်းခနဲ့ စရိတ် စကတွေ ပါဆိုရင် အလုပ်သမား တစ်ယောက်ကို အနည်းဆုံး ဘတ်ငွေ ၆၀၀၀ ခန့်ကုန်ကျခဲ့ပါတယ်။ 

သန်းချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ မလုပ်မနေရ ပန်းရောင်ဘတ် လုပ်လိုက်ရတဲ့ အခါ ထိုင်းနိုင်ငံ အတွက် မထင်မှတ်တဲ့ ဘတ်ငွေသန်းပေါင်းများစွာအလုပ်သမားတွေ ဆီက  ပြန်ရလိုက်တယ်ဆိုတာ ထက်ဆင်အစိုးရ  ကောင်းကောင်း သိရှိလိုက်တော့ တယ်။


                                  “ပန်းရောင်ဘတ်မှ အနီရောင် ပတ်စပို့သို့”

           ၂၀၀၉ မှာ အဲဒီပန်းရောင်ဘတ်ကနေ ထိုင်းနိုင်ငံ အတွင်း   နေရာမရွေး  အလုပ် အကိုင်ပြောင်းရွှေ့ လုပ်ကိုင်လို့ရတယ်။ လွတ်လွတ်လပ်လပ်  ခရီးသွားလာ ခွင့်ရတယ်ဆိုပြီး ထိုင်းနဲ့ မြန်မာ အစိုးရတို့က အနီရောင် ယာယီပတ်စပို့ကို စတင် လုပ်ပေးခဲ့ကြ တယ်။ ပတ်စပို့စာအုပ်နဲ့အတူ အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကိုပါပူးတွဲ လုပ် ရတာဖြစ်လို့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ အနည်းဆုံး ဘတ်ငွေ  ၁၅,၀၀၀ က နေ ၂၀,၀၀၀ ဘတ်လောက်အထိ ကုန်ကျ ပါတယ်။ 

10 September 2013

“အဓမ္မသိမ်းပိုက်ရန်အတွက် အခန်းပိတ်လှောင်ခံနေရသည့်မြန်မာအမျိုးသမီးအားကယ်ထုတ်”


စက်တင်ဘာ ၁၀   ကိုတီး
           ဘန်ကောက်မြို့ ဘန်ဖီနယ်မြေ ၀တ်လုံဖေါ့ အရပ်တွင်ရှိသောဘဲသား အလုပ်ရုံအနီးတွင်နေထိုင် သည့်မြန်မာပွဲစားတစ်ဦးက မြန်မာအမျိုးသမီးတစ်ဦး အား အလိုမတူပဲ သားမယားအဖြစ် ပေါင်းသင်းရန် အဓမ္မကြံစည်စဉ်အခန်းနီးနား မှ မြန်မာ အလုပ်သမား များက MAT အဖွဲ့သို့ အကူညီတောင်းသဖြင့် ယမန်နေ့က ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း သိရှိရသည်။

 မြန်မာပြည် ရှမ်းပြည်နယ်၊ မြောက်ပိုင်း ……….မှ    …….. မ ဆိုသူအား  အခန်းထဲ တွင် ပိတ်လှောင်ထားပြီးနောက် သားမယားအဖြစ် ပေါင်းသင်းရန် ကြံစည်နေသဖြင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်  မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် ထိုင်း အစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD နှင့်ပူးပေါင်း၍ ကယ်တင်ခဲ့ကြောင်း သိရသည်။


06 September 2013

“ခွေးကိုဆဲတဲ့မြန်မာအလုပ်သမားကို ထိုင်းလူမျိုးက သေနတ်ဖြင့်ပစ်သတ်”



                 စက်တင်ဘာ  ၆   မြတ်ညို(အလွတ်သတင်းထောက်)
  ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာ နီမြို့ ဘန်ချန်ရပ်  ကွက်တွင်နေထိုင်သည့် ရာဘာခြံ အလုပ်သမားတစ်ဦး အား ခွေးကို ဆဲဆိုသဖြင့် ထိုင်းလူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ ညနေ ၆နာရီကျော်ခန့် က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသည့် ရာဘာခြံ အလုပ်သမားတစ်ဦး အချိုရည်နှင့် မုန်းများ ၀ယ်ရန်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန် လာသည့်အခါ ခွေပိုင်ရှင်က အိမ်ရှေ့မှ စောင့်နေပြီး ညာဘက်ရင်အုံနှင့် ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်၂ချက် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။
 

“ထိခိုက်ဒဏ်ရာရသည့်အလုပ်သမားနစ်နာကြေးဘတ်လေးသိန်းကျော်ရရှိ”



          
စက်တင်ဘာလ    ရက်      ခရမ်းသားလေ

           ဘန်ကောက်မြို့ စမူပါကန် ဘန်ပူမြို့တွင် ရှိသော ကားပစ္စည်း ထုတ်လုပ်သည့် Hope Technology ကုမ္ပဏီတွင် ၂၀၁၂ ခု သြဂုတ်လ ၈ နေ့က လက်ချောင်း များပြတ်ထွက် ဒဏ်ရာရရှိ ခဲ့သည့် မြန်မာအလုပ်သမားတစ်ဦး  ယမန်နေ့ က  နစ်နာကြေး ဘတ်ငွေ လေးသိန်းသုံးသောင်း ရရှိကြောင်းသိရှိရသည်။
 တစ်နှစ်နှင့် တစ်လအကြာအမှုရင်ဆိုင်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ရရှိခဲ့ခြင်းဖြစ်သည်။ အလုပ်ရုံသို့ အလုပ်သမားတင်သွင်းသည့် ဆပ်ကန်ထရိုက်က ပေးလျှော် ရခြင်းဖြစ် သည်။ 

တာဝန်ရှိသူက နစ်နာကြေး တန်ဘိုးအား အာမခံဌာန(ပကာစာခွန်း) နှင့်   ရှေ့ နေတို့ ကဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။
 “မနေ့က လက်ငင်း ဘတ်တစ်သိန်းပေး တယ်။ ကျန်တဲ့ ဘတ်သုံး သိန်းသုံးသောင်း ကိုတော့ တစ်လကို ဘတ်ငွေ သုံးသောင်းစီ ပေးမယ်လို့ ပြောတယ်။ အဲဒီငွေတွေ ကျနော့်ဆီကို မှန်မှန်   ရောက်နိုင်ဖို့အတွက် ရှေ့နေနဲ့ အားလုံး ပြင် ဆင်ပြီးဖြစ်ပါတယ်။ ကိုယ်နိုင်ငံ စီးပွားရေးတိုး တက်မယ်ဆိုရင်၊ ဒီကိုလာလုပ်စရာမလိုသလို ကျနော့်လိုလည်း မြန်မာလူမျိုးတွေခံစားရမှာမဟုတ်ဘူး။

04 September 2013

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် ၂၂

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် ၂၂ အား ဖတ်ရှုနိုင်ပါပြီ။

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် ၂၁

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် ၂၁ အား ဖတ်ရှုနိုင်ပါပြီ။

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၂၀

 ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၂၀ အား ဖတ်ရှုနိုင်ပါပြီ။