29 July 2016

“MOU စနစ်ကိုဘယ်သူတွေဖျက်ဆီးနေသလဲ”



                                     


      ၂၅.၆.၂၀၁၆ နေ့က မြောက်ဒဂုံပင်လုံသင်တန်းကျောင်းမှ လိမ်လည်မှုကြီး ရဲ့   နောက်ဆက်တွဲသတင်း လေးတစ်ပုဒ် ဆက်လက်တင်ပြပါ့မယ်။

        မေ၀င့်ကုမ္ပဏီမှ ပိုက်ဆံပေးဌားလာသောလူများကိုပြပြီး လိမ်လည်စာချုပ်ချုပ် ပွဲ ကြီး ကျင်းပခဲ့တာကို အ.လ.ညနဲ့အလုပ်သမားဝန်ကြီး သိအောင်MATအဖွဲ့ကတိုင်ကြား   ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ့အမှုကို အ.လ.ည ကစစ်ဆေးပြီးကြောင်းသတင်း သဲ့သဲ့ကြားရ သလို MOEAF ကလဲမရမကဖုံးဖိပေးနေတယ်လို့လည်းသိရပါတယ်ဗျာ။ ခုထိ အ.လ. ည  က မေ၀င့်ကုမ္ပဏီကို အရေးယူမှု တစ်စုံတစ်ရာမလုပ်နိုင်သေးတာကိုတွေရှိရပါ တယ်။  အ.လ.ည က MOEAF ကိုမလွန်ဆန်နိုင်ဘူးလား ဆိုတာ မေးခွန်းထုတ်စရာ   ဖြစ်လာပါတယ်။

       အခုအဲဒီ့သတင်းရဲ့နောက်ခံအကြောင်းအရာတွေကို အ.လ.ည နဲ့အလုပ်သမား   ၀န် ကြီး သိရှိစေရန်ထပ်မံတင်ပြပေးလိုက်ပါတယ်။၂ ၅.၆.၂၀၁၆ နေ့ကပင်လုံခန်းမ မှာ စာချုပ်လိမ်ချုပ်ခဲ့တဲ့ Demand Letter ဟာ မေ၀င့်ကုမ္ပဏီက တိုက်ရိုက်ရတဲ့ Demand လား၊ ပွဲစားကကုမ္ပဏီဌားတဲ့ Demand လားဆိုတာဖြေရဲတဲ့ လူရှိရင်လာခဲ့ ပါဖိတ်ခေါ်ပါတယ်။ အဲဒီ့နေ့ကစာချုပ်ချုပ်တဲ့ Demand တွေထဲ (၃) ခုဟာပွဲစား   ဇော်ထိုက်အောင် (ခေါ်) ဇော်ကြီး ရဲ့Demand တွေဖြစ်ပါတယ်။ အဲဒီ့ Demand Letter ဘယ်လို ရလာသလဲဆိုတာကို ပိုတိကျအောင်ပြောရမယ်ဆိုရင် ပွဲစားဇော် ထိုက်အောင်(ခေါ်) ဇော်ကြီး နဲ့ ဦးအောင်မြင့် (ဇွဲကွန်ယက် ပြည်တွင်း အလုပ်အကိုင် ပိုင်ရှင်) တို့ထိုင်းနိုင်ငံသို့ သွားရောက်၍ Demand ရှာဖွေရင်း မနီလာ(ရွှေရည်ဖြိုးေ အာင် ကုမ္ပဏီ) ကိုယ်စားလှယ်နဲ့တွေ့ရှိပြီး မနီလာရဲ့ မိတ်ဆက်ပေးမှုကြောင့် အထက်ပါ Demand Letter များရရှိခဲ့ခြင်းဖြစ်ပါ တယ်။ ပွဲစား ဇော်ထိုက်အောင်နဲ့  ဦးအောင်မြင့် ဆိုသူတို့က ထိုင်းအေးဂျင့်တွေကို မိမိတို့က မေ၀င့်ကုမ္ပဏီ ကို ၀ယ်ယူ ပြီးဖြစ်ကြောင်း အထင်ကြီးအောင်လိမ်လည်ပြောဆိုပြီး Demand Letter များရ ယူ နေကြောင်း ၄င်းတို့နဲ့ နီးစပ်သူတွေကပြောလို့သိရပါတယ်။



          ယခုနောက်ဆက်တွဲအနေနဲ့  မဟာချိုင်အခြေစိုက် AACရုံးကိုရောက်နေကြတဲ့ အလုပ်သမား၂၃ ယောက် ဟာ Tip Co အချိုရည်စက်ရုံသို့ လိမ်လည်ပို့ဆောင် တာ ဟာလည်း ပွဲစားဇော်ထိုက်အောင် က မေ၀င့်ကုမ္ပဏီ ကိုဌားသုံးပြီး ပို့ဆောင်ခြင်းဖြစ် ပါတယ်။ မေ၀င့်ကုမ္ပဏီဟာ ပွဲစားထံမှ ပိုက်ဆံရပြီးရော ကုမ္ပဏီဌားရမ်းနေ သည်သာ မက၊ ၂၀၁၆ ခုနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့က မြ၀တီမှာချုပ်ဆိုတဲ့စာချုပ် မှာ   ဒေါ်မို့မို့သွင် လက်မှတ် ပါ ရှိနေခြင်းမှာ ကြက်သီးမွေးညင်းထစရာဖြစ်နေတာမို့ အ.လ.ည လူကြီးများသို့ မေးခွန်း ထုတ်စရာ ဖြစ်လာပါပြီ။ 

      
        ပွဲစား ဇော်ထိုက်အောင်(ခ)ဇော်ကြီးဆိုသူဟာ   မေ၀င့်ကုမ္ပဏီရဲ့ ကိုယ်စားလှယ် လို့ ပြောပါတယ်။   မေ၀င့်ကုမ္ပဏီမှလဲ စာချုပ်တွေချုပ်ကုမ္ပဏီ အမည် ခံပြီး ထိုင်းကို MOU နဲ့လူ တွေပို့ပါတယ်။ တစ်ခုမေး ချင်ပါတယ်။ ဇော်ထိုက်အောင် (ခ) ဇော်ကြီး က   မေ၀င့်ကုမ္ပဏီ က ဒါရိုက်တာအဖွဲ့ဝင်၊ ကိုယ်စား လှယ်၊ တရားဝင်ဝန်ထမ်း ဟုတ်ပါ သလား???   မေ၀င့်ကုမ္ပဏီ မှရှင်းပြပေးပါ။

    ဒုတိယမေးချင်သူကတော့ အလုပ်သမား သံအရာ ရှိ ဦးမိုးအောင်ခိုင် ကို မေးချင် ပါ တယ်။ Demand Letter ကိုကုမ္ပ္ပဏီရဲ့MD ( သို့မဟုတ် ) Director လာရောက်၍ အလုပ်သမား သံအရာရှိထံ တင်ပြ ရေ ကြာင်း သိရှိရပါ တယ်ခင်ဗျား။ ယခုဖြစ်စဉ်မှာ ဦးမိုးအောင်ခိုင် အနေဖြင့် လူတစ်ဦးလျှင်ဘတ် ( ၁၀၀ ) ရလျှင်ပြီးရော ဘယ်ပွဲစား လာလာ လက်မှတ် ထိုး ပေးနေပါသလား။ သို့တည်း မဟုတ် မေ၀င့် ကုမ္ပဏီနဲ့ကပ်တဲ့ Demand မို့ ထိုးပေးလိုက်ပါ သလားဆိုတာကို ဖြေပေးစေချင်ပါတယ်။

          သံအရာရှိရုံးခန်းမှာ တံစိုးလက်ဆောင်ပေးခြင်းသည်းခံပါလို့ ရေးထားတာ   တွေ့ရပါတယ်။ အောက်ထပ်မှာ တရားဝင်ဝန်ထမ်းမဟုတ်တဲ့ သန်းထိုက်စိုး တို့ကိုပဲ ယူခိုင်း ပါတယ်။ ဒါ    ဦးမိုးအောင်ခိုင် တို့ ၀ိနည်းရှောင်တာလေ။

       စာရွက်စာတမ်းတွေကိုလာပြီးလုပ်ကိုင်နေတဲ့ ဒေါ်ပပ ဆိုတာLIBER LIFE ကုမ္ပဏီ ဒါရိုက်တာတစ်ဦးပဲလေ။ နိုင်ငံတော်အဆင့်အလုပ် သမားသံအရာရှိရုံးခန်း   အောက်မှာ တရားမ၀င် ၀န်ထမ်းက ဒီလို ငွေကောက်နေတာဟာ ဘာကြောင့်လဲ။ ပွဲစားတွေလာလုပ်နေတာ ဘယ်သူကခွင့်ပြုလို့လုပ်နေတာလဲ။

       အလုပ်သမားသံအရာရှိဟာ ဘာကြောင့် Demand letter တင်ရင်လိုက်စစ်ဖို့ လမ်းစရိတ်တောင်းပါသလဲ။ Name List လာထုတ်ရင် တစ်ယောက် ဘတ်ငွေ(၁၀၀) ယနေ့ထက်ထိ တောင်းနေသလဲဆိုတာ အ.လ.ည မှာတာ ၀န်ရှိပါတယ်။ သက်သေပြ လို့တော့ မလုပ်နဲ့နော်။ ပွဲစားဥပဒေသနည်းနာအတိုင်း ခင်ဗျားတို့ ကဘောက်ချာမှ မပေးတာ။ အေဂျင်စီအားလုံးလဲ မလိမ်ကြပါနဲ့ တကယ်မပေးရဘူးလို့ သစ္စာဆိုပြောရဲ တဲ့လူရှိပါသလား၊ လူတိုင်းကိုလိမ်လို့ရပါတယ်။ 

           ကိုယ့်ကိုကိုယ်တော့လိမ်လို့မရပါဘူး။ နေအရှေ့ဘက်ကထွက်တယ်ဆိုတာ မှားချင် မှားပါ မယ်။ တစ်ယောက် ဘတ်(၁၀၀) ပေးရတာတော့အမှန်ပဲ။ အယင်အ လုပ်သမားသံအရာရှိတွေတုန်းကပါက် ဈေးက ဒီထက်မြင့်ပါသေးတယ်။ 

       ဒီလို အကြီးအကျယ်လာဒ်စားနေတာကို အ.လ.ည ညွှန်ချုပ်ကြီး မသိလေရော့ သလား၊ မသိချင်ယောင်ဆာင်ပေးနေသလားဆိုတာ ကာယကံရှင်တွေဘဲ အသိဆုံး   ဖစ်မှာပါ။

       ခင်ဗျားတို့သိထားသင့်တာက အလုပ်သမားဆိုတာသက်ရှိလူသားတွေပါ။ ခင်ဗျား တို့ပွဲစားနဲ့ ပေါင်းပြီး ရောင်းစားချင်တိုင်းရောင်းစားလို့ရနေတဲ့ရောင်းစရာကုန်ပစ္စည်း
မဟုတ်ပါဘူး။ မိသားစုတွေမပြေလည်လို့၊ အလုပ် အကိုင်အခွင့်အလမ်းတွေနည်းပါး   နေသေးလို့ မိဝေးဖသေးတိုင်းတပါးမှာ စွန့်စားပြီးအလုပ်သွားလုပ်ဖို့ မျှော်လင့်ချက် ကိုယ်စီနဲ့အလုပ်သွားလုပ်နေကြရတာပါ။

        အလုပ်သမားလူတန်းစားရဲ့ ဘ၀တွေကိုမိမိအတ္တကိုယ်ကျိုးအတွက် လိမ်လည်   နေတဲ့ပွဲစား လူလိမ်တွေနဲ့ အကျင့်ပျက်ဝန်ထမ်းတွေအတွက် ကံတရားကြီးက ဒါဏ် ခတ်ပါလိမ့်မယ်။ နိုင်ငံတော်ကြီးတွေကိုလိမ်လို့ရချင်ရမယ် ငရဲမင်းကြီးကိုတော့ခင်ဗျား တို့ လိမ်လို့မရပါဘူး။

                                                   ရင်နာလွန်းလို့ပါ  
  
                                                     ဆန်းမင်းဦး
                                                     ရွှေလုပ်သား

“အလုပ်ဖြုတ်၊ထောင်ကျခံနေရသည့်MOU အလုပ်သမားများဖြင့်သတင်းစာရှင်းလင်းပွဲပြုလုပ်ရန်စီစဉ်”




  ၂၀၁၆ ခု ဇူလိုင်လ ၂၉ ရက်
မြတ်ညို ( အလွတ်သတင်းထောက်)

            လက်ရှိအချိန်တွင် အလုပ်ဖြုတ်ခံရသည့် MOU  အလုပ်သမားများနှင့်   ထောင်ကျခံနေရသည့် MOU အလုပ်သမားများ၏ ပကတိအခြေအနေများကို အစိုးရ အပါအ၀င် မြန်မာတစ်နိုင်ငံလုံးသိရှိ နိုင်ရန်အတွက် မဟာချိုင်အခြေစိုက် AAC အလုပ် သမားအဖွဲ့နှင့် ဘန်ကောက်အခြေစိုက် MAT အဖွဲ့တို့ပူးပေါင်း၍ သတင်းစာရှင်းလင်း ပွဲ တစ်ရပ် ပြုလုပ်ရန် ရန်ကုန်မြို့သို့စတင်ထွက်ခွာသွားကြပြီဖြစ်ကြောင်းသိရှိရသည်။

          မေ၀င့်ကုမဏီမှ တင်ပို့ထားသည့် အလုပ်ဖြုတ်ခံ MOU အလုပ်သမား ၂၃ ဦး တို့သည် မဟာချိုင် အခြေစိုက် AAC ရုံးခန်းတွင် ၁၀ ရက်ကြာ စောင့်ဆိုင်းနေခဲ့သော် လည်း အလုပ်သမားသံအရာရှိနှင့် သက် ဆိုင်ရာ ကုမဏီတို့က ဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ကြပေ။ အလုပ်သမားများကလည်း MOU ဖြင့်လာ ရောက်သူများ အလုပ်ပြောင်းေ ရွှ့ မရနိုင်သည့်အနေအထားများကို သိလာသည့်အခါ နေရပ်ပြန်ရန် အတွက်ပြောဆို လာခဲ့ကြသည်။၎င်းတို့၏ပတ်စပို့များကို မေ၀င့်ကုမ္ပဏီကသိမ်းဆည်းထားသဖြင့် နေရပ်
ပြန်ရန်အခက်အခဲရှိနေခဲ့ကြသည်။ ထိုအချင်းအရာကို ACCအဖွဲ့ကကျော်လွှား၍ယနေ့ နက်နံက်က  မြ၀တီသို့ရောက်ရှိသွား ခဲ့ကြပြီးဖြစ်သည်။ ထိုမှ နေရပ်ရင်းသို့ AAC အဖွဲ့ ဥက္ကဌ ဦးခိုင်ကြီးနှင့် ကိုစောမြတ်ချို တို့က လိုက်လံပို့ဆောင်ပးကြမည်ဖြစ်သည်။

    ကိုခိုင်ကြီးက“ထိုင်းဘက်ကအခြေအနေမှန်တွေကို နိုင်ငံတော်အဆင့်လူကြီးတွေနဲ့
 မြန်မာနိုင်ငံသူနိုင်ငံသား တွေ အဖြစ်အပျက်အမှန်အကန်တွေကို သိဖို့လိုပါတယ်။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံတွင်းမှာအလုပ်သမားတွရဲ့အခြေအနေဟာ တော်တော် ဆိုးနေပါတယ်။ ကာယကံရှင် အလုပ်သမားတွေနဲ့ မိသားစုတွေက ရှင်းပြပါလိမ့်မယ်။  ကျနော်တို့ပြောရင် MOU ကိုတိုက်ခိုက်တယ် ပြောအုံးမယ်” ဟုပြောသည်။

သတင်းစာရှင်းလင်းပွဲကို သြဂုတ်လဆန်းပိုင်းတွင်ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်နေ ရာကို အင်တာနက် လူမှုကွန်ယက်တွင် ကျေညာမည်ဖြစ်ပါသည်။
  
MATအဖွဲ့ဒါရိုက် တာ ဦးကျော်သောင်း က“  ခုကျင်းပမှာက MOU အလုပ်သမားတွေ ကိုယ်တိုင် ဒုတိယအကြိမ်မြောက် သတင်းစာရှင်းတဲ့သတင်းစာရှင်းလင်းပွဲပါ။ အလုပ် သမားဝန်ကြီးဌာနနဲ့ ပွဲစားများအဖွဲ့ချုပ် MOEAF ကိုပါ ကျနော်တို့ဖိတ်ပါမယ်။ လာတာ မလာတာ သူတို့အပိုင်းပါ။ သတင်းထောက်တွေရှေ့မှာ ဖြစ်ရပ်မှန်တွေကို တင်ပြပါ မယ်။ သတင်း မှန်တွေကို ဖုံးကွယ်ပြီး တိုင်းပြည်ကို အမှောင်တိုက်ထဲ ပြန်သွင်းနေတဲ့ လုပ်ရပ်တွေ ကို ဖေါ်ထုတ်ချင်တာပါ။ ကျနော်တို့ ပြောတဲ့စကားရပ်၊ ကျနောတို့ပြတဲ့ ဓါတ်ပုံတွေ အတွက် ကျနော်တို့  အခိုင်အမာသက်သေတွေနဲ့ရှင်း လင်းပြသမှာဖြစ်ပါ တယ်” ဟုပြောဆိုသည်။
 
        G toG အမည်ခံထားသည့် MOU အလုပ်သမားတင်ပို့ခြင်းလုပ်ငန်းစဉ်တွင် မူဝါဒလွဲမှားခြင်းများစွာရှိသည်သာမက ကြာခံပွဲစားလူကုန်ကူးသူများ ၀င်ရောက်လုပ် ကိုင်နေကြသဖြင့် MOU အလုပ်သမားတင်ပို့ခြင်းမှာ တရားဝင်လူကုန်ကူးနေသည်   နှင့်တူနေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုထားကြသည်။

ရန်ကုန်တွင်ဆက်သွယ်ရန်ဖုန်း

ကိုခိုင်ကြီး = ၀၉၇၇ ၄၉၅၅ ၄၁၁
ကိုစောမြတ်ချို= ၀၉၇၇ ၄၄၄ ၇၂၅၇

26 July 2016

" မြ၀တီကျောက်လုံးကြီးမှာ စာချုပ်ပြောင်းချုပ်ရာမှာ အ.လ.ည ညွန်မှူးလက်မှတ်ပါနေ"

           မေ၀င့်ကုမ္ပဏီနဲ့ အလုပ်သမား၂၅ ဦးတို့ဟာ ရန်ကုန်မှာ ဒေါ်မို့မို့သွင် ရှေ့မှာပဲ ကြက်သားအလုပ်ရုံ နဲ့စာချုပ်ချုပ်ဆိုခဲ့ပေမယ့် စာချုပ်ကို အလုပ်သမားတွေကိုမပေးခဲ့ပါ။

          မြ၀တီရောက်တော့ ကြက်ကလေးတွေ ငယ်သေးလို့ ဆိုပြီး အချိုရည်စက်ရုံနဲ့
ပြောင်းချုပ်ပါတယ်း။ ထူးခြားတာက မြ၀တီမှာချုပ်တဲ့စာချုပ်မှာ အလုပ်သမားဝန်ကြီး ဌာန ညွန်ကြားရေးမှူး ဒေါ်မို့မို့သွင် လက်မှတ်ထိုးထားတဲ့စာရွက်ဖြစ်နေတာပါ။

           ဒီအလွဲဟာ မေ၀င့်ကုမ္ပဏီက ဒေါ်မို့မို့သွင် လက်မှတ်ကို အလွဲသုံးစားလုပ်တာ လား၊ ဒါမှမဟုတ် ဒေါ်မို့မို့သွင် ကပဲ ကြိုက်တဲ့နေရာမှာ သုံးနိုင်အောင် စာချုပ်တွေမှာ လက်မှတ်ထိုးထားလေရော့သလား။ တာဝန်ရှိသူတွေ အပူတပြင် စုံစမ်းဖေါ်ထုတ်ပေး ဖို့ ရွှေလုပ်သားအဖွဲ့က မေတ္တာရပ်ခံပါတယ်။

“မြ၀တီတွင်စာချုပ်ပြောင်းလဲချုပ်ဆိုရာ၌ အ.လ.ည ညွန်မှူးလက်မှတ်အဆင်သင့်ဖြစ်နေ”



               
၂၀၁၆  ခု  ဇူလိုင်လ ၂၆  ရက်
မြတ်ညို (အလွတ်သတင်းထောက်)

        မေ၀င့်ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံသို့သွားရောက်ကြမည့် MOU အလုပ်သမား ၂၅ဦး တို့သည် ရန်ကုန်မြို့တွင်  ကြက်သားအလုပ်ရုံဖြင့် စာချုပ်ချုပ်ဆိုလာခဲ့သော်လည်း   မြ၀တီသို့ရောက်သည့်အခါ အချိုရည်အလုပ်ရုံဟု ပြောင်းလဲချုပ်ဆိုကြရာရန်ကုန် တိုင်း အလုပ်သမားညွန်ကြားရေးမှူး လက်မှတ်ထိုးထားသည့်စာချုပ်ဖြစ် ကြောင်း အလုပ်သမားများကပြောသည်။

           အလုပ်သမား၂၅ဦးတို့သည် ၁၅-၁၂-၂၀၁၅ နေ့က ရန်ကုန်မြို့ ကျောက် ကုန်း တွင်ရှိသော ရုံးခန်းတစ်ခုထဲထိုင်းနိုင်ငံရှိ ကြက်သားစက်ရုံတစ်ခုတွင် အလုပ် လုပ်ရမည်ဟုဆိုကာ အလုပ်သမား၂၅ဦးတို့သည် ၁၅.၁၂.၂၀၁၆ နေ့က ရန်ကုန်မြို့   ကျောက်ကုန်းသင်တန်းကျောင်းတွင် ဒေါ်မို့မို့သွင် ဆိုသူက ကြက်သားအအေးခန်း စက်ရုံ အလုပ်ဟုဆိုကာ လုပ်ငန်းသဘာဝတို့ကိုရှင်းပြခဲ့သည်။

        အလုပ်သမားတို့သည် ကျပ်ငွေ ၄၃၈,၀၀၀ အား ပွဲစား ဦးစံနီ ဆိုသည့် ပွဲစား ကို ပေးအပ်ခဲ့ရသည်။ မြ၀တီ ကျောက်လုံးကြီးစခန်းသို့ ရောက်သည့်အခါ ကြက် အကောင်သေးသည်ဟုဆိုကာ နာနတ်သီးအချို ရည်ရုံတွင် ၂လခန့် လုပ်ပေးပြီး   ပြောင်းပေးမည်ဟု ကိုဇော်ကြီး ဆိုသည့်ပွဲစားကပြောပါသည်။ အချိုရည် စက်ရုံ အလုပ်ဟူ၍ (မ၁၃+ကျား ၁၀ဦး) စာချုပ်တစ်ခု ထပ်မံ ချုပ်ဆိုကြရပြန်ပါသည်။ 

၂၈.၂.၂၀၁၆ နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ပရကျွတ်နယ် မြေတွင် ရှိသော TIPCO နာနတ်သီးအချို ရည်စက်ရုံသို့ရောက်ပါသည်။ ပတ်စပို့ဖိုးတစ် ဦးလျှင် ၈,၇၀၀ စီဖြတ်   တောက်ထားပြီးဖြစ်သော်လည်းပတ်စပို့ယခုတိုင်မကိုင်ရသေးကြောင်းသိရသည်။


         အလုပ်သမားတို့သည် TIPCO နာနတ်သီးအချိုရည်စက်ရုံတွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ အလုပ်မလုပ်ရ ပဲနေခဲ့ကြရပါသည်။ ထိုမျှသာမက နာနတ်သီးမရှိဟုဆို ကာ အလုပ်ရပ်နားခဲ့သည်။ အလုပ်သမားများသည် မေ၀င့်ကိုယ်စားလှယ် ကိုဇော် ထက်အောင်  (ခ) ဇော်ကြီးဆိုသူထံသို့ အလုပ် ပြောင်းပေးဖို့ ဖုန်းဆက်ရာ စောင့်ဖို့   ပြောဆိုခဲ့ပါသည်။ အလုပ် ၁၈ ရက်တိုင်တိုင် အလုပ်မလုပ်ရပဲ အလုပ်ရုံထဲတွင်   နေထိုင်ခဲ့ရပါသည်။ နောက်ပိုင်းတွင် ကိုဇော်ထက်အောင်  ဖုန်းကိုင်ပြီး ဖုန်းချသွားခဲ့ ပါသည်။ 

 ဇူလိုင်လ ၁၈ ရက်နေ့တွင် အလုပ်ရုံထဲတွင် နေခွင့်မပေးပဲ မောင်းထုတ်သဖြင့် AAC အဖွဲ့နှင့် MATအဖွဲ့ ကို ဖုန်းဆက်သွယ် ၍ အကူညီတောင်းခံလာခဲ့ပါသည်။ ၎င်းတို့ သည် မဟာချိုင် AAC ရုံးခန်းသို့ ဇူလိုင်လ၁၉ ရက်နံနက်၂နာရီ ကျော်တွင်ရောက် ရှိလာခဲ့ပါသည်။

        အလုပ်သမားများကိုလက်ခံကျွေးမွေးစောင့်ရှောက်ထားသူ AAC အဖွဲ့ဥက္ကဌ ဦးခိုင်ကြီး က “ရန်ကုန်မှာ စာချုပ်ကို အလုပ်သမားတွေကိုမပေးလိုက်ဘူး။ မြ၀တီမှာ အချိုရည်လို့ပြောင်းချုပ်တဲ့စာချုပ်မှာ ရန်ကုန်တိုင်း အလုပ်သမားညွန်ကြားရေး ဦးစီးမှူး   ဒေါ်မို့မို့သွင် လက်မှတ်နဲ့ ရာထူးတံဆိပ်ရိုက်နှက်ပြီးသားစာရွက်တွေကို အလုပ် သမားတွေကိုပေးတယ်။ မူရင်းစာရွက်တွေ ကျနော်တို့လက်ဝယ်မှာရထားတယ်။   ပြောချင်တာကတော့ အလုပ်သမားညွန်ကြားရေးဦးစီးမှူးမရှိတဲ့ မြ၀တီမှာ ဒီစာချုပ် ကို ဘာဖြစ်လို့ လက်မှတ်ထိုးထားရတာလဲပေါ့။ နည်းမျိုးစုံနဲ့ အလုပ်သမားတွေကို မလိမ့်တပတ်ထုတ်ရောင်းနေတာ လူကုန်ကူးတာပဲမဟုတ်ဘူးလား” ဟုပြော သည်။

        ယခုဖြစ်စဉ်တွင်(၁) အစိုးရသတ်မှတ်ထားသည့်ဈေးနုန်းထက် ၄ဆခန့် အလုပ် သမားများကုန်ကျနေခြင်း။ (၂) ရန်ကုန်တွင်ချုပ်ဆိုသည့်စာချုပ်ကို အလုပ်သမားများ ကို မပေးအပ်ခြင်း။ (၃) မြ၀တီတွင် စာချုပ်အသစ်ချုပ် ဆိုရာတွင် အလည ညွန်ကြားေ ရး မှူး ဒေါ်မို့မို့သွင် လက်မှတ်ဖြင့်ချုပ်ဆိုခြင်း။(၄) အလုပ်ချိန် ၄လအတွင်း အလုပ် မရှိ ဟုဆိုကာ အလုပ်ဖြုတ်ခြင်း။(၅) အလုပ်သမားပို့ဆောင်သည့် မေ၀င့်ကုမ္ပဏီမှ အလုပ် သမားကို ကူညီစောင့် ရှောက်ရန် တာဝန်ပျက်ကွက်ခြင်း။ (၆) မေ၀င့်ကုမ္ပဏီနှင့် အလုပ်သမားသံအရာ ရှိတို့ ယနေ့တိုင် မဖြေရှင်းပေးခြင်း။ တို့ဖြစ်ပါသည်။


           ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က “ အေဂျင်စီတွေ  မတရားလုပ်သမျှ ဘန်ကောက် အလုပ်သမား သံအရာရှိအဆက်ဆက်တွေက ဖုံးဖိကြတယ်။ နေပြည်တော် အ.လ.ည ရုံးချုပ်နဲ့ သတင်းမီဒီယာတွေမှာအားလုံးကောင်းပါသည်ခင်ဗျာ လို့ထပ်လိမ်တယ်။ အစိုးရနဲ့ လူထုက သတင်းအမှောင်ချတာခံနေရတယ်။ ကျနော်က စာတိုပေစရေးတာ မှာ ထည့်ရေးတော့ သူတို့ကို ဆော်တယ်ပြောကြတယ်။ အမှန်တရားတွေပေါ်ပေါက်   အောင်   ကျနော်တို့ကတော့ အစွမ်းကုန်ကြိုးစားနေမှာပါ” ဟုပြောသည်။

         MOU စနစ်တွင် အာဏာရှင်စနစ်ဟောင်းမှအစွယ်အပွားများ၊ လူလိမ်များ၊ လူကုန်ကူးသူများရောနှောလုပ်ကိုင်နေကြသည်။ ထိုသူများက အကျင့်ပျက် ၀န်ထမ်း များဖြင့်ပူးပေါင်းကာ အကျိုးစီးပွားကို အဓိကထား လုပ်ဆောင်နေကြသည်။ MOU စနစ်ကို မူလရည်ရွယ် ချက်အတိုင်းGtoGအစစ်အမှန် လုပ်ကိုင်မည်ဆိုပါက ပွဲစားေ အဂျင်စီကိုလုံးဝမသုံးပဲ (အလုပ်သမား+ ရပ်ကျေး+ဘဏ် +အလုပ်သမားညွန်ကြားေ ရးဝန်ကြီးဌာန= MOU ) လုပ်ကိုင်မှ ဖြစ်မည်ဖြစ်ကြောင်း ၂၅.၆.၂၀၁၅ နေ့ ဘန်ကောက်မြန်မာသံရုံးတွင် ဒေါ်အောင်ဆန်းစုကြည်  နှင့်တွေ့ဆုံပွဲတွင်   ဦးကျော်သောင်း ကတင်ပြခဲ့ကြောင်းသိရသည်။


   

24 July 2016

“နာနတ်သီးစိုက်ပျိုးရေးခြံတွင်လူကုန်ကူးခံနေရသူ၎ဦးအား MAT အဖွဲ့ကယ်ထုတ်”



        
၂၀၁၆   ဇူလိုင်လ ၂၄ ရက်
အောင်ဘ 




      ဘန်ကောက်မြို့အနောက်ဘက် ကီလိုမီတာနှစ်ကျော်အကွာ၊ ကန်ချနဘူရီမြို့မှ ကီလိုမီတာ ၈၀ ခန့်အ ကွာ၊ ၀န်ဖေါ့၊ စီနုန်ခေါ် တောထဲတွင်ရှိသော နာနတ်သီးခြံတွင်   ရောင်းစားခံနေရသည့် မြန်မာ၎ဦးကို ယမန်နေ့က မြန်မာသံရုံးအလုပ်သမားကူညီ   စောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့နှင့် ဒေသခံအာဏာပိုင်များက ၀ိုင်းဝန်း ကယ်ထုတ်နိုင်ခဲ့ကြပါသည်။
 
         အသက် ငါးဆယ်ကျော်အရွယ်ရှိ ဒေါ်စမ်းနွဲ့ဆိုသူက  ၂၂.၇.၂၀၁၆ နေ့က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဖုန်းဆက်၍ အကူညီတောင်းခံခဲ့ပါသည်။ သို့ရာတွင် ဒေါ်စန်းနွဲ့ သည် ၎င်းတို့၏ ဓါတ်ပုံ များကိုမပို့ပေးတတ်ရုံသာမက မိမိရောက်ရှိနေသည့်နေရာကို တပ်အပ်သေချာမပြောပြ   နိုင်ပေ။ သို့ဖြစ်၍ MAT အဖွဲ့၏ လမ်းညွန်ချက်များအတိုင်း  နီးစပ်သည့် စိုက်ခင်း တစ် ခုမှ မြန်မာအလုပ်သမား တစ်ဦး၏ အကူညီကိုရယူ၍ ခက်ခဲပင်ပန်းစွာဖြင့် ရှာဖွေကယ် ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ တောနက်ထဲတွင် ရှာဖွေကြသူအားလုံးတို့ နံနက်စာထမင်း မစားခဲ့ကြရပေ။
 
          အမည်မဖေါ်လိုသည့်အလုပ်သမား၏ သတင်းပေးပို့ချက်များ၊ ဓါတ်ပုံများကိုရေး မှတ်၍ MAT အဖွဲ့က ဘန်ကောက်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး   ကော်မတီအတွင်းရေးမှူးထံသို့ အီးမေးပေးပို့ ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ 

           သို့ဖြစ်၍ မြန်မာသံရုံးအလုပ်သမားကူ ညီစောင့်ရှောက်ရေးကော်မတီအတွင်း   ရေးမှူးက  နယ်မြေ Bureau of Immigration မှ အရာရှိကြီးများဖြစ်ကြသော Police Colonel Prasart Kemaprasit, Superintendent,Police Lieutenant Colonel Artorn  Wongjaikuea - Deputy Superintendent,Police Major Natthasitt Sirirangsankul – Inspector, Bureau of Immigration, Bureau of Immigration , Pol. Cap. Pittaya srimorgotmongkul, Vice brightness. Slough. Stewart. Kanchanaburi,Pol.Sen.Sgt.Maj.Sombhumi Plengphueng, Kanchanaburi  Immigrationတို့ကို MAT အဖွဲ့တွေ့ဆုံသည့် အခါတွင်လည်းကောင်း၊ ကယ်ထုတ်ပြီး   နာက်ပိုင်း ကျေးဇူးတင်ကြောင်းဆယ်သွယ် ပြောဆိုပေးပါသည်။
 
         လွတ်မြောက်လာကြသည့် ရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ်မှ အသက်၅၅ နှစ် အရွယ် ဦးမြင့်ငွေ + အသက် ၅၄နှစ်အရွယ်ဒေါ်စမ်းနွဲ့ တို့ ဇနီးမောင်နှံသည် ၁နှစ်နှင့် ၂လခွဲကြာရောင်းစားခံနေခဲ့ရပါသည်။ ရေနံချောင်းမြို့မှ အသက် ၂၂ နှစ်အရွယ် ကိုစောပြည့်ထွန်း + နှင့် ပဲခူးတိုင်း ပြင်စည်မြို့မှ အသက်၂၁နှစ်အရွယ်မသင်းသင်းခိုင် တို့ရောင်းစားခံနေရသည်မှာ၂လသာကြာပါသေးသည်။၎င်းတို့အားတစ်ဦးလျှင်ဘတ်ငွ ၇,၀၀၀ နုန်းဖြင့် နာနတ်သီးစိုက်ပျိုးရေးခြံသို့လာရောက်ရောင်းစားခံခဲ့ရကြောင်း လွတ်မြောက်လာသူ များကထွက်ဆိုပါသည်။
     ဆက်သွယ်အကူညီတောင်းခံသူ ဒေါ်စမ်းနွဲ့က “ကျမတို့လင်မယား၂ယောက် ဒီမှာ     ရာင်းစားခံနေရတာ ၁နှစ်နဲ့ ၂လခွဲကြာခဲ့ပါပြီ။ တစ်နေ့ကို လုပ်အားခ ဘတ်၂၀၀ ဆိုပေမယ့်  ထမင်းစားဖို့ အသက်ဆက်ဖို့လောက်ပဲပေးထား တာပါ။ ပြန်ပါရစေ လို    ပြောတာ လုပ်အားခလည်းရှင်းမပေးဘူး။ နင်တို့ထွက်ပြေးကြလို့ပြောတယ်။ မလုပ်နို င်ဘူး ပြောတော့ ကျမကို သူဌေးက ရိုက်မလို့လုပ်တာ ကျမထွက်ပြေးလို့ မထိတာ။ ကျမ မြန်မာသံရုံးကိုဖုန်းဆက်ပါတယ်။ သံရုံးအဖွဲ့က ဦးကျော်သောင်း တို့ လာကူလို့ လွတ်လာတာပါ။ ရဲစခန်းမှာ လုပ်အားခအဖြစ် လင်မယား၂ ယောက်အတွက် ဘတ်ေ ငွ ၄၅,၀၀၀ ရှင်းပေးလိုက်ပါတယ်” ဟုပြောသည်။
 
MAT အဖွဲ့သည် ယမန်နေ့နက်နံက် ၆နာရီကတည်းက ဘန်ကောက်မြို့မှ စတင်ထွက် ခွာသွားခဲ့ကြသည်။ ဖုန်းလိုင်းမမိ၍ သတင်းပေးပို့သူကိုပင် ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပါ သည်။ ကိုယ်ချင်းစာနာစိတ် အပြည့်ရှိသော သတင်းပးအလုပ်သမားသည်   ကားတစ်တန် ဆိုင်ကယ်တစ်တန်ဖြင့် တောလမ်းခရီးကို လိုက်လံပြသခဲ့ပါသည်။  MAT အဖွဲ့ သည် လူကုန်ကူးခံနေရသူများ၏ နေရာကိုအတိအကျသိရှိပြီးသောအခါမှ ဆယ်သွယ် ထားသည့် ကန်ချန ဘူရီခရိုင် စိုင်ယုတ် ၀န်ဖေါ့ အာဏာပိုင်များထံသို့ လာခဲ့ကြခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သတင်းပးသူ အန္တရာယ် ကင်းေ စလို၍ဖစ်ပါသည်။
 
          MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“လူကုန်ကူးမှုဖြစ်စဉ်တွေကတော့မရိုး   နိုင်ဘူး။ ခုကယ်ထုတ်လာ တဲ့အလုပ်သမားတွေဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် လုံးဝပြတ်တဲ့နေရာမှာရောက်နေတယ်။ ဖုန်းကိုတောင် အမြင့်ကြီးပေါ်တက်ပြီးပြောရ တယ်။ သွားဖို့လာဖို့ ခက်ခဲဝေးလံတယ်။ ကယ်ထုတ်မယ့်သူမရှိရင် ပြန်မလွတ်နိုင် ဘူးလို့ပြောနိုင်တယ်။ အင်ဒိုငါးဖမ်းလှေကို ရောင်းစားခံရသူတွေလိုပဲ။ ထိုင်းလုပ်ငန်း ရှင် အတော်များများတို့ကလည်း  လူသားကျွန်ပြုလုပ်ငန်းနဲ့ အကျိုးအမြတ်ရှာချင်ကြ သူတွေအမြောက်အမြားရှိနေတယ်။ မြန်မာနိုင်ငံမှာလည်းအလုပ်အကိုင်အခွင့်လမ်း ကမရှိသေး။ လူကုန်ကူးဂိုဏ်းတွေကလည် ပိုပြီးစနစ်ကျလာတယ်။ နယ်စပ်ချင်းထိစပ် မှုကလည်းများတော့ မြန်မာအစိုးရအနေနဲ့ကလည်းပိုင်ပိုင်နိုင်နိုင်မတားဆီးနိုင်။ ရင်းေ လး စရာတွေချည်းပါပဲ” ဟုပြောသည်။


         နာနတ်စိုက်ပျိုးရေးခြံထဲတွင် တရားမ၀င်သစ်ခွဲစက်များ၊ တရားမ၀င်သစ်ခွဲသား များတွေ့ရှိခြင်း၊ တရားမ၀င်အလုပ်သမားများကို ခိုင်းစေခြင်းတို့ဖြင့် လုပ်ငန်းရှင်မှာ အမှု ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ကယ်ထုတ်နိုင်ခဲ့သည့် လူကုန်ကူးခံမြန်မာ၎ဦးတို့မှာလည်း စိုင်ယုတ် ရဲစခန်းအချုပ်ခန်းထဲတွင် ကျန်ရစ်ခဲ့ကြရပါသည်။ 

       မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့ သည် ထိုင်းအစိုးလူကုန်ကူးမှု အထူးစုံစမ်းရေးဌာန DSI,ထိုင်းဘုရင့်ကွန်မင်ဒိုတပ်ဖွဲ့၊ ထိုင်း အစိုး ရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD,လ၀က တို့နှင့်အတူ ၂၀၁၆ ခုနှစ် အတွင်းယခုအကြိမ်အထိ လူကုန်ကူးမှုတိုက်ဖျက်ခြင်း ၂၁ကြိမ်အာင်မြင်မှု တွင်  လူကုန်ကူးခံရသူပေါင်း ၃၀ဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။ 

          ထိုင်းနိုင်ငံ၊ငါးဖမ်းလှေ၊ပင်လယ်အစားအစာထုတ်လုပ်သည့်အလုပ်ရုံ၊ စိုက်ပျိုး   ရေး ၊မွေးမြူရေး၊ အိမ်ဖေါ်နှင့် ပြည့်တန်ဆာ အလုပ်ရုံများစွာတို့တွင် မြန်မာနိုင်ငံသား များစွာ လူကုန်ကူးခံနေရဆဲဖြစ်ပါသည်။