28 October 2013

“မြန်မာအလုပ်သမားတစ်ဦးဓါတ်လိုက်သေဆုံး”




အောက်တိုဘာ ၂၈      ကိုဖုန်း(စူရတဋ္ဌာနီ)
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဋ္ဌာနီမြို့ ၀တ်ပတူရပ်ကွက်ရှိ ပန်းရံဆိုဒ်တစ်ခုတွင်နေထိုင် 
သည့် မြန်မာအလုပ်သမားတစ်ဦး မီးမလာသဖြင့်  သွပ်ပြားညှပ်သည့်ကပ်ကြေးဖြင့် 
မီးကြိုးကိုဖြတ်ေ တာက်စဉ် မီးပြန်လာသဖြင့်ဓါတ်လိုက်သေဆုံး သွား ခဲ့သည်။
သေဆုံးသူမှာတနင်းသာရီတိုင်း၊သရက်ချောင်းမြို့ နယ်၊ဆင်ကြမ်းကျေးရွာမှအဘ 
ဦးသက်ချို+ဒေါ်မူမူေ အး တို့၏ သားကြီး အသက် ၁၆ နှစ်အရွယ်   မောင်ပိုင်ပိုင်စိုး 
ဆိုသူဖြစ်သည်။
ကျန်ရစ်သည့် ရုပ်အလောင်းအား အောက်တိုဘာလ ၃၀ ရက်နေ့တွင် သဂြိုဟ် 
မည်ဖြစ်ကြောင်း အတူတူ အလုပ်လုပ်ကြသည့် အလုပ်သမားတစ်ဦးက ပြောသည်။

"အကျဉ်းသားမိသားစုတွေ တွေ့ခွင့်မရ၊ ပေးခွင့်မရတော့ ဆိုကြဆဲကြ"



26 October 2013

“MAT အဖွဲ့အား မြန်မာလူငယ်၂ဦး ဘတ်ငွေ ၁၅,၀၀၀ လှူ”




အောက်တိုဘာ ၂၆  (ခရမ်းသားလေး)
          ယမန်နေ့က မြန်မာသံအရာရှိကြီးများ က   မြန်မာအလုပ်သမားများအား ကူညီ
စောင့်ေ ရှာက်နို င်ရေး အတွက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT အား ခေါ်ယူတွေ့ ဆုံအပြီး ဘန်ကောက်မြို့     မြန်မာ သံရုံးရှေ့တွင် မြန်မာလူငယ် ၂ဦးက MAT အဖွဲ့အား ဘတ်ငွေ တစ်သောင်းခွဲလှူဒါန်းခဲ့သည်။
         သူငယ်ချင်းနှစ်ဦးဖြစ်ကြသော ထားဝယ်မြို့ ဇာတိ ကိုအောင်ငွေသိန်း က ဘတ်ငွေတစ်သောင်းနှင့် ကချင်ပြည်နယ် ၀ိုင်းမော်မြို့မှ မနန်းစောမြနွယ်  တို့က  ဘတ်ငွေငါးထောင်တို့ကို စေတနာထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
ကိုအောင်ငွေသိန်း က “ကျနော်တို့မလုပ်နိုင်၊ သာမန်လူတွေ မလုပ်ရဲတဲ့ အလုပ်တွေကို MAT အဖွဲ့က စွမ်း စွမ်းတမံ လုပ်တယ်။ 

25 October 2013

“မတရားဖမ်းဆီးခံရသည့် အလုပ်သမား၃၇ဦးအား MAT အဖွဲ့ကယ်တင်”




အောက်တိုဘာ၂၅    မြတ်ညို(အလွတ်သတင်းထောက်)
လုပ်ငန်းရှင်နှင့်ပွဲစားတို့ပူးပေါင်း၍ ဒေသခံ ရဲများက ၀င်ရောက် ဖမ်းဆီးခြင်းခံခဲ့ရသည့် ဘန်ကောက်မြို့ တောင်ဘက်   ကီလိုမီတာ ၃၀၀ ကျော်အကွာ တွင်ရှိသောနာနတ်သီး စက်ရုံ မှ မြန်မာ အလုပ်သမား ၃၇ဦးအား ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT   နှင့်ပူးပေါင်းအဖွဲ့တို့က ကူညီဆောင်ရွက်မှုကြောင့်ပြန်လည် လွတ်မြောက်လာ ခဲ့ကြောင်း သိရှိရသည်။

“ကော့သောင်းမြို့မှာ အာစရိယပူဇေါ်ပွဲ ရံပုံငွေဘီယာပွဲတော်ကျင်းပ”


အောက်တိုဘာ ၂၅ ရက်  မောင်စိုး ကော့သောင်း
 
       ကော့သောင်းမြို့ အမှတ်(၁) အထက်တန်းကျောင်း အာစရိယပူဇေါ်ပွဲ ရံပုံငွေ အတွက်ဟု ဆိုကာထိုင်းနိုင်ငံမှ ဆင်းဂါးဘီယာပွဲတော်အား အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ အကြီးအကျယ်ကျင်းနေကြောင်းသိရသည်။
ယခုဘီယာသောက်ပွဲတော်အတွက် ထိုင်းနိုင်ငံဘက်က တင်သွင်းလာသည့် ဘီယာနှင့် အခြားပစ္စည်းများမှာ နိုင်ငံတော်သို့ အခွန်ဝင်မည်မဟုတ်ပဲ ဘီယာသောက် ပွဲ ကျင်းပသည့် ပွဲကန်ထ

13 October 2013

“မဟာချိုင်ပုလိပ်ကြောင့်မြန်မာအလုပ်သမားများနေ့စဉ်ငွေကုန်နေ”




အောက်တိုဘာ ၁၃  ခရမ်းသားလေး
             
ဘန်ကောက်မြို့အနီး စမွတ်စာခွန်ခရိုင်မဟာချိုင်မြို့ ဈေးကြီးအနီး တွင်ရှိသော
 လေးထပ် ပုလိပ်ရုံမှ ထိုင်း ပုလိပ်များနေ့စဉ် ဖမ်းဆီးငွေညှစ်နေ မှုကြောင့် မြန်မာ အလုပ်သမားများစွာ ငွေကုန်နေကြရကြောင်း သိရှိရသည်။

          အလုပ်ပိတ်ရက်ဖြစ်သော ယနေ့ တနင်္ဂနွေနေ့တွင် ပတ်စပို့နှင့် အလုပ်လုပ် ခွင့်လက်မှတ်(၀တ်ပါမစ်) ရှိသည့်အလုပ်သမား ၁၀၀ဦး ထက်မနည်း  ငွေညှစ် ခံခဲ့ ရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့်အလုပ်သမားများ ကပြောသည်။ 
       ဘန်ကောက်မှ အလုပ်သမား ကိုနေမျိုး က“ ကျနော့်ဦးလေးကို မဟာချိုင်ကိုလိုက် ပို့တာ ပတ်စပို့ရော ၀တ်ပါ မစ်ပါ ပါတယ်။၂၀၀၀ ပေးမှလွှတ်မယ် လို့ပြောတယ်။ ကျနော် လိုအလုပ်သမားတွေတစ်ရာ လောက်ရှိတယ်။ နှစ်ထောင်ပေး၊ သုံးထောင်
ပေးပြီး ထွက်သွားကြတယ်။ ညနေ ပိုင်းမှာ ၃၀ လောက်ပဲကျန်ပြီ၊ တဖွဲဖွဲလာ ရွေးနေ ကြတာပဲ” ဟုပြောသည်။ ဈေးအကူရောင်းသည့် မဖြူဖြူနီ ကတော့ ဘတ် ၈၀၀ ပေးခဲ့ သဖြင့် ပြန်လွတ်လာခဲ့သည်။
           မဟာချိုင်နယ်မြေအတွင်း တာဝန်ကျသည့် ထိုင်းပုလိပ်များသည် မြန်မာ အလုပ် သမားများနေထိုင် သည့် တန်းလျားများသို့  ၀င်ရောက်၍ မကြာခဏ စစ်ဆေးလေ့ရှိကြရာတွင် အလုပ်သမားအတော်များများ တို့ တွင် ပတ်စပို့နှင့် ၀တ်ပါမစ် များ ရှိနေကြသူများကြသဖြင့် အလုပ်သမားများ ထမင်းဟင်း စုပေါင်းချက်စား ကြသည့် စါရင်းများကို ချဲစာရွက်ဟု  ပြောဆိုကာ အဓမ္မ ဖမ်းဆီးငွေညှစ်ကြလေ့ရှိသည်။

11 October 2013

“လက်ချောင်းများဆုံးရှုံးခဲ့ရသည့်အလုပ်သမား နစ်နာကြေးဘတ်၎သိန်းရရှိ”



                   


အောက်တိုဘာ ၁၁ ရက်    မင်းဘခက်
           ထိုင်းနိုင်ငံဘန်ကောက်မြို့ ဖက်ကဆင် ၆၃လမ်းတွင်ရှိသောစက္ကူသေတ္တာအလုပ်ရုံတွင် ထိခိုက်ဒဏ်ရာ ရရှိသွားသော မြန်မာ အလုပ် သမား တစ်ဦး  အလုပ်သမားအရေးကူညီသူများ၏ ကူညီ မှုကြောင့် နစ်နာ   ကြေးဘတ်  လေးသိန်းကျော် ယမန်နေ့ကရရှိသွားသည်။
        ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မကျည်း ကျွန်းကျေးရွာမှ ဦးအောင်တင် +ဒေါ်သန် တို့၏  သား အသက် ၂၇ နှစ်အရွယ် ကိုမင်းစိုးသည်၂၀၁၃ခု ဇန်န၀ါရီလ ၈ ရက်နေ့ည ၇နာရီခွဲအချိန် အလုပ် လုပ်နေ စဉ် မမျှော်လင့်ပဲ ဘယ်ဘက်လက်ဝါးပြင် အလယ်မှ ပြတ်ထွက်သွားခဲ့သည်။

08 October 2013

“စိန်စီတဲ့ပတ်စပို့ထက် လုံခြုံမှုရှိတဲ့ပတ်စပို့စာအုပ်ဖြစ်ဖို့လိုသည်”




“စိန်စီတဲ့ပတ်စပို့ထက် လုံခြုံမှုရှိတဲ့ပတ်စပို့စာအုပ်ဖြစ်ဖို့လိုသည်”
                            
          ဒီနေ့ပြည်တွင်းထုတ်The Voice Weekly   နေ့စဉ်ထုတ်သတင်းစာမှာ ထိုင်းရောက်မြန်မာ အလုပ်သမားတွေ ကိုင်ဆောင်တဲ့ ယာယီပတ်စပို့ စာအုပ်
တွေကို အနီရောင်နိုင်ငံကူးလက်မှတ် အဖြစ်   ပြောင်းလဲထုတ် ပေးမယ်ဆိုတဲ့ သတင်းဖတ်ရတယ်။ ဒီစာအုပ်ဟာအခြားနိုင် ငံတွေကို ထွက်လို့ ရလောက်တဲ့ပတ်စပို့မဟုတ်ပဲ OnlyThailand (ထိုင်းနိုင်ငံ အ တွက်) လောက်သာသုံးလို့ရတဲ့ ပတ်စပို့ ဆိုရင်   တော့ မြန်မာအလုပ်သမားတွေ ရင်ခုန်ကြမှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။

“စိုက်ပျိုးရေးအလုပ်သမားကလေးငယ် ကျည်သင့်”




အောက်တိုဘာ  ၁၀ မြတ်ညို (အလွတ်သတင်းထောက်)

           မဲဆောက်မြို့အနီး ဖုတ်ဖရမြို့နယ် ၃၆ကီိ လိုမီတာ အရပ်ရှိ မြန်မာစိုက်ပျိုးရေး အလုပ်သမား တို့၏ တဲအိမ်စု တွင် အရက် မူးနေသည့် ထိုင်းလူရမ်း ကားများကြောင့် အိပ်ပျော်နေသည့် မြန်မာအလုပ် သမား ၏သားငယ် တစ်ဦး၏ ညာဘက်ပေါင် အား   သေနတ် ကျည်သင့်သွားခဲ့ ရကြောင်းသိရှိရသည်။
        ဒဏ်ရာရရှိသွားသည့် အသက်၁၂နှစ် အရွယ် ပထမတန်းကျောင်း သား   မောင်စိုင်း ၀ဏ္ဏဖြိုး ၏ ဖခင်ကိုဇေါ်နိုင် က “ ကျနော်တို့မှာ ဘာနေထိုင်ခွင့် လက် မှတ် မှမရှိဘူး။ ဒီနေ့မနက်မှာ ကလေး ဒဏ်ရာ ရပြီးတော့ ကျနော်တို့သူဌေးရောက် လာ တယ်။ မဲဆောက်ဆေးရုံကြီးကိုပို့ပေးတယ်။ ညနေမှာ ဆေးရုံ ကပြန်ဆင်းလာ ပြီ   ဖြစ်ပါတယ်။ ထိုင်းလူငယ် တစ်သုတ်တော့ရောက်လာတယ်။ ပုလိပ်ကိုမတိုင်ဖို့ အမှု မလုပ်ဖို့ အားလုံးကိုတာဝန်ယူတယ်လို့လာပြောသွားတယ်၊ ကလေး တက်နေတဲ့ ဒို့မိတ်ဆွေ ကျောင်းက ဆရာတွေနဲ့ အဲဒီထိုင်းတွေနဲ့ နက်ဖြန်ညှိနှိုင်းကြ မယ်လို့တော့ သိရတယ်” ဟုပြောသည်။

မြန်မာအလုပ်သမား ၃၄ ဦး ပွဲစားနှင့်အတူ စစ်ဆေးရေးဂိတ်တွင်ဖမ်းမိ




အောက်တိုဘာ ၈  ကိုတီး

ယမန်နေ့နံနက် ၅နာရီခန့်တွင် ဖက်ချဖူ စစ်ဆေးရေးဂိတ်အရောက်တွင် ထိုင်းနိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက်လာသည့်   မြန်မာအလုပ် သမား၃၄ဦးနှင့် မြန်မာ ပွဲစား အမျိုးသမီးတစ်ယောက်အား  ထိုင်းအာဏာ ပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းရပ် အွန်လိုင်းသတင်းစာတွင်ရေးသားဖေါ်ပြထားသည်။


05 October 2013

“MOU ဖေါက်ပြန်မှုအတွက် လူကုန်ကူးမှုဖြင့်အမှုဖွင့်လို”




အောက်တိုဘာ ၅      မြတ်ညို (အလွတ်သတင်းထောက်)

            စာချုပ်ပါစည်းကမ်းချက်များနှင့်မညီခြင်း၊ ထိုင်းကိုေ ရာက်ရှိပြီးနောက် ၂လနီးပါးခန့် အလုပ်မရှိပဲနေရခြင်းနှင့်အိပ် စရာစား စရာမရှိခြင်း၊ အနီးဝန်းကျင်တို့မှ တောင်း ရမ်းစား   သောက်နေ ထိုင်ရခြင်း တို့ကြောင့် MOU အလုပ်သမားတင် သွင်း သည့် မြန်မာကုမ္ပဏီများအား လူကုန်ကူးမှုဖြင့် အမှုဖွင့် တိုင်ကြားလို ကြကြောင်းအလုပ်သမားများက ပြောသည်။
မြန်မာအစိုးရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့တွင် အမှု ဖွင့်ထားသည့် ဘန်ကောက် မြို့အနီး မင်ဘူရီ Min Buri, Hathai Rat 37 road မှ မူဘန်း(အိမ်ယာ )ဆောက် လုပ်ရေး လုပ် ငန်းခွင်သို့စက်တင်ဘာ၂၄ရက်နေ့တွင်ရောက်ရှိခဲ့ကြ သည့်အောင်လံ၊ ပခုက္ကူ၊ ပေါက်၊ ကျောက်ပန်းတောင်း၊ မြိုင်၊ သရက်၊ မကွေးတို့မှ အလုပ်သမား ၁၉ဦးမှာ ယနေ့ နေ့ လည်   က မြ၀တီမြို့ ပြန်သွားခဲ့ကြပြီးဖြစ်သည်။
   

04 October 2013

“လုပ်ငန်းရှင်ညစ်ပတ်ထားသည့်လုပ်အားခ အချို့ပန်းရံအလုပ်သမာများရပြီ”



          
အောက်တိုဘာ ၄ မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta)
ဘူကစ်တာ အရပ်မှ  AEKSUPACHOK ဆောက်  လုပ်ရေးကုမ္ပဏီ အလုပ်သမား အလုပ် သမား ၁၁၀ ဦးတို့၏ လုပ်အားခများ ရရှိခဲ့သော်လည်း လုပ်အား ခ ဘတ်ငွေ တစ်သိန်းကျော်ခန့်ကျန်နေသေးကြော င်းအလုပ်သမားများကပြော သည်။

        အဆက်သွယ်ရှာဖွေ၍ အကူညီတောင်းခံနေ သူဖြစ်သည့် မရည်မွန်ကျော် ကသမီးတို့ကို  ဒီနေ့ မနက်က ပိုက်ဆံရှင်းပေးပါတယ်။ ပထမဖြတ်ေ တာက်ထားတဲ့ သုံးကြိမ်အတွက် အချို့ကငါးထောင်    ကျော်သုံးထောင်ကျော် ၊ နှစ်ထောင်ကျော် စီရရှိကြ တယ်။ အလုပ်သမား တစ်ဦးစီ ၆ရက်စာနဲ့ အချိန်ပို ပိုကြေးတွေကို မပေးသေးဘူး ။ စုစုပေါင်း ဘတ်ငွေတစ်သိန်းကျော် ကျန်နေသေးတယ်။တစ်ဦးချင်စီဆို ရင်တော့ဘတ်ငွေ သုံးထောင်လောက်စီကျန်နေသေးတယ်ရှင့်။ကျန်ငွေတွေကိုအခြား အလုပ်သမားတွေကို      လုပ်အားခထုတ် ပေးမယ့်နေ့မှာ အလုပ်သမားတွေ ကိုယ်တိုင် လာထုတ်နိုင်တယ်လို့ ပြောတယ်။  ရက်က အတိအကျမသိ ဘူးရှင်” ဟုပြောသည်။ 

“သတ်ဖြတ်ခံရတဲ့မြန်မာအလုပ်သမားလျှော်ကြေးရ”


 အောက်တိုဘာလ ၄   မြတ်ညို(အလွတ်သတင်းထောက်)
          ဘန်ကောက်မြို့အနီး မဟာချိုင် ထိုင်းလုံးစီ ငါးသေတ္တာ အလုပ်ရုံမှ မြန်မာ အလုပ် သမားတစ်ဦးအား ထိုင်းအလုပ်သမား၂ဦး ဓါးဖြင့်ထိုးသတ် သေဆုံးမှုအတွက် နစ်နာကြေး ဘတ်ငွေသုံးသိန်းကျော် ယမန်နေ့ က ရရှိပြီဖြစ်ကြောင်းသိရှိရသည်။
       ဇူလိုင်လ ၃၁ ရက်နေ့က အလုပ်ရုံသို့အသွား နံနက်ပိုင်းတွင် အလုပ်ရုံအနီး အရောက်တွင် စကား အနည်းငယ်များထားကြသည့် ထိုင်းအလုပ်သမား၂ဦးက အသက် ၁၉နှစ် မောင်အာကာစိုး ကို ဓါးဖြင့် ထိုးသတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဦးလေးတော်စပ်သူ ဦးသန်းထွန်းနိုင် ကပြောသည်။
“ထိုင်းအမျိုးသမီးတစ်ယောက်နဲ့ အလုပ်ထဲမှာ နဲနဲစကားများထားကြတယ်။ ကလေး အလုပ်ကိုသွားတဲ့ မနက် ပိုင်း အလုပ်ရုံရောက်ခါနီးမှာ ဆိုင်ကယ်စီး ထိုင်း၂ယောက်ဓါး နဲ့ ထိုးသတ်ခံရတာဖြစ်တယ်။ ရဲ ထွက်ဆိုချက်လည်း ဒီအတိုင်းပဲ ဖြစ်တယ်။ ဒီကိစ္စကို အစအဆုံးအကူညီးပေးတဲ့ MAT အဖွဲ့ မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး ကိုအထူးကျေး ဇူးတင်ပါတယ်” ဟု သေဆုံးသူ ၏ ဦးလေးကပြောသည်။


လူသတ်သမားကိုမူ ထိုင်းရဲများက ယနေ့တိုင်ဖမ်းဆီးနိုင်ခြင်းမရှိပေ။ ပကန်ချီဝစ်ခေါ် အသက်အာမခံကုမ္ပဏီမှ ဘတ်ငွေ သုံးသိန်း နှင့် ပကာစာခွန်းခေါ် လူမှုဖုံလုံရေးဌာန ကဘတ်ငွေ ၄၀,၅၇၂ အပြင် အလုပ်ရုံမှ  ဘတ်ငွေ နှစ်ထောင် ရရှိခဲ့ခြင်းဖြစ်သည်။  

03 October 2013

တိုက်တိုက်ဆိုင်ဆိုင်


နေ့လည် ၃ နာရီခန့် က ထိုင်းနိုင်ငံ မဟာချို င်း လေးထပ် ရဲစခန်းမှနေပြီး မြန်မာနိုင်ငံ သားတဦးပါတ်စပို့ပါပါတယ် ဒါပေမဲ့ ဝပ်ပါမစ် မပါသဖြင့် အဖမ်းဆီးခံနေရပြီး ဘတ်ငွေ ၂ ထောင် (မြန်မာငွေနဲ့ဆို) ၆သောင်းခန့်  ပေးနိုင်မှ သွားခွင့်ပေးမယ် ပြောပြီး အခက်တွေ့ နေပါသဖြင့် ကူညီပေးပါရန် လိပ်စာကဒ် ရထားသဖြင့် ဖုန်းထိုး အကူ အညီ တောင်းခံပါကြောင်း ဆက်သွယ်လာသဖြင့်ထိုင်းရဲအား ဖုန်းပေးလိုက် ရန်ပြောပြပြီး အဖမ်းခံထားသူမှ သက်ဆိုင်ရာ ရဲများကို ဖုန်းပေးရာ ဘယ်သူမှ မယူကြ ဘဲ ၅ယောက်မြောက် နောက်တဦးက လက်ခံပြောသဖြင့်

01 October 2013

“ရွှေလုပ်သားဂျာနယ်ကိုအားပေးဖတ်ရှု့ခဲ့ကြသော မိတ်ဆွေများသို့မေတ္တာရပ်ခံချက်”



          “ရွှေလုပ်သားဂျာနယ်ကိုအားပေးဖတ်ရှု့ခဲ့ကြသော မိတ်ဆွေများသို့မေတ္တာရပ်ခံချက်”


ကျနော်တို့ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့MAT သည် “ရွှေလုပ်သားဂျာ နယ်” အား၂၀၁၁ ခုနှစ်အောက်တိုဘာလ မှ စတင်၍ ၂၀၁၃ ခု အောက်တိုဘာလ ထုတ် အထိ ၂နှစ်တိုင်တိုင် (စောင်ရေ အားဖြင့် ၂၃စောင်) ထုတ်ဝေခဲ့ကြပါသည်။ 
       ကျနော်တို့ ထုတ်ဝေခဲ့သည့်သတင်းစာတွင် အင်္ဂလိပ်စာအခြေခံ၊ ကွန်ပျူတာ အခြေခံများအပြင် ထိုင်းအလုပ်သမားဥပဒေ တို့ကို အခန်းဆက် တင်ပြခဲ့ပါသည်။ အဆက်အသွယ်မရပဲ ကွဲကွာနေကြသည့် မိသားစုများကို ကြော်ညာ၍ ရှာဖွေပေးနိုင် ခဲ့သည်။

“လက်မှိုင်ချရုံမှတစ်ပါး”



                                                     “လက်မှိုင်ချရုံမှတစ်ပါး”
            နိုင်ငံတစ်နိုင်ငံမှာ ကျင့်သုံးနေတဲ့ဥပဒေကို အခြားနိုင်ငံတစ်ခု က ပြင်ဆင်ဖို့   ပြောနိုင်ဖို့နေနေသာ သာကမ္ဘာ့ အသင်းကြီးတစ်ခုဖြစ်တဲ့ ကုလသမဂ္ဂ   တောင်မ တတ်နိုင်……………………..
         ဘာကြောင့် လူမိုက်လုပ်ပြီးပြောရသလဲဆို ရင် လက်ရှိအခြေအနေမှန်ကို မပြောရင် အနာဂတ် ကိုသစ္စာဖေါက်ရာရောက်တယ် ဆိုတဲ့ ပညာရှင်တွေ ရဲ့အဆို အမိန့်အရရော အမှန်တရားကိုမြတ်နိုးတဲ့ အတွက်ပါ ထောက်ပြပြော ဆိုရခြင်းဖြစ် တယ်။
        ဖြစ်ရပ်(၁) ၂၀၁၃ စက်တင်ဘာလကုန်နေ့မှာ လူကုန်ကူးခံခဲ့ရတဲ့အလုပ်သမား တစ်ဦး ကော့သောင်း လူကုန်တားက ရနောင်းကယ် ဆယ်ရေးစခန်းထဲ မှာလာခေါ် သွားတယ်။ ပြန်မယ့်အလုပ်သမား ကိုဝင်းနိုင် ကို စာအိပ်တစ်အိပ်ကို ကိုင်စေပြီး ကယ်ဆယ်ရေးစခန်းက ထိုင်းအရာရှိတွေ ဓါတ်ပုံတွေရိုက်ကြတယ်။