30 June 2015

“အသက်သေဆုံးမှုအတွက် လှေပိုင်ရှင်က ဘတ်ငွေရှစ်သောင်းပေး၍အမှုပိတ်သိမ်း” "သွေလန့်တတ်သူများမကြည့်ပါနှင့်"

                          
၂၀၁၅ ဇွန်လ ၃၀

ကိုတီး
           
     ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ နခိုစီဌာမရမြို့နယ်၊ ခနုန်ငါးဖမ်းလှေဆိပ် ဖက်ကဆင်ဖယ်တွင် ပန်ကာခုတ်မိ၍ သေဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ မိခင်ဖြစ်သူထံသို့ လှေပိုင်ရှင်က ဘတ်ငွေ ရှစ်သောင်းပေး၍ အမှုကြေးအေးခိုင်းကြောင်း သိရှိရသည်။

         ဇွန်လ၂၇ ရက်နေ့က မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ ကြက်ရစ်တွင်း ကျေးရွာမှ အဖ ဦးအေးဝင်း+ဒေါ်ဟင်စိန် တို့၏သား အသက်၃၈ နှစ်အရွယ် (ပိုက်ဆရာ) ကိုဉာဏ်ဝင်း သည် ငါးဖမ်းလှေ အမှတ်(၂၅) ရပ်နား ထားစဉ် ပန်ကာတွင် အမှိုက်များညိကပ်နေသလားဟု ရေထဲသို့ဆင်း၍ စစ်ဆေးနေစဉ် စက်ဆရာက ငါးဖမ်းလှေ၏ စက်ကို ဂီယာ ထိုးမိခဲ့သည်။ ထို့ကြောင့် ကိုဉာဏ်ဝင်း၏ ကြောပြင်တွင် ကြီးမားသည့်ပြရှ ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့သည်။

          ငါးဖမ်းလှေတွင် မြန်မာအလုပ်သမား၅ဦးပါရှိပြီး မွန်းလွဲ ၃နာရီခန့်က ရေထဲသို့ ဆင်းသွားခဲ့ပြီး ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံတွေရခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက MAT အဖွဲ့သို့ပြောသည်။

          သေဆုံးသူ၏မိသားစုများက မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MATသို့ ဆက်သွယ်၍ အကူညီတောင်းခံလာခဲ့ပါသည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“သေမှုသေခင်းလည်းဖြစ်၊ ကျနော်တို့နဲ့ အလှမ်းဝေးတဲ့နေရာဖြစ်နေတာ တို့ကြောင့် လုပ်သင့်လုပ်အပ်တာတွေကို ဘယ်လိုလုပ်ပါ။ ဘယ်ကိုသွားပါ ဆိုပြီး အကြံပေးခဲ့ပါတယ်။ အမှုကိုသာ တောက်လျှောက် စိစစ် ဖေါ်ထုတ်ကြမယ်ဆိုရင် အချိန်တွေကြာသွားနိုင်တယ်။ စရိတ်စကတွေလည်းအများကြီး ကုန်ကျသွားနိုင်ပါတယ်။ ဘာပြောပြော မိခင်ဖြစ်သူက တရားနဲ့ဖြေပြီး သေဆုံးသွားသူအတွက် အလှူအတန်း လုပ်လို့ရရုံဘတ်ငွေရှစ်သောင်းရရင် ပြီးရင်ပြီးရော သဘောထားလိုက်ပုံပါပဲ။ အယင်နှစ်ပေါင်းများစွာက လှေဆိပ်တွေမှာ သေဆုံးခဲ့ကြတဲ့ မြန်မာအလုပ်သမားတွေအများကြီးပဲ။ ခု ကျနော်တို့ လုပ်ပေးနိုင်သမျှ မြန်မာတွေအတွက် အကျိုးရှိတယ်လို့ပြောလို့ရပါတယ်” ဟုဆိုသည်။ 

    အလောင်းကိုယနေ့ညနေ၌ ခနုန်လှေဆိပ်ဘုန်းတော်ကြီးကျောင်းဝင်းတစ်ခုထဲတွင် မီးသဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။ ခနုန်းငါးဖမ်းလှေဆိပ်တွင် ဒေသခံ ထိုင်းရဲများနှင့် မြန်မာပွဲစားတို့ ပူပေါင်း၍ ငါးဖမ်းလှေသို့ မြန်မာအလုပ်သမားများကို ရောင်းစား လေ့ရှိသဖြင့် MAT အဖွဲ့ မကြာခဏ သွားရောက်ကယ်ထုတ်ရကြောင်း သိရှိရသည်။
          

       

28 June 2015

“လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဒေါ်လာ ၅,၀၀၀ လှူဒါန်း”

        
၂၀၁၅ ဇွန်လ ၂၈
မြတ်ညို( အလွတ်သတင်းထောက်)

           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် က ထိုင်းနိုင်ငံဘန်ကောက်မြန်မာသံရုံး (လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီ) နာယက သံအမတ်ကြီး ဦးဝင်းမောင် ထံသို့ အမေရိကန်ဒေါ်လာ ၅,၀၀၀ ပေးပို့လှူဒါန်းကြောင်း သိရှိရသည်။

                 ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတည်ရှိရာ ထိုင်းနိုင်ငံတောင်ပိုင်း တောင်တရုတ်ပင်လယ်ပြင်ထဲမှ (လိပ်ကျွန်း (ခ) Koh Tao) မှာ၂၀၁၄ ခု နှစ် စက်တင်ဘာလ ၁၅ ရက်နံနက်ပိုင်းက အင်္ဂလန်နိုင်ငံသား အသက် ၂၃ နှစ်အရွယ် David William Miller အသက် ၂၄ နှစ်အရွယ် Hannah Witheridge တို့ ၂ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြရသည်။ နိုင်ငံတကာ မီဒီယာများ၏ အင်တိုက်အားတိုက်ဖေါ်ပြလာမှုကြောင့် ထိုင်းအစိုးရသည် မြန်မာအလုပ်သမား ၀င်းဇော်ထွန်းနှင့် ဇော်လင်း တို့အား အောက်တိုဘာလ ၁ ရက်၌
ဖမ်းဆီး၍ ၃ရက်နေ့က နိုင်ငံတကာသတင်းမီဒီယာများရှေ့တွင် လူသတ်တရားခံအဖြစ် စွတ်စွဲကာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။   

           ဘန်ကောက်မြို့မြန်မာသံရုံးမှ သံအမတ်ကြီးဦးဝင်းမောင်သည် အောက်တိုဘာ ၄ ရက်နေ့တွင်  အထူးစုံစမ်းရေးကော်မတီကို ချက်ခြင်းဖွဲ့စည်းလျှက် အမှုမှန်ပေါ်ပေါက်ရေးအတွက် စိုက်လိုက်မတ်တပ် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ယမန်နှစ်က အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဦး နှင့် ဒေါက်တာ ခင်ရွှေနှင့်အခြားအလှူ ရှင်၁ဦးတို့က  ကျပ်ငွေသိန်း၃၀၀ အား ရခိုင်ကူညီရေးအဖွဲ့တစ်ခုသို့လှူဒါန်းခဲ့သည်။ ရခိုင်ကူညီရေးအဖွဲ့က အထူးစုံစမ်းရေးကော်မတီထံသို့ ဒေါ်လာ  ၁၇,၀၀၀ (ကျပ်ငွေ သိန်း၁၇၀ခန့်) လှူဒါန်း ခဲ့ပါသည်။
           လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီအဖွဲ့ဝင် ဦးကျော်သောင်း က“နိုင်ငံတော်အကြီးအကဲတွေက စွတ်စွဲခံနေကြရတဲ့ အလုပ်သမား၂ ယောက်အတွက် ထောက်ပံ့ကူညီပေးတာကို အတိုင်းထက်အလွန်ဝမ်း
 မြောက်ပါတယ်။ ကလေး၂ယောက်ကံကောင်းပါစေဗျာ။ ဒီလိုကူညီထောက်ပံ့ပေးတဲ့အတွက် အလုပ်သမားတွေကိုယ်စား အထူးစုံစမ်းရေးကော်မတီကိုယ်စား ဗိုလ်ချုပ်မှူးကြီး ကျမ္မာပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ နောက်ထပ် လှူဒါန်းလိုသူတွေအနေနဲ့လည်း မြန်မာသံရုံးကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်” ဟုပြောသည်။

             လိပ်ကျွန်းလူသတ်မှုအား လာမည့် ဇူလိုင်လ ၈၊ ၉၊ ၁၀ ရက်တို့တွင် တရားလိုပြသက်သေများအား ကော့စမွေတရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်သည်။ ယမန်နှစ် တရားခွင်တွင် လိပ်ကျွန်းကော်မတီဝင် ရှေ့နေကြီး ဦးအောင်မျိုးသန့်က အမှုဖြစ်ပြီး ပြန်သွားခဲ့သည့် သေဆုံးသူတို့၏ သူငယ်ချင်း ၂ဦးဖြစ်သော ဒဏ်ရာများဖြင့် ပြန်သွားခဲ့ကြသည့် Sean-McAnna  နဲ့ Cristofar alan-ware- တို့အား သက်သေထွက်ဆိုရန် ခေါ်ပေးဖို့ ကော့စမွေတရားရုံးတွင် တင်ပြခဲ့သည်။

        ဧပြီလကုန်တရားရုံးချိန်းတွင် ရှေ့နေများကောင်စီမှ မျိုးရိုးဗီဇ DNA အားပြန်လည်စစ်ဆေးခွင့်ပြုရန်တောင်း ဆိုခဲ့သဖြင့် ခွင့်ပြုခဲ့သည်။

  အမှုရင်ဆိုင်နေကြရသော ကော့စမွေကျွန်းသည် ဘန်ကောက်မြို့မှ ခရီးကွာ ဝေးလွန်းသဖြင့် ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီတို့တွင်စရိတ်စက များစွာကုန်ကျကြောင်း သိရှိရသည်။ ထို့ကြောင့် အထူးစုံစမ်းရေးကော်မတီနှင့် ထိုင်းရှေ့နေများကောင်စီတို့က ထိုင်းအစိုးရထံသို့ အမှုတွဲအား ဘန်ကောက်မြို့တွင် ရုံးတင်စစ်ဆေးရန်အတွက် တရားရုံးသို့တင်ပြတောင်းဆိုခဲ့ရာ ပယ်ချခံခဲ့ရသည်။

       စုံစမ်းစစ်ရေးအဖွဲ့မှ ရရှိထားသည့် မြန်မာသက်သေများ သက်သေထွက်ဆိုနိုင်ရေးအတွက် လောလော ဆယ်တွင်အခက်အခဲရှိနေသော်လည်း   အမှုလိုအပ်ချက်အရ လုပ်ဆောင်သွားမည်ဟု စုံစမ်းရေးတာဝန်ယူ ထားသူ ဦးကျော်သောင်း က ဆက်လက်ပြောဆိုသည်။

          လူသတ်မှုဖြင့် စွတ်စွဲဖမ်းဆီးချုပ်နှောင်ခံနေရသည့် ကိုဝင်းဇော်ထွန်း ၏ဖခင် ဦးထွန်းထွန်းထိုက်သည် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် ကာပီချောင်းကျေးရွာတွင် ကွယ်လွန်သွားခဲ့သည်။

         ယခုနှစ်မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီတွင် အလုပ်အဖွဲ့၃ဖွဲ့ပြင်ဆင်ဖွဲ့ စည်းထားကြောင်းသိရှိရပါသည်။ လိပ်ကျွန်းအမှုသည် အင်္ဂလန်၊ ထိုင်းနှင့် မြန်မာနိုင်သားတို့ ၏  သိမ်မွေ့ရှုတ်ထွေးသည့် သုံးပွင့်ဆိုင် ပဟေဠိ ပုစ္ဆာတစ်ခုအဖြစ် တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် လူသတ်မှုတစ်ခုဖြစ်ပါသည်။



27 June 2015

“၃လခန့် အလုပ်မလုပ်ရ၊စိတ်ဓါတ်ကျ၍MOU အလုပ်သမား၉ဦး ပတ်စပို့ရွေးပြီးအိမ်ပြန်”

        

၂၀၁၅ ဇွန်လ ၂၇

ကိုခွန်
             မေ၀င့်ကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သမားများအလုပ်အကိုင်မရှိပဲဖြစ်နေကြရာမှ စိတ်ဓါတ်ကျ၍ အလုပ်သမား ၉ဦး ပတ်စပို့ကို ဘတ်တစ်သောင်းပေး၍ ရွေးကာ မြန်မာပြည်သို့ယမန်နေ့ညနေက ပြန်သွားခဲ့ကြောင်း သိရှိရသည်။

        ပြန်သွားကြသူများမှာ ဇွန်လ ၁၈ ရက်နေ့က ထိုင်းနှင့်မြန်မာအေဂျင်စီပွဲစား များရိုက်နှက်ခြင်းကိုခံခဲ့ကြ ရသော ကိုယမင်း၊ ကိုသိန်းကြည်၊ ကိုထွန်းထွန်းမင်း နှင့်၊ မြင့်စိုင်း၊ ဖိုးကော်၊ မြတ်စိုး၊ အောင်တင်စန်း၊ ကျော်ကျော် နှင့် ဘိုရွှေ (၉)ဦးတို့ဖြစ်ကြသည်။ ၎င်းတို့သည် မြန်မာပြည်တွင် မိမိငွေကြေးဖြင့်လုပ်လာသည် နိုင်ငံကူးလက်မှတ်စာအုပ်(ပတ်စပို့)ကို ဘတ်ငွေ တစ်သောင်း ပေး၍ အေဂျင်စီပွဲစား ဒေါ်သန်းသန်းမူ ထံမှရွေးယူသွားခဲ့ကြခြင်းဖြစ်သည်။   
  
ယခုပြဿ     နာတက်ကြသည့်အလုပ်သမားများသည် ၄၊ ၂၊ ၂၀၁၅ နေ့ကကန်ချနဘူရီခရိုင်၊ VITA နာနတ်သီး စက်ရုံ တွင်ထိုင်းပွဲစားများစုပေါင်းဖွဲ့စည်းထားသော VV Group နှင့် မေ၀င့်ကုမ္ပဏီတို့သည် ရန်ကုန်မြို့ ပင်လုံ ခန်းမတွင် သစ်သီးဖျော်ရည်အလုပ်လုပ်ရမည်ဟုဆိုကာ၊ ရန်ကင်းကျောက်ကုန်း တွင် အလုပ်သမား၂၀၀ ဦး စာချုပ်ချုပ်ဆိုလာခဲ့ပါသည်။ အလုပ်သမားများသည် တစ်ဦးလျှင်ကျပ်ငွေ ၆သိန်း/၇သိန်းအထိ ကုန်ကျခဲ့ကြ ကြောင်းပြောပါသည်။


      အဆိုပါနေရာတွင် အလုပ်သမား ၅၂ဦးတို့ အလုပ်အကိုင်မလုပ်ရပဲ ၃လ ကျေ်ကြာနေသည့်အပြင် ထိုင်းနှင့်မြန်မာ အေဂျင်စီတာဝန်ရှိသူများကပါ ရိုက်နှက်ကြပါသည်။ ထို့ကြောင့် ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT မှ အဖွဲ့ဝင်တစ်ဦးက လျှို့ဝှက်သွားရောက်၍ ဓါတ်ပုံနှင့်အချက် အလက်အပြည့်အစုံရယူပြီး နေပြည်တော် အလုပ်သမားဝန်ကြီးဌာန နှင့် ဘန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိတို့ထံသို့ စာရေးတင်ပြခဲ့ပါသည်။  အလုပ်သမားသံအရာရှိ ဦးလှထွန်း သည် အဆိုပါ  အလုပ်သမား များထံအေဂျင်စီ တာဝန်ရှိသူ ဒေါ်သန်းသန်းမူ တို့နှင့် ညနေ ၃နာရီတွင် ဘော်ဖွယ်ဆ၀ါဒီကန် ရုံးသို့ သွားရောက်ရှင်းလင်းခဲ့သော်လည်း ကိစ္စမပြီးစီးခဲ့ပါ။

  ဇွန်လ၂၁ ရက် တနင်္ဂနွေနေ့တွင် VV Group အလုပ်သွင်းသည့်အေဂျင့် ဒါရိုက်တာ ရှိုင်းလတ်က လုပ်မည်သူလုပ်မလုပ်သည့်လူကို မြန်မာပြည်ကို ပြန်ပို့မည်ဟု ခြိမ်းခြောက်သဖြင့် ပွဲစား ဒေါ်သန်းသန်းမူ အား MAT က ဖုန်းဆက်၍ ပြောဆိုခဲ့ရပါသည်။

        ဇွန် ၂၂ ရက်နေ့တွင် အလုပ်သမားများအား ရိုက်သတ်ခံရသည့်အမှုကိစ္စနှင့် လုပ်အားခများအား ရှင်းပေး ခြင်းမရှိပဲ အလုပ်ရုံ၏ အနီးပတ်ဝန်ကျင်တွင် ထိုင်းရဲနှင့်လ၀က ကားများ စောင့်ကြည့်နေခဲ့ပါသည်။ ညဥ့်တွင် ဒေါ်သန်းသန်းမူ က အလုပ်သမားများအား ဘန်ကောက်မြို့ ဖလန်းဆောင် လမ်း ၅၀ ရုံးသို့ ခေါ်ဆောင်လာ ခဲ့ပါသည်။
       
         ၂၅၊ ၆၊ ၂၀၁၅ နေ့တွင်  မေ၀င့်ကုမ္ပဏီ ဒါရိုက်တာဦးမြင့်အောင် ရောက်လာပြီး အလုပ်သမားများအား ဟိုတိုင်ဒီတိုင် လုပ်ကြသူတွေလာရှင်းကြသလား၊ အလုပ်ပြောင်းခ ဘတ်ငွေ ၃,၀၀၀ ပေးရမည်ဟုပြောဆို
 ကြောင်း အလုပ်သမားများကပြောပါသည်။ မပေးနိုင်ကြောင်း အလုပ်သမားများကငြင်းဆန်ခဲ့ကြပါသည်။

      ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ထိုင်းနိုင်ငံအတွင်းကို  MOU နဲ အလုပ်သမားတင်သွင်းတာကို သွေးရိုး သားရိုးမလုပ်ကြပဲ တရားဝင် လူကုန် ကူးနေသလိုဖြစ်နေတယ်လို့ ကျနော်ပြောဖူးပါတယ်။ မေ၀င့်ကုမ္ပဏီက သွင်းထားတဲ့အလုပ်သမားတွေ လက်ရှိ စူရတ်ဌာနီမှာ၊ ကော့စမွေးကျွန်းမှာ၊ VITA နာနတ်သီးစက်ရုံမှာ စူဖန်ဘူရီက F&Fကြက်သားစက်ရုံမှာအလုပ် မလုပ်ရတဲ့ အလုပ်သမားတွေ ရာချီပြီးရှိနေပါတယ်။ အလုပ်မရှိပဲ အလုပ်သမားခေါ်စာအမျိုးမျိုးနဲ့ သွင်းနေတာ ကြာပြီ၊ မြန်မာအစိုးရ မေ၀င့်ကုမ္ပဏီကို ဘာမှအရေးမယူဘူး။ မေ၀င့်ကုမ္ပဏီကသာ ကျနော့် ကို ထိုင်းစစ်တပ်မှာ အမှုဖွင့်တယ်။ ကျနော်ဖြေရှင်းဖူးတယ်” ဟုပြောသည်။

       ၂၀၁၄ ခုနှစ် စက်တင်ဘာလက MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းအား မေ၀င့်ကုမ္ပဏီမှ ဦးဝင်းမြင့် ဆိုသူ လက်မှတ်ရေးထိုး၍ (ထိုင်းဘုရင်မင်းမြတ်ကြီး…အစချီ၍ MOU စနစ်ကိုပျက်စီးအောင်ကြံဆောင်နေသော တရား မ၀င်အဖွဲ့အစည်း MAT နှင့် ဦးကျော်သောင်း အား ပြင်းပြင်းထန်ထန်အရေးယူပေးရန်) တိုင်ကြားခဲ့ဖူးသည်။

         ဆက်လက်၍“မြန်မာအလုပ်သမားတွေ ထိုင်းကိုလာဖို့အတွက် ငါးသိန်းခြောက်သိန်းကုန်တယ်။ ကိုယ့် ပိုက်ဆံနဲ့လုပ်ထားတဲ့ ပတ်စပို့ကိုသုံးသိန်းလောက်ပေးပြီးရွေးရတယ်။ ဒီအလုပ်သမားလူတန်းစားတွေ ဘ၀ ပျက်ပြီပေါ့။ ထိုင်းကိုရောက်လာတဲ့အလုပ်သမားတွေကို ပတ်စပို့ရွေးခိုင်းတယ်ဆိုတာ။ MOU နဲ့လာတဲ့အလုပ်သမားတွေ အခြားနေရာမှာလုပ်လို့ရသလား၊ မရဘူးလားဆိုတာ မြန်မာအလုပ်သမားဝန်ကြီးဌာနရော အေဂျင်စီတွေပါသိကြပါတယ်။ သိလျှက်နဲ့ ကိုယ်ကျိုးတစ်ခုတည်းအတွက် အလုပ်သမားတွေကို ဘာကြောင့် ဒီလိုရွေးခိုင်းကြသလဲဗျာ” ဟုပြောသည်။

        
            မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအဖွဲ့ချုပ်( ပွဲစားများအဖွဲ့ချုပ် MOEAF)  တရား ၀င် လူတင်ပို့ခွင့်လိုင်စင်ခွင့်ပြုချက်မရမီ ၂၀၁၄ ခု နိုဝင်ဘာ ၆ ရက်နေ့က လိပ်ကျွန်လူသတ်မှုစွပ်စွဲခံ မြန်မာအလုပ်သမားမိဘများအားလိုက်ပို့၍ အပြန်တွင် ရန်ကုန်မင်္ဂလာဒုံလေယာဉ်ကွင်းတွင် ဦးကျော်သောင်း အား အမည်ပျက်စါရင်းတင်သွင်းထားသဖြင့် ၁နာရီနီးပါးရှင်းလင်းခဲ့ရသည်။ မြန်မာလ၀က ၀န်ကြီးဌာနက အမည်ပျက်စါရင်းထည့်သွင်းထားခြင်းမရှိကြောင်း ငြင်းဆိုထုတ်ပြန်ကြေညာခဲ့သည်။

         ပြဿ     နာပေါင်းသောင်းခြောက်ထောင်ဖြစ်နေသည့် ထိုင်းရောက် MOU အလုပ်သမားများ၏ ဖြစ်စဉ်ဖြစ်ရပ်အမှားအမှန်များကို စုံစမ်းစစ်ဆေးခြင်းတစ်စုံတစ်ခါမပြုလုပ်ပဲ  မြန်မာအလုပ်သမားဒုဝန်ကြီး ဦးထင်အောင် က ဧပြီလ ၂၇ ရက်နေ့တွင် မက်ဆင်ဂျာသတင်းဌာန အင်တာဗျူးတွင် MAT အဖွဲ့သည် အစိုးရကိုစော်ကားနေကြောင်း မှတ်ချက်ပြုပြောဆိုခဲ့သည်။

        ပွဲစားများအဖွဲ့ချုပ်  MOEAF  ကဦးဆောင်၍ ၂၀၁၅ ခုမေလ ၃၀ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာတွင် အလုပ်သမားများကို မတရား မှုများကျူးလွန်နေသော အေဂျင်စီ ၁၁ ခု တို့လက်မှတ်ရေးထိုး၍ ပြည်ထောင်စုလွှတ်တော်ဥက္ကဌ  သူရဦးရွှေမန်းထံသို့ အိတ်ဖွင့်ပေးစာဟူ၍ ဦးကျော်သောင်း အား ပုတ်ခတ်စွတ်စွဲ  ထုတ်ပြန်ခဲ့သည်။ အလားတူ MAT အဖွဲ့ဝင်များသည် ၀ရမ်းပြေးများ၊ စစ်ပြေးများဖြစ်ကြောင်း ယုတ်ညံ့စွာရေးသားထားပြန်ပါသည်။

     ၂၀၁၅ ခု ဇွန်လ၂၆  ရက်နေ့ထုတ်ပြည်မြန်မာသတင်းစာ နှင့်  ပွဲစားများအဖွဲ့ချုပ် MOEAF အထွေထွေ အတွင်းရေးမှူး ဦးကျော်ထင်ကျော် က (အဲဒီလိုတောင်းခံလာတာရှိတယ်လို့သိရပါတယ်။ တချို့ကာယကံရှင် ကုမ္ပဏီတွေက လာပြောတာကြောင့် သိရတာပေါ့နှော်၊ တချို့ကလည်း သူတိုဘာသာပေးလိုက်တာလည်း ရှိတယ်။ အပြင်ကိုတော့ထုတ်မပြောဘူး။ ဘာကြောင့်ဒီလိုတောင်းရတာလဲဆိုတာ အေဂျင်စီအတော် များများက အနည်းနဲ့အများပြဿ     နာရှိကြတာပါ။ ပါတနာအေဂျင်စီဆိုရင် MAT ကပြဿ     နာမရှိဘူး။ ပါတနာအဟုတ် တဲ့အေဂျင်စီတွေကိုတော့ ပြဿ     နာရှာတယ်” ဟု MAT အဖွဲ့အား စွတ်စွဲဖေါ်ပြထားသည်။


         MATအဖွဲ့သည် ငွေကြေးအခက်အခဲများစွာရှိသော်လည်း ကိုယ်တိုင်ခံစားနေကြရသည့် MOU အလုပ်သမား ၆ဦးတို့အား ဇွန်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ခေါ်ဆောင်သွားခဲ့သည်။ ဇွန်လ ၄ ရက်နေ့တွင်မြန်ဂျာနယ် လစ်များကွန်ယက် ခန်းမထဲတွင် သတင်းစာရှင်းလင်းပွဲတစ်ခုကျင်းပခဲ့ပါသည်။
     သတင်းစာရှင်းလင်းပွဲတွင် ဦးကျော်သောင်း က“MOEAF ဟာ မဟုတ်တာကိုသေချာအောင် သတင်းလိမ်ရှင်းပြီး၊နိုင်ငံတော်လူကြီးတွေနဲ့ မြန်မာနိုင်ငံသားတွေကိုလိမ်နေတာပါ။ ထိုင်းကိုပို့နေတဲ့အေဂျင်စီလေးငါးခြောက်ဆယ်ထဲက  မိမိတို့လုပ်ရပ် မှန်ကန်တယ်၊ တိကျတယ်လို့အာမခံရဲတဲ့  အေဂျင်စီတစ်ခု က အလုပ်သမားခေါ်စာတစ်စောင်ကိုင်ပြီး မြန်မာသတင်းထောက်တွေနဲ့ လာခဲ့စမ်းပါထိုင်းကို။ အဲဒီအချိန်ခါ ကျနော်မှားရင် ကျနော့်ကို ဥပဒေအရ အရေးယူပါ။ အေဂျင်စီမှားရင် အေဂျင်စီကိုယူပါ” ဟု စိန်ခေါ်ခဲ့သည်ဟု ဆိုသည်။

          ယမန်နေ့က ပြန်သွားသည့် အလုပ်သမား ၉ဦးနှင့် အတူတူ လာခဲ့ကြသည့် အလုပ်သမားများသည်
ဘန်ကောက်မြို့ ဖလန်းဆောင် လမ်း၅၀ တွင်ရှိသည့် ဒေါ်သန်းသန်းမူ ၏ ရုံးတွင်အလုပ်မရသေးပဲ ရှိနေကြဆဲဖြစ်ပါသည်။  မေ၀င့်ကုမ္ပဏီမှ တင်ပို့ထားပြီး အလုပ်မရှိပဲ ရာချီရှိနေသည့်အလုပ်သမားများရှိနေသည့်နေရာများသို့ MAT အဖွဲ့က လိုက်လံပြရန်အဆင်သင့်ရှိကြောင်း ပြောသည်။


26 June 2015

လိပ်ကျွန်း လူသတ်မှု အမှုမှန်ပေါ်ရေး ဗြိတိသျှနှစ်ဦး၏ သက်သေထွက်ဆိုမှု လိုအပ်နေ



ဧရာဝတီ    ခင်ဦးသာ|June 26, 2015 



ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး အမှုမှန် ပေါ်ပေါက်ရန်အတွက် ဗြိတိသျှ နိုင်ငံသား နှစ်ဦး၏ သက်သေထွက်ဆိုမှု အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

လိပ်ကျွန်းလူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ အမှုသည် ခိုင်လုံသည့် မျက်မြင် သက်သေမရှိဘဲ မျိုးဗီဇ NDA စစ်ဆေးချက်အရ ဖမ်းဆီးထားရခြင်း ဖြစ်သောကြောင့် မျက်မြင်သက်သေများဖြစ်သည့် ဗြိတိန်နိုင်ငံသား ရှောင်နှင့် ခရစ္စတိုဖာတို့၏ ထွက်ဆိုမှုသည် အလွန် အရေးပါနေခြင်း ဖြစ်သည်။

လူသတ်မှုနှင့် ပတ်သက်သည့် သက်သေ အထောက်အထားများ ဖြစ်သော DNA ပြန်လည် စစ်ဆေးရန် ကော့စမွေခရိုင် တရားရုံးက ဧပြီလတွင် အမိန့်ချမှတ်ခဲ့သော်လည်း ယခုအချိန်ထိ စစ်ဆေးမှု မလုပ်နိုင်ဘဲ ကြန့်ကြာနေကြောင်း သိရသည်။

“DNA ကို ပြန်စစ်မယ် ဆိုရင်တောင် ရာသီဥတု၊ နေရာ အပြောင်းအလဲတွေကြောင့် အမှန်ပြန်ရနိုင်ဖို့ အားနည်းသွားပြီလို့ ဦးဆောင်စစ်ဆေးမယ့် မှုခင်းဆရာဝန်ကြီး ဖွန်ထေ့က ပြောတယ်။ ဒါကြောင့် အမှုမှန် ပေါ်ပေါက်ရေး အတွက်ဆိုရင် သေဆုံးသူတွေရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ရှောင်နဲ့ ခရစ္စတိုဖာတို့ရဲ့ သက်သေထွက်ဆိုချက်ဟာ အရမ်း အရေးကြီးနေတယ်ဟု ထိုအမှုအား ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဆိုသည်။

သို့သော် ရှောင်နှင့် ခရစ္စတိုဖာတို့သည် ဗြိတိသျှ နိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်၍ ၎င်းတို့အား သက်သေထွက် ဆိုခွင့် ပြု မပြု ဆိုသည်ကို ဇူလိုင်လ ၈ ရက် ရုံးချိန်းရောက်မှသာ သိရှိနိုင်မည် ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ဆက်ပြောသည်။

ရှောင်သည် အမှုဖြစ်ပွားခဲ့သည့် နေ့ရက်တွင် လက်၌ ဒဏ်ရာရခဲ့ပြီး ၎င်းကိုင်ဆောင်သည့် ဂီတာတွင်လည်း သွေးများပေနေသော ဓာတ်ပုံများက လူမှုကွန်ရက် စာမျက်နှာများတွင် ပြန့်နှံ့ခဲ့သည့်အတွက် ၎င်းသည် ခိုင်လုံသည့် သက်သေဖြစ်နိုင်ကြောင်း သုံသပ်မှုများ ထွက်ပေါ်ခဲ့သည်။

ထိုအချက်အလက်များကြောင့် ၎င်းတို့ထံမှ အနီးစပ်ဆုံး အဖြေတခု ရရှိနိုင်မည်ဟု မျှော်လင့်ပြီး သက်သေ ထွက်ဆိုခွင့်ပြုရန် တရားရုံးသို့ ဧပြီလအတွင်းက လျှောက်ထားခဲ့သော်လည်း ယနေ့အထိ အဖြေမရရှိသေးကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ တရားလိုဘက်မှ သက်သေ ၆၅ ဦး၊ တရားခံဘက်မှ ၃၁ ဦး တင်ထားကြောင်း သိရသည်။ ထိုတရားလိုပြ သက်သေများကို ဇူလိုင်လ ၈ ရက်တွင် စတင် စစ်ဆေးမည်ဖြစ်ပြီး အမှုတခုလုံးအား အောက်တိုဘာလတွင် အပြီးကြားနာ စစ်ဆေး၍ စီရင်ချက်ချမည်ဟု ကော့စမွေခရိုင် တရားသူကြီးက ပြောဆိုထားသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ နှစ်ဦးစလုံးသည် ကျန်းမာရေး ကောင်းမွန်ပြီး အမှုမှန် ပေါ်ပေါက်ရေး ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံထားကြောင်း၊ ၎င်းတို့ လွတ်မြောက်မည်ဟုလည်း မျှော်လင့်နေကြကြောင်း မြန်မာသံရုံး အထူးအဖွဲ့က ပြောသည်။

ဗြိတိသျှ နိုင်ငံသား နှစ်ဦးသည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကော့တောင်ကျွန်း ခေါ် လိပ်ကျွန်း၌ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး ထိုအမှုအား ကမ္ဘာတ၀န်းကလည်း စိတ်ဝင်တစား စောင့်ကြည့်နေသည့် အမှုလည်း ဖြစ်သည်။

25 June 2015

“MOU အလုပ်သမား၁၀ဦး အလုပ်ပြောင်းရွှေ့စဉ်ပုလိပ်ဖမ်းခံခဲ့ရ”

                       
၂၀၁၅ ဇွန်လ ၂၅
     မင်းဘခက်

          MYANMAR RXPRESS LINK CO,LTD  မှ တင်ပို့ထားသည့် အလုပ်သမား၁၀ ဦး အလုပ်ပြောင်းရွှေ့စဉ် ပတ်စပို့မပါဟုဆိုကာ ထိုင်းရဲများဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားများကပြောသည်။

        အလုပ်သမား၁၃၀ဦးတို့သည် အဆိုပါ ကုမ္ပဏီသို့ ကျပ်ငွေ လေးသိန်းနှင့်အချို့အလုပ်သမားများမှာ ငါးသိန်း အထိပေးခဲ့ရပြီး ၅၊ ၁၊၂၀၁၅ နေ့က ထိုင်းနိုင်ငံသို့လာခဲ့ကြသည်။ အလုပ်သမားများအား နေရာပေါင်းစုံသို့ အုပ်စုခွဲပို့ဆောင်လိုက်သည်။ ယခုဖမ်းဆီးခံရသည့် အလုပ်သမား ၁၀ဦးတို့မှာ ကျော်နိုင်ဦး၊ ရဲလင်းထွဋ ရဲထိုက်အောင်၊ ကြည့်လွင်၊ တင်မျိုးနိုင်၊ ဦးသန်းဝင်း၊ နိုင်ဦးလှဦး၊ ၀င်းကိုကိုနိုင် နှင့် ဝေယံစိုးတို့ဖြစ်ကြသည်။ 

၎င်းတို့ ၁၀ဦးသည် စူရတ်ဌာနီတွင် ၃လကျော် နှင့် ဥဒုန်းဌာနီမြို့တွင် ဆောက်လုပ်ရေးအလုပ်လုပ်ကိုင်ခဲ့ကြသည်။ ဥဒုန်းဌာနီတော့ထဲ ရော်ဘာခြံတွင် ၁၅ ရက်အလုပ်လုပ်ခိုင်းခဲ့သည်။ လုပ်အားခ မမှန်သဖြင့် အလုပ်သမားများက အလုပ်မလုပ်လိုကြတော့ကြောင်းပြောသည်။

       MYANMAR RXPRESS LINK CO,LTD  အေဂျင်စီကို ဆက်သွယ်ရာမရရှိသဖြင့် ဘန်ကောက်မြန်မာသံရုံး အလုပ်သမားသံအရာရှိထံသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြသည်ဟု အလုပ်သမားများကပြောသည်။ ၃ရက်မြောက်လာသည့်တိုင်အောင် အခြေအနေမထူးခြားသဖြင့် နေပြည်တော် အလုပ်သမားဝန်ကြီးဌာန နှင့် Complaints Mechanism Centreဖုန်းများ ကို အလုပ်သမားများဆက်သွယ် အကြောင်းကြားခဲ့သည်။

အလုပ်သမားတစ်ဦးက “မြန်မာအက်စပတ်လင့်က ပွဲစား ကိုမင်းမင်းနဲ့ ဒေါ်သန်းသန်းမူ တို့ကို ဖုန်းဆက်ခဲ့ ပေမယ့်အကြောင်းမထူးဘူး။ အလုပ်သမားသံအရာရှိကလည်း အေဂျင်စီတွေကိုပြောထားတယ်လို့သာပြော ပါတယ်။ နေပြည်တော်ကို လှမ်းတိုင်တော့မှ ကျနော်တို့ကို ရာဘာတောထဲက မန်နေဂျာလာခေါ်ပါတယ်။ ပတ်စပို့မပါလို့ ဆိုပြီး ကျနော်တို့ကို ပုလိပ်ဖမ်းထားပါတယ်။ အချုပ်ခန်းထဲမှာတော့မဟုတ်ဘူး။ ကျနော်တို့ ကြိုက်တဲ့နေရာကိုပို့ အလုပ်လည်း မှန်မှန်လုပ်တယ်။ ပတ်စပို့ဖိုးလည်းဘတ်ငွေ ၁၀,၅၀၀ဖြတ်ပြီးပြီ၊ ပတ်စပို့ကို ကျနော်တို့ကိုပေး မကိုင်သေးဘူး” ဟုပြောသည်။


               နေ့လည်ပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရသည့် အလုပ်သမားများညဥ့် ၁၁ နာရီတိတိတွင် ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။

ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MATအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က
“အစိုးရချင်းပို့တဲ့MOU ဆိုပြီး အလုပ်သမားတွေရဲ့ကံကြမ္မာက ထိုင်းနဲ့ မြန်မာပွဲစား အေဂျင်စီတွေလက်ထဲမှာပဲရှိ နေပါတယ်။ နေရာအတော်များများမှာ MOU အလုပ်သမားတွေ အခက်အခဲနေ့တိုင်းရှိနေပါတယ်။ အလုပ် သမားသံအရာရှိတို့လည်း မရှင်းနိုင်ဘူး။ အလုပ်သမားတွေကတော့ အခံဘက်ကပဲ။ MOUအလုပ်သမားတွေ ခံမြဲခံနေကြရအုံးမှာပဲ” ဟုပြောသည်။




24 June 2015

လိပ်ကျွန်းလူသတ်မှုတွင် အဓိကသက်သေနှစ်ဦးကို ဆင့်ခေါ်ပေးရန် မြန်မာသံရုံး အထူးအဖွဲ့တောင်းဆို

7 Day သတင်း.....
By
On  
Wed, 2015-06-24 12:26

      ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်တွင် အခင်းဖြစ်ပွားစဉ်က အဓိကသက်သေဖြစ်သည့် သေဆုံးသူ ဟန်နာဝစ်သာရစ်ခ်ျနှင့် ဒေးဗစ်မီလာတို့၏ သူငယ်ချင်းများကို သက်သေအဖြစ်ထွက်ဆိုပေးရေး နိုင်ငံချင်းချိတ်ဆက်၍ ဆင့်ခေါ်ပေးရန် မြန်မာသံရုံးအထူးအဖွဲ့က တရားရုံးသို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး နောက်တစ်နေ့တွင်  လက်မောင်း၌ဒဏ်ရာဖြင့် ဂစ်တာတစ်လက်ကိုင်ကာ လိပ်ကျွန်းမှပြန်သွားသည့် ဟန်နာဝစ်သာရစ်ခ်ျ၏ သူငယ်ချင်း မစ္စတာ ရှောင်မက်နာဟေးစ်နှင့် ဒေးဗစ်မီလာ၏သူငယ်ချင်း မစ္စတာခရစ္စတိုဖာ အလမ်ဝဲတို့အား သက်သေအဖြစ် ထွက်ဆိုပေးရန် နိုင်ငံချင်းချိတ်ဆက်၍ ဆင့်ခေါ်ပေးရန် မြန်မာသံရုံး အထူးအဖွဲ့က ကော့စမွီမြို့နယ် တရားသူကြီးထံ တောင်းဆိုထားကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန်းက ပြောသည်။
ဟန်နာ၏ သူငယ်ချင်း ရှောင်သည် လိပ်ကျွန်းလူသတ်မှုအခင်းဖြစ်ပွားသည့် ၂၀၁၄ စက်တင် ဘာ ၁၄ ရက်တွင် လိပ်ကျွန်းရှိ ဘားဆိုင်ပိုင်ရှင်နှင့်လူတစ်ဦးက ၎င်းထံ လာရောက် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း ပြောကြားထားသည့် ဗီဒီယိုဖိုင်ကို ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ တင်ထားခဲ့သည်။ လက်မောင်းတွင်လည်း ဓားဒဏ်ရာရရှိထားသည့် ဓာတ်ပုံကို  တင်ထားခဲ့သည်။
 အခင်းဖြစ်ပွားပြီး နောက်တစ်ရက်တွင် လိပ်ကျွန်းမှ ပြန်သွားသည့် ဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီး လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်၏ အဓိကသက်သေဖြစ်၍ ရှောင်အား သက်သေအဖြစ်  လာရောက် ထွက်ဆိုပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန်းက ပြောသည်။ ‘‘ရှောင်က ဒီအမှုရဲ့ အဓိက သက်သေပဲ။ ဘယ်သူသတ်တယ် ဆိုတာကို သူကိုယ်တိုင်သိနေ တယ်။ အဲဒါကြောင့် သက်သေ အဖြစ် ထွက်ဆိုပေးဖို့ တောင်းဆို လိုက်တာပါ။ တရားစီရင်ရေး ဟာ အမှန်အတိုင်းဖြစ်ချင်တယ်ဆိုရင် တရားသူကြီးက ဆင့်ခေါ်ဖို့ရာ သဘောတူရပါမယ်။ နိုင်ငံချင်း ချိတ်ဆက်ပြီး ဆင့်ခေါ်ရမယ်။ လုံခြုံမှုအတွက် တရားရုံးမှာ လိုက် ပြီး သက်သေမထွက်ချင်ဘူးဆို ရင် သံရုံးထဲမှာပဲ သက်သေထွက် ဆိုပေးရမယ်။ ဒါမှ ဒီအမှုရဲ့ အမှု မှန်ပေါ်ပေါက်မှာပါ’’ ဟု ရှေ့နေ ဦးအောင်မျိုးသန်းက ပြောသည်။
လိပ်ကျွန်းလူသတ်မှုကို လာမည့် ဇူလိုင် ၈ ရက်တွင် ရုံးထုတ် ၍ သုံးရက်ဆက်တိုက် စတင်စစ် ဆေးမည် ဖြစ်သည်။ လိပ်ကျွန်း လူသတ်မှု စွပ်စွဲခံ မြန်မာ လုပ်သားနှစ်ဦး၏ ဒီအင်န်အေ(မျိုးရိုး ဗီဇ)ကို ဇူလိုင် ၈ ရက် ရုံးချိန်မတိုင်မီ အချိန်မီပြန်လည်စစ်ဆေးပေးရန် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက တိုက်တွန်းတောင်းဆိုထား သည်။ ဒီအင်န်အေကို ပြန်လည်စစ်ဆေးရန် ခွင့်ပြုထားသော်လည်း စစ်ဆေးမည့်ရက်ကို သတ်မှတ်ထားခြင်း မရှိသေးပေ။
ဗြိတိသျှနိုင်ငံသား ဒေးဗစ်မီလာ(၂၄)နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ(၂၃) နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဥ့်သန်း ခေါင်တွင် လိပ်ကျွန်း၌ အသတ်ခံခဲ့ရပြီး ယင်းလူသတ်မှုအတွက် မြန်မာလုပ်သားနှစ်ဦးကို ဖမ်းဆီးထားသည်မှာ ဆယ်လခန့် ရှိပြီ ဖြစ်သည်။

22 June 2015

“မြန်မာအလုပ်သမားထံမှ လုယက်သည့် ရနောင်းပဲ့ထောင်လှေသမားလမ်းသရဲ၃ဦးကိုဖမ်းမိ”

         
၂၀၁၅ ဇွန်လ ၂၂
မြတ်ညို (အလွတ်သတင်းထောက်)

             ရနောင်းမှ ကော့သောင်းသို့ကူးသည့် ပဲ့ထောင်စက်လှေပေါ်တွင် မြန်မာအလုပ်သမားတစ်ဦးထံမှ ရွှေနှင့်ငွေများကို လုယက်ယူငင်သွားသည့် ထိုင်းလမ်းသရဲ ၃ဦးတို့အား နှစ်နိုင်ငံ အာဏာပိုင်များပူးပေါင်းဖေါ် ထုတ်မှုဖြင့် ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။

          ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကခြုံဖွန်မှ ရန်ကုန်သို့ ဇနီးဖြစ်သူအား ပြန်ခေါ်သည့် မြန်မာအလုပ်သမား ကိုအောင်စိုးမင်း သည် ရနောင်းမြို့လှေဆိပ်သို့ညနေ ၆နာရီကျော်မှ ရောက်ရှိသွားခဲ့သည်။ တရားဝင် ပတ်စပို့အား အထွက်တံဆိပ်တုံးထုရန်အတွက်  အချိန်မမီဖြစ်နေစဉ် ထိုင်းမြန်မာကပ်ပြား အောင်မြင့် ဆိုသူ ရောက်ရှိလာပြီး သူတို့လှေက ဘတ်ငွေ ၆၀၀ ပေးက ပို့ပေးနိုင်ကြောင်းပြောဆိုသဖြင့် ရနောင်းသို့ လိုက်ပါသွားခဲ့သည်။

          ရေလယ်သို့ရောက်သည့်အခါ စက်ကိုရပ်၍ ကိုအောင်စိုးမင်းတွင် ပါလာသည့် အထုတ်အပိုးများကို စိတ်ကြိုက်ရှာဖွေရာ ရွှေတစ်ကျပ် တစ်မတ်နှင့် ဘတ်ငွေ ၅,၀၀၀ တို့အား ၎င်းတို့ ၃ဦးက လုယက်ယူငင်သွားခဲ့သည်။ ကိုအောင်စိုးမင်း က ပစ္စည်းကိုယူသော်လည်း လူကိုမသတ်ပါရန် ရှိခိုးတောင်းပန်သဖြင့် ကော့သောင်းမှ KT118 ပဲ့ထောင်လှေ ဖြင့်တင်ပို့လိုက်သည်။

            ကိုအောင်စိုးမင်း သည် ကော့သောင်းခရိုင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူးရုံးသို့သွားရောက်၍ အရေးယူ ဆောင်ရွက်ပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့သည်။ ဇွန်လ ၂၀ ရက်နေ့တွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိ ၃ဦး လိုက် ပါလျှက် ရနောင်းမြို့သို့ ကူးလာခဲ့ကြသည်။ နယ်မြေခံထိုင်းရဲတပ်ဖွဲ့ နှင့် နယ်ခြားကော်မတီစစ်တပ်တို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ပဲ့ထောင်လှေပေါ်တွင်လုယက်ခဲ့သည့် ထိုင်းလှေသမား လမ်းသရဲ ၃ဦး ကို ဖမ်းဆီးရမိခဲ့သည်။

          စစ်ဆေးချက်အရ လုယက်ခဲ့ကြောင်း ပေါ်လွင်သဖြင့် အရပ်ရပ်တန်ဖိုးငွေ ဘတ်ငွေ နှစ်သောင်းခွဲ သတ် မှတ်သည်ကို လုယက်ခံရသူ ကိုအောင်စိုးမင်း က ကျေနပ်သဖြင့် အမှုပိတ်ကာ လမ်းသရဲများကပြန်လည် ပေးအပ်သည်ကို ဓါတ်ပုံရိုက်ကူးနိုင်ခဲ့ကြသည်။ 

          နယ်စပ်များမှ မိမိနိုင်ငံသို့ သွားလာနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ ပတ်စပို့စာအုပ် တွင် အ၀င်အထွက် တုံးထုရန်အတွက် ရုံးချိန်အမီသွားကြရမည်ဖြစ်ပါသည်။ ကော့သောင်းနှင့် ရနောင်း အသွား အပြန်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ယခုတင်ပြသည့် ဓါတ်ပုံအား ကူယူထားကြပြီး လုယက်မှုကျူးလွန်ဖူးသူများအား အထူးသတိထားကြစေလိုကြောင်း MAT အဖွဲ့ကတိုက်တွန်းသည်။


“နိုင်ငံကူးလက်မှတ်အတုပြုလုပ်၍ ထိုင်းသို့ကူးလာသည့်မြန်မာအလုပ်သမား၈ဦးဖမ်းဆီးခံရ”

                
၂၀၁၅ ခု ဇွန်လ ၂၁
    ဆန်းဦး


         ပတ်စပို့စာအုပ်အဟောင်းများတွင် ဓါတ်ပုံများကပ်၍ ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ရန်ဝင်ရောက် လာသော မြန်မာအလုပ်သမား ၈ဦးအား ထိုင်းစစ်တပ်ကဖမ်းဆီး၍ လ၀က သို့ပို့ဆောင်ထားကြောင်း သိရှိရ သည်။

           ဇွန်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံ ကော့သောင်းမှ ထိုင်းနိုင်ငံရနောင်သို့ လှေဖြင့်ဖြတ်ကူးစဉ် ရေလယ် စစ်တပ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများ၏ ပတ်စပို့နှင့် မှတ်ပုံတင်များအရ  ရခိုင်လူငယ် ၁။ထွန်းနိုင်ဦး ၂။ထွန်းထွန်းနိုင် ၃။သန်းထွန်း ၄။ဇော်မျိုးသန့်  ၅။မောင်မောင်သန်း၊ ၆။ဝင်းနိုင်စိုး၊ ၇။ဝင်းနိုင်စိုး နှင့် ဗမာလူငယ်  ၈။ဇော်မျိုးထက်တို့ဖြစ်ကြသည်။

            အလုပ်သမားများအား မြန်မာပွဲစားများက စာအုပ်ဖြင့် ထိုင်းသို့ အလုပ်သွားလုပ်ရမည်ဟုဆိုကာ ထိုင်း ဘတ်ငွေ ၁၂,၀၀၀  စီပေးခဲ့ကြရသည်ဟုဆိုသည်။ ရခိုင်မှ၊ ရန်ကုန်မှ ထားဝယ်မှ ကော့သောင်း သို့ ခေါ်လာခဲ့ သည်။ ဗမာလူငယ်မှာ မအူပင်မှဖြစ်ပြီး ရွှေပြည်သာမှ လိုက်ပါလာခြင်းဖြစ်သည်။ ၎င်းတို့ ကော့သောင်းတွင် ၄ ရက်စောင့်ခဲ့ရသည်ဟု အလုပ်သမားများက ထွက်ဆိုသည်။

               အလုပ်သမား ၈ဦးတို့သည် ကော့သောင်းမြို့အေးရိပ်မွန်တည်ခိုးခန်း၊ ငွေလရိပ်တည်းခိုခန်း၊နှင့် အောင်ဓမ္မရိပ်သာ ရခိုင်ဘုန်းတော်ကြီးကျောင်းတို့တွင်နေထိုင်ခဲ့ပြီး ပတ်စပို့အတုလုပ်ပေးသည့် ပွဲစားများဝင်ထွက်သွားလာခဲ့သည်ဟုဆိုသည်။  


      ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း 
က“ အဓိကပြဿ     နာကအရင်းခံကတော့ ကိုယ့်တိုင်းပြည်မှာ လုပ်စရာအလုပ်မရှိတာကြောင့် ရတဲ့နည်းလမ်းနဲ့ ပြည်ပကိုထွက်ခွာအလုပ်လုပ်ဖို့ကြိုးစားကြတာကြောင့်ဖြစ်တယ်။ ထိုင်းနဲ့ မြန်မာအစိုးရတို့ လုပ်တဲ့ MOU လုပ်ငန်းစဉ်ကလည်း ကြားပွဲစားတွေကြောင့် ပြဿ     နာတွေရှုပ်ထွေးနေတယ်။ အလုပ်မရှိပဲ အလုပ်သမားတွေ တင်သွင်းနေတဲ့ အေဂျင်စီတွေအတော်များများရှိနေတယ်။ လက်ရှိ ပြဿ     နာတက်နေတာကို  မြန်မာအလုပ် ၀န်ကြီးဌာနနိုင်နိုင်နင်းနင်းဖြေရှင်းနိုင်တာကို သတိပြုမိတယ်”ဟုပြောသည်။

        ဖမ်းဆီးခံရသည့် အလုပ်သမား၈ ဦးတို့အား ခြုံဖွန်ခရိုင် အကျဉ်းထောင်သို့ပို့ဆောင်ထားပြီး။ ပွဲစားများ ၏အလိမ်ခံရကြောင်း စီစစ်ပေါက်သဖြင့် အသက်ညှာဆုံး အပြစ်ပေးမည်ဖြစ်ကြောင်း ထိုင်းနယ်စပ် အာဏာ ပိုင်ကပြောသည်။


19 June 2015

“ဒေါ်စုအသက်၇၀နှစ်ပြည့်ပြီ”

                                        

















ပျိုမြစ်နုနယ် ချစ်စဖွယ် ဒေါ်စု အသက် ၇၀ပြည့်ပြီတဲ့။
ရင်နှစ်သားကိုဖယ်ခွာ ချစ်လင်ကိုကြောခိုင်းပြီး တိုင်းပြည်ကိုမျက်နှာမူခဲ့သူ။
သူမ နှင်တဲ့ခရီးက မချောမွေ့ခဲ့ဘူး။ ရေမပါ ဖိနပ်မရှိပဲ အာဏာရှင်လမ်းခရီးကြမ်းမှာဒီမိုကရေစီပန်းခင်းဖြစ်အောင် ပြုစုပျိုးထောင် နေလေရဲ့။

၁၉၉၀ ပြည့်ရွေးကောက်ပွဲ ၀က်ဝက်ကွဲခဲ့ပေမယ့် အစိုးရမဖွဲ့နိုင်ခဲ့။
၂၀၀၃ ခု မေ ၃၀ ဒီပဲယင်း ကျီရွာအနီးမှာ အသေသတ်ခံခဲ့ရပေမယ့် သူမ,မသေ။
ယက်တော ကို အင်းယားကန်ကူးစေတဲ့ ဖန်တီးမှုတွေနဲ့လေ။

တူတာတွဲလို့ လွှတ်တော်နိုင်ငံရေးလုပ်မယ်ဆိုပြီး အသစ်တစ်ကွက်ရွှေ့ခဲ့။
၄၃၆လည်းမပြင်၊ ၅၉ စလုံးလည်းမပြင်တဲ့ ထာဝစဉ်အာဏာယူချင်သူတွေနဲ့၊
အရက်ကိုးမောင်း သောက်ထားတဲ့ အာဏာရှင်ဆင်ရိုင်းတွေကို၊
ဒေါ်စု အောင်ခြင်းဘယ်နှစ်ပါးနဲ့ တုနှိုင်းအောင်ပွဲဆင်မလဲ???.....


အသက် ၇၀ ဇရာဆိုတာ အရေပြားတွန့်လိမ်၊ ဆံပင်မွေးဖြူရုံသက်သက်မဟုတ်ဘူး။
နှလုံးသွေးခုန်နုန်းနဲ့ ဥဏှောက်ကြွက်သားရုန်းထမှုတွေကအစ နှေးကွေးလာတယ်။
ရှင်းသန့်လတ်ဆတ်တဲ့ ဒေါ်စုရဲ့ဉာဏ်ပညာအမြော်အမြင်တွေကို 
တိုင်းပြည်နဲ့ လူမျိုးအတွက် အသုံးပြုခွင့်မရလိုက်တာကိုတော့ နှမြောမဆုံးဘူး။

အာဏာရှင်ကြီး ဦးသန်းရွှေဟာ အကြံအစည်ရှိရှိနဲ့ တိုင်းပြည်ကိုရော နိုင်ငံရေးကိုပါ နင်းချေထားတာ။
ဒေါ်စုရဲ့နိုင်ငံရေးနဲ့ အောင်ဆန်းသမိုင်း သာမက ဒေါင်းတွေကိုပါ အမွေးစင်အောင်နုတ်နေတာ။
ဦးနေ၀င်း စဉ်းလဲပက်စက်ခဲ့တာက တစ်မျိုး …ဦးသန်းရွှေ ကောက်ကျစ်ယုတ်မာတာနေတာကတစ်သွယ်နဲ့..
တိုင်းပြည်ဘဏ္ဍာ သယံဇာတတွေကိုဖြုန်းပြီး အခွင့်ထူးခံလူတစ်စုနဲ့ အင်အားတည်ဆောက်ထားတာ။
အားလုံးပြုန်းအောင် ရောင်းစားနေတာကြောင့် တိုင်းပြည်လည်းငို..ဒေါ်စုလည်းအိုပေါ့။    ။

ဒေါ်စုသက်တော်ရာကျော်ရှည်ပါစေ။

ကျော်သောင်း (ဘန်ကောက်)



18 June 2015

“မေ၀င့်ကုမ္ပဏီဖြင့်လာသည့်MOU အလုပ်သမား၃ဦးအား ထိုင်းနှင့်မြန်မာပွဲစားများရိုက်နှက်”

                  
၂၀၁၅ ဇွန်လ ၁၈ ရက်
ခရမ်းသားလေး + စောခွန်နောင်ဦး

          မေ၀င့်ကုမ္ပဏီမှ တင်ပို့ထားသည့် အလုပ်သမား၃ဦးအား VV Group မှ ထိုင်းသူဌေးနှင့် မြန်မာမာလူမိုက်တို့က ရိုက်နှက်သဖြင့် အလုပ်သမားသံအရာရှိ သွားရောက်ဖြေရှင်းခဲ့ကြောင်းသိရှိရသည်။

       ယမန်နေ့ညဥ့် ၉နာရီကျော်ခန့်က ကန်ချနဘူရီခရိုင်၊ ထာ့မကာမြို့နယ် VITA နာနတ်သီးစက်ရုံ မှ VV Group မှ သူဌေး ရှိုင်းလတ် ၏တပည့် မြန်မာလူမိုက် မောင်နု နှင့် အပေါင်းပါ၎ဦးတို့ဝိုင်းရိုက်သဖြင့် ယမင်း၊ ထွန်းထွန်းမင်း နှင့် သိန်းထီ တို့တွင် မျက်နှာနှင့်ဦးခေါင်းတို့၌ပေါက်ပြဲ၊ နှာခေါင်းသွေးယိုသည့် ဒဏ်ရာများ ရရှိခဲ့ကြသည်။

     ယနေ့နံနက် ၁၀နာရီခန့်က အဆိုပါ အလုပ်သမားများကို မြ၀တီသို့ သွားရောက်၍ MOU စာချုပ်ချုပ်ဆိုကာ ထိုင်းနိုင်ငံအတွင်းသို့ ခေါ်ဆောင်လာခဲ့သည့် VV Group မှ ထိုင်းသူဌေးရှိုင်းလတ် က ရုံးခန်းထဲသို့ခေါ်၍ ထိုအလုပ်သမား၃ဦးတို့၏ ရင်ဘတ်အားခြေထောက်ဖြင့်ကန်ပြီး ထီးဖြင့်ရိုက်နှက်ခဲ့သည်ဟု ခံရသူများကပြောသည်။

      အလုပ်သမားများ၏အခြေအနေများကို အစအဆုံးစောင့်ကြည့်နေခဲ့သည့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့MAT ၏ ဒါရိုက်တာဦးကျော်သောင်း က“အစိုးရချင်းMOU စာချုပ်ချုပ်ပြီးတင်သွင်းတဲ့ ထိုင်းသူဌေးနဲ့ ဗမာ လူမိုက်က ရိုက်နှက်တယ်၊ ဒီအလုပ်ရုံမှာပဲ ဖေဖေါ်ဝါရီလ၁၄ ရက်နေ့က မေ၀င့်ကုမ္ပဏီက သွင်းထားတဲ့ အလုပ်သမား ၁၉၅ဦးလည်း အခုထိအလုပ်မရှိပဲ ဒုက္ခရောက်နေကြတယ်။ စူဖန်ဘူရီက F&F ကြက်သားစက်ရုံမှာလည်း ရာချီပြီးရှိနေသေးတယ်။ ခေါင်ကဲန်အရပ်က ငါးဖမ်းပိုက်ကွန် အလုပ်ရုံနဲ့ ဖက်ပူရီက စီဒီပြားစက်ရုံပို့ထားတဲ့ အလုပ်သမားတွေလည်း အလုပ်မလုပ်ရသေးဘူး။ MOU လုပ်ငန်းစဉ် စကတည်းက ထိုင်းမှာပြဿ  နာအတက်ဆုံး၊ အလုပ်လည်းမရှိပဲ အလုပ်သမားအပို့ နိုင်ဆုံးဖြစ်နေတာတော့ ကမ္ဘာ့အံ့ဖွယ်ပါပဲ၊  မေ၀င့်ကုမ္ပဏီကို မြန်မာအလုပ်သမားဝန်ကြီးဌာနက အရေးမယူဘူး။ ခုလည်း ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ အလုပ်သမားတွေပဲဒုက္ခထပ် ရောက်နေကြမှာပါ” ဟုပြောသည်။

               ဇွန်လ ၄ ရက်နေ့က မေ၀င့်ကုမ္ပဏီမှ ဒါရိုက်တာဦးမြင့်အောင်နှင့် ဘန်ကောက်ပွဲစားများအဖွဲ့ချုပ်ရုံး MOEAFယာယီတာဝန်မှူး ဦးသန်းတင် နှင့်ဒေါ်သန်းသန်းမူ ဆိုသည့်ပွဲစားအမျိုးသမီးတို့ လာရောက်၍  ဖက်ဘူရီ သို့ ၁၉ဦး(ကျား၁၄+မ၅ဦး)VITAနာနတ်သီးစက်ရုံသို့၂၅ဦးနှင့်နောက်ထပ်၅ဦးမှာ ဘော်ဖွယ်ကြက်သားရုံတို့သို့ ပို့မည်ဟုဆိုကာ စာချုပ်ထပ်မံချုပ်ဆိုခဲ့ကြသည်။

          ယခုပြဿ     နာတက်ကြသည့်အလုပ်သမားများသည် ၄၊ ၂၊ ၂၀၁၅ နေ့ကကန်ချနဘူရီခရိုင်၊ VITA နာနတ်သီးစက်ရုံတွင်ထိုင်းပွဲစားများစုပေါင်းဖွဲ့စည်းထားသော VV Group နှင့် မေ၀င့်ကုမ္ပဏီတို့သည် ရန်ကုန်မြို့ ပင်လုံခန်းမတွင် သစ်သီးဖျော်ရည်အလုပ်လုပ်ရမည်ဟုဆိုကာ၊ ရန်ကင်းကျောက်ကုန်းတွင် အလုပ်သမား ၂၀၀ ဦးစာချုပ်ချုပ်ဆိုလာခဲ့ပါသည်။ အလုပ်သမားများသည် တစ်ဦးလျှင်ကျပ်ငွေ၆သိန်း/၇သိန်းအထိကုန် ကျခဲ့ကြ ကြောင်းပြောပါသည်။


           မြ၀တီကျောက်လုံးကြီး စခန်းသို့ရောက်သည့်အခါ ထိုင်းဖုန်းဆင်းကဒ်တစ်ခုနှင့် အသက်အာမခံကြေး ဟုဆိုကာ အလုပ်သမားအချို့ထံမှဘတ်ငွေ ၅၀၀ စီကောက်ခံခဲ့ပါသည်။ ၁၈၊ ၂၊ ၂၀၁၅ နေ့တွင် ထိုင်းနိုင်ငံ အတွင်းသို့အလုပ်သမားများအားတင်သွင်းလာခဲ့ပြီး လူစုခွဲကာနေရာပေါင်းစုံသို့ပို့လိုက်ပါသည်။ ၉၅ ဦးမှာ  ကန်ချနဘူရီခရိုင်၊ ဘော်ဖွယ်မြို့နယ်တွင်ရှိသော BORPLOY FOOD INDUSTRY CO,LTD နာနတ်သီး အလုပ်ရုံသို့ရောက်ရှိလာခဲ့ပါသည်။

      အသက်ကြီးသူ၊ ကွမ်းစားသူနှင့်ဆေးမင်ကြောင်ရှိသူများဆိုကာ အလုပ်သမားအချို့ကို ပတ်စပို့ရွေးစေလျှက်ပြန်ပို့ခဲ့သည်။ အချို့မှာပတ်စပို့ကို ဘတ်ငွေ ၁၀,၀၀၀ စီ ပေး၍ရွေးထွက်ခွာသွားခဲ့ကြသည်။ အလုပ် သမားများအလုပ်လုပ်ကိုင်ကြသည့်အခါ တစ်ပတ်တွင် ၄ရက်(သို့) ၅ရက်သာလုပ်ရပါသည်။ လုပ်ရသည့် နေ့များတွင်လည်း တစ်နေ့ကို ၅နာရီ(သို့) ၆နာရီသာ လုပ်ရပါသည်။ လုပ်အားခရှင်းပေသည့်အခါ  တစ်နေ့လျှင် ၂၂၅ ဘတ်နုန်းဖြင့်သာရှင်း ပေးခဲ့ပါသည်။

           မေ၀င့်ကုမ္ပဏီ ကိုယ်စားလှယ်များဖြစ်ကြသော ဒေါ်သန်းသန်းမူ က အလုပ်ဆင်းရန်သာပြောဆိုခဲ့ ပါသည်။ အလုပ်သမားများက တစ်နေ့၃၀၀ဘတ်ပုံမှန်မရပါက မလုပ်နိုင်ကြောင်း ပြောဆိုခဲ့ရာ ၂၇၊ ၅၊ ၂၀၁၅ နေ့က မြ၀တီသို့လာ၍အလုပ်သမားများကို လာရောက်ခေါ်ဆောင်ခဲ့သောသူဌေး ရှိုင်းလတ် ရောက်ရှိလာပြီး “လုပ်သလောက်သာရရှိမည်ဖြစ်ပြီး MOUစာချုပ်ပါအတိုင်း တစ်နေ့ကို ဘတ်ငွေ၃၀၀ မပေးနိုင်ကြောင်း”
 ပြောဆိုပါသည်။ အလုပ်သမားများက လက်ကိုင်ဖုန်းများဖြင့် အသံဖမ်း၊ ဗွီဒီယိုများရိုက်ကူးထားကြပါသည်။ 

       
ယနေ့မွန်းလွဲ ၃နာရီအချိန်တွင် ပြဿ    နာတက်နေသည့် VITA နာနတ်သီးစက်ရုံသို့ရောက်ရှိသွားသည့် မြန်မာသံရုံးအလုပ်သမားသံအရာရှိဦးလှထွန်းက“ဦးကျော်သောင်းတို့ပေးပို့လာတဲ့ အချက်အလက်တွေကို ကျေး ဇူးတင်ပါတယ်။ မေ၀င့်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ဆာဝါဒီကန်ရုံးကိုသွားရှင်းနေပါတယ်။ ကျနော်အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းပေးပါမယ်” ဟုပြောဆိုသည်။

အလုပ်သမားခေါင်းဆောင် တစ်ဦးက “မေ၀င့်ကုမ္ပဏီက အလုပ်ရှာမပေးနိုင်လို့ ကျနော်တို့ ဒုက္ခရောက်နေကြ တာ မေ၀င့်နဲ့ မလုပ်ချင်ရင် မြန်မာပြည်ပြန်ရမယ်တဲ့ အလုပ်သမားသံအရာရှိက၊ ကျနော်တို့ ကုန်ထားတဲ့ငွေ တွေနဲ့ တက်နေတဲ့အတိုးနဲ့ ကုန်သွားခဲ့တဲ့အချိန်တွေအတွက် တာဝန်မကျေတဲ့ကုမ္ပဏီကအလျှော်ပေးရ မယ်ဆိုပြီးမြန်မာအစိုးရMOU ဥပဒေမှာရပိုင်ခွင့်မရှိဘူးလားဗျာ။ မမှန်ကန်တာကသူတို့၊နစ်နာတာကကျနော်တို့။ မနက်ဖြန်မှ လုပ်အားခကျန်တာတွေကိုရှင်းပေးပြီးနောက်တစ်နေရာကို ပြောင်းပေးမယ် လို့ပြောပါတယ်” ဟု ပြောသည်။

       VITA နာနတ်သီးစက်ရုံသည် မြန်မာနှင့်ထိုင်းလူကုန်ကူးဂိုဏ်းနှင့် လူမိုက်များအုပ်ချုပ်သည့် အကြမ်းဖက်မှု နယ်မြေဖြစ်သဖြင့် MOU အလုပ်သမားခေါ်စာများအား ခွင်မပြုသင့်ကြောင်း MAT ဒါရိုက်တာ ဦးကျော်သောင်း က အလုပ်သမားဒုဝန်ကြီး ဦးထင်အောင်နှင့် အလုပ်သမားညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင် တို့နှင့် လူချင်းတွေ့ ဆုံခွင့်ရရှိခဲ့စဉ်က  အထောက်အထားများဖြင့်တင်ပြခဲ့ဖူးကြောင်းပြောပါသည်။

“VITA အလုပ်ရုံမှာ အယင်လကလူသတ်မှုဖြစ်တယ်။ ရိုက်နှက်မှုတွေမကြာမကြာဖြစ်တယ်။ ထိုင်းအစိုးရကို ကျနော်တို့က အချက်အလက်အပြည့်အစုံနဲ့တင်ပြထားတာတွေရှိပါတယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်တာ မရှိသေးဘူး။ ဒီအလုပ်ရုံမှာ ထိုင်းလူကုန်ကူးတဲ့ဂိုဏ်းတွေက ဗမာလူမိုက်ဂိုဏ်းတွေမွေးထားတယ်။ နယ်မြေခံ ပုလိပ်ဆိုတာ သူတို့လက်အောက်မှာပဲရှိတယ်။ ဒီနေရာကို ရောက်သွားတဲ့မြန်မာ အလုပ်သမားတွေ ဘယ်လို နေရသလဲ၊ ဘယ်လို အလုပ်လုပ်ရသလဲ ဘာတွေစိုးရိမ်ရသလဲ ဘယ်လောက်ဆိုးဝါးသလဲဆိုတာကို စုံစမ်းကြည့် စေချင်ပါတယ်” ဦးကျော်သောင်း ကဆက်လက်ပြောဆိုသည်။