29 March 2013

“ပတ်စပို့စာအုပ်ကိုပြန်ပေးဆွဲ”

                                        ၂၀၁၃ မတ်လ၂၉
မြတ်ညို(အလွတ်သတင်းထောက်)

                  ဘန်ကောက်မြို့ဖက်ကဆင် ၉၅ လမ်း စွယ်ဖစ္စဖစ် အပြာတိုက်တွင်နေထိုင်သည့်  အလုပ်သမားတစ်ဦး ကမိမိ၏ ပတ်စပို့ စာအုပ် အား ပြန်ပေးဆွဲခံထားရကြောင်း ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ကိုသန်းဇေါ်ဌေး ညဆိုင်းအလုပ်လုပ် သဖြင့်   နေလည် ဘက် အိပ်မောကျနေစဉ် ပိုက်ဆံအိပ်၊ လက်ကိုင်ဖုန်းနှင့် ပတ်စပို့တို့ ခိုးယူခံခဲ့ရသည်။

26 March 2013

“အင်အားကြီးသူတို့ သတ်ပစ်ချင်အောင် မုန်းတီးစေနိုင်တဲ့လုပ်ငန်းကိုကျွန်ုပ်တို့ဘာကြောင့်လုပ်ကိုင်နေကြ သလဲ”

ခေတ်ကောင်းတုန်းပညာရှာ ခေတ်ပျက်တုန်း စီပွား ရှာ တဲ့။ ငယ်ငယ်ကကြားဖူးတဲ့ စကား။ ယခုကော. ……

          ခေတ်ပျက်ကြီးမှတကယ့်ခေတ်ပျက်ကြီး။   ခေတ်ပျက်တဲ့အထဲ အနောက်တိုင်း ယဉ်ကျေးမှု လွှမ်းမိုးခံနေရတဲ့အရှေ့တောင်အာရှတိုက် ရဲ့အရှိန် အဟုန်ပြင်းပြင်းနဲ့ တိုးတက်နေတဲ့စီးပွားရေး။ ထို အထဲ စာရိတ္တလည်း မွဲ၊ ပညာလည်းမွဲ၊ အရင်းအနှီး လည်းမွဲ၊ အီသီယိုပီးယီးယားနဲ့ နံပါတ်တူ နီးပါ မြန်မာနိုင်ငံ။

25 March 2013

“ရက်စက်ဆုံးအကြမ်းကြုတ်ဆုံး လူကုန်ကူးသူများလက်ထဲမှ မြန်မာအလုပ်သမား ၂၉ ဦးအား ကယ်တင်”



၂၀၁၃ ခု မတ်လ ၂၄
ကိုတီ
                   ငါးဖမ်းစက်လှေပေါ်တွင် အလုပ်မလုပ် လိုကြောင်း ငြင်းဆိုသူများ၊ထွက်ပြေး သူများကို နှိပ် စက်ပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် ထိုင်းနိုင်ငံတောင်ပိုင်းတရံငါးဖမ်းလှေဆိပ် ရှိလူကုန် ကူးမှုဂိုဏ်းသားများလက်ထဲမှ၂ကြိမ်အတွင်း  မြန်မာ အလုပ်သမား ၂၉ ဦးအား ပူးပေါင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။
            ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ဘန်ကောက်မြို့တောင်ဖက် ကီလိုမီတာ ၈၆၄ အကွာတွင် ရှိသော ထိုင်းတောင်ပိုင်း၊ မလေးရှားနယ်စပ်အနီး တရံပြည်နယ်၊ ကတန်မြို့နယ်၊  တရံမြို့ ၀ှဲမင်း လှေဆိပ်  လှေအမှတ် (၈၈၈)မှ ၁၁ ဦး၊ နှင့်၂၃ ရက်နေ့တွင် ၃ဦး တို့ကို ပူးပေါင်း အဖွဲ့များက ကယ်တင်နိုင်ခဲ့ကြသည်။
        မတ်လ ၁၀ ရက်နေ့ကလည်း ၎င်းဆိပ်ကမ်း ဖယ်ကိုကာ လှေဆိပ်မှ ၂၀၁၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ က လှေအမှတ် (၂၀) မှ အလုပ်သမား ၁၅ ဦး နှင့် လူကုန်ကူးသည့် ဂိုဏ်းအဖွဲ့ဝင် အေးမြင့် တို့ကို လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။ သို့ရာတွင် ဂိုဏ်းခေါင်းဆောင် ကိုမျိုးမှာမူ ထွက်ပြေးတိမ်းရှောင်လျှက်ရှိသည်။ ထိုင်းရဲ
များက ကိုမျိုးအား ဖမ်းဝရမ်းထုတ်ထားကြောင်း စာရွက်စာတမ်းများကို MAT အဖွဲ့သို့ ပြသပါသည်။
            ငါးဖမ်းလှေပေါ်တွင် အလုပ်မလုပ်နိုင်ကြောင်း ငြင်းဆန်သဖြင့် လူကုန်ကူးသူများ ဓါးဖြင့် ၀ိုင်းခုတ် သတ်သဖြင့် လက်နှင့် လည်ပင်းတို့တွင် ဒဏ်ရာရရှိခဲ့သူ၊ ဒဏ်ရာများကြောင့် ၆လကျော်ကျော်နားနေခဲ့ရသူ
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း(၆) ရပ်ကွက် မှ အသက်၃၀ အရွယ်  ကိုစန်းထိုက်ဝင်း က “
 ကျနော် လှေမှာ ၅လနဲ့၂၄ရက် လုပ်ခဲ့ပါတယ်။ ပွဲစားတွေခုတ်တဲ့ဒဏ်ရာကြောင့် လာသမျှလူတွေကို ထမင်း ချက်ကျွေးတဲ့အလုပ်ကို ၇လလုပ်ခဲ့ရတယ်။ ကျနော် ရှိနေတုန်း ကျနော့်မျက်စိအောက်မှာ၇ယောက် လောက် သတ်တာကို မြင့်တွေ့ခဲ့ရတယ်။ ထွက်ပြေးတဲ့ ၃ယောက်ကို အခန်းထဲမှာ တပြိုင်တည်း သေအောင် ၀ိုင်းသတ် တယ်။ နောက်တစ်ယောက်ကို ထုတ်တန်းမှာ ကြိုချည်ပြီး လည်ပင်းကြိုးကွင်းစွတ် သတ်ပစ်တယ်။ နောက် တစ်ယောက်က ကော်စေ့သေနတ်နဲ့ နားထင်ကိုပစ်သတ်တယ်။  နောက်တစ်ယောက်
ကို သတ်ပုံ ကတော့ ထူးဆန်းတယ်။ သစ်ပင်မှာကြိုးချည်ပြီး ခါချဉ်အုံးကို ပစ်ချလိုက်တယ်။ခါချဉ်ကိုက်လို့နာလို့အော်တော့ စက္ကူကို ရေနဲ့ လုံးထွေးပြီး ပါးစပ်ထဲထိုး ထည့်လိုက်တယ်။   ပြီးတော့ ဂိုဏ်းခေါင်းဆောင် ကိုမျိုး ကိုယ်တိုင် အဲဒီလူကို ဗိုက်ကိုခွဲတယ်၊ ခွဲထားတဲ့ဗိုက်ထဲကို ဘောပင်ကိုမီးရှို့ပြီး ကော်စက်တွေချပြီး သတ်ပစ် တယ်။သူတို့ ဂိုဏ်းသား အချင်းချင်း တစ်ယောက်ကို အလုပ်သမား ၂ယောက် ထွက်ပြေးနိုင်အောင် ကူညီပေးတယ် ဆိုပြီး ခြေထောက်ကို သံတွေ၊ ခဲတွေတွဲပြီး ရေထဲပစ်ချလိုက်တယ်၊ ကရင်မလေးတစ် ယောက်ကို ၄ ယောက် ၀ိုင်းပြီး အဓမ္မပြုကျင့်ကြတယ်၊ ပြီးရင် သတ်ပစ်လိုက်ကြ တယ်” ဟုပြောသည်။ 
ငါးဖမ်းလှေတွင် ၅လနှင့် ၂၅ ရက် အလုပ်လုပ်ကိုင်ခဲ့သည့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊၀ဲပျံကျေးရွာ မှ အသက်  ၄၆ နှစ်အရွယ် ကိုခင်ဇေါ်ဝင်း က ငါးဖမ်းလှေ ကတက်လာပြီးနောက် သူနှင့်အခြား ၂ ဦးတို့ ရဲအရာရှိတစ်ဦးပိုင်ဆိုင်သည့် ရာဘာခြံတွင် အခကြေးငွေ မရရှိပဲ ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းခဲ့ရကြောင်း ပြောသည်။ သူကဆက်လက်ပြောပြရာတွင် “လှေပိုင် ရှင်ငှါးရမ်းပေး ထားတဲ့အခန်းထဲမှာပါ။ အလုပ်သမား ၇ယောက် နယ်စပ်က ခေါ်လာတယ်။ သူတို့တွေက ငါးဖမ်းလှေ မလိုက်ချင်ဘူးလို့ငြင်းကြ တယ်။ အဲဒီမှာ ရှေ့ကနေ ဦးဆောင်ပြောတဲ့အသက် ၂၀ လောက်ရှိတဲ့ ဗမာ ကလေးတစ်ယောက်ကို သူတို့ ရှေ့မှာပဲ တုတ်နဲ့ ခေါင်းကို သေအောင်ရိုက်သတ်ပြလိုက်တယ်။ ကျနော် တို့ ဒီဘ၀မှာ ဘယ်လိုမှ လွတ်မြောက်စရာ လမ်းမမြင်ပဲ ကိုယ့်ကို ဘ၀ဆုံးပြီးလို့ ထင်ထားခဲ့ပါတယ်။ ဆရာ ဦးကျော်သောင်းတို့ လာကယ်လို့ လွတ်မြောက်လာတာ၊ တစ်သက်လုံး ကျေးဇူးတင် ပါတယ် ဗျာ” ဟုပြော သည်။
           ယခင်ပျားပန်းခတ်မှုစည်ကားနေသည့် တရံငါးဖမ်းလှေဆိပ်သည် MAT အဖွဲ့တို့ ရောက်ရှိသွားချိန်
က လုံးဝငြိမ်သက်နေသည်။ ၂ပတ်အတွင်း ငါးဖမ်းလှေ ၃စီးမှ ရောင်းစားခံထားရသည့် အထူးသဖြင့် မင်းမဲ့
စရိတ်ဆန်ဆန် ကြမ်းတမ်းရက်စက်သည့် လူကုန်ကူးသူများလက်မှ ကယ်ထုတ်နိုင်ခဲ့သဖြင့် ဒေသခံအချို့
မှာမည်သည့်အဖွဲ့အစည်း၏ စွမ်းဆောင်ချက်မှန်းမသိ စိုးရိမ်ထိတ်လန့်နေဟန် များမြင်တွေ့ရသည်။
          ထို့အပြင် ဒေသခံရဲအရာရှိကြီးများမှာ MAT အဖွဲ့ ကရရှိထားသည့် သတင်းအချက်အလက်များ
ဓါတ်ပုံများ၊VDO ကလစ်များကို မြင်တွေ့ရသဖြင့် အထူးအံ့သြနေဟန်လည်း တွေ့ရှိရသည်။
    ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းနိုင်ငံအနှံ့မှာရှိတဲ့
ငါးဖမ်းလှေဆိပ်တွေ အားလုံးနီးပါးမှာ ကျနော်တို့ လူကုန်ကူးခံရသူတွေကို ကယ်ထုတ်ဖူးပါတယ်။ ဒီလောက်
ရက်စက်ကြမ်းကြုတ်တဲ့ဂိုဏ်းအဖွဲ့ တော့ဒီတခါပဲ တွေ့ဖူးသေးတယ်။ဒီလူတွေကို နှစ်နိုင်
ငံအစိုးရတို့ထိထိ
 ရောက်ရောက်၊ လက်တွေ့ကျကျ ဒီထက် အရေး ယူဆောင်ရွက်ဖို့လိုပါသေးတယ်။ ဒီလှေဆိပ် မှာ နှစ်  ပေါင်းများ စွာ ရောင်းစားခံနေရ သူတွေ နဲ့ ပွဲစားတွေ အခကြေးငွေမပေးပဲ အိမ်အလုပ်ခိုင်း တယ်၊ သားမယားပြုကျင့် တယ်၊ ပွဲစားတိုင်းအိမ်မှာ   မြန်မာမိန်းကလေးတွေရှိနေတယ် လို့ကျနော်တို့ သိခဲ့ရတယ်။     နယ်စပ်နယ်ဖျား ဖြစ်နေပြီး ရောင်းစားခံနေရ တဲ့  မြန်မာတွေထောင်ချီပြီး ရှိနေတယ်လို့ သိခဲ့ရ ပါတယ်။ အစိုးရ မဟုတ်တဲ့ ကျနော်တို့လို သာမန် အဖွဲ့ ကလေးအနေနဲ့ စိတ်မကောင်းရုံးကလွဲပြီး ဘာမှ မတတ်နိုင်ဘူး”ဟုပြောသည်။
              MAT နှင့် ပူးပေါင်းအဖွဲ့တို့သည် ထိုင်းအစိုးရ လူကုန်ကူးမှုအထူးထောက်လှမ်းရေး တပ်ဖွဲ့ DSI နှင့် ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့ AHTD တို့နှင့် ပူးပေါင်းလျှက် ကမ္ဘောဒီယားနယ်စပ် လှေဆိပ်၊ နာမည်ကြီး ခြုံဘူရီ ချောင်းစမေစံလှေဆိပ်၊ ဘန်ကောက် ခေါင်တိန်လှေဆိပ်၊ မဟာချိုင်လှေဆိပ်၊ မဟာချိုင် အင်ဒိုလှေဆိပ်၊ မေခေါင်တံတားလှေဆိပ်၊ချအမ်လှေဆိပ်၊ ပါနန်းလှေဆိပ်၊နှင့် ငါးပုဇွန် အအေးခန်းများတွင် ပိတ်လှောင်ခိုင်းစေခံနေရသည့် မြန်မာအလုပ်သမားများအပြင်စိုက်ပျိုးရေးခြံတို့တွင်
 ရောင်းစားခံနေရသူများ
တို့ကိုပါကယ်တင်သည့်အဖွဲ့အစည်းဖြစ်သည်။
           ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေ၏ အားနည်းချက်များသည်လည်းကောင်း၊ လူကုန်
ကူးသူများနှင့် ဒေသခံရဲများမှာ အတူတူတကွ ပူးပေါင်းလုပ်ဆောင်နေကြသည်များကို အထက်အာဏာပိုင်
များက သိရှိကြသော်လည်း လက်ရမိသည့်တိုင်အောင် အပြစ်ပေးအရေးယူခြင်းတစ်စုံတစ်ရာ မရှိသဖြင့်
လူကုန်ကူးမှုမှာ ဆက်လက် ကျယ်ပြန့်နေအုံးမည်ဖြစ်သည်။

19 March 2013

"လက်ပန်တောင်းတောင် မီဒီယာလက်ကျန်VDO"


“အလုပ်သမားနှင့်ပတ်သက်သည့်စာရွက်စာတမ်းများ တောင်းခံရရှိ”


၂၀၁၃ မတ်လ ၁၉ ၊ မင်းဘခက်
               

ဘန်ကောက်မြို့ ဖိကဆင် ၈၁ လမ်အတွင်ရှိသော PNK & SKY PRINTING CO, LTD စက္ကူ ပုံနှိပ် အလုပ်ရုံ မှ  အလုပ်သမား ဇနီးမောင်နှံ ၂ဦးတို့  အလုပ်ထွက်သွားရာ အလုပ်သမား အထောက် အထား စာရွက်စာတမ်းများ တောင်းခံမရခဲ့သည်ကို အလုပ် သမားအဖွဲ့၏ အကူညီဖြင့် ရရှိသွားခဲ့ပြီဖြစ်ေ ကြာင်း သိရှိရသည်။

    ၁ နှစ်ခွဲကျော်ကြာအလုပ်လုပ်ခဲ့သည့်ကိုမြတ်သူရိန်  နှင့် မမိုးသူတို့ အား  အသစ်ဝင် လာ သည့် မြန်မာ အလုပ်သမားတစ်ဦးက အနိုင်အထက်ပြုမူခြင်း တို့ကြောင့် မတ်လ ၁၆ ရက်နေ့က အလုပ်ထွက်ခွင့်ကို လုပ်ငန်းရှင်ထံတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မတ်လ ၁၇ ရက်နေ့တွင် စာရွက်စာတမ်းများအား လာယူခဲ့ဟု အလုပ်ပိုင်ရှင်က   ပြောဆိုခဲ့သော်လည်း တောင်းခံမရရှိခဲ့ပေ။

18 March 2013

“အလုပ်ထုတ်ခံရသည့်အလုပ်သမားအား လုပ်ငန်းရှင်က ဘတ်ငွေ ၄၂၀၀၀ ပေးလျှော်ရ”

         ၂၀၁၃ မတ်လ ၁၈ မြတ်ညို( အလွတ်သတင်းထောက်)
              မဲဆောက်မြို့SD Fashion Co, Ltd (အရပ် အခေါ်- ချန်ပီယံသိုးမွှေးစက်ရုံ) မှ နံပါတ်တစ် အလုပ် သမားခေါင်းဆောင်  ကိုဇေါ်လေး အား ယမန်နေ့ကအလုပ်
ဖြုတ် ပစ်ခဲ့သည်။ ထို့ကြောင့်ပူးပေါင်းအဖွဲ့များ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အလုပ်ရှင်က နစ်နာကြေး ၄၂၀၀၀ ဘတ် ပေးချေလိုက်ရကြောင်း ကူညီသူများပြောပြ ချက် အရသိရှိရသည်။

      အဆိုပါ အလုပ်ရုံမှ မြန်မာအလုပ်သမား ၅၂၁ ဦးတို့ ပတ်စပို့လုပ်ကိုင်ခွင့်ရရှိရေး အတွက် အလုပ်သမား ခေါင်းဆောင်ကိုဇေါ်လေးသည် မဲဆောက်အခြေစိုက် မြန်မာ
ပြည်သားအရေးပူးတွဲဆောင်ရွက်ရေး ကော်မတီ JACBAဥက္ကဌဦးမိုးကြိုးနှင့် မြန်မာ သံရုံးအလုပ်သမားကာကွယ်စောင့်ရှောက်ရေးကော်မတီ နှင့်ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ 

“မဲဆောက်ပတ်စပို့ မဲဆောက် work permit နဲ့ စူရတ်ဌာနီသို့သွားသူ ပုလိပ်ကိုဘတ် ၂၀၀၀ ပေးရ”

  
၂၀၁၃ မတ်လ ၁၈
မြတ်ညို(အလွတ်သတင်းထောက်)
        မဲဆောက်မြို့တွင် passport နှင့် work permit  လုပ်ကိုင်ထားသည့် အမျိုးသမီး တစ်ဦး မိသားစုများနေထိုင်သည့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ သို့ လာစဉ် မဲဆောက်အလွန် ခွေးလျှားဦး ဂိတ်တွင် Re-entery မထုခဲ့ဟုဆိုကာ ဘတ်ငွေ ၂၀၀၀ တောင်းယူလိုက်ကြောင်း၊  အလုပ်သမ  မသီတာနွယ်ကပြောသည်။

“ ကျမ မတ်လ ၁၆ ရက်နေ့ ကတက်လာတာ အဲဒီဂိတ်ရောက်တော့ ကျမ ကိုဆွဲချ တယ်။ ဘတ် ၂၀၀၀ ပေးရမယ်တဲ့ကျမ မှာ ဘတ် ၁၀၀၀ ပဲပါတယ်လို့ပြောတော့ မရဘူးတဲ့။ ကျမ မဲဆောက်ကို ပြန်ဆင်းသွားရတယ်။ ကုန်ခဲ့တဲ့ညက ပြန်တက် လာတော့ ဘတ် ၂၀၀၀ ပေးမှ ကျမ ဘန်ကောက်ကို ဆက်လာခွင့်ရခဲ့တော့ တယ် ” ဟုပြောသည်။

17 March 2013

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၆

ရွှေလုပ်သားဂျာနယ် အမှတ်စဉ် - ၁၆ အား ကာလာစုံဖြင့် ဖတ်ရှုနိုင်ပါပြီ။

16 March 2013

“ငါးဖမ်းလှေအလုပ်သမား ၁၅ ဦး အား ပူးပေါင်းအဖွဲ့များကယ်တင်”

              
၂၀၁၃ မတ်လ  ၁၆
ကိုတီး
           ထိုင်းနိုင်ငံတောင်ပိုင်း ကတန်လှေဆိပ်တွင် ၆လမှ၁နှစ်ကြာသည်အထိငါးဖမ်းလှေပေါ် တွင်  ရောင်း စားခံခဲ့ရသည့် မြန်မာ အလုပ် သမား ၁၅ ဦးတို့အား လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်း အဖွဲ့တို့က ကူညီကယ် တင်နိုင် ခဲ့သည်။

           မတ်လ ၁၀ ရက်နေ့တွင် အဆိုပါ လှေလုပ် သားများအား နယ်မြေ လူကုန်ကူး မှု တိုက်ဖျက်ရေး အဖွဲ့နှင့် ဒေသခံရဲတို့က ထိန်းသိမ်းထားခဲ့သော်လည်း ထိုင်းအစိုးရ လူကုန်ကူးမှုအထူး တိုက်ဖျက်ရေး ထောက်လှမ်းရေးတပ်ဖွဲ့ DSI နှင့် ကူညီသူ များမှာ မတ်လ ၁၅ ရက်နေ့ကမှ ကတန်ရဲစခန်းသို့ သွားရောက်ခဲ့ကြရသည်။

“ပတ်စပို့တင်ပြီးပြန်လာသည့် အလုပ်သမား ဇနီးမောင်နှံပုလိပ်ဖမ်း၍ ဘတ်ငွေ ၃၀၀၀ ပေးရ”

၂၀၁၃ မတ်လ ၁၅၊ မြတ်ညို(အလွတ်သတင်းထောက်)



အလုပ်သမားပတ်စပို့လုပ်ကိုင်ရန် ကုမ္ပဏီ တစ်ခုသို့ လာရောက်ခဲ့သည့်အလုပ်သမားဇနီးမောင်နှံ၂ ဦးတို့ အား မဟာချိုင်အနီး နကပထုန်မြို့မှ ထိုင်းပုလိပ် ဖမ်းဆီး၍ ဘတ်ငွေ ၃၀၀၀ ပေးချေခဲ့ရကြောင်း  အလုပ်သမားက ပြောသည်။
         ဘန်ကောက်မြို့ ဘန်ဘော်ငါးသေတ္တာရုံ အနီး တွင်ဖွင့်လှစ်ထားသော ပတ်စပို့ ကုမ္ပဏီ တစ်ခုသို့ယာယီပတ်စပို့ လျှောက်ထားရန် လာခဲ့ကြသည့် အလုပ်သမား ဇနီးမောင်နှံနှစ်ဦး တို့မှာ မိမိတို့ လုပ်ကိုင်နေကြသည့် ဆေးဆိုးပန်းရိုက် အလုပ်ရုံ သို့ ရောက်ခါနီးတွင်ပုလိပ်အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

14 March 2013

“MOU နဲ့ လာသည့်အလုပ်သမားများ ထိုင်းမှာ ဒုက္ခရောက်နေ”




၂၀၁၃ မတ်လ ၁၃ ရက်
    မင်းဘခက်
                   ထိုင်းနိုင်ငံအတွင်းသို့သိန်းနှင့်ချီ၍ ရောက် ရှိနေကြ သည့်အလုပ်သမားအမြောက်အများဒုက္ခရောက်နေ  ကြကြောင်း အလုပ်သမားများကပြောသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီ ထန်မကာ မြို့နယ်၊ ပထန်းရပ်ကွက် တွင် ရှိသော Thai Foods Group Co.ltd ကြက်သား အလုပ်ရုံတွင် MOU ဖြင့်  မြန်မာအလုပ်သမား ၉၀၀ ခန့် မှာ မြန်မာဘက်မှ မည်သည့် ကုမ္ပဏီက တင်ပို့သည်ကို အလုပ်သမားများ မသိရှိ ကြ ပဲ မဲဆောက်မြို့မှ အဘိုင်ကြီး ဆိုသည့် ပွဲစား တင်ပို့ လိုက်သည်ဟုသာ ဆိုကြသည်။ ထိုအလုပ်သမားများအထဲမှ ပဲခူးတိုင်း ညောင်လေးပင်မြို့မှ အသက် ၂၀ အရွယ် မနီလာထွန်း သည် အဆိုပါ အလုပ်ရုံတွင် ၁ နှစ်တိတိ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။
                သူမတွင် ကိုယ်ဝန်သုံးလရှိလာသဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့သည်ဟုဆို သည်။ သူမက“သမီး တို့ စာအုပ်ဖိုးအတွက် ဘတ်ငွေ ၁၃၀၀၀ ပေးချေပြီးဖြစ်ပါတယ်။ သမီးတို့ကို အလုပ်ထွက်စာ ပေးပါ ဆိုလည်း မပေးဘူး။ သမီး ၁ နှစ်တိတိ အလုပ်လုပ် လာ ခဲ့ပြီးပြီး သူတို့ထုတ်ချင်းတိုင်းထုတ်လို့ရသလား”ဟုပြောသည်။
      သူတို့ ဇနီးမောင်နှံအခြားနေရာတစ်ခုခုတွင် အလုပ်ဆက်လက်လုပ်ကိုင် ခွင့်ရရှိရေး အတွက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် မြန်မာ အလုပ်သမားညွန်ကြားရေးမှူး ဦးနိုင်ထွန်း တို့က စီစဉ်ဆောင်ရွက်လျှက်ရှိသည်။
၂၀၁၃ ခု ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မြန်မာဘက်က ဆွေဆွေစံကုမ္ပဏီနှင့် 
ထိုင်းဘက်မှ  PP Group shkhon ဆိုသည့်ကုမ္ပဏီတို့ စာချုပ်ချုပ် ဆိုပြီး   ဖေဖေါ်ဝါရီလ၂၇ ရက်နေ့တွင် အလုပ်သမား ၅၅ဦး ကိုထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ခဲ့ 
သည်။ အထဲမှ အလုပ်သမား ၂၉ဦးတို့မှာ  တာ့ခ်ခရိုင်၊ ဘူထောင်လမ်းမ၊ စံစိမာလမ်းခွဲ၊ မူဘန်း စံမူကျေးရွာ အနီး ကြံခင်း ထဲသို့ ရောက်ရှိခဲ့ပါသည်။

 မြ၀တီမြို့ကျောက်လုံးကြီး စခန်းတွင် စာချုပ်ချုပ်ဆိုစဉ်က တစ်နေ့လုပ်အားခ ဘတ်ငွေ ၃၀၀ စီရမည်ဟု ပါရှိခဲ့သော်လည်း ကြံခင်းသို့ရောက်ရှိသည့်အခါ တစ်နေ့ကုန်ကြံခုတ်မှ ဘတ်ငွေ ၇၀ သာရရှိကြောင်း အလုပ်သမားများက ပြောသည်။ မတ်လ ၁၁ ရက်နေ့တွင် မိမိတို့၏ အခက်အခဲများအား တင်ပြကြသည့်
 မစမ်းစမ်းမြင့်၊ ရန်ရှင်း၊ ဇေါ်မင်းနိုင်၊အောင်ကြည်မင်းတို့ ၄ဦးအား ဦးဆောင်ပြောဆိုသည်ဟု ဆိုကာ ကြံခင်းပိုင်ရှင်က မဲဆောက်တံတားထိပ်အထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ပတ်စပို့စာအုပ်များကို ကြံခင်းပိုင်ရှင် သိမ်းယူထားလိုက်ပါသည်။
ကိုရန်ရှင်း က ကျနော် ဆွေဆွေစံ ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်မြင့်  ကို  ဖုန်းဆက်ပါတယ်။ မင်းတို့ သတ္တိရှိရင် ရုံးကိုလာခဲ့လို့ လူမိုက်စကားပြောပြီး ဖုန်းချသွားပါတယ်” ဟုပြောသည်။အလုပ်သမားတစ်ဦးစီ ကုမ္ပဏီသို့ ကျပ်ငွေ သုံးသိန်း နှစ်သောင်းစီ ပေးသွင်းခဲ့ရကြောင်းလည်း အလုပ်သမား
များက ပြော သည်။
           ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ တွင်  (မ၆ဦး ကျား ၂၇ ဦး) ပေါင်း ၃၃ ဦးတို့သည် မြ၀တီမြို့ ကျောက်လုံးကြီးတွင် မြန်မာ ကုမဏီ   ထူးသစ်ဇေ နှင့် ထိုင်းဘက်မှ CP Sea food ကုမ္ပဏီဖြင့် စာချုပ်ချုပ်ဆိုခဲ့သည်။ ယခု ရောက်ရှိနေသည့် နေရာမှာ မဟာချိုင် နေ၀စ် စွယ်မမ လမ်း လုံပီအာ ပထစ်ဝ အလုပ်ရုံ ထိုင်းယူနီယံအအေးခန်း တွင် အလုပ်လုပ်နေကြရသည်။ (စာချုပ်ချုပ်လာသည့် ကုမ္ပဏီနှင့် အလုပ် လုပ်နေရသည့် ကုမ္ပဏီမတူ) တစ်နေ့ ကိုဘတ် ၃၀၀ ဖြင့်စာချုပ်ချုပ်လာသော် လည်း ကီလိုစား ပုဇွန်အခွံ ခွာရသဖြင့် တစ်နေ့ ဘတ် ငွေ ၃၀ နှင့် ၄၀ သာရ ရှိသည်။  နံနက် ၅နာရီမှစတင် လုပ်ကိုင်ရပြီးညနေ ၂နာရီထိ နေ့ လည် ထမင်းစားချိန် နာရီ ၀က်ပေး ပါသည်။
          အလုပ်သမား ကိုမျိုးဝေလွင် က  “ကုမ္ပဏီက  ဦးအေးမင်း ကိုကျနော်တို့ ဖုန်းဆက်ပါတယ်။ လာရှင်း
ပေးမယ်ပြောပြီး ခုထိရောက်မလာပါဘူး။ မြန်မာသံရုံးကိုဖုန်းဆက်တော့ကူညီမယ်လို့တော့ပြောတယ်။ ကျနော်တို့ စောစောထပြီး တစ်နေကုန်လုပ်တာ ဘတ် သုံးလေးဆယ်သာရတော့ စိတ်ဓါတ်ကျနေကြတယ်။
မြ၀တီဘက်က စာချုပ်ချုပ်ပေးလိုက်တဲ့ SB နဲ့ အလုပ်သမားအရာရှိတို့ကို ဖုန်းဆက်တော့လည်း ဘာမှ မထူး
ဘူး။ ခုဟာက ကျနော်တို့ကို မြန်မာအစိုးရ အာဏာပိုင်တွေက ရောင်းစားလိုက်သလိုဖြစ်နေတယ်” ဟုပြော
သည်။
အလုပ်သမားတစ်ဦးစီ အနည်းဆုံး ကျပ်ငွေ တစ်သိန်းခွဲမှ သုံးသိန်းအထိ ကုမ္ပဏီသို့ ပေးချေခဲ့ရကြောင်း အလုပ်သမားများကပြောသည်။
        ယခုပြဿနာများကို မြန်မာအလုပ်သမား ညွန်ကြားရေးမှူး ဦးနိုင်ထွန်း ထံသို့ MAT အဖွဲ့က အချက် အလက် အပြည့်အစုံဖြင့် တင်ပြအကူ ညီေ တာင်း ခံထားကြောင်း သိရှိရသည်။
         ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATဒါရိုက်တာ ဦးကျော်သောင်း က“MOU ပြဿနာ    တွေနေ့တိုင်းတက်နေတယ်။ ကြက်သားအလုပ်ရုံ၊ V&K နာနတ်သီး စက်ရုံတွေ၊ မော်တော်ကားအလုပ်ရုံ ကြီးတွေမှာ အခက်ကြုံနေရတဲ့ MOU အလုပ် သမားတွေ အများကြီး ဖြစ်နေပါတယ်။ G to G အစိုးရ  အချင်း ချင်းဆိုတဲ့စကားရပ် တစ်ခုက ကာ ဆီးနေ  တော့ကျနော်တို့ အလုပ်သမားအရေးဆောင်ရွက်တဲ့ သူတွေ အနေနဲ့ အတော့်ကို လုပ်ရ ကိုင်ရ ခက်ခဲပါတယ်။ မြန်မာအလုပ်သမားအရာရှိတွေက ထိုင်းအလုပ်သမားဝန်ကြီးဌာန ပုံစံလိုက်ပြီး ပြဿနာ တစ်ခုခုဖြစ်လာရင်နယ်စပ်ပြန်ပို့ ဖို့ပဲတိုက်တွန်းတယ်။ မြန်မာအလုပ်သမားတစ်ယောက် နယ်စပ်ကို ပြန် ရောက်သွား တာ လူကုန်ကူးမှုဖြစ်ဖို့အတွက် သေချာသွားပါတယ်။ 

ထိုင်းနိုင်ငံအတွင်း မှာ ဘယ်လိုအကောင်း ဆုံး ဖြေရှင်းမလဲ ဆိုတဲ့ ပုံစံမျိုး စဉ်းစားတာ မတွေ့ ရသေး တာ ကိုတော့ ကျနော် အားမရဘူး”ဟုပြောသည်။
             ထိုင်းနှင့် မြန်မာ  နှစ်နိုင်ငံအစိုးရတို့ သဘောတူညီချက်ဖြင့် အလုပ်သမား တင်သွင်းသည့် MOUကာလမှာ ၂နှစ်ကျော်လာခဲ့ပြီးဖြစ်သော်လည်း အလုပ်ရှင်နှင့် အလုပ်သမား စာချုပ်ပြီးဆုံးသည်အထိ ကောင်းမွန်စွာ အလုပ်လုပ်ကိုင်နေခဲ့သည့် လုပ်သားကောင်းများအတွက် ထပ်မံအလုပ်လုပ်ကိုင်ခွင့် နှင့်လွတ်လပ်သည့် တရားဝင် အလုပ်သမားဖြစ်ခွင့်အတွက် ယနေ့တိုင် တစ်စုံတစ်ခု ကြေညာခြင်းမရှိသေးပေ။ MOU ဖြင့် ထိုင်းနိုင်ငံအတွင်း သို့လာရောက် အလုပ်လုပ်ကိုင်ကြမည့်  အလုပ်သမား များ အား ကျပ်ငွေတစ်သိန်းထက်ပို၍ ကောက်ခံခြင်း မပြုရဟု မြန်မာအစိုးရက တရား ၀င်ကြေ ညာထားသော်လည်း မလိုက်နာသည့် ကုမ္ပဏီများကို မူ မြန်မာအစိုးရက ယနေ့အထိ အရေးယူမှုတစ်စုံတရာမရှိသေးပေ။

05 March 2013

“အလုပ်သမားအရေးဆောင်ရွက်သူ၂ဦးအားထိုင်းရဲက ၄၅မိနစ်နေပူလှမ်း”

                      
၂၀၁၃ မတ်လ၄၊ မြတ်ညို(အလွတ်သတင်းထောက်)
          ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မှ မြန် မာပြည်သားရေးပူးတွဲလှုပ်ရှားမှု
ကော်မတီဥက္ကဌ ဦးမိုးကြိုး နှင့် ကိုဇေါ်လေး ဆိုသူ နှစ်ဦးတို့အား မဲဆောက်ရဲများက ချစ်ကြည်ရေး တံတား ထိပ်တွင် ၄၅ မိနစ်ကြာ နေပူလှမ်း ခံခဲ့ ရကြောင်း ကာယကံရှင် များက ပြော သည်။


  
မတ်လ ၁ ရက်နေ့က ၎င်းတို့ဟာ မဲဆောက်မြို့က အက်စ်ဒီဖက်ရှင်စက်ရုံ (အရပ် အခေါ်- ချန်ပီယံ စက်ရုံ) မှ မြန်မာအလုပ်သမား ၅၂၁ ဦးတို့၏  ယာယီပတ်စပို့လျှောက် ထားမည့် စာရွက် စာတမ်း များ ကိုယူဆောင်၍ မြန်မာသံရုံးကိုပို့ရန် မဲဆောက်မြို့ ထိုင်း- မြန်မာချစ်ကြည်ရေးတံတားအနီးက One Stop Service ရုံးသို့ သွားကြစဉ် မဲဆောက်ရဲက စစ်ဆေးခဲ့သည်။

01 March 2013

“ငါးဖမ်းစက်လှေတွင်ရောင်းစားခံထားရသူအချို့အား ပူးပေါင်းအဖွဲ့ကကယ်ထုတ်”

၂၀၁၃ ခု မတ်လ ၁ ရက်၊ကိုတီး
ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၁၂၃ခန့် အကွာတွင် ရှိသော ပင်လယ် အပန်းဖြေ  ချအမ်မြို့ရှိချိုစလီနာဝါ (3175 01141) ၂စီတွဲ ငါးဖမ်းလှေ တွင် ရောင်းစား ခံထားရ သည့် မြန်မာ အလုပ်သမား အချို့တို့ကို ပူးပေါင်း အဖွဲ့တို့က ကယ်ထုတ်နိုင် ခဲ့သည်။

           အလုပ်သမား ၁၄ ဦးအနက် ၅ဦးမှာ မိမိသဘောဖြင့် အလုပ်လုပ်နေကြ သူ များဖြစ်ပြီး ကျန်၉ဦးတို့မှာ ရောင်းစားခံထားရသူများဖြစ်ကြသည်။ ၎င်းတို့သည် ငါးဖမ်းလှေပေါ်တွင် အနည်း ဆုံး လေးလမှ ၉လအတွင်း အလုပ်လုပ်နေကြရသည့် အလုပ်သမားများဖြစ်ကြသည်။